← Chapters

အခန်း (၆၄၃)

Vol. 46 Ch. 643

အခန်း (၆၄၃)

Vol. 46 Ch. 643

မည်သည့်နေရာတွင်ဖြစ်စေ သန်မာသူများသည် လေးစားခံရသည်။

“အကြီးအကဲယွမ်က မျက်မြင်သက်သေလုပ်ပေးမယ်ဆိုတော့ ပိုကောင်းသွားတာပေါ့”

ဝူယာကျီက လီကျုံးကျင်းကိုကြည့်လိုက်ပြီး လှောင်ပြောင်သည်။

“လီကျုံးကျင်း၊ မင်းက ဘယ်လိုတိုက်ခိုက်ချင်လဲ”

လီကျုံးကျင်းက ရယ်လိုက်သည်။ သူ့ခေါင်းပေါ်တွင်ရှိနေသော မီးပြင်းဖိုက ဆေးလုံးချီများကို ထုတ်ပေးနေသည်။

“ပုံမှန်အတိုင်းပဲပေါ့”

“ဆေးလုံးနှစ်လုံး ဝင်တိုက်သွားတဲ့အချိန်မှာ အရင်ဆုံးပျက်စီးတဲ့ဆေးလုံးက အရှုံးပဲ။ နိုင်တဲ့လူက မီးပြင်းဖိုကို ရမယ်”

သန့်စင်ထားသောဆေးလုံးများကို အချင်းချင်းထိတွေ့စေပြီး ပျက်စီးသွားသောဆေးလုံး၏ပိုင်ရှင်သည် ရှုံးနိမ့်မည်ဖြစ်သည်။

အရှုံးသမားက မီးပြင်းဖိုကို လက်လွှဲပေးရမည်။

ထိုအရာသည် အာခီမီတိုက်ပွဲဖြစ်သည်။

မီးပြင်းဖိုသည် အာခီမီကျင့်ကြံသူများအတွက် အရေးအကြီးဆုံးဖြစ်သည်။ အာခီမီကျင့်ကြံသူအများစုက ကြွယ်ဝမှုများကို မီးပြင်းဖိုအတွက် အသုံးပြုကြသည်။

လီကျုံးကျင်း၏မီးပြင်းဖိုသည် မှော်ရတနာတစ်ခု ဖြစ်သည်။

ဝူယာကျီနှင့် ကျူးကွမ်ရှို့တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး မီးပြင်းဖိုများကို ထုတ်ယူသည်။ သူတို့၏ မီးပြင်းဖိုများကလည်း မှော်ရတနာများ ဖြစ်ကြသည်။

“လီကျုံးကျင်း၊ မင်းရဲ့မီးပြင်းဖိုက တစ်ခုတည်းပဲ။ အဲဒါက စည်းမျဉ်းနဲ့ ဆန့်ကျင်နေတာမဟုတ်ဘူလား”

ကျူးကွမ်ရှို့က အေးစက်စွာပြောသည်။

သူတို့ဘက်တွင် မှော်ရတနာနှစ်ခု ရှိနေသော်လည်း လီကျုံးကျင်းတွင် တစ်ခုသာရှိသည်။

အကယ်၍ လီကျုံးကျင်းနိုင်သွားလျှင် အလွန်အကျိုးအမြတ်ရလိမ့်မည်။

လီကျုံးကျင်က ကြောင်အသွားသည်။

ဟန်မူယဲ့က ခေါင်းခါသည်။

ကျူးကွမ်ရှို့က မီးပြင်းဖို၏အကြောင်းကိုသာ ပြောသွားပြီး လီကျုံးကျင်းက သူတို့နှစ်ယောက်နှင့် ရင်ဆိုင်ရမည့်အကြောင်းကို ထည့်ပြောမသွားပေ။ လီကျုံးကျင်းအတွက် ခက်ခဲမှုက နှစ်ဆ ဖြစ်နေသည်။

“ဆရာဦးလေး၊ ဒီမီးပြင်းဖိုကိုပါ လောင်းကြေးထည့်လိုက်ပါ့လား”

