← Chapters

အခန်း (၆၅၆)

Vol. 47 Ch. 656

အခန်း (၆၅၆)

Vol. 47 Ch. 656

အကြီးအကဲနှင့် လူငယ်များကို ကျင့်ကြံခြင်း၊ တိုက်ခိုက်နိုင်စွမ်းတို့ဖြင့် အပြည့်အဝ မဆုံးဖြတ်ပေ။

သို့သော် အကြီးအကဲများကြောက်ရွံ့ရသော လူငယ်များလည်း ရှိနေကြသည်။

သူ့ရှေ့တွင်ရှိနေသောလူငယ်သည် နတ်ဘုရားစစ်သူကြီးကို သတ်ဖြတ်ပြီး ဆေးပင်ဥယျာဉ်ကို နတ်ဘုရားဘုရင်များနှင့် ခွဲယူခဲ့သည်။

ယွင်မင်ကျဲက နတ်ဘုရားဘုရင်၏ အမိန့်ကြောင့်သာမဟုတ်လျှင် ရောက်လာမည်မဟုတ်ပေ။

“အကြီးအကဲရဲ့ အာခီမီကျင့်ကြံခြင်းက နက်နဲလွန်းပါတယ်။ ကျွန်တော်က သင်ပြမှုတွေကို တောင်းခံရအုံးမှာပါ”

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ပြောသည်။

သူက တိုက်ခိုက်နိုင်စွမ်းကို မပြောဘဲ အာခီမီကိုသာ ပြောခဲ့သည်။

ထိုနှိမ့်ချမှုကြောင့် ယွမ်မင်ကျဲ၏မျက်နှာထားက ပျော့ပြောင်းသွားခဲ့သည်။

“ကောင်းပြီ၊ ကောင်းပြီ”

ယွမ်မင်ကျဲက ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။

“ငါက အာခီမီနဲ့ပတ်သတ်ပြီး မင်းကို လာရှာတာ”

ထိုဖြစ်ရပ်သည် အလွန်ရိုးရှင်းသည်။ သူက ဟန်မူယဲ့သန့်စင်ထားသော စွမ်းအင်လုံးများကို နတ်ဘုရားဘုရင်ဆီသို့ ပြလိုက်သည်။

တိုက်ဆိုင်စွာဖြင့် ဝမ်ချန်တာအိုဂိုဏ်းက ဆေးပင်ဥယျာဉ်တစ်ပိုင်းကို ရရှိထားသည်။ ထိုနေရာတွင် မရေမတွက်နိုင်သော ဝိညာဉ်ဆေးပင်များနှင့် အင်မော်တယ်ဆေးပင်များ ရှိနေကြသည်။

နတ်ဘုရားဘုရင်က ဆေးစွမ်းအားသန့်စင်ရန်အတွက် ဟန်မူယဲ့ကို ရှာဖွေစေခဲ့သည်။

ဟန်မူယဲ့က ပြုံးသည်။

ထိုအရာသည် စီးပွားရေးတစ်ခုသာမက ထိပ်တန်းတာအိုဂိုဏ်းတစ်ဂိုဏ်းနှင့် နတ်ဘုရားဘုရင်တစ်ပါး၏ ကမ်းလှမ်းချက်ဖြစ်သည်။

သစ်သားနတ်ဘုရားမနှင့် နတ်ဘုရားဘုရင်ချီယန်တို့သည် အပေါ်ယံသာ ဖြစ်ကြသည်။

အကျိုးအမြတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကသာ အစစ်အမှန်ဖြစ်သည်။

“ဆေးပင်တွေကို သန့်စင်ရုံပဲဆိုရင် သိပ်မကောင်းဘူး။ ဆေးလုံးတွေကို ပူးပေါင်းပြီး သန့်စင်လိုက်ရင်ရော ဘယ်လိုလဲ။ ကျွန်တော်တို့က အဖိုးတန်ဆေးလုံးတချို့ရဲ့ အရည်အ‌သွေးကို ထိန်းချုပ်ထားမယ်ဆိုရင် ပိုက်ဆံမရှိမှာ စိုးရိမ်စရာမလိုတော့ဘူး”

ဟန်မူယဲ့က ယွမ်မင်ကျဲကိုကြည့်လိုက်ပြီး ဆက်ပြောသည်။

“ကျွန်တော်တို့ သစ်သားနတ်ဘုရားနန်းတော်ရဲ့ အာခီမီအမွေအနှစ်က အတော်လေးနက်ရှိုင်းတယ်”

