အခန်း (၆၅၅)
Vol. 47 Ch. 655
ထိုဓားချက်သည် မရပ်တန့်နိုင်သောဓားချက် ဖြစ်သည်။
ထိုဓားသည် လောကတွင် အသန်မာဆုံး ဖြစ်သည်။
နတ်ဘုရားဘုရင်ငါးယောက်၏စွမ်းအားကို တာအိုဓားတွင် စုစည်းလိုက်ပြီး ရှားပါးသော ဓားချက်တစ်ချက် ဖြစ်ပေါ်လာခဲ့သည်။
ဆေးပင်ဥယျာဉ်၏စွမ်းအားက ပျက်စီးသွားသည်။ မရေမတွက်နိုင်သော ဝင်္ကပါများက အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွားကြသည်။
မြူခိုးများဖြင့် ဖုံးကွယ်ထားသောနေရာများက ရှင်းလင်းစွာ ပေါ်လာကြသည်။
အင်မော်တယ်ဆေးပင်များ၊ သက်တမ်းရင့် ဝိညာဉ်ဆေးပင်များနှင့် အင်မော်တယ်ချီများက အဝတ်ချွတ်ထားသော အမျိုးသမီးတစ်ယောက်ကဲ့သို့ တိတ်ဆိတ်စွာစောင့်ဆိုင်းနေကြသည်။
ရွှေရောင်ချပ်ဝတ်နတ်ဘုရားစစ်သူကြီးက မခုခံနိုင်ခဲ့ပေ။ သူက မျက်လုံးပြူးသွားပြီး တာအိုဓားကြောင့် မြူခိုးများအဖြစ် ဖြည်းဖြည်းချင်းပြောင်းလဲသွားသော ခန္ဓာကိုယ်ကို ကြည့်နေလိုက်ရသည်။
အမှန်အတိုင်းပြောရလျှင် နှစ်သိန်းချီကြာမြင့်သွားသောကြောင့် နတ်ဘုရားစစ်သူကြီး၏ခန္ဓာကိုယ်က ယိုယွင်းနေပြီဖြစ်သည်။ သို့သော် ဆေးပင်ဥယျာဉ်၏စွမ်းအားက သူ့အသိစိတ်ကို ထိန်းသိမ်းပေးထားခဲ့သည်။
ဤလောကတွင် အချိန်၏တိုက်စားမှုကို ခုခံနိုင်သော လူသားများ မရှိကြပေ။
အင်မော်တယ်နတ်ဘုရားများကသာ အချိန်၏စွမ်းအားကို ခုခံနိုင်ကြသည်။
နတ်ဘုရားခုံရုံးသို့ ဝင်ရောက်ခွင့်မရှိသော လူတစ်ယောက်က အင်မော်တယ်ဖြစ်နိုင်မည်မဟုတ်ပေ။
“ဘုန်း”
တာအိုဓားက ကျဆင်းလာခဲ့သည်။
ဆေးပင်ဥယျာဉ်က နှစ်ပိုင်းပြတ်သွားသည်။
အင်မော်တယ်ချီစွမ်းအင်တစ်ခုကို မြူခိုးလက်တစ်စုံက ဖမ်းယူထားခဲ့သည်။
နောက်တစ်ခုကို ဟန်မူယဲ့၏ မြက်ရိတ်တံက စုပ်ယူလိုက်သည်။
သူက ဘိုးဘေးမိစ္ဆာနတ်ဘုရားဘုရင်နှင့် အင်မော်တယ်ချီကို တစ်ဝက်ခွဲယူမည်ဟု သဘောတူထားခဲ့သည်။
ထိုချီစွမ်းအင်ကြောင့် ဘိုးဘေးမိစ္ဆာနတ်ဘုရားဘုရင်က ပိုမိုသန်မာလာလိမ့်မည်။
သူ့ကို သတ်ဖြတ်ရန်အတွက် ခက်ခဲသွားမည်။
“ဝှစ် ....”
