← Chapters

အခန်း (၆၄၇)

Vol. 47 Ch. 647

အခန်း (၆၄၇)

Vol. 47 Ch. 647

ဟန်မူယဲ့က ကျင့်ကြံဆင့်နိမ့်ကျသည်ဟု ခံစားရသောကြောင့် ပုဆိန်နှင့်လူက ဝေစုခွဲရန် ရောက်လာခဲ့သည်။

ထိုလူက သတိကြီးသည်။ သူက ဟန်မူယဲ့နှင့် တာအိုဆရာတယန်တို့၏ တည်ငြိမ်နေသောမျက်နှာထားကို မြင်လိုက်ရသောအခါတွင် ချက်ချင်းနောက်ဆုတ်သည်။

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ခေါင်းခါပြီး လွှတ်ပေးလိုက်သည်။

ဆေးပင်ဥယျာဉ်ထဲတွင် အချိန်ကြာမြင့်စွာ မနေရသေးပေ။ လူအများစုက မည်သည့်အရာကိုမှ မရရှိသေးသောကြောင့် ခွန်အားသုံးရန် မလိုအပ်ပေ။

တိုက်ခိုက်နေမည့်အစား ဝိညာဉ်ဆေးပင်များကို စုဆောင်းနေလျှင် ပိုကောင်းသည်။

ဆေးပင်ဥယျာဉ်က တခြားလူများအတွက် အန္တရာယ်များသော်လည်း ဟန်မူယဲ့က ပေါ့ပါးစွာ လျှောက်လာခဲ့သည်။

သူက ဆယ်ရက်အတွင်း၌ ရုပ်သေးရုပ်တစ်ရာကျော်ကို ထိန်းချုပ်နိုင်ခဲ့သည်။

အသန်မာဆုံးရုပ်သေးရုပ်သည် ဝိညာဉ်ကိုယ်ခွဲပထမအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည်။

သာမန်ကျင့်ကြံသူများက ထိုရုပ်သေးရုပ်များနှင့် ရင်မဆိုင်နိုင်ကြပေ။

ဤရုပ်သေးရုပ်များက လျင်မြန်ပြီး ခွန်အားကောင်းသည်။ အဓိကအချက်အနေဖြင့် သူတို့က နေရာတိုင်းတွင် ပုန်းကွယ်နေပြီး ရုတ်တရက် ထွက်ပေါ်လာ၍ လူများကို အလစ်တိုက်နိုင်ကြသည်။

ဆေးပင်စိုက်ခင်းများကြားတွင် ဝင်္ကပါများလည်း ရှိနေကြသည်။ တခြားလူများက ဝင်္ကပါများကြောင့် ခေါင်းကိုက်နေရသော်လည်း ဟန်မူယဲ့က ဂရုမစိုက်ပေ။

သူက မြက်ရိတ်တံ၏မှတ်ဉာဏ်များကို ဖတ်ရှုထားသောကြောင့် ဆေးပင်ဥယျာဉ်၏ တချို့နေရာများတွင် အနည်းငယ်အာရုံစိုက်ထားလျှင် အရာအားလုံးကို လွယ်ကူစွာဖြေရှင်းနိုင်သည်။

အကယ်၍ သူက ဝင်္ကပါထဲတွင် ပိတ်မိနေလျှင်ပင် မြက်ရိတ်တံ၏စွမ်းအားကို အသုံးပြု၍ လမ်းညွှန်ခိုင်းပြီး ပြန်ထွက်လာနိုင်သည်။

ဟန်မူယဲ့က ဆယ်ရက်အတွင်း၌ သန်းချီသောဝိညာဉ်ဆေးပင်များကို စုဆောင်းနိုင်ခဲ့သည်။

နောက်ပိုင်းတွင် သူက နှစ်တစ်ရာကျော်နေသည့် ဆေးပင်များကိုသာ စုဆောင်းတော့သည်။

သူက ဆေးပင်ဥယျာဉ်ကို တူးထုတ်သွားချင်ခဲ့သော်လည်း ထိုအတွေးက ပျောက်ကွယ်သွားပြီဖြစ်သည်။

