အခန်း (၆၅၂)
Vol. 47 Ch. 652
သို့သော် သူက နောက်ပြန်လှည့်လိုက်သောအချိန်တွင် မျက်နှာထားပြောင်းလဲသွားခဲ့သည်။
သတ်ဖြတ်ခြင်းဝင်္ကပါကို ထိန်းချုပ်နေသော တာအိုဘိုးဘေးမူချန်က အသည်းအသန် အော်ပြောလိုက်သည်။
“တာအိုရောင်းရင်ချင်၊ သတိထားပါ။ အဲဒါက သူ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ် မဟုတ်ဘူး”
အစစ်အမှန်ခန္ဓာကိုယ် မဟုတ်ပေ။
မဟာဓားသူတော်စင် ချင်ကျန်းနှင့် တိုက်ခိုက်နေခဲ့သော ပုံရိပ်သည် ဟန်မူယဲ့၏ အစစ်အမှန်ခန္ဓာကိုယ်မဟုတ်ပေ။
ထိုသို့ဆိုလျှင် သူက မည်သည့်နေရာသို့ ရောက်နေသနည်း။
လူတိုင်းက ချင်ကျန်းကဲ့သို့ ပေတစ်သိန်းမြင့်မားသော နတ်ဘုရားသားရဲနှင့် ပေတစ်သောင်းရှည်လျားသော ဓားအလင်းကို မော့ကြည့်သည်။
နတ်ဘုရားသားရဲက ပုံရိပ်တစ်ခုမဟုတ်ပေ။
ဓားကလည်း ပုံရိပ်ယောင်မဟုတ်ပေ။
နတ်ဘုရားသားရဲက တာအိုဘိုးဘေးကို ရုပ်ခန္ဓာစွမ်းအားဖြင့် တိုက်ခိုက်နိုင်သော အစစ်အမှန်နတ်ဘုရားသားရဲတစ်ကောင် ဖြစ်သည်။
ဓားက သန့်စင်သောဓားကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းအဆီအနှစ်များကို စုစည်းထားသော အစစ်အမှန်မူလဝိညာဉ်ဓား ဖြစ်သည်။
“ဘုန်း”
ပေတစ်သိန်းကြီးမားသော နတ်ဘုရားသားရဲပါ့ရှားက ရှေ့ခြေကိုမြှောက်၍ ရိုက်ချလိုက်သည်။ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော အနက်ရောင်ပိုက်ကွန်များက ပျက်စီးသွားကြသည်။
သူက နောက်တစ်ကြိမ် ရိုက်ချလိုက်ပြန်သည်။ ကျားနက်များအားလုံးက တစ်ပိုင်းတစ်စစီ ဖြစ်သွားကြသည်။
နောက်တစ်ချက်ကြောင့် ချင်ကျန်းက လွင့်စင်သွားပြီး သူ့ရှေ့တွင်ရှိနေသော တာအိုနယ်မြေကလည်း ပြိုကြွသွားခဲ့သည်။
ဓားကျင့်ကြံသူတစ်ယောက်သည် အလွန်သန်မာပြီး နတ်ဘုရားသားရဲဖြစ်နေလျှင်ပင် ရိုက်ချက်တစ်ချက်ဖြင့် တာအိုနယ်မြေကို ဖျက်ဆီးနိုင်မည်မဟုတ်ပေ။
သို့သော် ထိုအချိန်တွင် ချင်ကျန်း၏တာအိုနယ်မြေထဲ၌ တောင်တစ်လုံးသဖွယ်မြင့်မားသော ဓားအလင်းတစ်ခု ရှိနေသည်။
အတွင်းနှင့်အပြင်မှ ပူးပေါင်းတိုက်ခိုက်ခံရသော တာအိုနယ်မြေသည် ပျက်စီးသွားလိမ့်မည်။
“ဝုန်း ....”