ဟန်မူယဲ့က လက်မြှောက်ပြီး လီကျုံးကျင်းပေးထားသော မီးပြင်းဖိုကို ထုတ်ယူသည်။

လီကျုံးကျင်းက တုံ့ဆိုင်းသွားသော်လည်း ခေါင်းညိတ်ခဲ့သည်။

ဟန်မူယဲ့က ယုံကြည်ချက်ရှိသောကြောင့် မီးပြင်းဖိုကို ထုတ်ပေးခြင်းဖြစ်လိမ့်မည်။

“ကောင်းပြီ။ မင်းက ဒီမီးပြင်းဖိုကို ထုတ်ပေးခဲ့တယ်ဆိုမှတော့ မင်းကိုလည်း ဒီပြိုင်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်နိုင်တယ်”

“ဆေးလုံးသန့်စင်တဲ့အချိန်မှာ မင်းက မီးစပျိုးပေးရမယ်”

လီကျုံးကျင်းက မောက်မာစွာပြောသည်။

“ငါအနိုင်ရသွားတဲ့အချိန်မှာ မင်းကို အခွင့်အရေးကြီးတစ်ခု ပေးမယ်”

သူ့စကားများကြောင့် ပတ်ဝန်းကျင်တွင်ရှိသော အာခီမီကျင့်ကြံသူများက ဟန်မူယဲ့ကို အားကျစွာ ကြည့်လိုက်ကြသည်။

အာခီမီပညာရှင်တစ်ယောက်အတွက် မဟာအာခီမီပညာရှင်များ၏ တိုက်ပွဲတွင် ပါဝင်ဆင်နွှဲနိုင်လျှင် အနိုင်ရသည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ စိတ်ကူးမယဉ်နိုင်သော အကျိုးအမြတ်များကို ရလိမ့်မည်။

သို့သော် ဂိုဏ်းတူတပည့်များတွင်သာ အခွင့်အရေးရှိသည်။

ထို့အပြင် ဟန်မူယဲ့က မှော်ရတနာမီးပြင်းဖိုကို ထုတ်ယူခဲ့သည်။

ထိုရတနာမျိုးနှင့် လောင်းကြေးထပ်မည့်လူ မရှိပေ။

ကျူးကွမ်ရှို့နှင့် ဝူယာကျီတို့က ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် အကြည့်များ တင်းမာသွားကြသည်။

‘အဲဒီကောင်စုတ်က ငါတို့ကို တိုက်ခိုက်ခဲ့တာပဲ’

ယွမ်မင်ကျဲက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။

“ဘုန်း”

ချက်ချင်းဆိုသလိုပင် ဝိညာဉ်မီးတောက်သုံးခု ပေါ်ထွက်လာသည်။

လီကျုံးကျင်းက ဝိညာဉ်ဆေးပင်များကိုထုတ်ယူလိုက်သည်။

တစ်ဖက်လူနှစ်ယောက်ကလည်း ဆေးပင်များကို ထုတ်ယူနေကြသည်။

“အမ်၊ ဟန်လေး၊ ငါက ဘယ်လိုဆေးလုံးမျိုးကို သန့်စင်ရမလဲ”

လီကျုံးကျင်းက မျက်နှာထားပြောင်းလဲမသွားသော်လည်း ဟန်မူယဲ့ဆီသို့ အသံပို့လွှတ်လိုက်သည်။

သူက ဟန်မူယဲ့၏အကြည့်ကို မြင်လိုက်ရသောအခါတွင် ရှက်သွားသည်။

“ငါက သူတို့နှစ်ယောက်ကို အနိုင်ရမယ်လို့ မထင်ဘူး ....”

