← Chapters

အခန်း (၆၅၀)

Vol. 47 Ch. 650

အခန်း (၆၅၀)

Vol. 47 Ch. 650

ဟန်မူယဲ့က တာအိုဓားနှင့် နတ်ဘုရားသားရဲကို ပိုင်ဆိုင်မထားခဲ့လျှင် ထိုဓားချက်ကို ခုခံနိုင်မည်မဟုတ်ပေ။

“ပိုပေးလို့ရမလား”

ဟန်မူယဲ့က ပြုံးသည်။ သူက ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။

“ငါက ဒီသစ်သီးကို လိုချင်တယ်”

သစ်သီး ....

ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်၏ မျက်နှာထားက ကြမ်းတမ်းလာသည်။

တခြားအရာများကို ပေးနိုင်သော်လည်း ထိုသစ်သီးကို မပေးနိုင်ပေ။

ထိုသစ်သီးက သူ၏ မိစ္ဆာစိတ်ကို ဖိနှိပ်နိုင်သည်။

ထိုသစ်သီးက ကျင့်ကြံခြင်းနှင့်ပတ်သတ်နေသော အရေးကြီးရတနာတစ်ပါး ဖြစ်သည်။

“ကောင်းပြီလေ”

“အဲဒါဆိုရင်လည်း ငရဲကို သွားလိုက်တော့”

ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်က ဆေဘာဓားကို‌ မြှောက်လိုက်ပြီး ခုတ်ချသည်။

ပေတစ်ရာခန့်ရှည်လျားသော ဆေဘာဓားအလင်းက အလွန်အားကောင်းပြီး တည်နေရာကိုပင် ထိုးခွဲသွားသည်။

ဓားသွားပေါ်တွင် သွေးအငွေ့အသက်များ ရစ်ပတ်နေသည်။ ထို့အပြင် လူတစ်ယောက်၏ဝိညာဉ်အား ဖျက်ဆီးနိုင်သော ညည်းညူသံများကို ကြားနိုင်သည်။

ဝိညာဉ်ကိုယ်ခွဲ နဝမအဆင့်သို့ ရောက်နေသော ကျင့်ကြံသူကပင် ထိုအသံကို ခုခံနိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့၏ခေါင်းထဲတွင် မူလဝိညာဉ်ဓား ပေါ်လာသည်။ ဓားအလင်းက ခုန်ပေါက်သွားပြီး အလင်းလွှာတစ်ခုကို ဖန်တီးသည်။

သူက ပါ့ရှား၏ပုံရိပ်ကိုလည်း ထုတ်ဖော်လိုက်သည်။ ထို့နောက် တောင်တန်းတာအိုဓားကို ကိုင်ထားပြီး နောက်ဆုတ်မသွားဘဲ ဆေဘာဓားအလင်းနှင့် ရင်ဆိုင်သည်။

“ခလွမ် ....”

ဟန်မူယဲ့က နောက်ဆုတ်ပေးလိုက်ရသည်။

ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်ကလည်း နောက်ဆုတ်လိုက်ရပြန်သည်။

“ဝီ”

ပတ်ဝန်းကျင်က တုန်ခါသွားပြီး တောင်တန်းပေါ်တွင်ရှိနေသော ကျောက်တုံးများ ပျက်စီးသွားကြသည်။ တောင်ခြေတွင်ရပ်နေသော အစိမ်းရောင်ကြေးခွံများနှင့် ချိုတစ်ချောင်းသားရဲက ထိတ်လန့်နေသောမျက်နှာထားဖြင့် ထွက်ပြေးသွားသည်။

အက်ကွဲသံများကို နေရာအနှံ့တွင် ကြားနိုင်သည်။ ပေတစ်ထောင်ပတ်လည်တွင် ဆေဘာဓားအလင်းနှင့် ဓားအရိပ်တို့ကြောင့် လေဟာနယ်အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။

အကယ်၍ ဆေးပင်ဥယျာဉ်၏အပြင်ဘက်တွင် ရှိနေခဲ့လျှင် ဤတိုက်ပွဲကြောင့် ကြယ်တစ်စင်း ပျက်စီးသွားလိမ့်မည်။