ဟန်မူယဲ့က လက်ထဲတွင်ရှိသော မြက်ရိတ်တံကို ဝှေ့ယမ်းလိုက်သည်။
ဆေးပင်ဥယျာဉ်တွင် လေပြင်းများ တိုက်ခတ်လာပြီး ဝိညာဉ်ဆေးပင်များကို ရစ်ပတ်၍ မြက်ရိတ်တံထဲတွင် သိမ်းဆည်းလိုက်သည်။
ဆေးပင်ဥယျာဉ်က ပျက်စီးသွားသောကြောင့် ထိုဆေးပင်များကို လူတိုင်းသိမ်းယူနိုင်သည်။
ဟန်မူယဲ့က ၁၀%ကိုသာ ယူခဲ့သည်။
ဆေးပင်များ၏ ၉၀%က နတ်ဘုရားဘုရင်များနှင့် သက်ဆိုင်သည်။
ဟန်မူယဲ့က မြက်ရိတ်တံကို ကိုင်ထားပြီး ခေါင်းမော့ကြည့်သည်။
“နတ်ဘုရားဘုရင်ချီယန်ကို နှုတ်ဆက်ဖို့ သစ်သားနတ်ဘုရားမက မှာကြားလိုက်ပါတယ်”
သစ်သားနတ်ဘုရားမ ....
နတ်ဘုရားဘုရင် ချီယန် ....
ကျင့်ကြံသူများအားလုံးက နတ်ဘုရားဘုရင်ချီယန်ကို ကြားဖူးကြသည်။
နတ်ဘုရားဘုရင်ချီယန်သည် ချီယန်ဓားဂိုဏ်း၏ အစစ်အမှန်ခွန်အား ဖြစ်သည်။
သူက ဓားတာအိုဖြင့် ရှေးတိမ်တိုက်စကြဝဠာကို လွှမ်းမိုးခဲ့သည်။ သူ့စကားနှင့် အပြုအမူများသည် ရှေးတိမ်တိုက်စကြဝဠာကို တုန်ခါသွားစေနိုင်သည်။
ကျန်နာမည်တစ်ခုကို မည်သူမှ မကြားဖူးကြပေ။
သို့သော် နတ်ဘုရားဟု အမည်တပ်ထားသည့်အတွက် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လိမ့်မည်။
‘အဲဒီကျွမ်းကျင်သူက ဟန်မူယဲ့ရဲ့နောက်ကွယ်မှာ ရှိနေတာလား’
ဟန်မူယဲ့ပြသခဲ့သော စွမ်းအားသည် အလွန်သန်မာသည်။ သူက နတ်ဘုရားဘုရင်များ၏စွမ်းအားကို ပေါင်းစပ်ပြီး လောကတွင် အသန်မာဆုံးဓားကို ထိန်းချုပ်၍ နတ်ဘုရားဘုရင်နှင့် ယှဉ်နိုင်သော နတ်ဘုရားစစ်သူကြီးတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။
သို့သော် ထိုအရာသည် သူ၏ အစစ်အမှန်စွမ်းအား မဟုတ်ပေ။
ကျင့်ကြံခြင်းလောကတွင် ငှားယူထားသောစွမ်းအားသည် ကိုယ်ပိုင်စွမ်းအား မဟုတ်ပေ။
ဟန်မူယဲ့ကို ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ယောက်အဖြစ် မည်သူမှ မသတ်မှတ်ကြပေ။
အာကာသထဲတွင် မီးခိုးရောင်သိုင်းဝတ်စုံနှင့် ဓားတစ်လက်လွယ်ထားသော အသက်ငါးဆယ်အရွယ်လူတစ်ယောက် ပေါ်လာခဲ့သည်။ သူက နေရာတွင်ရပ်ပြီး ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။
အတိအကျပြောရလျှင် သူက ဟန်မူယဲ့၏ မြက်ရိတ်တံကို စိုက်ကြည့်နေခြင်း ဖြစ်သည်။
အာကာသထဲတွင် ဓားဆန္ဒများဖြင့် ချက်ချင်းပြည့်နှက်လာခဲ့သည်။
“သစ်သားနတ်ဘုရားမက အဆင်ပြေရဲ့လား”
သူ့အသံထဲတွင် ဖိနှိပ်နိုင်စွမ်းတချို့ ပါနေသည်။