သူ၏ မောက်မာသောပုံစံက ပျောက်ကွယ်သွားခဲ့သည်။

ဟန်မူယဲ့က အသံပို့လွှတ်၍ ပြန်ပြောသည်။

“ဆေးလုံးတစ်လုံးချင်းစီ ဖြစ်ဖို့လိုလား”

ဟန်မူယဲ့က ရှေးတိမ်တိုက်စကြဝဠာ၏ အာခီမီစည်းမျဉ်းများကို မသိပေ။

“မီးပြင်းဖိုတစ်ဖိုစာစီ ဖြစ်ရမှာ”

“ငါက ဒီမီးပြင်းဖိုထဲမှာ ဆေးလုံးနှစ်လုံးသန့်စင်ပြီး သူတို့ကို တိုက်ခိုက်မယ်။ အဲဒါဆိုရင် ငါက သူတို့ကို အနိုင်ပိုင်းနိုင်လိမ့်မယ်။ ဟီးဟီး ....”

လုကျုံးကျင်းက အနည်းငယ်ဂုဏ်ယူနေသောလေသံဖြင့် နတ်အာရုံမှတစ်ဆင့် ပြောသည်။

‘ဒါက တိုက်ပွဲနည်းဗျူဟာလား’

“သူတို့က ဆေးလုံးနှစ်လုံးစီ သန့်စင်ထားရင်ရော”

ဟန်မူယဲ့၏စကားကြောင့် လီကျုံးကျင်းက ကြောင်အသွားသည်။

ဟန်မူယဲ့က သူ့ကို လျစ်လျူရှုထားပြီး ဆေးပင်များကို ခွဲခြားနေသည်။

သူက ချက်ချင်းဆိုသလိုပင် ဝိညာဉ်ဆေးပင်တစ်ရာကို ရွေးထုတ်နိုင်ခဲ့သည်။

ဟန်မူယဲ့ ဆေးပင်များကို ရွေးချယ်နေသောအချိန်တွင် ကျူးကွမ်ရှို့နှင့် ဝူယာကျီကို အာရုံစိုက်ထားခဲ့သည်။ သူတို့က များပြားလှသောဆေးပင်များကို ရွေးချယ်ထားသည်။ မီးပြင်းဖိုထဲတွင် ဆေးလုံးနှစ်လုံး သန့်စင်လိမ့်မည်။

လီကျုံးကျင်းကလည်း ပြိုင်ဘက်နှစ်ယောက်၏ရွေးချယ်မှုကို မြင်လိုက်ရပြီး မျက်နှာတစ်ခုလုံး မည်းမှောင်လာသည်။

“အဲဒါဆိုရင် ငါတို့ ရှုံးတော့မှာပဲ ....”

လီကျုံးကျင်းက တီးတိုးပြောသည်။

‘ရှုံးမှာပေါ့။ ခင်ဗျားက သူတို့နှစ်ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ချင်နေတာမဟုတ်လား’

သို့သော် ဟန်မူယဲ့က ရန်ပွဲကို စတင်ခဲ့သောကြောင့် အာခီမီပြိုင်ပွဲ ဆက်ဖြစ်လာခဲ့သည်။

“ဝိညာဉ်ဆေးပင်တွေကို ရွေးထုတ်ပြီးပါပြီ”

“ဆရာဦးလေး၊ ဆေးလုံးသန့်စင်လို့ ရပါပြီ”

ဟန်မူယဲ့က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး တုံ့ဆိုင်းနေသောလီကျုံးကျင်းက ခေါင်းညိတ်သည်။ သူ့အငွေ့အသက်က ပြောင်းလဲသွားခဲ့သည်။

သူက ပေါ့ပျက်ပျက်မနိုင်တော့ဘဲ လေးနက်လာသည်။

အာခီမီကျွမ်းကျင်သူတစ်ယောက်သည် ထိုသို့ပင် ဖြစ်နေသင့်သည်။

“ဝိညာဉ်ဆေးပင်တွေကို ထည့်လိုက်။ ဆေးစွမ်းအားပေါင်းစပ်မှုကို သတိထားပါ”

လီကျုံးကျင်းက တီးတိုးပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်ပြီး ဝိညာဉ်ဆေးပင်များကို မီးပြင်းဖိုထဲသို့ ပစ်ထည့်လိုက်သည်။

