အခန်း (၆၄၁)
Vol. 46 Ch. 641
အဝါရောင်ဝတ်စုံနှင့် လူအိုကြီးက လက်ဝါးကို ပြန်ရုတ်ပြီး ချုပ်နှောင်ခံထားရသော ဟန်မူယဲ့၏ဓားကို ကြည့်သည်။
သူက လက်ကို ဆန့်ထုတ်လိုက်ပြန်သည်။ သို့သော် ဓားနှင့်ရင်ဆိုင်နေရသည်ဟု ခံစားရသည်။
သူက သုံးကြိမ်တိတိ ကြိုးစားကြည့်လိုက်ပြီး မျက်နှာထားလေးနက်သွားသည်။
ညင်သာသောအသံနှင့်အတူ ခန်းဆောင်တစ်ခုလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သို့သော် ယခုအချိန်တွင် လူတိုင်း၏အကြည်က မတူညီတော့ပေ။
သူတို့က ချုပ်နှောင်ခံထားရသော်လည်း အရာအားလုံးကို မြင်နေရသည်။
အဝါရောင်ဝတ်စုံနှင့်လူအိုကြီးက သုံးကြိမ်ကြိုးစားကြည့်သော်လည်း တားဆီးခံလိုက်ရသည်။
“အရမ်းကောင်းတဲ့ ဓားနည်းစနစ်ပဲ”
ယွီထျန်းမင်က ညင်သာစွာသက်ပြင်းချသည်။
အဝါရောင်ဝတ်စုံနှင့်လူအိုကြီးက ခေါင်းညိတ်လိုက်သည်။
“ချီးကျူးလွန်းနေပါပြီ”
ဟန်မူယဲ့က အဝါရောင်ဝတ်စုံနှင့်လူအိုကြီးကို ဦးညွှတ်လိုက်ပြီး ပြောသည်။
“ဒါက တာအိုဘိုးဘေးတစ်ယောက်ရဲ့ရှေ့မှာ ဘာမှမဟုတ်ပါဘူး”
တာအိုဘိုဘေး ....
ထိုလူအိုကြီးက ကောင်းကင်အဆင့်ကို ကျော်ဖြတ်ပြီး ကံကြမ္မာမှ လွတ်မြောက်ခဲ့သည်။
သူက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ထိန်းချုပ်နိုင်သည်။
သူက ထိုစွမ်းရည်ဖြင့် ခန်းဆောင်ထဲတွင်ရှိသော အရာအားလုံးကို ရပ်တန့်သွားစေခဲ့သည်။
“တာအိုရောင်းရင်ဟန်၊ ဒါက ငါတို့ ကျင်းမင်တာအိုဂိုဏ်းရဲ့ ခေါင်းဆောင် တာအိုဘိုးဘေး ယွင်ထိုက်ပါ”
ယွီထျန်းမင်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး တာအိုဘိုးဘေးယွင်ထိုက်ကို ဦးညွှတ်၍ ဝိညာဉ်သစ်သီးပင်ကို ပေးသည်။
ဝိညာဉ်သစ်သီးပင်သည် ကျင်းမင်တာအိုဂိုဏ်းအတွက် သူ့လက်ဆောင် ဖြစ်သည်။
တာအိုဘိုးဘေးယွင်ထိုက်က ရယ်လိုက်ပြီး သစ်သီးပင်ကို လှမ်းယူသည်။ ထို့နောက် ဟန်မူယဲ့ကို ကြည့်သည်။
“ငါက ဓားကျင့်ကြံသူတွေကို မြင်ဖူးတယ်။ ဒါပေမဲ့ တာအိုဘိုးဘေးတစ်ယောက် မဖြစ်သေးဘဲ ဒီလိုမျိုး ထူးချွန်တဲ့ ဓားကျင့်ကြံသူကိုတော့ ပထမဆုံး မြင်ဖူးတာပဲ”
တာအိုဘိုးဘေးယွင်ထိုက်၏ မျက်လုံးထဲတွင် အလင်းတစ်ခု ဖြတ်ပြေးသွားသည်။
ဟန်မူယဲ့က ဦးညွှတ်လိုက်ပြီး ပြောသည်။
“ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ။ ကျွန်တော်က ရှေ့ဆက်သွားဖို့ ကျန်ပါသေးတယ်”
တာအိုဘိုးဘေးတစ်ယောက်၏ရှေ့တွင် လိုအပ်သောလေးစားမှုကို ပြသပေးရမည်။
ဟန်မူယဲ့က ယုံကြည်ချက်ရှိသောကြောင့် ကျင်းခယ်ကြယ်ပေါ်သို့ ရောက်လာသည်။ သို့သော် ကျင်းမင်တာအိုဂိုဏ်းနှင့် တိုက်ခိုက်ရန် အစီအစဉ်မရှိပေ။
သူက ဂိုဏ်းစောင့်ဝင်္ကပါအတွက် တောင်းဆိုခြင်းသာ ဖြစ်သည်။