ဟန်မူယဲ့က ပြုံးသည်။

သူ့ခွန်အားက လုံလောက်မှုမရှိသော်လည်း တစ်ဖက်လူနှင့် သိပ်မကွာပေ။

သူက အသန်မာဆုံးဓားနည်းစနစ်ကို ထုတ်မသုံးခဲ့သော်လည်း ထိုဓားချက်က နတ်ဘုရားသားရဲကိုယ်ပွား၏ အကန့်အသတ်နှင့် နီးစပ်နေသည်။

သူက ဓားနည်းစနစ်ကို အာမကိုးဘဲ တာအိုဘိုးဘေးတစ်ယောက်နှင့် ယှဉ်နိုင်သော မိစ္ဆာဘုရင်တစ်ပါးကို တိုက်ခိုက်ခဲ့သည်။

“ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်က တကယ်သန်မာတာပဲ”

ဟန်မူယဲ့က စကားပြောလိုက်သည်။

ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်က ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

“မင်းကလည်း သန်မာတာပဲ။ မင်းက ဘယ်သူလဲ”

“ငါက ကောင်းကင်နင်းခြေမိစ္ဆာဘုရင်ကိုလည်း ထွင်းဖောက်ပြီး မမြင်နိုင်ခဲ့ဘူး”

သူ့မျက်လုံးများက တောက်ပလာပြီး အော်ပြောလိုက်သည်။

“မင်းနဲ့သူက တစ်နေရာတည်းကနေ ရောက်လာတာပဲ”

“မင်းပြောတာ မှန်တယ်”

အသံတစ်သံနှင့်အတူ ဟွမ်ခြောက်ပေါ်လာသည်။

ဟန်မူယဲ့နှင့် ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်တို့က တိုက်ခိုက်နေသောအချိန်တွင် ဟွမ်ခြောက်က အင်မော်တယ်သစ်ပင်၏အနားသို့ ရောက်သွားခဲ့သည်။

သူက အစိမ်းရောင်သစ်သီးကို ခူးယူလိုက်ပြီး ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်ကို လှမ်းကြည့်သည်။

“ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်၊ ငါတို့ရဲ့ရန်ငြိုးတွေကို ဒီနေရာမှာပဲ အပြတ်ရှင်းလိုက်ကြရအောင်”

ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်က ဟွမ်ခြောက်၏လက်ထဲတွင်ရှိသော အစိမ်းရောင်သစ်သီးကို ကြည့်လိုက်ပြီး မျက်လုံးများက ချက်ချင်းနီရဲလာကြသည်။

မိစ္ဆာအငွေ့အသက်များ ပေါက်ကွဲထွက်လာသည်။

ဟွမ်ခြောက်က ရယ်လိုက်ပြီး ပျံသန်းလာသည်။ မိစ္ဆာနဂါးက အနက်ရောင်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားပြီး ဟွမ်ခြောက်ကို ရစ်ပတ်လိုက်သည်။ ချပ်ဝတ်၏ပခုံးတွင် နဂါးဦး‌ခေါင်းနှင့် နဂါးအမြီးတို့ ရှိနေကြသည်။ နဂါး၏ ခြေလေးဖက်က လက်နှင့်ခြေထောက်ကို ကာကွယ်ပေးထားသည်။ ထက်မြိသောလက်သည်းများက လက်ဖမိုးပေါ်တွင် ရှိနေကြသည်။

ကောင်းရှောင်ရွှမ်အသွင်ပြောင်ထားသော မိစ္ဆာဓားက မိစ္ဆာအလင်းနှင့်အတူ ခုတ်ချသည်။

“ခလွမ် ....”

ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်က ခြေတစ်လှမ်းဆုတ်ပေးလိုက်ရသည်။ ဟွမ်ခြောက်က ရယ်လောင်စွာရယ်သည်။

ဟွမ်ခြောက်က ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်ထက် ပိုမိုသန်မာသည်။

‘အစ်ကိုခြောက်ရဲ့ မိစ္ဆာကျင့်ကြံခြင်းပါရမီက တကယ်ကောင်းတာပဲ’

“ဟားဟား၊ ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်။ ဒီနေ့မှာ မင်းက သေရတော့မယ်”

ဟွမ်ခြောက်က အော်ဟစ်လိုက်ပြီး ဓားကိုလှုပ်ရှား၍ ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်ကို ပေတစ်ထောင်အထိရောက်အောင် တွန်းထုတ်သည်။

ဟန်မူယဲ့က နေရာတွင်ရပ်နေပြီး တောင်တန်းပေါ်တွင်ရှိသော ချိုတစ်ချောင်းသားရဲကို ကြည့်လိုက်သည်။

ထိုသားရဲ၏ ဦးချိုတွင် အစိမ်းရောင်အင်းကွက်များက တောက်ပနေကြသည်။

‘ဒီချီစွမ်းအင်အလင်းက ....’