သစ်သားနတ်ဘုရားနန်းတော်ကိုလည်း အသုံးချရမည်။

တခြားလူများ မစစ်ဆေးနိုင်သော ထိုနောက်ခံမျိုးကို ထုတ်မသုံးလျှင် နှမြောစရာကောင်းနေလိမ့်မည်။

“ဟားဟား၊ ငါလည်း အဲလိုပဲ တွေးမိတယ်”

ယွင်မင်ကျဲ၏မျက်လုံးများက တောက်ပသွားသည်။

သူတို့က ဆွေးနွေးမှုကို အဆုံးသတ်လိုက်ပြီး ယွင်မင်ကျဲက သတင်းပို့ရန်အတွက် ပြန်သွားခဲ့သည်။ ဟန်မူယဲ့ကလည်း အဝေးသို့ ပျံသန်းသွားခဲ့သည်။

ယခုအချိန်တွင် ဆေးပင်ဥယျာဉ်ထဲသို့ ဝင်ရောက်လာသော အင်အားစုအမျိုးမျိုးက တိတ်ဆိတ်စွာ ထွက်သွားကြသည်။

အာကာသထဲတွင် ပုန်းအောင်နေသော လူများက တစ်ယောက်တည်းပျံသန်းလာသော ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် စိတ်လှုပ်ရှားသွားကြသည်။

သို့သော် သူ့ပုံစံကို မြင်ရသောအခါတွင် ကြောက်ရွံ့စွာ ထွက်ပြေးသွားကြသည်။

သူတို့က ဟန်မူယဲ့ကို မမြင်ဘူးသော်လည်း အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က နတ်ဘုရားစစ်သူကြီးကို သတ်ဖြတ်ခဲ့ကြောင်း သိထားကြသည်။

ဟန်မူယဲ့က သူတို့ကို သတ်ဖြတ်ရန်အတွက် စီစဉ်ထားခဲ့သည်။ သို့သော် တစ်ယောက်မှ ရောက်မလာကြသောကြောင့် သူက ထိုအတွေးကို စွန့်လွှတ်လိုက်ရသည်။

ဟန်မူယဲ့က မိုင်တစ်သိန်းအကွာသို့ ရောက်လာသောအခါတွင် လှုပ်ရှားလိုက်ပြီး ဓားကို ဆွဲထုတ်သည်။

“ခလွမ် ....”

ဓားတစ်လက်က သူ့လမ်းကြောင်းကို တားဆီးထားသည်။

ဓားသွားသည် အလင်းဖြာနေပြီး ရပ်တန့်မသွားဘဲ ဆက်လက်တိုးဝင်လာသည်။

ဓားထိပ်ဖျားသည် အပေါ်မှ ဘယ်ဘက်သို့ ပြောင်းပြန်ရွေ့လျားသွားသည်။

ဟန်မူယဲ့က တစ်ဖက်သို့လှည့်ပြီး ဘယ်ဘက်လက်တွင်ရှိသော ဓားဖြင့် ခုခံသည်။

သူက ဓားဖြင့် ပက်ထုတ်လိုက်သည်။

“ရွှပ် ....”

ဓားနှစ်လက် ထိတွေ့သွားသောအခါတွင် ချီစွမ်းအင်နှင့် ဓားချီများ နေရာအနှံ့တွင် ပြန့်ကျဲသွားကြသည်။

ဓားနှစ်လက်၏ လှုပ်ရှားပုံသည် အတူတူပင်ဖြစ်သည်။

ဟန်မူယဲ့၏ရှေ့တွင် သိုင်းဝတ်စုံနှင့် နတ်ဘုရားဘုရင်ချီယန် ပေါ်လာပြီး ဟန်မူယဲ့ကို တည်ငြိမ်စွာကြည့်သည်။

“နတ်ဘုရားဘုရင်၊ ဓားနည်းစနစ်က တကယ်ကောင်းတာပဲ”

ဟန်မူယဲ့က ပြောလိုက်သည်။

“ဒီနည်းစနစ်ကို မင်းဘာသာ တတ်မြောက်လာတာလား။ ဒါမှမဟုတ် ဂိုဏ်းက သင်ပေးလိုက်တာလား”

နတ်ဘုရားဘုရင်ချီယန်က ညင်သာစွာပြောသည်။

“ဒီဓားနည်းစနစ်က ....”