အမျိုးမျိုးသော ချီစွမ်းအင်အလင်းများနှင့်အတူ တာအိုနယ်မြေထဲတွင် သိမ်းဆည်းထားသောရတနာများ ပေါ်ထွက်လာကြသည်။
ဓားအလင်းက ရတနာများအားလုံးကို သိမ်းဆည်းလိုက်သည်။
ဓားတာအို၏ မဟာသူတော်စင်တစ်ယောက် စုဆောင်းထားခဲ့သော ရတနာတစ်ဝက်ကို ဟန်မူယဲ့က လုယူသွားခဲ့သည်။
ရှားပါးသော အကျိုးအမြတ်တစ်ခုပင် ဖြစ်သည်။
မှော်ရတနာဓားများ ဆယ်လက်ခန့်ရှိနေကြသည်။
အမျိုးမျိုးသော ဝိညာဉ်သတ္တုများကို တောင်တစ်လုံးအဖြစ် ပုံထားနိုင်သည်။
ဓားအလင်းက ပျောက်ကွယ်သွားသည်။
နတ်ဘုရားသားရဲက ဟန်မူယဲ့အဖြစ် ပြန်ပြောင်းသွားပြီး မူလဝိညာဉ်ဓားကလည်း ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာသည်။
ထိုအရာသည် ဤကိုယ်ပွား၏ အစစ်အမှန်ပုံစံ ဖြစ်သည်။
ခန္ဓာကိုယ်က နတ်ဘုရားသားရဲဖြစ်ပြီး မူလဝိညာဉ်ဓားက ဝိညာဉ်ဖြစ်သည်။
ဟန်မူယဲ့က လက်ထဲတွင် ဓားကိုင်ထားပြီး နှုတ်ခမ်းတွင် သွေးများစီးကျနေသော ချင်ကျန်းကို ကြည့်သည်။
“တာအိုနယ်မြေလား။ ကောင်းပြီလေ”
ဟန်မူယဲ့က ဓားဖြင့် ထပ်မံညွှန်ပြလိုက်သည်။
ဤတစ်ကြိမ်တွင် ချင်ကျန်းသာမက ဝင်္ကပါကို ထိန်းချုပ်နေသော တာအိုတန်ခိုးရှင်ကလည်း မျက်နှာဖြူဖျော့သွားခဲ့သည်။ သူက အော်ဟစ်သည်။
“ငါက အဲဒီဓားချက်ကို မတားနိုင်ဘူး”
“ရွှပ် ....”
ဟန်မူယဲ့၏ဓားအလင်းက ချည်မျှင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုဓားချက်ကို လူတိုင်းက သေချာမြင်လိုက်ရသည်။
ထိုချည်မျှင်က လေဟာနယ်ကို ဖြည်းဖြည်းချင်း ထိုးခွဲသွားသည်။
ချည်မျှင်ဓားအလင်းက အလွန်နှေးကွေးသောကြောင့် လေဟာနယ်ကို ထိုးခွဲသွားရန် မဖြစ်နိုင်ပေ။
သို့သော် လေဟာနယ်က အမှန်တကယ်ပင် အက်ကွဲသွားခဲ့သည်။
“ဘုန်း”
ချင်ကျန်း၏ရှေ့တွင်ကျန်နေသော တာအိုနယ်မြေတစ်ဝက်က ပျက်စီးသွားခဲ့သည်။
ဓားအလင်းက ချင်ကျန်းကို ဝင်္ကပါအလင်းလွှာအထိ လွင့်ထွက်သွားစေခဲ့သည်။
ချင်ကျန်းက ဝင်္ကပါအလင်းလွှာနှင့် ထိတွေ့သွားသောအချိန်တွင် ဓားအလင်းများအားလုံး ပေါက်ကွဲထွက်လာပြီး ဝင်္ကပါကို ထိုးခွဲလိုက်သည်။