ဟန်မူယဲ့၏အပြုအမူကြောင့် ပတ်ဝန်းကျင်က ဆူပွက်သွားခဲ့သည်။

ကျူးကွမ်ရှို့နှင့် ဝူယာကျီက ပြုံးသည်။

ဟန်မူယဲ့က မရွေးဘဲချန်ထားသော ဝိညာဉ်ဆေးပင်များကို ပစ်ထည့်ခဲ့သည်။

လီကျုံးကျင်းက မျက်လုံးပြူးသွားသည်။ သူထိန်းချုပ်နေသော ဝိညာဉ်မီးတောက်က ငြိမ်းသက်လုနီးပါး ဖြစ်သွားခဲ့သည်။

‘ဝိညာဉ်ဆေးပင်တွေကို မှားထည့်လိုက်တာလား’

ဟန်မူယဲ့က တခြားလူများကို လျစ်လျူရှုထားပြီး ဝိညာဉ်ဆေးပင်များကို ဆက်ထည့်သည်။

သူက ဆေးပင်တစ်ရာကို ဖယ်ထားရန်အတွက် ရွေးထုတ်ခဲ့ခြင်းဖြစ်သည်။

ဟန်မူယဲ့က ဆေးပင်များအားလုံးကို မီးပြင်းဖိုထဲသို့ ပစ်ထည့်ခဲ့သည်။

လီကျုံးကျင်း၏မျက်နှာက ရှုံ့တွသွားပြီး အငွေ့အသက်များ မတည်မငြိမ်ဖြစ်လာသည်။ သူက အကောင်းဆုံးကြိုးစားပြီး ဝိညာဉ်မီးတောက်နှင့် မီးပြင်းဖိုကို ထိန်းချုပ်ထားသည်။

မီးပြင်းဖိုထဲတွင် ဝိညာဉ်ဆေးပင်အမျိုးမျိုး ရှိနေသောကြောင့် သူက ထိန်းချုပ်မှုလွတ်သွားတော့မည်ဟု ခံစားနေရသည်။

အရေးအကြီးဆုံးအနေဖြင့် သူက မည်သည့်ဆေးလုံးကို သန့်စင်ရမည်နည်း။

‘လက်တန်းသန့်စင်နေတာလား’

ကျူးကွမ်ရှို့နှင့် ဝူယာကျီတို့က အော်ရယ်လုနီးပါး ဖြစ်နေသည်။

အာခီမီပညာရှင်အများစုက ခေါင်းခါလိုက်ကြသည်။

ယွမ်မင်ကျဲကပင် မျက်မှောင်ကြုတ်နေသည်။

အာခီမီတာအိုသည် အလွန်သိမ်မွေ့ပြီး အသေးစိတ်အချက်အလက်များ အားလုံးကို ထည့်သွင်းစဉ်းစားရမည်။

လီကျုံးကျင်းက ဆေးလုံးကို မည်သို့ သန့်စင်နိုင်မည်နည်း။

ဟန်မူယဲ့က အသက်ရှူကြိမ်တစ်ရာအတွင်း၌ ဆေးပင်များအားလုံးကို မီးပြင်းဖိုထဲသို့ ထည့်သွင်းခဲ့သည်။

မီးပြင်းဖိုက တုန်ခါနေပြီး ဆေးစွမ်းအားများ လှုပ်ရှားနေကြသည်။ မီးပြင်းဖိုက အစွမ်းကုန်သုံး၍ ဆေးစွမ်းအားကို ဖိနှိပ်ထားရသည်။

ဟန်မူယဲ့က မီးပြင်းဖို၏အောက်သို့ လျှောက်သွားပြီး လက်ညှိုးညွှန်သည်။ ချီစွမ်းအင်အလင်းတစ်ခု ပေါ်ထွက်လာသည်။

သူက ချီစွမ်းအင်တချို့ အသုံးပြု၍ လီကျုံးကျင်းကို ကူညီပေးနေပုံပေါ်သည်။

သို့သော် ထိုချီစွမ်းအင်အလင်းထဲတွင် ဓားချီတချို့ ရောပါနေသည်။

ဓားချီက မီးပြင်းဖိုထဲတွင် ဖရိုဖရဲဖြစ်နေသော ဆေးစွမ်းအားများကို ချက်ချင်း ပိုင်းဖြတ်ပစ်လိုက်သည်။

