← Chapters

အခန်း (၆၄၈)

Vol. 47 Ch. 648

အခန်း (၆၄၈)

Vol. 47 Ch. 648

“ပေါက်ကရတွေ၊ ငါနဲ့ ဆရာတူညီမက တစ်ယောက်ကိုတစ်ယောက် ချစ်နေကြတာကွ။ မင်းနဲ့ဘာဆိုင်လို့လဲ”

လီကျုံးကျင်း၏အသံက အနည်းငယ်အက်ကွဲနေသည်။

သူက တစ်ဖက်လူကို စကားဖြင့်အနိုင်ယူချင်သော်လည်း ရိုက်နှက်ခံရလျှင် အဆင်ပြေမည်မဟုတ်ပေ။

ဘန်းခနဲအသံနှင့်အတူ လီကျုံးကျင်း၏ ချီစွမ်းအင်အလွှာက ပျက်စီးသွားသည်။ သူက နောက်သို့ လွင့်ထွက်လာသည်။

မြင်းမြီးကြာပွတ်ကို ကိုင်ထားသော ဝတ်ရုံရှည်နှင့် ကျူးကွမ်ရှို့က ထောင်ချီသောရွှေအလင်းကြိုးမျှင်များကို ထုတ်လွှတ်၍ လီကျုံးကျင်းကို လိုက်ဖမ်းနေသည်။

ထိုရွှေအလင်းများကြောင့် လီကျုံးကျင်းက အသက်ရှင်နေလျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားနိုင်သည်။

ဟန်မူယဲ့က ခေါင်းခါသည်။

လီကျုံးကျင်း၏ကျင့်ကြံဆင့်သည် ကျူးကွမ်ရှို့နှင့် ဝူယာကျီတို့ထက် ပိုမိုမြင့်မားသည်။ သို့သော် သူက အာခီမီကို စွဲလမ်းနေသောကြောင့် တိုက်ခိုက်နိုင်စွမ်း မကောင်းပေ။

“ခလွမ် ....”

ဟန်မူယဲ့က နောက်ကျောတွင်လွယ်ထားသော အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်၏ ဓားရှည်ကို ဆွဲထုတ်သည်။ ဓားအလင်းက ချက်ချင်းပေါ်ထွက်လာသည်။

ကျူးကွမ်ရှို့၏ မြင်းမီးကြာပွတ်က တစ်ပိုင်းတစ်စစီ ဖြစ်သွားခဲ့သည်။

ဟန်ရေးပြနေသော ကျူးကွမ်ရှို့၏မျက်နှာက ဖြူဖျော့သွားပြီး နောက်ဆုတ်လိုက်ရသည်။

လီကျုံးကျင်းက မြေပြင်ပေါ်တွင်ရှိနေပြီး မျက်ရည်ဝဲနေသောမျက်လုံးများဖြင့် ဟန်မူယဲ့ကို လှမ်းကြည့်သည်။

သူက အမှန်တကယ်ပင် အနိုင်ကျင့်ခံနေရပုံပေါ်သည်။

ဟန်မူယဲ့က သူပြောလိုက်‌သော ဆရာတူညီမနှင့် ဖြစ်ပျက်ခဲ့‌သောအကြောင်းများကို မကြားခဲ့ရလျှင် သူ့ပုံစံကြောင့် ကရုဏာသက်သွားလိမ့်မည်။

“မင်းပဲ”

ကျူးကွမ်ရှို့က အံတင်းတင်းကြိတ်ထားပြီး ဟန်မူယဲ့ကို ကြည့်သည်။

ထိုလူက သူ့ကို ရိုက်နှက်ပြီး အာခီမီတိုက်ပွဲကို စတင်ရန် လှုံ့ဆော်ပေးခဲ့သည်။ အဆုံးတွင် သူက ရှုံးနိမ့်သွားပြီး မှော်ရတာမီးပြင်းဖိုကို လက်လွှတ်လိုက်ရသည်။ သူ၏ တာအိုနှလုံးသားကလည်း ညစ်နွမ်းသွားရသည်။

အရာအားလုံးက သူ့ကြောင့် ဖြစ်လာခဲ့သည်။

ကျူးကွမ်ရှို့က လက်ထဲတွင်ရှိနေသော အမွေးပြောင်သွားသည့် မြင်းမြီးကြာပွတ်ကို ကြည့်လိုက်ပြီး ဒေါသများကို ဖိနှိပ်ထားခဲ့သည်။