“တာအိုဂိုဏ်းတွေလား”

ဟန်မူယဲ့က မျက်လုံးကို မှေးကျဉ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

ပတ်ဝန်းကျင်သည် အစိမ်းရောင်ချီစွမ်းအင်အလင်းများဖြင့် ပြည့်နှက်နေသည်။

တာအိုဝင်္ကပါ ....

ခမ်းနားသောဝင်္ကပါတစ်ခုက ပတ်ဝန်းကျင်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

ထိုဝင်္ကပါက မိစ္ဆာလမ်းစဉ်၏ မိစ္ဆာဘုရင်နှစ်ပါးကို သတ်ဖြတ်ရန်အတွက် ရည်ရွယ်ထားသည်။

သူ ဟန်မူယဲ့ကတော့ အချိန်မှန်၊ နေရာမှန်တွင် တိုက်ဆိုင်စွာ ‌‌ရောက်နေခဲ့သည်။

“ဘိုးဘေးမိစ္ဆာနတ်ဘုရားဘုရင်ရဲ့ လက်အောက်မှာရှိနေတဲ့ မိစ္ဆာဘုရင်လေးပါးက တကယ်ကြောက်စရာကောင်းတာပဲ”

ဝင်္ကပါ၏အပြင်ဘက်တွင် တာအိုတန်ခိုးရှင်များ ပေါ်လာကြသည်။ အစိမ်းရောင်တာအိုဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ညင်သာစွာ သက်ပြင်းချသည်။

“အဲဒါကြောင့်ပဲ ငါတို့က ဒီနှစ်ယောက်ကို သတ်ဖို့အတွက် အားထုတ်နေရတာပေါ့”

ရှေ့တွင်ရပ်နေသော အနက်‌ရောင်ချပ်ဝတ်နှင့် သက်လတ်ပိုင်းအရွယ်လူကြီးက အေးစက်စွာပြောသည်။ သူ့ခန္ဓာကိုယ်တွင် သွေးအငွေ့အသက်တချို့ ရှိနေသည်။

“နတ်ဘုရားဘုရင်တချို့က ဘိုးဘေးမိစ္ဆာနတ်ဘုရားဘုရင်ကို ဝိုင်းရံတိုက်ခိုက်ပြီး ဖိနှိပ်ဖို့အတွက် ပြင်ဆင်ထားကြတယ်။ ငါတို့က နတ်ဘုရားဘုရင်တွေကို ကူညီပြီး မိစ္ဆာဘုရင်တွေကို သတ်ဖြတ်ပေးရုံပဲ”

အနက်ရောင်ချပ်ဝတ်လူ၏ဘေးတွင် ရှိနေသော ရွှေသရဖူနှင့် အနက်ရောင်မုတ်ဆိတ်များရှိနေသည့် တာအိုတန်ခိုးရှင်က တည်ငြိမ်စွာပြောလိုက်သည်။

သူ့စကားကို ကြားရ‌သောအခါတွင် တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။

သူတို့က မလိုအပ်လျှင် မိစ္ဆာလမ်းစဉ်၏ မဟာကျင့်ကြံသူကြီးများနှင့် ရန်သူမဖြစ်ချင်ပေ။ ထို့အပြင် ဝင်္ကပါအတွက် ကုန်ကျစရိတ်က အလွန်များပြားလှသည်။

ကျိုးပဲ့ကောင်းကင် အံ့ဖွယ်သစ်ပင်ကပင် လူတိုင်း၏နှလုံးသားကို နာကျင်သွားစေနိုင်သည်။

ထိုအရာသည် ရှားပါးသော အင်မော်တယ်သစ်သီးပင် ဖြစ်သည်။

“အမ်၊ သူက အသက်ရှင်နေသေးတာပဲ”

ရုတ်တရက်ဆိုသလိုပင် လူတစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။

သူတို့က တာအိုဝတ်စုံနှင့် လူအိုကြီးကို လှမ်းကြည့်သည်။

ဝမ်ချန်တာအိုဂိုဏ်း၏ ယွမ်မင်ကျဲဖြစ်သည်။

“တာအိုရောင်းရင်းယွမ်၊ သူ့ကို သိတာလား”