ဝင်္ကပါကိုထိန်းချုပ်နေသော တာအိုတန်ခိုးရှင်က သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။
တာအိုဘိုးဘေးမူချန်၏မျက်နှာက ဖြူဖျော့သွားသည်။
‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’
သူတို့က တွေးမိကြသည်။
သူတို့ကပင် ဤဝင်္ကပါကို ချိုးဖောက်နိုင်မည်မဟုတ်ပေ။
ဤဝင်္ကပါကို နတ်ဘုရားဘုရင်တစ်ပါးက ပေးအပ်ထားခဲ့သည်။
ထို့ကြောင့် တစ်ဖက်လူက နတ်ဘုရားဘုရင်တစ်ယောက်၏စွမ်းအားကို ပိုင်ဆိုင်မထားလျှင် ဝင်္ကပါအား ချိုးဖျက်နိုင်သောနည်းလမ်းကို သိနေရမည်။
တာအိုဘိုးဘေးမူချန်က နှလုံးသားထဲတွင် အေးစက်မှုများကို ခံစားလိုက်ရသည်။
တစ်ဖက်လူက နတ်ဘုရားဘုရင်တစ်ယောက်၏စွမ်းအားကို ပိုင်ဆိုင်မထားပေ။ ထို့ကြောင့် ဝင်္ကပါအား ချိုးဖျက်နိုင်သောနည်းလမ်းကို သိနေလိမ့်မည်။
နတ်ဘုရားဘုရင်များအားလုံးက စည်းလုံးညီညွတ်မှု မရှိကြပေ။
ဟန်မူယဲ့က ဓားအလင်းများကိုထုတ်ဖော်၍ နေရာတွင် ရပ်နေသည်။
ချင်ကျန်းက ခါးသီးသောမျက်နှာထားဖြင့် ဟန်မူယဲ့၏ဓားအလင်းကို ကြည့်နေသည်။
“ဓားနယ်မြေ ....”
လူတစ်ယောက်၏ဓားကျင့်ကြံခြင်းက တာအိုနယ်မြေအဆင့်သို့ ရောက်သွားလျှင် အလွန်သန့်စင်သော ဓားနယ်မြေကို တည်ဆောက်နိုင်လိမ့်မည်။
ထိုအဆင့်တွင် ဓားနှင့်လူက ခွဲခြားမရတော့ပေ။
ဓားတာအိုစွမ်းအားသည် ဖျက်ဆီးခြင်းနှင့် တည်ဆောက်ခြင်းဖြစ်သည်။
ဓားနယ်မြေတွင် ဖျက်ဆီးခြင်းနှင့် တည်ဆောက်ခြင်းသာ ရှိသည်။
အဆင့်တူကျင့်ကြံသူများက ထိုနယ်မြေထဲသို့ ဝင်ရောက်သွားလျှင် သေချာပေါက် သေဆုံးရလိမ့်မည်။
ဂိုဏ်းကြီးတစ်ဂိုဏ်းမှဖြစ်သော မဟာဓားသူတော်စင် ချင်ကျန်းကပင် ဓားတာအိုနယ်မြေအား ပိုင်ဆိုင်ထားသော ကျွမ်းကျင်သူများကို နှစ်ယောက်၊ သုံးယောက်ခန့်သာ မြင်ဖူးသည်။
သူက ထိုရန်သူမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ထွက်ပြေးကြတော့ ....”