သူ၏ဓားချက်က အလွန်သန်မာသည်။

“ဝှစ်”

ကျူးကွမ်ရှို့၏နောက်တွင် လူများပေါ်လာကြသည်။

ကျူးကွမ်ရှို့က စိတ်သက်သာရာရာစွာ သက်ပြင်းချလိုက်ပြီး တီးတိုးပြောသည်။

“ဂိုဏ်းတူအစ်ကိုတို့၊ အဲဒီလူက လီကျုံးကျင်းနဲ့ တစ်ဖွဲ့တည်းပါပဲ။ သူက ဓားပညာမှာ အားကောင်းပုံရတယ်”

ကျူးကွမ်ရှို့က အာခီမီပညာရှင်တစ်ယောက်သာဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းမကောင်းပေ။ သူ့နောက်တွင်ရှိသော လူများက အားကောင်းသော ကျင့်ကြံသူများ ဖြစ်ကြသည်။

ကျူးကွမ်ရှို့၏စကားကို ကြားလိုက်ရသောအခါတွင် အစိမ်းဖျော့ရောင် တာအိုဝတ်စုံနှင့် အနက်ရောင်မုတ်ဆိတ်များရှိသော လူအိုကြီးတစ်ယောက်က လက်မြှောက်သည်။

“ငါတို့က ကျင်းမင်တာအိုဂိုဏ်းကို စစ်ကြေညာပြီးပြီဆိုတော့ အကုန်လုံးကို အပြတ်ရှင်းပစ်ရမယ်”

သူ့စကားသံအဆုံးတွင် တခြားလူများက ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများကို ထုတ်ဖော်၍ ပျံသန်းလာကြသည်။

ဓားအလင်းများသည် ဓားတစ်လက်အဖြစ် ပေါင်းစပ်သွားပြီး ချီစွမ်းအင်အလင်းက ပတ်ဝန်းကျင်တွင် သွယ်ယှက်နေသည်။

ဓားသည် ပေသုံးဆယ်ရှည်လျားပြီး ချီစွမ်းအင်အလင်းများက ပျံသန်းနေသော ရောင်စုံလိပ်ပြာများအဖြစ် ပြောင်းလဲသွားကြသည်။

ဟယ်ချင်တာအိုဂိုဏ်း၏ ဓားနည်းစနစ်နှင့် မန္တန်များက ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူများ၏လက်ထဲတွင် အပြည့်အဝ ပုံပေါ်လာကြသည်။

ရှေးနတ်ဘုရားကျဆုံးနယ်မြေနှင့် ယှဉ်ကြည့်လိုက်လျှင် ရှေးတိမ်တိုက်စကြဝဠာ၏ ကျင့်ကြံသူများက ပွင့်လင်းစွာ တိုက်ခိုက်ကြသည်။

ဤနေရာတွင် ကောင်းကင်တာအိုမရှိသောကြောင့် တိုက်ပွဲတွင် ကိုယ်ပိုင်ခွန်အားကိုသာ မှီခိုရသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူတစ်ယောက် လှုပ်ရှားမည်ဆိုလျှင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကြောင့် တောင်တန်းများ ပြိုကျသွားပြီး ပင်လယ်က လှိုင်းထန်လာလိမ့်မည်။ မိုင်ထောင်ချီပတ်ဝန်းကျင်တွင် ချီစွမ်းအင်များ အသက်ဝင်လာလိမ့်မည်။

သို့သော် ရှေးတိမ်တိုက်စကြဝဠာ၏ ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူများက တိတ်ဆိတ်စွာ လှုပ်ရှားကြသည်။

ဟန်မူယဲ့က ခံစားချက်များဖြစ်ပေါ်လာသော်လည်း ဓားထုတ်ခဲ့သည်။

ဓားအလင်းက ကြည်လင်ပြီး သန့်စင်နေသည်။

ဓားနှစ်လက် ထိတွေ့သွားသည်။

ဟန်မူယဲ့က ရန်သူများ၏ဓားကို ဓားဦးဖြင့် ရိုက်ထုတ်လိုက်သည်။

ထို့နောက် ဓားက ချီစွမ်းအင်အလင်းများကို ထပ်မံဖျက်ဆီးပြန်သည်။

မန္တန်နည်းစနစ်များက ဓား၏ထက်မြိမှုကို အမီမလိုက်နိုင်ပေ။

ဓားကျင့်ကြံသူတစ်ယောက်သည် အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းသည်။