ထိုအရာက ရတနာသိုက်တစ်ခုထဲသို့ ဝင်ရောက်လာသော လူဆင်းရဲတစ်ယောက်နှင့် တူသည်။ အစပိုင်းတွင် အရာအားလုံးကို ယူသွားချင်ခဲ့သော်လည်း ရတနာများကို အမြဲမြင်နေရသောကြောင့် လောဘစိတ် သိပ်မရှိတော့ပေ။

ထုံသွားခြင်းဖြစ်သည်။

“ဘုန်း”

ရှေ့တွင် ပေါက်ကွဲသံကို ကြားရသည်။

ဆေးပင်ဥယျာဉ်တွင်ရှိသော သားရဲများနှင့် တိုက်ခိုက်ခြင်း သို့မဟုတ် ဆေးပင်များ လုယူခြင်း ဖြစ်လိမ့်မည်။

ဆယ်ရက်အတွင်း၌ ကျင့်ကြံသူအများစုက ဝိညာဉ်ဆေးပင်အများအပြားကို စုဆောင်းနိုင်ခဲ့သည်။

သူတို့က ဝဖြိုးလာကြသည်။

ယခင်အတွေ့အကြုံများအရ ဆေးပင်ဥယျာဉ်ထဲတွင် ဆယ်ရက်ကုန်ဆုံးသွားပြီး ကျင့်ကြံဆင့်နိမ့်ကျသည်ဟု ခံစားရသော ကျင့်ကြံသူများက ဆေးပင်ဥယျာဉ်ပိတ်သွားသည်အထိ နေရာတစ်ခုတွင် ပုန်းနေကြလိမ့်မည်။

ဆေးပင်ဥယျာဉ်ထဲမှ ထွက်သွားလျှင်ပင် အမျိုးမျိုးသော လုယက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာလိမ့်မည်။

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ခြောက်သွေ့နေသော ဆေးပင်စိုက်ခင်းထဲသို့ ‌ရောက်လာသည်။

နေရာတစ်ခုက ပိုမိုခြောက်သွေ့လေ အားကောင်းသော မိစ္ဆာသားရဲနှင့် ဝိညာဉ်ဆေးပင်များ ရှိနေကြလေ ဖြစ်သည်။

ဤစိုက်ခင်းထဲတွင် နှစ်တစ်သောင်းသက်တမ်းရှိသော ဝိညာဉ်ဆေးပင်သုံးပင် ရှိနေသည်။

“နှစ်တစ်သောင်းကျောက်စိမ်းမျှစ်စို့လား။ တိုက်ခိုက်နေကြတာ မထူးဆန်းတော့ပါဘူး”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ရှေ့တွင်ရှိနေသော ဒါဇင်ချီသည့် ကျင့်ကြံသူများကို ကြည့်သည်။

သူတို့ထဲတွင် အသန်မာဆုံးလူငါးယောက်သည် ဝိညာဉ်ကိုယ်ခွဲတစ်ဝက်အဆင့်ဖြစ်သော ဝိညာဉ်သူငယ်နဝမအဆင့်တွင် ရှိနေကြသည်။

ယခုအချိန်တွင် သူတို့ငါးယောက်လုံးက ဝိညာဉ်သူငယ်များကို ထုတ်ဖော်ထားပြီး တိုက်ခိုက်နေကြသည်။ သူတို့၏လှုပ်ရှားမှုများက အလွန်လျင်မြန်ပြီး ပတ်ဝန်းကျင်တွင်ရှိနေသော ဝိညာဉ်သူငယ်အဆင့်နှင့်‌‌ ရွှေအမြုတေအဆင့် ကျင့်ကြံသူများက နောက်ဆုတ်ပေးလိုက်ကြရသည်။

သူတို့က ဟန်မူယဲ့ကို ဂရုမစိုက်ဘဲ အစွမ်းကုန်ထုတ်သုံး၍ ဆက်လက်တိုက်ခိုက်နေကြသည်။

ဘေးတွင်ရှိနေသော ဝိညာဉ်သူငယ်အဆင့်နှင့်‌ ရွှေအမြုတေအဆင့် ကျင့်ကြံသူများက သူ့ကို တစ်ချက်ကြည့်လိုက်ကြသည်။ ကောင်းကင်တစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်က အံ့အားသင့်နေသောမျက်လုံးများဖြင့် တစ်ကိုယ်လုံး တုန်ခါသွားသည်။