ချင်ကျန်းက မတတ်နိုင်တော့ဘဲ ထွက်ပြေးသွားသည်။
ဟန်မူယဲ့က သူ့ကို လျစ်လျူရှုထားပြီး ပြောင်းလဲသွားသောခွန်အားကို ထိန်းချုပ်နိုင်ရန် အစွမ်းကုန်ကြိုးစားနေသည်။
ယခုအချိန်တွင် နတ်ဘုရားသားရဲကိုယ်ပွားက ပွဲကြည့်ပရိတ်သတ်တစ်ယောက် ဖြစ်လာပြီး အဆင့်တက်သွားသော ဓားကျင့်ကြံခြင်းကို စောင့်ကြည့်နေသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ အံ့ဖွယ်ကိုးပါးတောင်၏ ဓားစံအိမ်တွင် ဓားချီများက ကောင်းကင်အထိ ထိုးတက်သွားသည်။ ဓားအလင်းများက လှုပ်ရှားလာပြီး တစ်ခုတည်းအဖြစ် စုစည်းသွားကြသည်။
ဓားတာအိုဖြင့် တာအိုနယ်မြေကို ရရှိသွားလျှင် ဓားတာအိုသူတော်စင်တစ်ယောက် ဖြစ်လာလိမ့်မည်။
ဟန်မူယဲ့က ဓားနယ်မြေကို ဖန်တီးနိုင်ခဲ့ပြီး ဓားတာအို၏ မဟာပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်လာသည်။ သူက နောက်တစ်ဆင့်တက်သွားလျှင် သူတော်စင်တစ်ဝက်အဆင့်သို့ ရောက်သွားလိမ့်မည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် တာအိုပြိုင်ပွဲနယ်မြေဖြစ်သောကြောင့် သူတော်စင်တစ်ဝက်အဆင့်၏ စွမ်းအားများကို ဖိနှိပ်ထားသည်။
တာအိုနယ်မြေ၏စွမ်းအားကို ထုတ်မပြနိုင်ပေ။
သို့သော် ဓားနယ်မြေ၏ ဖျက်ဆီးခြင်းစွမ်းအားက ဖိနှိပ်ခြင်းစွမ်းအားကို ထိုးဖောက်လိုက်ပြီး ကိုယ်ပိုင်ဓားတာအိုစွမ်းအားကို တည်ဆောက်ခဲ့သည်။
အံ့ဖွယ်ကိုးပါးတောင်၏ ဓားစံအိမ်က အထူးတည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။
ထိုပြောင်းလဲမှုကို တာအိုပြိုင်ပွဲအား စောင့်ကြည့်နေသော တာအိုဘိုးဘေးများက သတိထားမိလိုက်ကြသည်။
သို့သော် သူတို့က တာအိုပြိုင်ပွဲတွင် ဝင်ရောက်မစွက်ဖက်နိုင်ပေ။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ နောက်ထပ် ကျွမ်းကျင်သူတစ်ယောက် ပေါ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
“သူက ကောင်းကင်တာအိုရဲ့ တာအိုမျိုးစေ့မဟုတ်လား။ တကယ်ထူးခြားတာပဲ”
အာကာသထဲတွင် နတ်အာရုံများ လှုပ်ရှားနေကြသည်။
ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် အဆင့်တက်သွားခဲ့သည်။ ဆေးပင်ဥယျာဉ်တွင်ရှိနေသော နတ်ဘုရားသားရဲကိုယ်ပွားကလည်း ပြောင်းလဲသွားခဲ့သည်။
နတ်ဘုရားသားရဲ၏ သွေးချီစွမ်းအားက ဟန်မူယဲ့၏ဓားတာအိုစွမ်းအားနှင့် ပေါင်းစပ်သွားသည်။
သူက လက်မြှောက်ပြီး ဓားရှည်ဖြင့် ညွှန်ပြသည်။
“ဘုန်း”
သူ၏ဓားချက်ကြောင့် လောကသည် နှစ်ခြမ်းကွဲသွားခဲ့သည်။
တာအိုဘိုးဘေးမူချန်နှင့် ကျွမ်းကျင်သူများက ထိုဓားချက်ကို ရင်မဆိုင်ချင်ဘဲ ရှောင်တိမ်းလိုက်ကြသည်။
ဓားနယ်မြေ၏စွမ်းအားက အလွန်သန့်စင်သည်။ တာအိုဘိုးဘေးတစ်ယောက်ပင် ထိပ်တိုက်ရင်မဆိုင်လိုပေ။