သူက လက်ထဲတွင် ဓားကိုင်ထားပြီး ရောင်စုံလိပ်ပြာများ၏တောင်ပံကို ဖြတ်တောက်လိုက်သည်။

ဟန်မူယဲ့က ချက်ချင်းဆိုသလိုပင် တိုက်ခိုက်မှုများအားလုံးကို ချေဖျက်ခဲ့သည်။

လူတစ်ယောက်နှင့် ဓားတစ်လက်က ရန်သူအများအပြားကို လွှမ်းမိုးခဲ့သည်။

သူ့ဓားချက်ကြောင့် ဟယ်ချင်တာအိုဂိုဏ်းမှလူများက မျက်နှာထားပြောင်းလဲသွားကြသည်။

သူတို့ရှေ့တွင်ရှိနေသောလူက သူတို့လိုက်ဖမ်းခဲ့သော လီကျုံးကျင်းနှင့် မတူပေ။

ယခုအချိန်တွင် လီကျုံးကျင်က မောက်မာသောမျက်နှာထားဖြင့် နောက်ကွယ်တွင်ရပ်နေသည်။

ဂိုဏ်းချုပ်ကပင် ဟန်မူယဲ့၏ဓားနည်းစနစ်ကို ချီးကျူးခဲ့သည်။

“သတ်”

ဟန်မူယဲ့က ဓားကို လှုပ်ရှားလိုက်ပြန်သည်။

သူ့ဓားက အလွန်လျင်မြန်သည်။

ဟန်မူယဲ့၏ဓားချက် ကျဆင်းလာသောအချိန်တွင် ဟယ်ချင်တာအိုဂိုဏ်း၏ ဓားကျင့်ကြံသူနှစ်ယောက်က ဓားများကို မြှောက်လိုက်ကြသည်။

“ခလွမ် ....”

ဓားတစ်လက်က ကျူးကွမ်ရှို့ဆီသို့ လွင့်ထွက်သွားခဲ့သည်။

ကျိူးကွမ်ရှို့က ဓားဒဏ်ရာကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

သူမတုံ့ပြန်နိုင်ခင် နောက်ထပ်ဓားတစ်လက် ထပ်မံလွင့်ထွက်လာသည်။

ဟယ်ချင်တာအိုဂိုဏ်း၏ ဓားကျင့်ကြံသူနှစ်ယောက်က ဟန်မူယဲ့၏ဓားကို မခုခံနိုင်ခဲ့ပေ။

“နောက်ဆုတ်”

စကားပြောခဲ့သောလူအိုကြီးက ဟိန်းဟောက်လိုက်ပြီး လက်မြှောက်သည်။ သူက မြူခိုးများကို ထုတ်လွှတ်သည်။ မြူခိုးများကြောင့် မြေပြင်တွင် နွယ်ပင်များ ပေါ်ထွက်လာပြီး ဟန်မူယဲ့ဆီသို့ တိုးဝင်သွားကြသည်။

မဟာကျင့်ကြံသူတစ်ယောက်၏ မှော်နည်းစနစ်၊ နတ်ဘုရားစွမ်းရည် ဖြစ်သည်။

မှော်နည်းစနစ်၏ရှေ့တွင် ဓားကျင့်ကြံသူများပင် ရပ်တန့်သွားရမည်။

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ဓားကိုင်ထားပြီး ခုတ်ချသည်။

“မီးမျိုးဆက်ဓားနည်းစနစ်၊ မီးအရိပ်”

ဓားရှည်၏ရှေ့တွင် မီးတောက်အစုများ ပေါ်ထွက်လာပြီး နဂါးတစ်ကောင် သို့မဟုတ် ပြေးလွှားနေသော မြင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုပုံရိပ်က နွယ်ပင်များဖြင့်ဝင်တိုက်ပြီး အရာအားလုံးကို လောင်ကျွမ်းသွားစေသည်။