တာအိုတန်ခိုးရှင်တစ်ယောက်က မေးသည်။

ယွမ်မင်ကျဲက ‌ခေါင်းညိတ်ပြီး ဟန်မူယဲ့၏အကြောင်းကို ရှင်းပြလိုက်သည်။

သူက အရောင်ကိုးမျိုးဆေးလုံးများကို ထုတ်ပြလိုက်ပြီး တီးတိုးပြောသည်။

“ဆေးစွမ်းအားသန့်စင်ခြင်းနည်းစနစ်က တကယ်ထူးခြားတယ်”

အာခီမီကျင့်ကြံသူများက ဆေးလုံးများကို ယူကြည့်လိုက်ကြသည်။

“ဒီနည်းလမ်းက တကယ်ရှားပါးတာပဲ။ ဒီလိုမျိုး သန့်စင်တဲ့ဆေးစွမ်းအားနဲ့ဆိုရင် အဆင့်မြင့်ဆေးလုံးတွေကို ဖော်စပ်ဖို့ ပိုလွယ်သွားလိမ့်မယ်”

“အင်မော်တယ်ဆေးပင်တွေကိုရော သန့်စင်လို့ရလားမသိဘူး။ ထိပ်တန်းအဆင့်ဆေးပင်တွေကို သန့်စင်နိုင်တယ်ဆိုရင် တကယ်ကောင်းလိမ့်မယ်”

အာခီမီကျင့်ကြံသူများက ကိုယ်ပိုင်အတွေးများကို ထုတ်ပြောကြသည်။ သို့သော် ရှေ့တွင်ရပ်နေသည့် အနက်ရောင်ချပ်ဝတ်နှင့်လူက အေးစက်သောမျက်နှာထားကိုသာ ဆင်မြန်းထားသည်။

“ဓားကျင့်ကြံသူတစ်ယောက်က သေရမှာကိုကြောက်ပြီး မိစ္ဆာလမ်းစဉ်နဲ့ ပူးပေါင်းလိုက်တယ်။ ပါရမီရှိနေရင်လည်း အသုံးမဝင်ဘူး”

သူက အထင်သေးစွာပြောသည်။

“သူက ငါရဲ့ ချီယန်ဓားဂိုဏ်းမှာ ရှိနေရင် သူ့ကို တစ်ခါတည်း သတ်ပစ်လိုက်ပြီ”

ချီယန်ဓားဂိုဏ်းသည် ရှည်လျားသောသမိုင်းကြောင်းနှင့် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။

စကားပြောလိုက်သောလူက ဓားတာအို၏ မဟာသူတော်စင်တစ်ယောက် ဖြစ်သည်။ သူက အလွန်သန်မာပြီး ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည်။

သူ့စကားကြောင့် အာခီမီကျင့်ကြံသူများ၏မျက်နှာထားက တောင့်တင်းသွားပြီး ခေါင်းငုံ့ထားလိုက်ကြသည်။

“ဟားဟား၊ တာအိုရောင်းရင်းချင်ကျန်းပြောတာ မှန်တယ်”

တာအိုတန်ခိုးရှင်တစ်ယောက်က ခေါင်းညိတ်သည်။

ထိုစကားကြောင့် ယွမ်မင်ကျဲက ဝမ်းနည်းသွားသည်။ ထျန်းမူတာအိုဂိုဏ်း၏ တာအိုဘိုးဘေးမူချန်က ဝင်ပြောလိုက်ပြီဖြစ်သောကြောင့် သူက ဟန်မူယဲ့ကို မကယ်နိုင်တော့ပေ။

ထျန်းမူတာအိုဂိုဏ်းသည် ဂိုဏ်းသုံးဂိုဏ်းကြားတွင် နံပတ်တစ်ဖြစ်သည်။ ဤနေရာတွင် တာအိုဘိုးဘေးမူချန်က အသန်မာဆုံးကျွမ်းကျင်သူဖြစ်ပြီး ဝင်္ကပါကိုလည်း ထိန်းချုပ်ထားသည်။

အမှန်အတိုင်းပြောရလျှင် ယွမ်မင်ကျဲ၏အမြင်အရ ဝင်္ကပါအသက်ဝင်လာ‌သောအချိန်တွင် ဟန်မူယဲ့က အသက်ဆုံးရှုံးသွားပြီဖြစ်သည်။