ဆေးစွမ်းအားများက ရောယှက်ပြီး ရှုပ်ထွေးနေသည်။

လီကျုံးကျင်းက တစ်ကိုယ်လုံးတုန်ခါသွားပြီး ထွက်ပြေးချင်စိတ်ပေါက်နေသည်။

ထိုသို့ ရှုပ်ထွေးနေသော ဆေးစွမ်းအားများဖြင့် သူက မည်သို့ ဆေးလုံးသန့်စင်ရမည်နည်း။

အကယ်၍ ဤမီးပြင်းဖို ပေါက်ကွဲသွားလျှင် သူ့ပြိုင်ဘက်နှစ်ယောက်ကို ချက်ချင်း သတ်ပစ်နိုင်လိမ့်မည်။

‘ဟန်မူယဲ့က အဲဒီလိုမျိုး စီစဉ်ထားတာလား’

လီကျုံးကျင်း၏မျက်လုံးများက တောက်ပသွားခဲ့သည်။

“ခင်ဗျားက ဘာတွေးနေတာလဲ။ ဆေးစွမ်းအားပေါင်းစပ်မှုကို မြန်မြန်ထိန်းချုပ်လိုက်”

ဟန်မူယဲ့က နတ်အာရုံမှတစ်ဆင့် ပြောလိုက်သည်။

လီကျုံးကျင်းက ခပ်ဟဟရယ်လိုက်ပြီး အစွမ်းကုန်ကြိုးစား၍ မီးပြင်းဖိုထဲတွင်ရှိသော ဆေးစွမ်းအားများကို ပေါင်းစပ်နေသည်။

ဟန်မူယဲ့၏ဓားချီက မီးပြင်းဖိုထဲတွင် ဆက်တိုက်ကူးခပ်နေသည်။ မထိန်းချုပ်နိုင်သော ဆေးစွမ်းအားများ ရှိနေလျှင် ဓားချီက ဖြတ်တောက်ပစ်လိမ့်မည်။

ဆေးစွမ်းအားများက ဖြည်းဖြည်းချင်း သန့်စင်လာသည်။

နာရီဝက်အကြာတွင် ဆေးစွမ်းအားများက အဆုံးစွန်အထိ သန့်စင်သွားခဲ့သည်။

သို့သော် လီကျုံးကျင်း၏နဖူးက ချွေးများဖြင့် စိုရွှဲနေသည်။ သူ့နှုတ်ခမ်းများက ခရမ်းရောင်သန်းနေပြီး ပခုံးများက တုန်ခါနေကြသည်။

‘ငါက အကောင်းဆုံးလုပ်ခဲ့တာပဲ’

သူက ဆေးစွမ်းအားများကို ဆက်လက်မထိန်းချုပ်နိုင်တော့ပေ။

သူက ဆေးလုံးအဖြစ် စုစည်းရမည့်အကြောင်းကို ဆက်တိုက်တွေးနေမိခဲ့သည်။ သူ့ခေါင်းက ပေါက်ကွဲသွားတော့မည်ဖြစ်သော်လည်း ဖြစ်ပေါ်လာမည့်ဆေးလုံးကို တွေးမရခဲ့ပေ။

ယွမ်မင်ကျဲက အနည်းငယ်အံ့အားသင့်သွားသည်။ သူက မျက်မှောင်ကြုတ်ထားပြီး ချီစွမ်းအင်အလင်းတချို့ကို ထုတ်ဖော်သည်။

လီကျုံးကျင်း၏မီးပြင်းဖိုက ပေါက်ကွဲသွားခဲ့လျှင် သူက ချက်ချင်းလှုပ်ရှားရမည်။

ပတ်ဝန်းကျင်တွင်ရှိနေသော အာခီမီပညာရှင်များသည် ပေတစ်ထောင်အကွာသို့ ဆုတ်ခွာသွားပြီဖြစ်သည်။