သူက နတ်ဘုရားဘုရင်ချီယန် ဖြစ်သည်။
ဟန်မူယဲ့က ခေါင်းခါသည်။
“ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားရဲ့ စွမ်းအားတွေက သစ်သားနတ်ဘုရားမနဲ့ ဆက်နွယ်နေတယ်။ အဲဒါက ကောင်းတာလား၊ ဆိုးတာလား မသိနိုင်ဘူး”
ထိုအရာသည် အမှန်ပင်ဖြစ်သည်။
ဟန်မူယဲ့က မညာခဲ့ပေ။
နတ်ဘုရားဘုရင်ချီယန်က တောက်ပသောမျက်လုံးများဖြင့် တိတ်ဆိတ်စွာရပ်နေသည်။
အာကာသထဲတွင်ရှိသော ဓားဆန္ဒများက လောကကို ရပ်တန့်သွားစေသည်။
ကျင့်ကြံသူများက စိုးရိမ်လာကြသည်။
‘ဓားတာအိုရဲ့ မဟာပုဂ္ဂိုလ်ကြီးက လှုပ်ရှားတော့မှာလား’
ဟန်မူယဲ့၏စကားအရ သူ့နောက်ကွယ်တွင်ရှိပုံရသော သစ်သားနတ်ဘုရားမသည် အခြေအနေကောင်းပုံမပေါ်ပေ။
‘ဒါပေမဲ့ သူက ဘာဖြစ်လို့ အဲဒီလိုပြောရတာလဲ’
အာကာသသည် ပြန်လည်ငြိမ်သက်သွားခဲ့သည်။
ဓားဆန္ဒများအားလုံး ပျောက်ကွယ်သွားကြသည်။
“ငါသိပြီ”
နတ်ဘုရားဘုရင်ချီယန်၏အသံကို ကြားနိုင်သည်။ သူက ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
သူပျောက်ကွယ်သွားသောအခါတွင် တခြားနတ်ဘုရားဘုရင်များက လှုပ်ရှားလိုက်ကြသည်။
ရှေးခေတ်နတ်ဘုရားဆေးပင်ဥယျာဉ်က ပြိုကွဲသွားပြီး တစ်ခုပြီးတစ်ခု ဆွဲယူခံလိုက်ရသည်။
ဟန်မူယဲ့က ဆေးပင်များကိုသာ စုစည်းခဲ့သော်လည်း ထိုကျွမ်းကျင်သူများက ဆေးပင်ဥယျာဉ်ကို ခွဲယူလိုက်ကြသည်။
ထိုအရာသည် သန်မာသူများ၏ ပုံစံပင် ဖြစ်သည်။
လောကတွင်ရှိသော ပစ္စည်းကောင်းများသည် သူတို့နှင့်သာ သက်ဆိုင်ကြသည်။
သူတို့နှင့် အဆင့်တူသောလူများကသာ ဝေစုခွဲခွင့်ရှိသည်။
တခြားလူများအတွက် အငွေ့အသက်ပင် ချန်ခဲ့မည်မဟုတ်ပေ။
ကံကောင်းစွာဖြင့် ဆေးပင်ဥယျာဉ်၏ဝင်္ကပါက ပျက်စီးသွားပြီး ဝင်ရောက်လာသော ကျင့်ကြံသူများအားလုံးက အပြင်သို့ ပြန်ရောက်လာကြသည်။
ထိုသို့မဟုတ်လျှင် သူတို့က ဆေးပင်ဥယျာဉ်ထဲတွင် သေဆုံးသွားကြလိမ့်မည်။
ထိုလူများသည် နတ်ဘုရားဘုရင်များအတွက် ပုရွက်ဆိတ်များထက် မပိုကြပေ။
နတ်ဘုရားဘုရင်များက ဆေးပင်ဥယျာဉ်ကို ခွဲယူလိုက်ပြီး ထွက်မသွားကြပေ။ သူတို့က အငွေ့အသက်များကိုထုတ်ဖော်၍ ဆက်ရှိနေခဲ့သည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ကျောက်စိမ်းပေလွှာများကို ပေးလိုက်သည်။
ထိုကျောက်စိမ်းပေလွှာများထဲတွင် ဆေးပင်ဥယျာဉ်နှင့်ပတ်သတ်သော သတင်းများ ရှိနေကြသည်။
သူက မညာခဲ့ပေ။
သို့သော် ထိုနေရာတွင် အစောင့်အကြပ်များ ရှိနေကြသည်။ ဆေးပင်များကို ရယူရန်အတွက် လွယ်ကူမည်မဟုတ်ပေ။