“ဘုန်း”
ဓားအလင်းက အဝေးတစ်နေရာအထိ ပြေးထွက်သွားပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်။
သို့သော် သူတို့အားလုံး အသက်မရှူနိုင်ခင် ဟန်မူယဲ့က ဓားအလင်းကို ထပ်မံစုစည်းလိုက်ပြန်သည်။
တာအိုဘိုးဘေးမူချန်က အေးစက်စွာနှာမှုတ်လိုက်ပြီး လှည့်ထွက်သွားသည်။
တခြားလူများကလည်း ထိတ်လန့်စွာ ထွက်ပြေးသွားကြသည်။
တာအိုဂိုဏ်းများ၏ ဝိုင်းရံတိုက်ခိုက်မှုက ထိုသို့ပင် ပြီးဆုံးသွားခဲ့သည်။
အစမှအဆုံးအထိ အသက်ရှူကြိမ်တစ်ရာခန့်သာ ကြာမြင့်ခဲ့သည်။
ဟွမ်ခြောက်က နောက်သို့ လှည့်ကြည့်သည်။ ပျောက်ကွယ်သွားသော ဝင်္ကပါအလင်းလွှာနှင့် ထွက်ပြေးသွားသော တာအိုဂိုဏ်း၏ကျွမ်းကျင်သူများကို မြင်လိုက်ရသည်။
ဟန်မူယဲ့က ဝိုင်းရံတိုက်ခိုက်မှုကို တောင့်ခံနိုင်မည်မဟုတ်ဟု သူထင်ထားခဲ့သည်။ သို့သော် ဟန်မူယဲ့က အသက်ရှူကြိမ်တစ်ရာအတွင်း၌ ဝင်္ကပါကို ဖျက်ဆီးပြီး တာအိုဂိုဏ်း၏ ကျွမ်းကျင်သူများကို လိုက်လံသတ်ဖြတ်နေသည်။
ဟွမ်ခြောက်က ဟိန်းဟောက်လိုက်သည်။ မိစ္ဆာဓားက သွေးမိစ္ဆာတစ်ကောင်ကို ဖြစ်ပေါ်လာစေသည်။
ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်က မျက်လုံးများတောက်ပသွားခဲ့သည်။ သူက လက်မြှောက်လိုက်သောအခါတွင် ဆေဘာဓားအလင်းက ကောင်းကင်အထိ ထိုးတက်သွားသည်။
သူ့ပတ်ဝန်းကျင်တွင် မိစ္ဆာအရိပ်များ ပေါ်လာကြသည်။
ထိုအရာက သူ၏ အရံအစီအစဉ် ဖြစ်သည်။
မိစ္ဆာလမ်းစဉ်၏ ကျွမ်းကျင်သူများက ဟွမ်ခြောက်နှင့် ဟန်မူယဲ့ကို ဝိုင်းရံထားကြသည်။
ထိုအချိန်တွင် ဆယ်မိုင်အကွာသို့ ရောက်သွားသော တာအိုဘိုးဘေးမူချန်က ရပ်တန့်လိုက်သည်။
“မဟုတ်သေးဘူး”
သူက နောက်သို့ ပြန်လှည့်ကြည့်သည်။
ကျန်လူများကလည်း ရပ်တန့်လိုက်ကြသည်။
“နတ်ဘုရားဘုရင်ရဲ့ဝင်္ကပါကို ချိုးဖောက်ပြီးရင် ဓားချက်နဲ့ လေဟာနယ်ကိုထိုးခွဲဖို့ စွမ်းအားကျန်မှာမဟုတ်ဘူး”
“ဒီဆေးပင်ဥယျာဉ်ထဲမှာ ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားက ရှေးခေတ်ကနေ ဆင်းသက်လာတယ်။ နတ်ဘုရားဘုရင်တစ်ပါးကတောင် ဒီနေရာမှာ အဲဒီလိုမျိုး မလုပ်နိုင်ဘူး”
တာအိုဘိုးဘေးမူချန်က အံတင်းတင်းကြိတ်ထားပြီး ချီစွမ်းအင်အလင်းကို ထုတ်ဖော်သည်။
အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က အေးစက်စွာပြောသည်။
“အဲဒါက ပုံရိပ်ယောင်အလင်းလွှာပဲ ဖြစ်ရမယ်။ ဒီဆေးပင်ဥယျာဉ်ထဲမှာ နတ်အာရုံကိုအသုံးပြုပြီး စစ်ဆေးဖို့ ခက်ခဲတယ်။ သူက ဟန်ဆောင်နေတာပဲ”
သူတို့က အစစ်အမှန်စွမ်းရည်မရှိသော ကျင့်ကြံသူတစ်ယောက်၏လှည့်စားခြင်းကို ခံလိုက်ရသည်။
“ဒါပေမဲ့ လူအိုကြီးချင်ကျန်းရဲ့တာအိုနယ်မြေက ပျက်စီးသွားခဲ့တယ်လေ ....”