မှော်နည်းစနစ်ကို ချိုးဖောက်ရန်အတွက် မဟုတ်ပေ။ မှော်နည်းစနစ်နှင့်အတူ ပျက်စီးသွားရန် ဖြစ်သည်။

နွယ်စိမ်းနှင့်မီးတောက်များ ပျောက်ကွယ်သွားသည်အထိ ဟယ်ချင်ဂိုဏ်း၏ မဟာကျင့်ကြံသူက အသိဝင်မလာခဲ့ပေ။

‘မှော်နည်းစနစ်ကို ဖျက်ဆီးလိုက်တာက အရမ်းလွယ်မနေဘူးလား’

ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေဆဲဖြစ်သည်။

သူက အတွေ့အကြုံများ စုဆောင်းထားပြီး ရန်သူအမျိုးမျိုးနှင့် ရင်ဆိုင်နိုင်သည်။

သူ၏ ဓားနည်းစနစ်ကလည်း ရေစီးသဖွယ် ချောမွေ့နေသည်။

သူက ဓားနည်းစနစ်များကို ကျေညက်အောင်လေ့ကျင့်ထားသော ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။

“ဘုန်း”

ဟန်မူယဲ့က ဓားဖြင့် ခုတ်ချလိုက်ပြန်သည်။

ဤတစ်ကြိမ်တွင် ဓားအလင်းက ပေတစ်ထောင်မြင့်မားသော သဲမုန်တိုင်းတစ်ခုကို သယ်ဆောင်လာသည်။

သဲမုန်တိုင်းက ဟယ်ချင်ဂိုဏ်း၏ကျွမ်းကျင်သူများကို လွှမ်းခြုံလိုက်သည်။

“ထွက်ပြေးကြတော့ ....”

အနက်ရောင်မုတ်ဆိတ်နှင့် လူအိုကြီးက လှည့်ထွက်သွားသည်။ ကျန်လူများကလည်း ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။

သဲမုန်တိုင်းပျောက်ကွယ်သွား‌သောအခါ မြေပြင်ပေါ်တွင်လဲကျနေသော လူအများအပြား ကျန်ရစ်ခဲ့သည်။

ဓားနှစ်လက်ကြောင့် ဒဏ်ရာရသွားသော ကျူးကွမ်ရှို့ကလည်း ထွက်မပြေးနိုင်ခဲ့ပေ။

လီကျုံးကျင်း ဆိုးယုတ်သောအပြုံးတစ်ခုနှင့်အတူ ရှေ့တက်လာသည်။

“မင်းက ငါ့ကို လိုက်ဖမ်းရဲတယ်လား”

သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ မီးတောက်များက ကျူးကွမ်ရှို့ကို လွှမ်းခြုံသွားသည်။

ကျူးကွမ်ရှို့က နာကျင်စွာ အော်ဟစ်လိုက်ရသည်။

အသက်ဆယ်ခါရှူကြိမ်အကြာတွင် မီးတောက်များ ပျောက်ကွယ်သွားသည်။ ကျူးကွမ်ရှို့က တစ်ကိုယ်လုံးမည်းနက်နေပြီး ပါးစပ်ထဲမှ မီးခိုးများထွက်လာခဲ့သည်။

လီကျုံးကျင်းက ကျူးကွမ်ရှို့နှင့် တခြားလူများ၏ သိုလှောင်အိတ်များကို သိမ်းယူလိုက်သည်။

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“သူတို့က ခင်ဗျားနောက်ကို လိုက်လာတာမဟုတ်လား။ ဘာဖြစ်လို့ မသတ်လိုက်တာလဲ”

လီကျုံးကျင်းက ကျူးကွမ်ရှို့နှင့် တခြားလူများကို သတ်ပစ်လိမ့်မည်ဟု သူထင်ခဲ့သည်။ သူနှင့် ကျူးကွမ်ရှို့၏ ရန်ငြိုးက ရှုပ်ထွေးပြီး ဖြေရှင်းရန် ခက်ခဲသည်။

“ဘာလို့သတ်ရမှာလဲ”

လီကျုံးကျင်းက လက်ခါပြသည်။

“ငါက သူ့ကို သတ်လိုက်ရင် ငါ့ရဲ့ ဆရာတူညီမက မုဆိုးမဖြစ်သွားမှာပေါ့”

ထို့နောက် သူက တီးတိုးဆက်ပြောသည်။

“သူက မီးအဆိပ်ကို ဖြေရှင်းဖို့အတွက် နှစ်သုံးရာကြာလိမ့်မယ်”

“သူက နှစ်သုံးရာအတွင်းမှာ အမျိုးသမီးတွေနဲ့ ထိတွေ့နိုင်မှာမဟုတ်ဘူး”

“ဟီးဟီး ....”