တာအိုဘိုးဘေးယွင်ထိုက်က ရယ်လိုက်ပြီး ဟန်မူယဲ့ကို ပြန်ထိုင်ရန် အချက်ပြသည်။ သူက ထိပ်ဆုံးတွင်ရှိနေသော ခုံဆီသို့ သွားလိုက်သည်။
ကျန်လူများကလည်း ပြန်ထိုင်လိုက်ကြသည်။ ဆံပင်များရှုပ်ပွနေသော လူအိုကြီးက တာအိုဘိုးဘေးယွင်ထိုက်၏ လက်ထဲတွင်ရှိသော ဝိညာဉ်သစ်သီးပင်ကို အလိုဆန္ဒများနှင့် ကြည့်နေသည်။
“မိတ်ဆွေလေးဟန်၊ မင်းက အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းကနေ ထွက်ခွာပြီး ဆေးဥယျာဉ်ကို သွားချင်တဲ့အတွက် ဂိုဏ်းစောင့်ဝင်္ကပါကို လိုအပ်နေတာမဟုတ်လား”
တာအိုဘိုးဘေးယွင်ထိုက်က ထိုင်ချလိုက်ပြီး ဟန်မူယဲ့ကိုကြည့်၍ ညင်သာစွာပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
သူ၏ ရည်ရွယ်ချက်ကို ကျင်းမင်တာအိုဂိုဏ်းက ရှင်းလင်းစွာသိထားသည်။
အစောပိုင်းအရာများသည် စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။
တာအိုဘိုးဘေးယွင်ထိုက်က လက်မြှောက်လိုက်သောအခါတွင် သစ်သီးများ ကြွေကျလာကြသည်။ ခန်းဆောင်ထဲတွင်ရှိသော လူတိုင်း၏ရှေ့တွင် သစ်သီးအနည်းငယ်စီ ရောက်သွားသည်။
တခြားလူများက သစ်သီးကို ဖမ်းယူလိုက်ပြီး သေချာစစ်ဆေးကြည့်နေသည်။ ဆံပင်များရှုပ်ပွနေသော လူအိုကြီးက သစ်သီးကို တစ်ခါတည်း စားလိုက်သည်။
“သစ်သားဓာတ်စွမ်းအားက အရမ်းသန့်စင်တယ်။ ပဥ္စမအဆင့်ဆေးလုံးနဲ့ ယှဉ်နိုင်တယ်”
“အမ်၊ ရွှေဓာတ်စွမ်းအားကလည်း အရမ်းကြွယ်ဝတယ် ....”
လူအိုကြီးက သစ်သီးကိုစားနေပြီး ရေရွတ်သည်။ သူ့သစ်သီး ကုန်သွားသောအခါတွင် တခြားလူများကို လှည့်ကြည့်သည်။
လူအိုကြီး၏အကြည့်ကို မြင်ရသောအခါတွင် ကျန်လူများအားလုံးက ဝိညာဉ်သစ်သီးများကို သိမ်းလိုက်ကြသည်။
တာအိုဘိုးဘေးယွင်ထိုက်က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။
“လီကျုံးကျင်း၊ ဝိညာဉ်သစ်သီးနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတာကို ပြောပြနိုင်လား”
သူ့စကားကို ကြားလိုက်ရသောအခါတွင် လူအိုကြီးက ခေါင်းခါသည်။
သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။
“မင်းရဲ့နည်းလမ်းက ဖန်တီးခြင်းတာအို တစ်ခုတည်းပဲ မဟုတ်ဘူးမလား”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
လူအိုကြီးက စိတ်လှုပ်ရှားသွားပြီး ဟန်မူယဲ့၏ရှေ့သို့ ချက်ချင်းရောက်လာသည်။
“ငါသိသားပဲ။ အပင်ကို ပျိုးထောင်ပေးလိုက်ရုံနဲ့ ဘယ်လိုလုပ်ပြီး သန့်စင်တဲ့သစ်သီးကို ရလာမှာလဲ”
“ချီစွမ်းအားနဲ့ ဆေးစွမ်းအားကို ခွဲခြားဖို့အတွက် မင်းက ဘယ်လိုနည်းလမ်းမျိုးကို သုံးလိုက်တာလဲ။ ငါက ဆေးလုံးသန့်စင်ခြင်းနည်းစနစ်ကို ပြောင်းလဲဖို့အတွက် ဝိညာဉ်သစ်သီးတွေကို လေ့လာနေတာ အရမ်းကြာပြီ။ ဒါပေမဲ့ ငါက အဖြေမရခဲ့ဘူး ....”