ဆေးပင်ဥယျာဥ်ကို ထိန်းချုပ်ထားပြီး အင်မော်တယ်ချီကို သုံးစွဲနိုင်သော နတ်ဘုရားစစ်သူကြီးသည် နတ်ဘုရားဘုရင်တစ်ပါးကဲ့သို့ သန်မာသည်။ နတ်ဘုရားဘုရင်များက ယနေ့ဖြစ်ရပ်ကဲ့သို့ အတူတူမပူးပေါင်းခဲ့လျှင် ဆေးပင်တစ်ပင်ကိုပင် ယူနိုင်မည်မဟုတ်ပေ။
သို့သော် ယနေ့ဖြစ်ရပ်မျိုးသည် ထပ်ဖြစ်လာရန် မသေချာပေ။
သူတို့က လောက၏ ရှားပါးသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ယနေ့တွင် တိုက်ဆိုင်စွာ ပူးပေါင်းခဲ့သည့်အတွက် အလွန်ကောင်းမွန်နေပြီဖြစ်သည်။ ဘိုးဘေးမိစ္ဆာနတ်ဘုရားဘုရင်ကလည်း ထောင်ချောက်ကို သတိထားမိလိမ့်မည်။ သူက တုံးအနေမှသာ နောက်တစ်ကြိမ်ပြန်ပေါ်လာလိမ့်မည်။
သို့သော် ဟန်မူယဲ့က ဆေးပင်ဥယျာဉ်ဆယ်ခု၏သတင်းကို ထုတ်ပေးလိုက်ပြီဖြစ်သည်။ နောက်ပိုင်းကိစ္စရပ်များသည် သူနှင့် မဆိုင်တော့ပေ။
အကယ်၍ နတ်ဘုရားဘုရင်တစ်ပါးက သူနှင့်ပူးပေါင်းချင်လျှင် သူက ငြင်းဆန်မည်မဟုတ်ပေ။
ဆေးပင်များ၏ ၁၀%နှင့် အင်မော်တယ်ချီတစ်ဝက်က ကောင်းမွန်သောအကျိုးအမြတ်တစ်ခု ဖြစ်သည်။
သူက ဥယျာဉ်စောင့်နတ်ဘုရားစစ်သူကြီးကို တစ်ယောက်တည်း မတိုက်ခိုက်နိုင်ပေ။
“ဝီ”
အာကာသက တုန်ခါသွားသည်။ ဖိနှိပ်ခံထားရသော အင်အားစုများက ပြန်လည်အသက်ဝင်လာကြသည်။
နတ်ဘုရားဘုရင်များက တိတ်ဆိတ်စွာထွက်သွားကြသည်။
ဟန်မူယဲ့က နေရာတွင်ရပ်နေပြီး ညင်သာစွာပြုံးသည်။
သူကလည်း ကြောက်ရွံ့ခဲ့သည်။
အကယ်၍ နတ်ဘုရားဘုရင်တစ်ပါးက တိုက်ခိုက်လာခဲ့လျှင် သူက လွတ်မြောက်အောင်ထွက်ပြေးနိုင်ရန် မသေချာပေ။
နတ်ဘုရားသားရဲကိုယ်ပွားက သေဆုံးသွားခဲ့လျှင် အလွန်နှမြောစရာကောင်းနေလိမ့်မည်။
ဤကိုယ်ပွားသည် အစစ်အမှန်ခန္ဓာကိုယ်ထက် ပိုမိုသန်မာသည်။ သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်သွားပြီး အစစ်အမှန်ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် တာအိုဘိုးဘေးအဆင့်တွင်ရှိသော မဟာကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မည်။
ထို့အပြင် ဤကိုယ်ပွားတွင် ရတနာအမျိုးမျိုးရှိပြီး အဆက်အသွယ်များလည်း တည်ဆောက်ထားခဲ့သည်။
ကံကောင်းစွာဖြင့် ဟန်မူယဲ့၏ ကိုယ်ပိုင်ခွန်အားနှင့် သစ်သားနတ်ဘုရားမ၏အမည်က နတ်ဘုရားဘုရင်များကို စိုးရိမ်စေရန် လုံလောက်သည်။