ဟန်မူယဲ့၏စကားမဆုံးခင် နတ်ဘုရားဘုရင်ချီယန်က လက်ထဲတွင်ရှိသောဓားကို မြှောက်လိုက်ပြီး အလင်းကွေးတစ်ခုဖြင့် ဟန်မူယဲ့၏လည်ပင်းကို ခုတ်ချသည်။

လအနှစ်သာရဓားဂိုဏ်း၏ လခြမ်းကွေးဓားနည်းစနစ် ....

ဟန်မူယဲ့က ရယ်လိုက်ပြီး လက်ထဲတွင်ရှိသောဓားကို လှုပ်ရှားသည်။

သူ၏ ဓားအလင်းကွေးကလည်း လရောင်ကဲ့သို့ ကြည်လင်နေသည်။

လအနှစ်သာရဓားဂိုဏ်း၏ လခြမ်းကွေးဓားနည်းစနစ် ....

“ခလွမ် ....”

လခြမ်းကွေးနှစ်ခုက ထိတွေ့သွားပြီး ကြယ်များသဖွယ် တောက်ပနေသည်။

ဟန်မူယဲ့နှင့် နတ်ဘုရားဘုရင်ချီယန်က မျက်နှာချင်းဆိုင်လျက် ရပ်နေပြီး ဖြည်းဖြည်းချင်း ဓားသိမ်းသည်။

ထိုဓားချက်သည် သူတို့နှစ်ယောက်လုံး၏နောက်ခံကို အတည်ပြုနိုင်ခဲ့သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဓားနည်းစနစ် ဖြစ်သည်။

“ကောင်းကင်အံ့ဖွယ်ဂိုဏ်းတူညီလေးကရော အဆင်ပြေနေရဲ့လား”

နတ်ဘုရားဘုရင်ချီယန်၏ မျက်လုံးထဲတွင် လေးနက်သောအကြည့်များ ရှိနေသည်။

‘ကောင်းကင်အံ့ဖွယ်ဂိုဏ်းတူညီလေးတဲ့လား’

ဟန်မူယဲ့က တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

“ငါနဲ့ ‌ကောင်းကင်အံ့ဖွယ်ဂိုဏ်းတူညီလေးက ဂိုဏ်းတူညီအစ်ကိုတွေပဲ။ ငါက ဓားတာအိုကို လေ့ကျင့်ပြီး သူကတော့ တာအိုလမ်းစဉ်ကို လျှောက်လှမ်းခဲ့တယ်”

နတ်ဘုရားဘုရင်ချီယန်က အတိတ်ကို သတိရနေပုံပေါ်သည်။

“အဲဒီအချိန်တုန်းက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကောင်းကင်ရင်းမြစ်ကမ္ဘာလို့ ခေါ်ကြတယ်”

“ကောင်းကင်ရင်းမြစ်ကမ္ဘာက အင်မော်တယ်ရင်းမြစ်ကမ္ဘာနဲ့ ယှဉ်နိုင်တယ်”

နတ်ဘုရားဘုရင်ချီယန်က လွန်ခဲ့သောနှစ်သိန်းချီအကွာတွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို တီးတိုးပြောနေခဲ့သည်။

တာအိုတည်ရှိခဲ့သော ကောင်းကင်ရင်းမြစ်ကမ္ဘာ ....

ထိုကမ္ဘာက တာအိုဘိုးဘေးအများအပြားကို မွေးထုတ်ပေးခဲ့သည်။

သို့သော် ရှေးတိမ်တိုက်စကြဝဠာ၏ ကျူးကျော်စစ်ပွဲကြောင့် ကောင်းကင်ရင်းမြစ်ကမ္ဘာက ဝါးမြိုခံလိုက်ရသည်။

“ကောင်းကင်ရင်းမြစ်ကမ္ဘာရဲ့ ဓားတာအိုအမွေအနှစ်က အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ ဓားစံအိမ်နဲ့ ယှဉ်နိုင်ခဲ့တယ်”

နတ်ဘုရားဘုရင်ချီယန်၏ကိုယ်ပေါ်တွင် ဓားအလင်းများ ဖြတ်ပြေးသွားသည်။

ဓားစံအိမ် ....