လီကျုံးကျင်းဟု အမည်ရသော လူအိုကြီးက တခြားလူများကို ဂရုမစိုက်တော့ဘဲ ဟန်မူယဲ့၏အင်္ကျီလက်စကို ဆွဲ၍ စကားပြောနေသည်။
ဟန်မူယဲ့က ကျင့်ကြံခြင်းကို စွဲလမ်းနေပြီး ပြင်ပအရေးကိစ္စများကို မေ့လျော့သွားသော ကျင့်ကြံသူများနှင့် တွေ့ဖူးသည်။
ကျင့်ကြံခြင်းလောကသည် ထိုကျင့်ကြံသူများကြောင့် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းလာသည်။
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး တီးတိုးပြောသည်။
“သစ်သီးတွေ ကြီးထွားနေတဲ့အချိန်မှာ ကြိုတင်ပြီး သန့်စင်ထားလိုက်တာပါပဲ”
“အဲဒါက သစ်သီးထက် ဆေးလုံးတစ်လုံးနဲ့ ပိုတူတယ်”
အာခီမီနည်းစနစ် ....
လီကျုံးကျင်းက မျက်လုံးပြူးသွားပြီး ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။ သူက ငေးမောသွားပြီး တစ်ခုခုကို ရေရွတ်နေပုံရသည်။
တာအိုဘိုးဘေးယွင်ထိုက်က လီကျုံးကျင်း၏ပုံစံကို မြင်လိုက်ရသောအခါတွင် လက်ကို ဝှေ့ယမ်းသည်။ လီကျုံးကျင်းက ပျောက်ကွယ်သွားခဲ့သည်။
“မိတ်ဆွေလေး၊ စိတ်မကောင်းပါဘူး။ အဲဒီအကြီးအကဲက အာခီမီတာအိုနဲ့ပတ်သတ်ပြီး အရမ်းစွဲလမ်းနေတယ်။ သူ့ကိုယ်သူတောင် မေ့လျော့သွားတတ်တယ်”
တာအိုဘိုးဘေးယွင်ထိုက်က စကားပြောလိုက်ပြီး တခြားလူများက ခေါင်းခါကြသည်။
လီကျုံးကျင်း၏အပြုအမူကြောင့် သူတို့က အနေခက်သွားကြသည်။
“ကျွန်တော်က အကြီးအကဲလီရဲ့ အာခီမီစွဲလမ်းစိတ်ကို လေးစားမိပါတယ်”
ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး လေးနက်သောမျက်နှာထားဖြင့် ပြောသည်။
သူ့အပြုအမူကြောင့် လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။
တာအိုဘိုးဘေးယွင်ထိုက်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ပြောသည်။
“မိတ်ဆွေလေးဟန်၊ မင်းက ရှေးခေတ်နတ်ဘုရားဆေးဥယျာဉ်ကို သွားမှာဆိုတော့ ငါတို့ ကျင်းမင်တာအိုဂိုဏ်းကို အဖော်ပြုပေးပါ့လား”
ထို့နောက် သူက ဆက်ပြောသည်။
“ငါက မင်းတို့ဂိုဏ်းရဲ့ ဝင်္ကပါနဲ့ပတ်သတ်ပြီး စီစဉ်ထားလိုက်မယ်”
ပထမဆုံး လိုအပ်ချက်ကို ပြောသည်။ ထို့နောက် တစ်ခုခု ဖြည့်ဆည်းပေးသည်။ ထိုအရာသည် ထိန်းချုပ်မှုဖြစ်သော်လည်း ထိန်းချုပ်မှု မဟုတ်ပေ။
သို့သော် ဟန်မူယဲ့က ကျင်းခယ်ကြယ်၏ ကျင့်ကြံသူများကို အဖော်ပြုပေးရလျှင်လည်း ကိစ္စမရှိပေ။
သူက လိုအပ်သော ဝိညာဉ်ဆေးပင်များကိုသာ ရှာဖွေမည်ဖြစ်သည်။ ကျန်လူများက တခြားအရာများကို ယူနိုင်သည်။
ဟန်မူယဲ့က သဘောတူလိုက်သောအခါတွင် ခန်းဆောင်၏အခြေအနေက ချက်ချင်းပင် သာယာသွားသည်။