ဟန်မူယဲ့က တစ်ကိုယ်လုံးမည်းနက်နေသော ကျူးကွမ်ရှို့ကို လှမ်းကြည့်သည်။

‘ဒါက သူ့ကိုသတ်လိုက်တာထက် ပိုဆိုးတယ်မလား’

လီကျုံးကျင်က ခြံခုန်သွားသော ဆရာတူညီမဖြစ်သူကို တမင်သက်သက် အပြစ်ပေးလိုက်သည်ဟု ဟန်မူယဲ့က ခံစားရသည်။

နှစ်သုံးရာ ကြာမြင့်လိမ့်မည်။

....

ဟန်မူယဲ့ကို လမ်းပြပေးခဲ့သော ကျင့်ကြံသူက ဂိုဏ်းသေးတစ်ဂိုဏ်း၏ အကြီးအကဲ ထောင်ကျီကျွင်းဖြစ်သည်။

ရှေးတိမ်တိုက်စကြဝဠာတွင် ကောင်းကင်တစ်ဝက်အဆင့်နှင့် ကောင်းကင်အဆင့် ကျင့်ကြံသူများက ဂိုဏ်းများကို ထိန်းချုပ်ထားကြသည်။ ကောင်းအဆင့်ကျွမ်းကျင်သူများကို ပိုင်ဆိုင်ထားသောဂိုဏ်းများက နေရာအနှံ့တွင် မရှိကြပေ။

ကျင်းမင်တာအိုဂိုဏ်းသည် ထိပ်တန်းအဆင့်ဂိုဏ်းကြီးများထက် အနည်းငယ်သာ အားနည်းသည်။

ထောင်ကျီကျွင်းက နာခံမှုရှိသည်။ သူက လီကျုံးကျင်း၏နောက်သို့ လိုက်ပြီး စိတ်ကျေနပ်အောင် ကြိုးစားပေးနေသည်။

သူက ဟန်မူယဲ့ကို အနည်းငယ်ကြောက်နေပုံရသည်။

သူတို့သုံးယောက်နှင့် ရုပ်သေးရုပ်အစောင့်များကို ဦးဆောင်ထားသော တာအိုဆရာတယန်က အဖွဲ့တစ်ဖွဲ့ ဖြစ်သွားပြီး ပတ်ဝန်းကျင်တွင် ဆေးပင်များကို ရှာဖွေနေခဲ့သည်။

ထောင်ကျီကျွင်းက အလွန်ဂရုစိုက်သည်။ သူက ဆေးပင်များကို လုမယူဘဲ တာအိုဆရာတယန်မကြိုက်သော ဆေးပင်များကိုသာ ယူလေ့ရှိသည်။

တာအိုဆရာတယန်က ထို‌ဆေးပင်များကို အရေးတယူမလုပ်သော်လည်း ထောင်ကျီကျွင်းအတွက် အတော်လေးအဖိုးတန်သည်။

သူက ဟန်မူယဲ့ကြောင့်သာမဟုတ်လျှင် ထောင့်တစ်နေရာတွင် ပုန်းနေရလိမ့်မည်။

လီကျုံးကျင်းက ဆေးပင်များစုဆောင်းရန် စိတ်ဝင်စားပုံမရပေ။ သူက လိုအပ်သောဆေးပင်များကိုသာ ယူလေ့ရှိသည်။

တစ်ခါတလေတွင် သူက ဆေးလုံးသန့်စင်မည့်အကြောင်းကို ဟန်မူယဲ့နှင့် ဆွေးနွေးနေသည်။

သူက ဟန်မူယဲ့၏ ဆေးစွမ်းအားသန့်စင်ခြင်းနည်းစနစ်ကို အလွန်အထင်ကြီးခဲ့သည်။ ယခုအချိန်တွင် သူက ဟန်မူယဲ့၏ အာခီမီကျွမ်းကျင်မှုကို လေးစားနေသည်။