လက်ရှိအချိန်တွင် ဓားစံအိမ်သည် ရှေးနတ်ဘုရားကျဆုံးနယ်မြေ၏ အသန်မာဆုံးအမွေအနှစ်များထဲမှ တစ်ခုဖြစ်သည်။ ကောင်းကင်ရင်းမြစ်ကမ္ဘာ၏ ဓားအမွေအနှစ်ကတော့ ပျောက်ကွယ်သွားခဲ့သည်။

ထိုစဉ်က နတ်ဘုရားဘုရင်ချီယန်သည် ဓားတာအိုနှင့် သူတော်စင်တစ်ပါး ဖြစ်လာခဲ့သည်။ သူက တိုက်ပွဲတွင် အပြင်းအထန် ဒဏ်ရာရသွားသောကြောင့် ရွေးချယ်စရာမရှိတော့ဘဲ စုဆောင်းထားသော နတ်ဘုရားသားရဲသွေးမျိုးဆက်ကို အသုံးပြု၍ ကျင့်ကြံခဲ့ရသည်။

“ငါက ဆည်ထဲကိုဝင်ရောက်ဖို့ အခွင့်အရေးတစ်ခုရခဲ့တယ်။ အဲဒီလိုနဲ့ ရှေးတိမ်တိုက်စကြဝဠာကို ရောက်လာခဲ့တာပဲ”

နတ်ဘုရားဘုရင်ချီယန်က ဆည်အကြောင်းပြောရာတွင် ကြောက်ရွံ့စိတ်များ ရှိနေဆဲဖြစ်သည်။

ကျင့်ကြံခြင်းသည် ကံကောင်းခြင်းအပေါ်တွင် မူတည်နေသည်။

နတ်ဘုရားဘုရင်ချီယန်က ကံကောင်းသွားပြီး ရှေးတိမ်တိုက်စကြဝဠာတွင် နတ်ဘုရားဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။

နတ်ဘုရားဘုရင်ချီယန်၏ဇာတ်လမ်းကြောင့် ဟန်မူယဲ့က သက်ပြင်းချလိုက်ရသည်။

နတ်ဘုရားဘုရင်တစ်ပါး၏ ကျင့်ကြံခြင်းလမ်းစဉ်သည် အခက်အခဲများနှင့် ပြည့်နေခဲ့သည်။

ထိုအရာသည် ကျင့်ကြံခြင်းပင် ဖြစ်လိမ့်မည်။

လောကတွင် လွယ်ကူသောအရာမရှိပေ။

အဆုံးမရှိသောမုန်တိုင်းများကို ကျော်ဖြတ်ပြီးမှသာ သက်တံကို မြင်နိုင်လိမ့်မည်။

ဟန်မူယဲ့က တီးတိုးပြောလိုက်သည်။

“ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးက တာအိုပြိုင်ပွဲကို စတင်ခဲ့တယ်။ သူက အင်‌မော်တယ်ဝိညာဉ်တာအိုဘိုးဘေးနဲ့ သေဆုံးသည်အထိ တိုက်ခိုက်လိမ့်မယ်”

တာအိုပြိုင်ပွဲအကြောင်းကို ကြားလိုက်ရသောအခါတွင် နတ်ဘုရားဘုရင်ချီယန်က ချီစွမ်းအင်အလင်းများကို ထုတ်လွှတ်လိုက်သည်။ သူ့ဓားချီသည် ကောင်းကင်အထိ ထိုးတက်သွားသည်။

“တာအိုပြိုင်ပွဲ”

“ဂိုဏ်းတူညီလေးကောင်းကင်အံ့ဖွယ်က အရမ်းပြတ်သားနေတာပဲ”

နတ်ဘုရားဘုရင်ချီယန်၏အသံထဲတွင် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသည်။

သူက တောက်ပနေ‌သောမျက်လုံးများနှင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ဟန်မူယဲ့က တာအိုပြိုင်ပွဲ၏အကြောင်းကို ခန့်မှန်းကြည့်ရုံသာ တတ်နိုင်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ဖိနှိပ်နေသော အင်မော်တယ်ဝိညာဉ်ကမ္ဘာ၊ အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ရန်ပွဲများ၊ ဝမ်မော့ရှန်၏ အမည်မသိ အကြံအစည် ....

ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် သစ်သားနတ်ဘုရားနန်းတော်၏ အကြောင်းကို ပြောပြလိုက်သည်။

“သစ်သားနတ်ဘုရားမက မိစ္ဆာနတ်ဘုရားနဲ့ ပိတ်မိနေပြီး မလွတ်မြောက်နိုင်ခဲ့ဘူး”

နတ်ဘုရားဘုရင်ချီယန်က ခေါင်းညိတ်သည်။

ထို့နောက် သူက ပြုံးလိုက်ပြီး ဆက်ပြောသည်။

“ဒါပေမဲ့ သစ်သားနတ်ဘုရားမက ရှေးခေတ်မဟာပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ မျိုးဆက်သစ်ပဲ။ သူတို့မှာလည်း ဂိုဏ်းတစ်ဂိုဏ်းရှိတယ်။ သူတို့က ဘာမှဖြစ်သွားမှာမဟုတ်ဘူး”

“ဆည်က ဖရိုဖရဲဖြစ်နေတယ်လို့ ထင်ရပေမဲ့ ရှေးခေတ်ပုဂ္ဂိုလ်ကြီးတစ်ယောက် တည်ဆောက်ခဲ့တဲ့ အကာအကွယ်နယ်မြေပဲ”

“အဲဒါကြောင့် ဆည်ထဲမှာ ရှေး‌ခေတ်အင်အားစုတွေ ကျန်နေခဲ့တာပဲ”

ဟန်မူယဲ့က နတ်ဘုရားဘုရင်ချီယန်၏စကားကို ယုံသည်။

ဆည်သည် ပျက်စီးခြင်းတောရိုင်း၏ မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေကဲ့သို့ ဖြစ်သည်။ နတ်ဘုရားသားရဲများက သွေးမျိုးဆက်အမွေအနှစ်များ ပျောက်ကွယ်မသွားစေရန်အတွက် လျှို့ဝှက်နယ်မြေတစ်ခုကို တည်ဆောက်ပေးခဲ့သည်။

ရှေးခေတ်၏ကျွမ်းကျင်သူများကလည်း အမွေအနှစ်ပြတ်တောက်သွားနိုင်သည်အထိ တိုက်ခိုက်ခဲ့သောကြောင့် ဆည်ကို တည်ဆောက်ခဲ့ခြင်းဖြစ်လိမ့်မည်။

သူနှင့် နတ်ဘုရားဘုရင်ချီယန်က ပိုမိုရင်းနှီးလာသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဆက်ဆံရေးအရ ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်တာဘိုးဘေး၏ တပည့်တစ်ယောက်ဖြစ်ပြီး နတ်ဘုရားဘုရင်ချီယန်ကို ဆရာဦးလေးဟု ခေါ်ဆိုရမည်။

ဟန်မူယဲ့က ဦးညွတ်လိုက်သောအခါတွင် နတ်ဘုရားဘုရင်ချီယန်က ပြုံးလိုက်ပြီး ပြောသည်။

“ဆရာဦးလေးမှာ မင်းအတွက် လက်ဆောင်တွေ သိပ်မရှိဘူး။ ဒါပေမဲ့ မင်းက ဆည်အပြင်ဘက်ကို‌ အရင်းအမြစ်တွေရှာဖို့ ရောက်လာတာဆိုတော့ မင်းအတွက် ဓားတွေပေးနိုင်တယ်”

စံချိန်မီဓားများ ....

ဟန်မူယဲ့က ထိုဓားများကို စုဆောင်းချင်သော်လည်း အခက်အခဲရှိနေခဲ့သည်။ စံချိန်မီဓားအများစုကို ဂိုဏ်းကြီးများက ထိန်းချုပ်ထားကြသည်။

သူက ဟန်ဆောင်မနေဘဲ ဓားဆယ်သန်းကိုဝယ်ယူရန် တောင်းဆိုလိုက်သည်။

ဟန်မူယဲ့က ဆည်ပြင်ပတွင် အချိန်ကြာမြင့်စွာ မနေနိုင်ပေ။ သူက ဓားဆယ်သန်း၏တစ်ဝက်ကို ကိုယ်တိုင်သယ်သွားပြီး ကျန်တစ်ဝက်ကို ဟွမ်လောင်လျှိုက ပို့ပေးလိမ့်မည်။

ဟန်မူယဲ့က ဓားအများအပြားကို လျင်မြန်စွာ လိုအပ်နေသည်။ ထို့ကြောင့် နတ်ဘုရားဘုရင်ချီယန်က တုံ့ဆိုင်းမနေဘဲ စီစဉ်ပေးရန်အတွက် ဂိုဏ်းသို့ပြန်သွားခဲ့သည်။

သူက ဆေးပင်ဥယျာဉ်မှရလာသော အင်မော်တယ်ဆေးပင်များကို ပေးခဲ့သေးသည်။

သူ့စကားအရ ထိုဆေးပင်များသည် သူ့အတွက် သိပ်အသုံးမဝင်ပေ။ သို့သော် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ယူသွားလျှင် ကောင်းကင်အဆင့် ကျွမ်းကျင်သူအများအပြားကို ပျိုးထောင်ပေးနိုင်လိမ့်မည်။