တာအိုဘိုးဘေးယွင်ထိုက်က ဧည့်ခံပွဲတစ်ခု ကျင်းပပေးသောအခါတွင် ဟန်မူယဲ့က အနည်းဆုံး ကောင်းကင်အဆင့်သို့ရောက်နေသော ကျင့်ကြံသူများနှင့် ဆက်သွယ်နိုင်ခဲ့သည်။
ထိုလူများထဲတွင် အံ့ဖွယ်ရွှေတာအိုဂိုဏ်း၏ ဂိုဏ်းစောင့်ဝင်္ကပါကို တည်ဆောက်ပေးခဲ့သော အကြီးအကဲရှန်ကျုံးမင်လည်း ပါနေသည်။
ဟန်မူယဲ့က သူတည်ဆောက်ထားခဲ့သောဝင်္ကပါကို ဓားတစ်ချက်တည်းနှင့် ဖျက်ဆီးလိုက်သောကြောင့် သူက ဟန်မူယဲ့ကို မကျေမနပ်ဖြစ်နေသည်။
ဧည့်ခံပွဲတွင် သူက ဟန်မူယဲ့ကို ပစ်မှတ်ထားခဲ့သည်။
ဟန်မူယဲ့က သူ့ကို ဂရုစိုက်မနေဘဲ အံ့ဖွယ်ရွှေတာအိုဂိုဏ်းမှ ဂိုဏ်းစောင့်ဝင်္ကပါ၏ ချို့ယွင်းချက်များကို ထုတ်ပြောလိုက်သည်။
ဟန်မူယဲ့က ဝင်္ကပါတွင် မကျွမ်းကျင်သော်လည်း သူ၏ အလွန်ကောင်းမွန်သော နားလည်နိုင်စွမ်းကြောင့် အနည်းငယ်တွက်ချက်ကြည့်လိုက်လျှင် ချို့ယွင်းချက်များကို ထုတ်ပြောနိုင်သည်။
ရှန်ကျုံးမင်က မကျေနပ်ဘဲ ဧည့်ခံပွဲတွင် ဝင်္ကပါများ တည်ဆောက်ပြခဲ့သည်။ ဟန်မူယဲ့က ချို့ယွင်းချက်များအားလုံးကို ထောက်ပြနိုင်ခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဧည့်ခံပွဲက ဆူပွက်သွားသည်။ ရှန်ကျုံးမင်၏မျက်နှာက ဖြူဖျော့နေပြီး တာအိုနှလုံးသား ယိမ်းယိုင်သွားခဲ့သည်။
ဟန်မူယဲ့၏စကားအရ ကျင်းမင်တာအိုဂိုဏ်း၏ခွန်အားကို ယုံကြည်ပြီး အရင်းအမြစ်များ လိုအပ်နေသောကြောင့် ဝင်္ကပါတည်ဆောက်ပေးရန် တောင်းဆိုခြင်းဖြစ်သည်။ သူကိုယ်တိုင်လည်း ဝင်္ကပါကို တည်ဆောက်နိုင်သည်။
သို့သော် သူက ကြွားဝါနေခြင်းသာ ဖြစ်သည်။
ဂိုဏ်းစောင့်ဝင်္ကပါကို တည်ဆောက်ရန်အတွက် လိုအပ်သောအရင်းအမြစ်များ ရှိနေလျှင်ပင် နှစ်ဝက်မှ တစ်နှစ်ခန့်အထိ အချိန်ယူရလိမ့်မည်။ သူ့တွင် အချိန်မရှိပေ။
ထို့အပြင် သူက လက်တွေ့ပြုလုပ်ရာတွင် ရှန်ကျုံးမင်နှင့် မယှဉ်နိုင်ပေ။
ဟန်မူယဲ့က ကျင်းမင်တာအိုဂိုဏ်းမှ အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းသို့ ပြန်ရောက်လာပြီး တံခါးပိတ်ကျင့်ကြံနေသည်။
သူက သတ်ဖြတ်ခြင်းနည်းစနစ်များအားလုံးကို သုံးသပ်ပြီး ရှေးခေတ်နတ်ဘုရားဆေးဥယျာဉ်တွင် အသုံးပြုနိုင်မည့် ဝိညာဉ်ဆေးပင်များကို စစ်ဆေးကြည့်နေသည်။
ယခုအချိန်တွင် သူက နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟု ပြောနိုင်သည်။
ဟန်မူယဲ့က နတ်ဘုရားသားရဲကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သောကြောင့် ကျင်းမင်တာအိုဂိုဏ်းသို့ သွားခဲ့သည်။