ဟန်မူယဲ့က သုံးပေရှည်လျားသော မျှစ်စို့သုံးပင်ဆီသို့ ပြေးဝင်လာသည်။

“မင်းက သေချင်နေတာပဲ”

“ထွက်သွားစမ်း”

ဝိညာဉ်သူငယ်အဆင့် ကျင့်ကြံသူများက ချီစွမ်းအင်အလင်းများကို ထုတ်ဖော်၍ တိုက်ခိုက်လိုက်ကြသည်။

ရွှေရောင်ချီစွမ်းအင်အလင်းတစ်ခုက သတ်ဖြတ်လိုစိတ်များကို သယ်ဆောင်ထားပြီး ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။

ချီစွမ်းအင်အလင်းတစ်ခုက သွေးစွမ်းအားများကို ထုတ်လွှတ်၍ တိမ်တိုက်အဖြစ် ပြောင်းလဲသွားသည်။

နောက်ထပ်အလင်းတစ်ခုက နားအူလောက်သောအသံများဖြင့် လျင်မြန်စွာပြေးဝင်လာသည်။

ချီစွမ်းအင်အလင်းသုံးခုသည် ဟန်မူယဲ့ကိုသတ်ဖြတ်ရန် ရည်ရွယ်ထားသည်။

ချီစွမ်းအင်အလင်းများ ရောက်လာသောအခါတွင် ဟန်မူယဲ့က အေးစက်နေသော မျက်လုံးတစ်စုံဖြင့် လက်မြှောက်၍ ရိုက်ချသည်။

“ဘုန်း”

ကြိုးက ပြတ်တောက်သွားသည်။ တိမ်တိုက်က ပြိုကွဲသွားပြီး နားအူလောက်သောအသံများနှင့် ချီစွမ်းအင်အလင်းက လွင့်ထွက်သွားခဲ့သည်။

ဝိညာဉ်သူငယ်အဆင့် ကျင့်ကြံသူသုံးယောက်၏ တိုက်ခိုက်မှုကို တစ်ခါတည်း ချေဖျက်ခဲ့သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းက အံ့အားသင့်သွားကြသည်။

အသန်မာဆုံးကျင့်ကြံသူငါးယောက်ပင် ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

ဟန်မူယဲ့၏ လက်ဝါးရိုက်ချက်က ပျောက်ကွယ်မသွားဘဲ ရှေ့ဆက်တိုးလာသည်။

ဝိညာဉ်သူငယ်အဆင့်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများက လက်မြှောက်လိုက်ပြီး ခုခံရန် အသင့်ပြင်ထားသည်။

ဟန်မူယဲ့ကို သတိထားမိနေသော ကောင်းကင်တစ်ဝက်အဆင့်ကျင့်ကြံသူက လျင်မြန်စွာနောက်ဆုတ်သည်။

“ဘုန်း”

လက်ဝါးချက်က အလင်းအတားအဆီးများကို ဖြတ်သန်းသွားပြီး ကျင့်ကြံသူများကို ထိတ်လန့်သွားစေခဲ့သည်။

ပိုမိုများပြားသော ချီစွမ်းအင်အလင်းများ စုစည်းလာသည်။ သို့သော် လက်ဝါးချက်ကို မတားနိုင်ခဲ့ပေ။

အလွန်သန်မာသည်။

သာမန်လက်ဝါးရိုက်ချက်ကပင် အလွန်သန်မာနေသည်။

‘ဒါက ဝိညာဉ်သူငယ်အဆင့်ရော ဟုတ်သေးရဲ့လား’

“ဘန်း”

ဝိညာဉ်သူငယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်က ပျက်စီးသွားသည်။ ဝိညာဉ်ဆေးပင်အမျိုးမျိုးနှင့် သိုလှောင်အိတ်များ ပြုတ်ကျလာခဲ့သည်။

“ဘုန်း”

ဒုတိယမြောက် ဝိညာဉ်သူငယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကလည်း ပျက်စီးသွားခဲ့သည်။ ဝိညာဉ်သူငယ်က သိုလှောင်အိတ်တစ်လုံးနှင့်အတူ ထွက်ပြေးသွားပြီး ဝိညာဉ်ဆေးပင်များနှင့် သိုလှောင်အိတ်သုံးလုံးကို ချန်ရစ်ခဲ့သည်။