ထိုဝင်္ကပါကို နတ်ဘုရားဘုရင်က ပေးအပ်ခဲ့သည်။ ဟန်မူယဲ့သာမက မိစ္ဆာဘုရင်နှစ်ပါးကပင် ဤဝင်္ကပါကို ချိုးဖောက်နိုင်မည်မဟုတ်ပေ။

ထိုအချိန်တွင် မိစ္ဆာဘုရင်နှစ်ပါးကလည်း အပြောင်းအလဲများကို သတိထားမိသွားသည်။ သူတို့က တိုက်ပွဲကို ရပ်တန့်ပြီး လူခွဲလိုက်ကြသည်။

“တာအိုဂိုဏ်းတွေက ပြဿနာရှာဖို့ ရောက်လာကြတာလား”

ဟွမ်ခြောက်က မျက်မှောင်ကြုတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ညီလေး၊ ငါက ဒီကောင့်ကိုသတ်ဖို့ တစ်နာရီလောက် အချိန်လိုတယ်”

“တာအိုဂိုဏ်းတွေကို ခဏလောက်တားပေးနိုင်မလား”

ဟွမ်ခြောက်၏စကားကြောင့် ဝင်္ကပါ၏အပြင်ဘက်တွင်ရှိနေသော ကျွမ်းကျင်သူများက လှောင်ပြောင်လိုက်ကြသည်။

‘ခဏလောက်တားပေးရမယ် ဟုတ်လား’

‘အသက်တစ်ခါရှူကြိမ်တောင် ခံမှာမဟုတ်ဘူး’

ဤနေရာတွင်ရှိနေသော လူတိုင်းက ဝင်္ကပါကို သုံးမထားလျှင်ပင် အဖြူရောင်ဝတ်စုံနှင့်ထိုကောင်လေးကို လွယ်ကူစွာ သတ်ပစ်နိုင်သည်။

တောင်ခြေတွင်ရှိနေသော ဟန်မူယဲ့က ဟွမ်ခြောက်ကို လှမ်းကြည့်သည်။

“ရတယ်လေ”

သူ့စကားသံအဆုံးတွင် နတ်ဘုရားသားရဲ၏ လွှမ်းမိုးနိုင်စွမ်းရှိသောအငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့သည်။

သူက တာအိုဂိုဏ်းများကို တစ်ဦးတည်း တားဆီးတော့မည်။

‘တိုက်ခိုက်ကြတာပေါ့’

ပေတစ်သိန်းမြင့်မားသော နတ်ဘုရားသားရဲ၏ပုံရိပ်က ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။

ပေတစ်သောင်းရှည်လျားသော ရွှေရောင်ဓားအလင်းက ကောင်းကင်ကို ထိုးခွဲသွားပြီး ပေါ်ထွက်လာသည်။

ဓားအလင်းတွင် အဆုံးမရှိသော မိုးကြိုးလျှပ်စီးများ ရစ်ပတ်နေပြီး မိုးကြိုးပင်လယ်တစ်စင်းကို ဖန်တီးသည်။

ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့ထုတ်ပြလိုက်သော စွမ်းအားက မိစ္ဆာဘုရင်နှစ်ပါး၏ စွမ်းအားထက် သာလွန်သွားခဲ့သည်။

ထိုအရာသည် ရှေးတိမ်တိုက်စကြဝဠာနယ်မြေ၏ တိုက်ခိုက်ခြင်းပုံစံ ဖြစ်သည်။ သူတို့က အရှိန်အဟုန်ဖြင့် တခြားလူများကို ဖိနှိပ်ကြသည်။

ကောင်းကင်နှင့်မြေကြီးကြားတွင် ပြင်းထန်သောအငွေ့အသက်များ အရိုင်းဆန်စွာ လှုပ်ရှားနေကြသည်။ ချီစွမ်းအင်လှိုင်းများက တိမ်တိုက်များကို လွင့်ပြယ်သွားစေသည်။

ချီစွမ်းအင်ဝင်္ကပါက အချိန်မရွေး ပျက်စီးသွားနိုင်သကဲ့သို့ တုန်ခါလာသည်။

ဝင်္ကပါ၏အပြင်ဘက်တွင်ရှိနေ‌သော ကျွမ်းကျင်သူများက ကြောင်အသွားခဲ့သည်။

‘ကောင်းကင်အဆင့်ကျင့်ကြံသူလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုမျိုးလုပ်နိုင်တာလဲ’