ဟန်မူယဲ့က ပျောက်ကွယ်သွားသော နတ်ဘုရားဘုရင်ချီယန်ကို ကြည့်လိုက်ပြီး ပြုံးသည်။

‘အံ့အားသင့်စရာပဲ’

နတ်ဘုရားဘုရင်ချီယန်က ဓားနည်းစနစ်အမွေအနှစ်နှင့် အဆက်အသွယ်သိပ်မရှိတော့ပေ။ ထို့အပြင် သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်သွားပြီး လှုပ်ရှားမည်မဟုတ်ပေ။ သို့သော် ထိုဆက်ဆံရေးသည် ချီယန်ဓားဂိုဏ်းနှင့် သူ၏အရောင်းအဝယ်ကို အာမခံချက်တစ်ခု ပေးနိုင်သည်။

ထိုအရာသည် ဝမ်ချန်တာအိုဂိုဏ်းနှင့် အတူတူပင်ဖြစ်သည်။ ရင်းနှီးမှုအတွက်သာမက စီးပွားရေးအတွက်လည်း ဖြစ်သည်။

ခံစားချက်များသည် ဆက်ဆံရေးကို ကြာမြင့်စွာထိန်းသိမ်းမထားနိုင်ပေ။ နှစ်ဖက်အကျိုးအမြတ်များကသာ ကြာရှည်တည်မြဲနေလိမ့်မည်။

ဟန်မူယဲ့က ကျင်းခယ်ကြယ်ဆီသို့ ပျံသန်းသွားခဲ့သည်။

သူက သစ်သားရုပ်သေးရုပ်များကို အသုံးချ၍ ဆေးလုံးသန့်စင်ရန် လိုအပ်သည်။

သူက ဝိညာဉ်ဆေးပင်အများအပြားကို ရရှိထားသည်။ ထိုဆေးပင်များကို ထိန်းသိမ်းထားလျှင် ဖြုန်းတီးရာကျလိမ့်မည်။

သူက ပျံသန်းနေသောအချိန်တွင် မျက်နှာထားပြောင်းလဲသွားခဲ့သည်။

သူ့ရှေ့တွင်ရှိနေသော အာကာသသည် ပျောက်ကွယ်သွားပြီး စိမ်းလန်းသောလောကတစ်ခုကို မြင်လိုက်ရသည်။

ဤလောကတွင် ဝိညာဉ်ဆေးပင်များက နေရာအနှံ့တွင် ရှိနေသည်။

ဝိညာဉ်ဆေးပင်တိုင်းက နှစ်တစ်သိန်းသက်တမ်းရှိပုံရသည်။

ဟန်မူယဲ့က အသက်ရှူသွင်းလိုက်သောအခါတွင် အင်မော်တယ်ချီကို ခံစားမိသည်။ ထိုချီစွမ်းအင်က သူ့ခွန်အားကို တိတ်ဆိတ်စွာ တိုးမြှင့်ပေးနေသည်။

အစစ်အမှန်ကမ္ဘာတစ်ခု ဖြစ်သည်။

ဟန်မူယဲ့၏မျက်လုံးထဲတွင် ချီစွမ်းအင်အလင်းများ ဖြတ်ပြေးသွားသည်။ သူက မြက်ရိတ်တံကို ထုတ်ယူ၍ အင်မော်တယ်ချီများအား စုဆောင်းချင်သော စိတ်ဆန္ဒကို ဖိနှိပ်လိုက်သည်။ သူက သက်တံရောင်အလင်းများ ထုတ်ပေးနေသော ကောင်းကင်ကို မော့ကြည့်သည်။

“ဘယ်အကြီးအကဲက ကျွန်တော့်ကို စနောက်နေတာလဲမသိဘူး”

ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

သူ၏ ကျင့်ကြံဆင့်က ထိပ်တန်းအဆင့်ကျွမ်းကျင်သူများနှင့် ကွာခြားနေသေးသည်။

သို့သော် သူက ဓားတာအိုကို ကျင့်ကြံပြီး အလွန်သန်မာသော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ နတ်ဘုရားဘုရင်တစ်ယောက် တိုက်ခိုက်လာလျှင်ပင် သူက အာရုံခံနိုင်လိမ့်မည်။

All Chapters