လက်ဝါးချက်က ထိုအချိန်တွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့က မြေပြင်ပေါ်တွင်ပြန့်ကျဲနေသော ဝိညာဉ်ဆေးပင်နှင့် သိုလှောင်အိတ်များကို လျစ်လျူရှုထားပြီး ကျောက်စိမ်းမျှစ်စို့သုံးပင်ဆီသို့ ဆက်ပြေးသွားသည်။

အသန်မာဆုံးကျင့်ကြံသူငါးယောက်က သတိဝင်လာခဲ့သည်။

‘သူက ခွန်အားကို ဖုံးကွယ်ထားတာပဲ’

ဟန်မူယဲ့က ကျောက်စိမ်းမျှစ်စို့များ၏ရှေ့သို့ ရောက်သွားသည်။ သူ့လက်ထဲတွင် မြက်ရိတ်တံပေါ်လာသည်။ သူက မြက်ရိတ်တံကို အသာအယာလှုပ်ရှားလိုက်ပြီး မျှစ်စို့သုံးခုကို သိမ်းယူသည်။

ထို့နောက် ဟန်မူယဲ့က မျက်နှာထားပြောင်းလဲသွားသော အသန်မာဆုံးကျင့်ကြံသူငါးယောက်ကို လှမ်းကြည့်သည်။

သူ့လက်ထဲတွင်ရှိသော မြက်ရိတ်တံက အစိမ်းရောင်ချီစွမ်းအင်အလင်းများဖြင့် တောက်ပလာခဲ့သည်။

‘ထိပ်တန်းအဆင့်ရတနာ’

‘အဲဒီတုတ်ချောင်းက သေချာပေါက် ရတနာတစ်ခုပဲ’

ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူငါးယောက်က တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်လိုက်ကြသည်။

ချီစွမ်းအင်အလင်း၊ မန္တန်နှင့် ဓားများ ထွက်ပေါ်လာကြသည်။

အလင်းတန်းငါးခုက ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့ဆီသို့ ရောက်လာခဲ့သည်။

ဟန်မူယဲ့က ပြုံးသည်။

သူတို့က သူ့ကို တိုက်ခိုက်လာကြသည်။ သူကလည်း သူတို့ကို တိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။

ဤစိုက်ခင်းထဲတွင် ဝင်္ကပါတစ်ခုရှိပြီး ဆယ်မိုင်ပတ်ဝန်းကျင်တွင်ရှိသော လူများ ထွက်သွားနိုင်ရန် ခက်ခဲလိမ့်မည်။

ထို့ကြောင့် ဟန်မူယဲ့က မြက်ရိတ်တံကို ထုတ်သုံးသည်။

အလွန်ဆွဲဆောင်နိုင်သော ရတနာတစ်ခုဖြစ်သည်။

“ဘုန်း”

သူက သွေးချီများကို ထုတ်‌‌ဖော်လိုက်သည်။ နတ်ဘုရားသားရဲပါ့ရှား၏ပုံရိပ်က သူ့နောက်တွင် ပေါ်လာသည်။

သူ၏ လက်သီးချက်ထဲတွင် ချီစွမ်းအင်နှင့် သွေးစွမ်းအားများ ရောယှက်နေသည်။ ထိုလက်သီးချက်က ကျင့်ကြံသူငါးယောက်၏တိုက်ခိုက်မှုကို ချေဖျက်လိုက်သည်။

ဘခုအချိန်တွင် သူက စိတ်ကူးမယဉ်နိုင်လောက်သောစွမ်းအားကို ထုတ်ပြနေသည်။

“မင်းတို့ရဲ့ သိုလှောင်အိတ်တွေကို ထားခဲ့လိုက်။ ငါက ဘယ်သူ့ကိုမှ မသတ်ချင်ဘူး”