သူတို့ထဲတွင် ဟန်မူယဲ့က အသက်သာဆုံးဖြစ်သည်။

သူက မြက်ရိတ်တံကိုအသုံးချ၍ ဆေးပင်များကို သိမ်းဆည်းထားနိုင်သည်။

ဟန်မူယဲ့က ဆေးပင်များကို အစုလိုက်အပြုံလိုက် သိမ်းဆည်းနေသောအခါတွင် လီကျုံးကျင်းနှင့် ထောင်ကျီကျွင်းတို့က အားကျနေရုံသာ တတ်နိုင်သည်။

သူတို့က ထိုသို့ မလုပ်နိုင်ပေ။

လူတိုင်းတွင် မြက်ရိတ်တံကဲ့သို့ ရတနာမျိုး မရှိကြပေ။

“ဂါး ....”

ဓားအလင်းတစ်ခု ဖြတ်သန်းသွားပြီး ပေသုံးဆယ်ရှည်လျားသော ပင့်ကူတစ်ကောင် ပြုတ်ကျလာခဲ့သည်။

ရုပ်သေးရုပ်နှစ်ရာ၏ ပူးပေါင်းတိုက်ခိုက်မှုကို အသန်မာဆုံးသားရဲများကပင် မခုခံနိုင်ပေ။

တာအိုဆရာတယန်က ရှေ့တက်သွားပြီး သားရဲ၏ အဖိုးတန်အစိတ်အပိုင်းများကို ထုတ်ယူလိုက်သည်။

ဟန်မူယဲ့က ထပ်ရောက်လာပြီး မြက်ရိတ်တံဖြင့် သားရဲ၏စွမ်းအင်များကို စုပ်ယူခဲ့သည်။ ထို့နောက် သူက ပင့်ကူစောင့်ကြပ်ထားသော ရွှေကျောက်စိမ်းခေါင်းလောင်းပန်းနှစ်ပင်ကို သေချာသိမ်းဆည်းလိုက်သည်။

ထိုအပင်များက နှစ်တစ်သောင်းသက်တမ်းရှိပြီး အလွန်အဖိုးတန်သည်။

လီကျုံးကျင်းနှင့် ထောင်ကျီကျွင်းတို့က ဟန်မူယဲ့ကိုကြည့်ပြီး သွားရည်ကျနေရုံသာ တတ်နိုင်သည်။

ဟန်မူယဲ့က ဆေးပင်များကို သိမ်းဆည်းပြီးသောအခါတွင် မျက်မှောင်ကြုတ်လိုက်ပြီး တစ်ဖက်သို့ကြည့်သည်။

မြူခိုးများနှင့်ဖုံးလွှမ်းနေသောနယ်မြေတွင် လူများ ပြေးလာကြသည်။

ရှေ့ဆုံးတွင်ရှိနေသောလူက ပုဆိန်တစ်လက်ကို ကျောပေါ်တွင် သယ်ထားသည်။

သူက လွန်ခဲ့သောဆယ်ရက်ခန့်တွင် ဟန်မူယဲ့နှင့်တွေ့ခဲ့သည့် ခန္ဓာကိုယ်တောင့်တင်းသော ကျင့်ကြံသူ ဖြစ်သည်။

ယခုအချိန်တွင် သူက သိုလှောင်အိတ်အများအပြားကို သယ်ဆောင်ထားသည်။ သူ့နောက်တွင်လည်း သူနှင့်ပုံစံတူသော ကျင့်ကြံသူများ ရှိနေကြသည်။

သူက ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် အံ့အားသင့်သွားသည်။ သူက ဟန်မူယဲ့၏လက်ထဲတွင်ရှိသော မြက်ရိတ်တံကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာသည်။

“ဆရာဦးလေး၊ သူ့လက်ထဲမှာရှိနေတဲ့ တုတ်ချောင်းက ရတနာတစ်ခုပဲ”

သူက အော်ပြောလိုက်သည်။

သူ့အသံကြောင့် နောက်တွင်ရှိနေ‌သောလူများက ဟန်မူယဲ့၏လက်ထဲတွင်ရှိသော မြက်ရိတ်တံကို ကြည့်လိုက်ကြသည်။

All Chapters