သူက တခြားလူများကို ခြောက်လှန့်ရန်အတွက် နတ်ဘုရားဘုရင်ချီယန်ကို တမင်သက်သက် ခေါ်ထုတ်ခဲ့သည်။
နတ်ဘုရားဘုရင်ချီယန်က သစ်သားနတ်ဘုရားနန်းတော်ကို ချိုးဖောက်ဝင်ရောက်လာပြီး သစ်သားနတ်ဘုရားမနှင့် ရွှေဝံပုလွေမိစ္ဆာဘုရင်တို့ကြောင့် ရှုံးနိမ့်သွားခဲ့ဖူးသည်။
နတ်ဘုရားဘုရင်ချီယန်၏ နောက်ခံနှင့်ပတ်သတ်သော မှတ်ဉာဏ်များကိုလည်း မြင်ခဲ့ရသည်။
ရှေးတိမ်တိုက်စကြဝဠာတွင် လွှမ်းမိုးနိုင်စွမ်းရှိသော ဓားတာအို၏ကျွမ်းကျင်သူက ရှေးနတ်ဘုရားကျဆုံးနယ်မြေမှ ဖြစ်သည်။
ထိုလူက ပျက်စီးခြင်းတောရိုင်းမှ နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို သိမ်းပိုက်ထားခဲ့သည်။ ထို့နောက် အားကောင်းသောရုပ်ခန္ဓာဖြင့် ဆည်ကို ဖြတ်သန်းပြီး ရှေးတိမ်တိုက်စကြဝဠာသို့ ရောက်လာခဲ့သည်။
သို့သော် ဟန်မူယဲ့က နတ်ဘုရားဘုရင်ချီယန်၏ အစစ်အမှန်ခန္ဓာကိုယ်ကို မသိပေ။
သို့မဟုတ် အစစ်အမှန်ခန္ဓာကိုယ်က သေဆုံးသွားခြင်းလည်း ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ သစ်သားနတ်ဘုရားမနှင့် နတ်ဘုရားဘုရင်ချီယန်တို့ ဝင်ပါလာသောကြောင့် အဆုံးတွင် ဟန်မူယဲ့က လုံခြုံသွားခဲ့သည်။
“ဟားဟား၊ ညီလေး၊ မင်းက အရမ်းသန်မာနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
ဟွမ်ခြောက်က အံ့အားသင့်စွာ ရယ်မောလိုက်သည်။
ဟန်မူယဲ့က သူခန့်မှန်းထားသည်ထက် ပိုမိုသန်မာနေသည်။
သူက ဤတစ်ကြိမ်တွင် သေဆုံးသွားတော့မည်ဟု ထင်နေခဲ့သည်။
ဟန်မူယဲ့က သူ့ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“အံ့ဖွယ်ကိုးပါးတောင်မှာ ကျွန်တော်က အစ်ကိုခြောက်ထက် အမြဲသန်မာခဲ့တာပဲမဟုတ်လား”
ဟွမ်ခြောက်၏မျက်နှာက တောင့်တင်းသွားသည်။
သူတို့နှစ်ယောက်က လူရှင်းသောနေရာသို့ သွားလိုက်ပြီး တီးတိုးဆွေးနွေးနေကြသည်။
ဟွမ်ခြောက်က ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်ကို သတ်ဖြတ်ခဲ့သောကြောင့် ဘိုးဘေးမိစ္ဆာကြယ်သို့ လျင်မြန်စွာပြန်သွားပြီး ကမ္ဘာမြေဖိနှိပ်မိစ္ဆာဘုရင်၏ အင်အားစုများကို ထိန်းချုပ်ရန် လိုအပ်နေသည်။
သူက အကျိုးအမြတ်များကို တခြားလူများအတွက် ချန်ထားမည်မဟုတ်ပေ။
ဟန်မူယဲ့က ယဉ်ကျေးမနေဘဲ ဝိညာဉ်ဆေးပင်များကို ဝယ်ယူပြီး ဆေးလုံးသန့်စင်၍ ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပို့ဆောင်ရန် ပြောလိုက်သည်။
ဟွမ်ခြောက်က ရင်ဘတ်ပုတ်ပြီး သဘောတူခဲ့သည်။