ဟန်မူယဲ့က လက်သီးဆုပ်ထားပြီး ညင်သာစွာပြောသည်။

သူ့လက်သီးချက်ကြောင့် ထွက်ပေါ်လာသော စွမ်းအားလှိုင်းများက ပတ်ဝန်းကျင်တွင် ဖြာထွက်သွားခဲ့သည်။ အဝေးတစ်နေရာတွင် ထွက်ပြေးနေသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများက သွေးအန်လိုက်ပြီး လဲကျသွားကြသည်။

ကောင်းကင်တစ်ဝက်အဆင့် ကျွမ်းကျင်သူများက တစ်ကိုယ်လုံးတုန်ခါနေပြီး မတ်တပ်ရပ်နိုင်အောင် အစွမ်းကုန်ကြိုးစားနေကြသည်။

ဝိညာဉ်သူငယ်အဆင့် ကျင့်ကြံသူများအားလုံးက မျက်နှာထားဖြူဖျော့သွားကြသည်။

“ဝီ”

ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်က ခန္ဓာကိုယ်ကိုစွန့်ပစ်ပြီး သိုလှောင်အိတ်အများအပြားကို သယ်ယူ၍ ဝိညာဉ်ဖြင့် ထွက်ပြေးသွားခဲ့သည်။

ဝိညာဉ်သူငယ်က အလွန်လျင်မြန်ပြီး အမိဖမ်းနိုင်ရန် ခက်ခဲသည်။

ထိုကျင့်ကြံသူ၏ အပြုအမူကြောင့် တခြားလူများက စိတ်လှုပ်ရှားသွားကြသည်။

သို့သော် သူတို့မလှုပ်ရှားခင် ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး လက်မြှောက်သည်။

“ရွှပ် ....”

ဓားရှည်တစ်လက်က ထွက်ပြေးသွားသော ဝိညာဉ်သူငယ်ကို ဖျက်ဆီးပစ်လိုက်သည်။

သူ၏ မူလဝိညာဉ်ဓားသည် ဝိညာဉ်သူငယ်တင်မကဘဲ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများ၏ မူလဝိညာဉ်ကိုပင် လွယ်ကူစွာ ဖြတ်တောက်နိုင်သည်။

မူလဝိညာဉ်ဓားသည် မူလဝိညာဉ်များ၏ ရန်သူပင်ဖြစ်သည်။

“ငါက တကယ်ကိုပဲ လူမသတ်ချင်ပါဘူး”

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။ မူလဝိညာဉ်ဓားက သိုလှောင်အိတ်များနှင့်အတူ ပြန်ရောက်လာခဲ့သည်။

ထိုကျင့်ကြံသူက ဝိညာဉ်ဆေးပင်အများအပြားကို ရရှိထားသည်။

ဟန်မူယဲ့၏လက်ထဲသို့ မှော်ရတနာမီးပြင်းဖိုတစ်လုံး ကျဆင်းလာသည်။

“မင်းတို့ကရော”

ဟန်မူယဲ့က ရှေ့တွင်ကျန်နေသော ကျင့်ကြံသူလေးယောက်ကို ကြည့်သည်။

သူ့ရည်ရွယ်ချက်က ရှင်းလင်းသည်။

ကျင့်ကြံသူလေးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သိုလှောင်အိတ်များကို ထုတ်ပေးသည်။

ဟန်မူယဲ့က အများဆုံးထုတ်ပေးထားသောလူကို ညွှန်ပြလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“မင်းရဲ့ရတနာပစ္စည်းကို ထုတ်ပေးပြီးရင် ထွက်သွားလို့ရပြီ”

ထိုကျင့်ကြံသူက ခဏတာတုံ့ဆိုင်းသွားပြီး မီးပြင်းဖိုတစ်ခုကို ထုတ်ပေး၍ ပျံသန်းသွားသည်။

သူက အပြည့်အဝ ပျောက်ကွယ်သွားသောအခါတွင် ကျန်သုံးယောက်က သိုလှောင်အိတ်များနှင့် ရတနာများကို ထုတ်ပေး၍ မတူညီသောနေရာများသို့ ပျံသန်းသွားကြသည်။

တာအိုဆရာတယန်က ပစ္စည်းများအားလုံးကို သိမ်းယူသည်။

ဟန်မူယဲ့က ကျန်ရှိနေသော ဝိညာဉ်သူငယ်အဆင့်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို လှည့်ကြည့်သည်။