သူတို့အားလုံးက အာခီမီပညာရှင်များ ဖြစ်ကြသည်။ သူတို့က မီးပြင်းဖိုထဲတွင်ဖြစ်နေသောအရာကို မမြင်နိုင်သော်လည်း ခန့်မှန်းနိုင်သည်။

မီးပြင်းဖိုပေါက်ကွဲမှုက သူတို့၏မျက်စိရှေ့တွင် ဖြစ်လာတော့မည်။

ပေါက်ကွဲမှုက အချိန်မရွေး ဖြစ်လာနိုင်သည်။

ကျူးကွမ်ရှို့နှင့် ဝူယာကျီတို့က အပြုံးများနှင့်အတူ ဆေးလုံးကို ဖြည်းဖြည်းချင်း စုစည်းနေကြသည်။ သူတို့က ဆေးလုံးဖြစ်ပေါ်လာမည့်အချိန်ကို စောင့်နေကြသည်။

သို့သော် သူတို့က အလျင်မလိုပေ။ လီကျုံးကျင်း၏မီးပြင်းဖိုက ပေါက်ကွဲသွားလျှင် သူတို့က ယှဉ်ပြိုင်ရန်မလိုဘဲ အနိုင်ရလိမ့်မည်။

“ဝီ”

လီကျုံးကျင်း၏မီးပြင်းဖိုက တုန်ခါလာသည်။

“ဟန်မူယဲ့၊ ထားလိုက်ပါ။ အရှုံးပေးလိုက်ကြရအောင်”

လီကျုံးကျင်းက နတ်အာရုံဖြင့် လှမ်းပြောသည်။

သူက မီးပြင်းဖိုကို မထိန်းချုပ်နိုင်တော့ပေ။

“ကောင်းပြီလေ”

ဟန်မူယဲ့က ပွင့်လင်းစွာပြန်ပြောသည်။ ထို့နောက် ဓားချီက မီးပြင်းဖိုထဲတွင်ရှိသော ဆေးစွမ်းအားများအားလုံးကို ခုတ်ပိုင်းပစ်လိုက်သည်။

လီကျုံးကျင်းက ထူးဆန်းစွာအော်ဟစ်လိုက်ပြီး ပေတစ်ထောင်အကွာသို့ ထွက်ပြေးသည်။ သူက ချီစွမ်းအင်အလင်းများကို ထုတ်ဖော်ပြီး မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များကို အသက်သွင်းလိုက်သည်။

ပေတစ်ထောင်အကွာတွင်ရှိနေသော အာခီမီပညာရှင်များကလည်း နောက်လှည့်ပြီး ထွက်ပြေးသွားကြသည်။

ကျူးကွမ်ရှို့နှင့် ဝူယာကျီတို့က ကြောင်အသွားပြီး မီးပြင်းဖိုများကိုဆုပ်ကိုင်၍ နောက်သို့ဆုတ်လိုက်ကြသည်။

ယွမ်မင်ကျဲ၏ ချီစွမ်းအင်များက ဧရာမလက်တစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး မီးပြင်းဖိုကို ဖိနှိပ်လိုက်သည်။

သူမလှုပ်ရှားလျှင် မီးပြင်းဖို၏ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်သည် ပျက်စီးသွားလိမ့်မည်။

သို့သော် သူက ဧရာမလက်ကြီးနှင့် ဖိနှိပ်လိုက်သောအချိန်တွင် အံ့အားသင့်သွားခဲ့သည်။

မီးပြင်းဖို၏အောက်တွင်ရှိနေသော ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ သူ့ကို မော့ကြည့်သည်။

‘ဒါက ဘာလဲ’

ဧရာမလက်ကြီးက တုန်ခါနေသောမီးပြင်းဖိုကို ဖိနှိပ်လိုက်သည်။

မီးပြင်းဖိုထဲတွင်ရှိနေသော သန်မာသည့် ဆေးစွမ်းအားများကြောင့် ယွမ်မင်ကျဲ၏မျက်နှာထားက ပြောင်းလဲသွားပြီး ခွန်အားထပ်တိုးသည်။

All Chapters