သူက ဝိညာဉ်ဆေးပင်များကို ဝယ်ယူပေးမည်ဖြစ်သည်။
သူက ဖရိုဖရဲနတ်ဘုရားခန်းဆောင်များတွင် တာဝန်ထုတ်ပေးနိုင်သော မိစ္ဆာကျင့်ကြံသူအများအပြားကို ပိုင်ဆိုင်ထားသည်။
ဟန်မူယဲ့က ဆေးလုံးသန့်စင်ပြီး ဟွမ်ခြောက်ကို တချို့တစ်ဝက် ပြန်ပေးလိမ့်မည်။
ထို့ကြောင့် ဟွမ်ခြောက်က အကျိုးအမြတ်အနည်းငယ် ရလိမ့်မည်။
သန့်စင်ထားသော ဆေးလုံးများကို ဟွမ်ခြောက်၏ အသေခံတပ်သားများက ပို့ဆောင်ပေးလိမ့်မည်။ သူတို့က ဆည်ကိုဖြတ်ကျော်ပြီး ရှေးနတ်ဘုရားကျဆုံးနယ်မြေသို့ ဝင်ရောက်၍ တာအိုပြိုင်ပွဲနယ်မြေအထိ ဆက်သွားကြလိမ့်မည်။
ရှေးတိမ်တိုက်စကြဝဠာတွင် ဆည်ကို ဖြတ်သန်းခြင်းသည် အန္တရာယ်အများဆုံးအရာတစ်ခု ဖြစ်သည်။
သူတို့က ဆည်ကိုဖြတ်ကျော်ပြီး တာအိုပြိုင်ပွဲနယ်မြေသို့ ရောက်သွားလျှင်ပင် အန္တရာယ်ရှိနေသေးသည်။
ထို့အပြင် တာအိုပြိုင်ပွဲနယ်မြေမှ ပြန်ထွက်လာရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် အသေခံတပ်သားများကသာ ထိုကိစ္စကို လုပ်ဆောင်နိုင်လိမ့်မည်။
ကံကောင်းစွာဖြင့် မိစ္ဆာလမ်းစဉ်တွင် အသေခံတပ်သားများ လိုအပ်နေခြင်း မရှိပေ။
မိစ္ဆာကျင့်ကြံသူအများစုက အသိဉာဏ်မရှိကြပေ။
ဟွမ်ခြောက်က ဟန်မူယဲ့နှင့် ဆွေးနွေးလိုက်ပြီး လျင်မြန်စွာပြန်သွားခဲ့သည်။
သူက ဆေးပင်ဥယျာဉ်မှ ရရှိလာသော အင်မော်တယ်ဆေးပင်များကိုလည်း ဟန်မူယဲ့အတွက် ထားခဲ့သည်။ ဟန်မူယဲ့က ဆေးလုံးသန့်စင်ပေးရမည်။
ကောင်းရှောင်ရွှမ်၏ မိစ္ဆာစိတ်သည် ပိုမိုအားကောင်းလာခဲ့သည်။ သူ့ကို ဖိနှိပ်ထားရမည်။
ဟွမ်ခြောက်၏အတွေးအရ သူက ကောင်းရှောင်ရွှမ်၏ မိစ္ဆာစိတ်ကို ရှင်းထုတ်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်ပို့ချင်သည်။
ဤလောကတွင် သူက ဟန်မူယဲ့နှင့် ကောင်းရှောင်ရွှမ်ကို အမှန်တကယ် တန်ဖိုးထားသည်။
ဟွမ်ခြောက်ထွက်သွားသောအခါတွင် ဟန်မူယဲ့က ချက်ချင်းထွက်မသွားခဲ့ပေ။
သူက ခဏလောက်စောင့်နေခဲ့ပြီး လူတစ်ယောက် ပေါ်လာသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။
“အကြီးအကဲယွမ်”
ဝမ်ချန်တာအိုဂိုဏ်း၏ အာခီမီအကြီးအကဲ ယွမ်မင်ကျဲ ဖြစ်သည်။
ဟန်မူယဲ့က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်လိုက်သောအခါတွင် ယွင်မင်ကျဲ၏မျက်နှာထားက ရှုပ်ထွေးသွားသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။
“ငါက အကြီးအကဲလို့ အခေါ်မခံရဲပါဘူး”