“မင်းတို့က အသက်မရှင်ချင်ဘူးလား”

သူတို့က သိုလှောင်အိတ်နှင့် ဝိညာဉ်လက်နက်များကို လျင်မြန်စွာထုတ်ပေးသည်။ လူတစ်ယောက်ကသာ အဆင့်နိမ့်မှော်ရတနာဖြစ်သော ဆေဘာဓားတစ်လက်ကို ပိုင်ဆိုင်ထားသည်။

တာအိုဆရာတယန်က ဆေဘာဓားကို စစ်ဆေးကြည့်လိုက်ပြီး စိတ်ပျက်စွာ ခေါင်းခါသည်။ သူထင်ထားသည့်အတိုင်း သူတို့တွင် အဖိုးတန်ပစ္စည်းများ မရှိကြပေ။

ကျင့်ကြံသူများအားလုံးက ထွက်သွားကြသည်။ ကောင်းကင်တစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်က ထူးဆန်းသောမျက်နှာထားဖြင့် ပြန်လှည့်လာပြီး တီးတိုးပြောသည်။

“အကြီးအကဲ၊ တာအိုရောင်းရင်းလီကျုံးကျင်းက လိုက်ဖမ်းခံနေရပါတယ်”

’လီကျုံးကျင်းလား’

ဟန်မူယဲ့က အေးစက်သောအငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။

ကောင်းကင်တစ်ဝက်အဆင့်ကျွမ်းကျင်သူက လျင်မြန်စွာဦးညွှတ်လိုက်သည်။

“အကြီးအကဲ၊ ကျွန်တော်က အာခီမီတိုက်ပွဲမှာ ရှိနေခဲ့ပါတယ်။ ပြီးတော့ မိစ္ဆာဘုရင်ကိုလည်း မြင်လိုက်ရပါတယ်”

ထို့နောက် သူက ဆက်ပြောသည်။

“တာအိုရောင်းရင်းလီကျုံးကျင်းကို လိုက်ဖမ်းနေတဲ့လူတွေက ကျူးကွမ်ရှို့နဲ့ ဂိုဏ်းသားတွေပါပဲ”

‘ကျူးကွမ်ရှို့လား’

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သိုလှောင်အိတ်အချို့နှင့် မှော်ရတနာတစ်ခုကို ပစ်ပေးသည်။

“ငါ့ကို ခေါ်သွားပါ”

ကောင်းကင်တစ်ဝက်အဆင့်ကျွမ်းကျင်သူက ပျော်ရွှင်သွားပြီး သိုလှောင်အိတ်များနှင့် မှော်ရတနာကို သိမ်းလိုက်သည်။

ဆေးပင်ဥယျာဉ်ထဲတွင် မဟာကျင့်ကြံသူကြီးတစ်ယောက်ကို စိတ်ကျေနပ်စေလျှင် အကျိုးအမြတ်များရနိုင်သည်ဟူသော စကားက အမှန်ပင်ဖြစ်သည်။

“အကြီးအကဲ၊ ကျွန်တော့်နောက်က လိုက်ခဲ့ပါ”

သူက ဟန်မူယဲ့ကို လမ်းပြလိုက်သည်။

ဟန်မူယဲ့က ကြင်နာတတ်သောလူတစ်ယောက် မဟုတ်သော်လည်း သူနှင့်ရင်းနှီးသောလူတစ်ယောက် သေဆုံးသွားမည်ကို ရပ်ကြည့်မနေနိုင်ပေ။

ထို့အပြင် လီကျုံးကျင်းက လူဆိုးတစ်ယောက်မဟုတ်ပေ။ သူက အာခီမီကို စွဲလမ်းနေခြင်းသာဖြစ်သည်။

“ဘုန်း”

မိုင်တစ်ရာခန့်အကွာသို့ ရောက်လာသောအခါတွင် ပေါက်ကွဲသံကို ကြားရသည်။

“လီကျုံးကျင်း၊ မင်းက ငါ့မယာကို ကြာခိုနေတဲ့ကောင်ပဲ။ ဒီနေ့ မင်းသေရမယ်”

ကျူးကွမ်ရှို့၏အသံကို ကြားနိုင်သည်။

All Chapters