← Chapters

အခန်း (၆၅၇)

Vol. 47 Ch. 657

အခန်း (၆၅၇)

Vol. 47 Ch. 657

သူက နတ်ဘုရားဘုရင်ချီယန် ရောက်လာသောအချိန်တွင် အာရုံခံမိခဲ့သည်။

သို့သော် ယခုအချိန်တွင် သတိမထားမိဘဲ ထူးခြားသောကမ္ဘာတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။

ထိုကျွမ်းကျင်သူ၏ ကျင့်ကြံဆင့်ကို မခန့်မှန်းနိုင်ပေ။

“ဝီ”

ကောင်းကင်ထက်တွင် ချီစွမ်းအင်အလင်းများ တောက်ပသွားသည်။ အင်မော်တယ်ချီများက လှုပ်ရှားလာပြီး လက်ဝါးတစ်ခုအဖြစ် အသွင်ပြောင်း၍ ဟန်မူယဲ့၏ဦးခေါင်းကို ဖိချသည်။

ထိုလက်ဝါးပေါ်လာသောအချိန်တွင် ဟန်မူယဲ့က အဆုံးမရှိသောဖိအားများကို ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်က ပေတစ်သန်းကြီးမားသော နတ်ဘုရားသားရဲပါ့ရှားအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက ခြေလေးဖက်ကို ထောက်ထားပြီး ခေါင်းမော့၍ ဟိန်းဟောက်သည်။

နတ်ဘုရားသားရဲ၏ အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ဖော်ပြီး လက်ဝါးချက်၏ဖိအားကို ခုခံခဲ့သည်။

ဧရာမလက်ဝါးချက်က ဖြည်းဖြည်းချင်း ကျဆင်းလာသောအခါတွင် နတ်ဘုရားသားရဲ၏ ခြေလေးဖက်က ကွေးညွတ်သွားခဲ့သည်။

နတ်ဘုရားသားရဲ၏ ကျောပြင်တွင် ချီနှင့်သွေးစွမ်းအားများ ရောယှက်သွားပြီး နတ်ဘုရားကျောက်တိုင်၏ပုံရိပ်ကို ဖန်တီးလိုက်သည်။

လက်ဝါးချက်က ဆက်လက်ကျဆင်းလာသည်။

ပါ့ရှား၏ ခြေလေးဖက်က တောင့်မခံနိုင်တော့ပေ။ ကျောပေါ်တွင်ရှိနေသော နတ်ဘုရားသားရဲကျောက်တိုင်ကလည်း မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ဘန်းခနဲ ကွဲထွက်သွားခဲ့သည်။

လက်ဝါးချက်သည် လောကတစ်ခုကို ဖျက်ဆီးနိုင်သည်အထိ သန်မာလှသည်။

ထိုကျွမ်းကျင်သူက မရေမတွက်နိုင်သော ကမ္ဘာများကို တစ်ခါတည်း ဖျက်ဆီးပစ်နိုင်သည်။

“ဘန်း”

ပါ့ရှား၏ခန္ဓာကိုယ်က ပျက်စီးသွားခဲ့သည်။

ချီစွမ်းအင်နှင့် သွေးစွမ်းအင်တို့က ရွှေရောင်ဝိညာဉ်စွမ်းအားများနှင့် ရောယှက်သွားကြသည်။

ဟန်မူယဲ့က တစ်ကိုယ်လုံးတုန်ခါသွားပြီး မျက်လုံးဖွင့်လိုက်သည်။

သူက အာကာသထဲတွင်သာ ရှိနေသည်။ စိမ်းလန်းသောကမ္ဘာကို မမြင်ရတော့ပေ။

‘ပုံရိပ်ယောင်လား’