“မြန်မြန်လေး ဝင်္ကပါကို အားဖြည့်ပေးကြ”

တာအိုဘိုးဘေးမူချန်၏နောက်တွင် ဝင်္ကပါဆရာသခင်တစ်ဦးက ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူက ချီစွမ်းအင်အလင်းကို ချည်မျှင်များအဖြစ်ပြောင်းလဲ၍ ထုတ်လွှတ်လိုက်သည်။

ထိုချည်မျှင်များက ဝင်္ကပါအလင်းလွှာနှင့် ထိတွေ့သွားပြီး ရွှေရောင်အင်းကွက်များကို ဖြစ်ပေါ်လာစေသည်။

“နတ်ဘုရားသားရဲက အရမ်းသန်မာလွန်းတယ်။ ငါက အသက်ရှူကြိမ်တစ်ရာပဲ ထိန်းထားနိုင်မယ်”

ရွှေရောင်ဝတ်စုံနှင့် ဝင်္ကပါဆရာသခင်၏မျက်နှာက ဖြူဖျော့နေသည်။

ရှေ့တွင်ရပ်နေသော တာအိုဘိုးဘေးမူချန်က မျက်မှောင်ကြုတ်သည်။ သူက လက်မြှောက်ပြီး ညင်သာစွာဝှေ့ယမ်းလိုက်သည်။

တိမ်ဖြူရောင်ဝတ်စုံ၊ ရွှေရောင်ခါးစည်းနှင့် ရွှေရောင်ကျိုင်းတံတစ်ချောင်းကို ကိုင်ထားသော တာအိုတန်ခိုးရှင်တစ်ယောက်က ရှေ့ထွက်လာခဲ့သည်။

“ကျဆင်းစမ်း”

တာအိုတန်ခိုးရှင်က ညင်သာစွာပြောသည်။ သူ့လက်ထဲတွင်ရှိသော ရွှေရောင်ကျိုင်းတံက ပေတစ်ထောင်ရှည်လျားသော အလင်းတန်းဖြင့် ဟန်မူယဲ့၏ နတ်ဘုရားသားရဲပုံရိပ်ကို ရိုက်ချသည်။

ရွှေ‌ရောင်ကျိုင်းတံ၏ တောက်ပနေသော အင်းကွက်များသည် မိစ္ဆာသားရဲများ၏ သွေးမျိုးဆက်စွမ်းအားကို ဖိနှိပ်နိုင်သည်။

သိပ်မဝေးသောနေရာတွင်ရှိနေသည့် ချိုတစ်ချောင်းသားရဲက တစ်ကိုယ်လုံး တုန်ခါသွားသည်။

ဟန်မူယဲ့က ရွှေရောင်ကျိုင်းတံကို မော့ကြည့်သည်။

သူက လက်ကို ဆန့်ထုတ်သည်။ သူ့လက်ထဲတွင် လျှပ်စီးကြောင်းများ ပေါ်ထွက်လာခဲ့သည်။

“မိုးကြိုး”

သူ့စကားသံကြောင့် လျှပ်စီးကြောင်းများက ချက်ချင်းဆိုသလိုပင် ရွှေရောင် လေးတစ်ခုအဖြစ် စုစည်းသွားကြသည်။

ဟန်မူယဲ့က လေးကြိုးကို ဆွဲလိုက်သည်။

လေးပေါ်တွင် ရွှေရောင်လျှပ်စီးမြားတစ်ချောင်း ပေါ်လာသည်။

ဝင်္ကပါ၏အပြင်ဘက်တွင် ကျွမ်းကျင်သူများ၏မျက်နှာထားက မည်းမှောင်သွားကြသည်။

လျှပ်စီးမြား၏စွမ်းအားက သူတို့ကို ရင်တုန်သွားစေသည်။

ကံကြမ္မာအဆင့်နှင့် ပြန်လည်မွေးဖွားခြင်းအဆင့်များက လျှပ်စီးမြားကို တိုက်ရိုက်မကြည့်ရဲကြပေ။

ကျိုင်းတံဖြင့်ရိုက်ချခဲ့သော တာအိုတန်ခိုးရှင်၏မျက်နှာထားက ပြောင်းလဲသွားပြီး လျင်မြန်စွာနောက်ဆုတ်သည်။

All Chapters