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က နားမလည်နိုင်စွာ ပြောလိုက်သည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် တာအိုဘိုးဘေးမူချန်က အံတင်းတင်းကြိတ်ပြီး ဟိန်းဟောက်သည်။
“သူက ဝင်္ကပါရဲ့စွမ်းအားကို ငှားယူလိုက်တာပဲ”
ဝင်္ကပါ၏စွမ်းအား ....
သူ တာအိုဘိုးဘေးမူချန်က အစွမ်းကုန်သုံး၍ ဝင်္ကပါကို အားဖြည့်ပေးခဲ့သော်လည်း ရန်သူအတွက် အထောက်အပံ့ ဖြစ်သွားခဲ့သည်။
တစ်ဖက်လူက ဝင်္ကပါကိုထိန်းချုပ်ပြီး တိုက်ခိုက်နိုင်စွမ်းကို ထုတ်ဖော်ခဲ့သည်။
“ဘုန်း”
တုန်ခါသံတစ်သံ ပေါ်ထွက်လာသည်။
အဝေးတစ်နေရာတွင် ဝင်္ကပါက ပြန်လည်အသက်ဝင်လာခဲ့သည်။
သူတို့ထင်ထားသည့်အတိုင်း ဟန်မူယဲ့က ဝင်္ကပါကို ထိန်းချုပ်နိုင်သည်။
လူတစ်ယောက်က နတ်ဘုရားဘုရင်တစ်ပါး၏ ဝင်္ကပါကို လျှို့ဝှက်စွာ အသုံးပြုနိုင်ခဲ့သည်။ ထိုသို့ဖြစ်လာလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။
တာအိုဘိုးဘေးမူချန်က ဝင်္ကပါဆီသို့ ပြန်သွားခဲ့သည်။
ကျန်လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်မှ လိုက်လာသည်။
အကယ်၍ ဟန်မူယဲ့က ဝင်္ကပါ၏အကူအညီကို ယူထားခဲ့လျှင် ကြောက်ရွံ့နေရန် မလိုအပ်ပေ။
သူတို့က သူ့ကို ဝိုင်းရံသတ်ဖြတ်နိုင်လိမ့်မည်။
“ဘုန်း”
ဟန်မူယဲ့က ဝင်္ကပါ၏စွမ်းအားကို အသုံးပြုပြီး ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်၏ ကျွမ်းကျင်သူများကို သတ်ဖြတ်လိုက်သည်။
ထိုကျွမ်းကျင်သူများကို ဝင်္ကပါက ဖိနှိပ်ထားသောကြောင့် ကျားနက်များ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
တာအိုဘိုးဘေးမူချန်၏ ခန့်မှန်းချက်က မှန်ကန်သည်။ ဟန်မူယဲ့က ဝင်္ကပါ၏စွမ်းအားကို ငှားယူခဲ့သည်။
သို့သော် သူတို့တည်ဆောက်ထားခဲ့သော ဝင်္ကပါ မဟုတ်ပေ။
သူက ရှေးခေတ်နတ်ဘုရားဆေးပင်ဥယျာဉ်၏ ဝင်္ကပါကို အသုံးပြုခဲ့သည်။
သူက ဆေးပင်ဥယျာဉ်၏ဝင်္ကပါကို ထိန်းချုပ်ပြီး တာအိုဂိုဏ်းများ၏ဝင်္ကပါကို တစ်ချက်တည်း ဖျက်ဆီးနိုင်သည်။ ထို့အပြင် တာအိုဘိုးဘေးမူချန်တို့ အားလုံးကိုလည်း လက်ဝါးချက်တစ်ချက်ဖြင့် သတ်ပစ်နိုင်သည်။
“သတ် ....”
ဟန်မူယဲ့က အမိန့်ပေးသည်။ အဖြူရောင်နှင့်အနက်ရောင် ကျားများသည် အဖြူရောင်နှင့်အနက်ရောင် လေဓားသွားများအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာကျင့်ကြံသူများ၏ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ကြသည်။