ဟန်မူယဲ့က မျက်လုံးများတောက်ပလာပြီး နတ်ဘုရားသားရဲပါ့ရှား၏ပုံရိပ်ကို ဆင့်ခေါ်သည်။

ပါ့ရှား၏ပုံရိပ် ပေါ်လာသောအခါတွင် သူက မျက်လုံးပြူးသွားခဲ့သည်။

ယခုအချိန်တွင် နတ်ဘုရားသားရဲပါ့ရှားသည် သူ၏ ဝိညာဉ်နှင့် မခွဲခွာနိုင်အောင် ဆက်သွယ်နေသည်။

သူက ထိုအရာနှင့် အလွန်ရင်းနှီးနေသည်။

ခန္ဓာကိုယ်နှင့်ဝိညာဉ် ပေါင်းစပ်သွားခြင်းဖြစ်သည်။

ဤကိုယ်ပွားသည် အစစ်အမှန်ခန္ဓာကိုယ်နှင့် တစ်ခုတည်းဖြစ်လာသည်။

“ကျေးဇူးပါအကြီးအကဲ”

ဟန်မူယဲ့က အာကာသထဲတွင် ဦးညွတ်လိုက်သည်။

ယခင်က သူ၏ ကိုယ်ပွားသည် ခန္ဓာကိုယ်တစ်ခုကို လုယူထားသော မဟာကျင့်ကြံသူကြီးများကဲ့သို့ ဖြစ်သည်။

နတ်ဘုရားသားရဲ၏ ခန္ဓာကိုယ်ကို လိုချင်သော ပုဂ္ဂိုလ်ကြီးတစ်ယောက် ရောက်လာခဲ့လျှင် တန်ဖိုးတစ်ခုပေး၍ သူ့ကိုယ်ပွားကို လုယူသွားနိုင်သည်။

ယခု သူ၏ ဝိညာဉ်နှင့် နတ်ဘုရားသားရဲက ပေါင်းစပ်သွားခဲ့သည်။ အပြင်လူများ၏ ဤခန္ဓာကိုယ်ကို လုယူချင်လျှင် အဆပေါင်းတစ်ရာခန့် ပိုမိုအားထုတ်ရလိမ့်မည်။

ထို့အပြင် သူက နတ်ဘုရားသားရဲ၏စွမ်းအားကို လွယ်ကူစွာ အသုံးပြုနိုင်လာသည်။

သူက ဤခန္ဓာကိုယ်ကို အမှန်တကယ် ပိုင်ဆိုင်သွားခဲ့သည်။

ထိုအကြီးအကဲက သူ့ကို မဖိနှိပ်ဘဲ ဖုံးကွယ်နေသောအန္တရာယ်တစ်ခုကို ဖြေရှင်းပေးခဲ့သည်။

ဟန်မူယဲ့က ပြုံးလိုက်သည်။

သူက ထိုအကြီးအကဲကို သိနေသည်။

သစ်သားနတ်ဘုရားမ၏ နောက်ကွယ်တွင်ရှိနေသော ကျွမ်းကျင်သူ ဖြစ်သည်။

ဟန်မူယဲ့က မြက်ရိတ်တံကို သန့်စင်နေသောအချိန်တွင် ထိုလက်ဝါးကို မြင်ဖူးခဲ့သည်။

“ကောင်လေး၊ ငါ့ရဲ့ဆေးပင်ဥယျာဉ်က တည်ဆောက်ဖို့မလွယ်ဘူး။ မင်းက ဒီလိုမျိုး ရောင်းထုတ်လိုက်တာ ရင်မနာဘူးလား ....”

ဟန်မူယဲ့က အသံတစ်သံကို ကြားလိုက်ရသည်။

သူထင်ထားသည့်အတိုင်း ရှေးခေတ်နတ်ဘုရားဆေးပင်ဥယျာဉ်များကို တာဝန်ယူထားသောလူ ဖြစ်သည်။

သူက ဥယျာဉ်စောင့်များနှင့်မတူဘဲ အာကာသထဲတွင်ရှိသော ဆေးပင်ဥယျာဉ်များအားလုံးကို စောင့်ကြပ်ထားရသည်။