သူတို့က သဘောတူညီမှုမရလျှင် ဟန်မူယဲ့က နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို ထုတ်သုံးနိုင်သည်။ ထိုသို့ဆိုလျှင် သူက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကို အနိုင်ယူပြီး သူတော်စင်အဆင့်နှင့် တာအိုဘိုးဘေးများကိုပင် တိုက်ခိုက်နိုင်လိမ့်မည်။
ကျင်းခယ်ကြယ်၏ မဟာတာအိုစွမ်းအားသည် လောကတစ်ခုလုံးကို သယ်ဆောင်ထားနိုင်သည့် နတ်ဘုရားသားရဲပါ့ရှားကို မတားဆီးနိုင်ပေ။
ထို့အပြင် ဟန်မူယဲ့မှာ ဓားအချို့လည်း ရှိနေသည်။
စိတ်ဝိညာဉ်ရတနာဖြစ်သော အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်နှင့် တောင်တန်းတာအိုဓားတို့ ဖြစ်ကြသည်။
မှော်ရတနာအဆင့် ဓားများလည်း ရှိနေသည်။
ဓားအမြုတေများဖြင့် ကောင်းကင်စက်ဝန်းဓားဝင်္ကပါကိုလည်း တည်ဆောက်နိုင်သည်။
သူ့ခွန်အားကြောင့် ဆေးဥယျာဉ်ထဲတွင် တာအိုဘိုးဘေးတစ်ယောက်နှင့် ရင်မဆိုင်ရသ၍ လူတိုင်းကို အနိုင်ယူရန် ယုံကြည်ချက်ရှိသည်။
တာအိုဘိုးဘေးတစ်ယောက်က ဆေးဥယျာဉ်ထဲသို့ ဝင်လာမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဆေးဥယျာဉ်သည် တာအိုဘိုးဘေးများအတွက်လည်း အန္တရာယ်များသည်။
တာအိုဘိုးဘေးများက များသောအားဖြင့် အန္တရာယ်နှင့်ရင်ဆိုင်ရန် ဆန္ဒမရှိပေ။
တာအိုဘိုးဘေးအများစုက ဝိညာဉ်ဆေးပင်များအတွက် အန္တရာယ်ထဲသို့ ပြေးဝင်မည်မဟုတ်ပေ။
ဟန်မူယဲ့က လက်နက်အမျိုးမျိုးကို သယ်ဆောင်ထားပြီး မြက်ရိတ်တံကို ကျောပေါ်တွင်ရှိသော ဓားအိမ်ထဲသို့ ထည့်လိုက်သည်။
သူက မြက်ရိတ်တံကို သစ်သားဓာတ်စွမ်းအားများဖြင့် ရစ်ပတ်ပြီး သစ်သားဓားတစ်လက်အဖြစ် ရုပ်ဖျက်ထားသည်။
သူက မြက်ရိတ်တံကို အသုံးပြုလိုက်သောအချိန်တွင် တခြားလူများက သတိထားမိနိုင်သည်။ ထို့ကြောင့် ကြိုတင်ကာကွယ်ထားခြင်း ဖြစ်သည်။
သူက ဝိညာဉ်ကိုယ်ခွဲ အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။ ထိုကျင့်ကြံဆင့်က ဆေးဥယျာဉ်ကို စောင့်ကြည့်နေသော ကျွမ်းကျင်သူများအတွက် မထူးဆန်းပေ။
ဟန်မူယဲ့က တစ်လအကြာတွင် ထွက်သွားခဲ့သည်။
အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ တပည့်ဆယ်ယောက်သည် ကျင်းခယ်ကြယ်ပေါ်တွင် ရောက်နေပြီဖြစ်သည်။
ဟန်မူယဲ့ရောက်လာသောအခါတွင် ကျင်းမင်တာအိုဂိုဏ်း၏ သင်္ဘောပျံကို မြင်လိုက်ရသည်။
သပ်ရပ်စွာဝတ်ဆင်ထားသော လီကျုံးကျင်းက နွေးထွေးသောအပြုံးနှင့် ဟန်မူယဲ့ကို ကြိုဆိုသည်။