ဟန်မူယဲ့က လျင်မြန်စွာ ဦးညွတ်လိုက်ပြန်သည်။

“ကောင်းပြီ၊ အခွင့်အရေးရှိရင် ငါတို့ ထပ်တွေ့ကြတာပေါ့”

“ကောင်းကောင်းကျင့်ကြံပါ”

ထိုအသံက ညင်သာစွာထွက်ပေါ်လာပြီး ပျောက်ကွယ်သွားခဲ့သည်။

ထိုကျွမ်းကျင်သူက ဟန်မူယဲ့ကို နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်အောင် ကူညီပေးပြီး ထွက်သွားခဲ့သည်။ သူက ကိုယ်ထင်မပြခဲ့ပေ။

‘သိပ်ပြီးအဆင်မပြေလို့ထင်တယ်’

ဟန်မူယဲ့က တွေးမိသည်။

‘ကျင့်ကြံခြင်းလောကမှာ အဲဒီလိုကျွမ်းကျင်သူမျိုးအတွက် ကန့်သတ်ချက်တွေ ရှိနေတာလား’

‘ဒီလောကမှာ အဲဒီလိုပုဂ္ဂိုလ်ကြီးတစ်ယောက် ရှိနေတာပဲ’

ထိုကျွမ်းကျင်သူက လွတ်မြောက်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းပြီး မဟာတာအိုကျင့်ကြံခြင်း၏ အဆုံးသတ်အထိ ရောက်နေလိမ့်မည်။

သူက ခေါင်းခါလိုက်ပြီး အတွေးများကို ရှင်းထုတ်သည်။

သူတို့ကြားထဲတွင်ရှိနေသော ကွာခြားချက်သည် အလွန်ကြီးမားသည်။ သူက လျှောက်တွေးနေလျှင်လည်း အသုံးမဝင်ပေ။

သို့သော် ဤဖြစ်ရပ်ကြောင့် ဟန်မူယဲ့က ကိုယ်ပွား၏ကျင့်ကြံခြင်းအတွက် လမ်းတစ်ခု တွေ့သွားခဲ့သည်။

သူက အခွင့်အရေးရှိလျှင် နတ်ဘုရားကျောက်တိုင်ကို ရှာဖွေပြီး ပါ့ရှားနှင့် ပေါင်းစပ်ရမည်။

နတ်ဘုရားကျောက်တိုင်ကို ပိုင်ဆိုင်ထားသော ပါ့ရှားက လွှမ်းမိုးနိုင်စွမ်းရှိသည့် နတ်ဘုရားသားရဲတစ်ကောင် ဖြစ်လာလိမ့်မည်။

သူက ရှေ့ဆက်သွားခဲ့သည်။ လမ်းတွင် အတားမဆီးများကို မတွေ့ရတော့ပေ။ သူက ဆယ်ရယ်အချိန်ယူပြီး ကျင်းခယ်ကြယ်သို့ ပြန်ရောက်လာခဲ့သည်။

ကျင်းမင်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်က သူ့ကို ကိုယ်တိုင်ထွက်ကြိုခဲ့သည်။ လီကျုံးကျင်းနှင့် တခြားလူများက သူ့ကို အဖော်ပြုပေးနေသည်။ သူတို့က ဆေးပင်၊ ဓားများနှင့်ပတ်သတ်၍ အရောင်းအဝယ်ကို ဆွေးနွေးနိုင်ခဲ့သည်။

ဟန်မူယဲ့၏နောက်ကွယ်တွင် နတ်ဘုရားဘုရင်များ တစ်ယောက်ထက်ပိုရှိနေလိမ့်မည်။

ကျင်းမင်တာအိုဂိုဏ်း၏ ဂိုဏ်းချုပ်က ဟန်ရေးပြမနေဘဲ ဟန်မူယဲ့ကို ရင်းနှီးစွာ ဆက်ဆံခဲ့သည်။

ဟန်မူယဲ့က ကျင်းခယ်ကြယ်တွင် ခဏနေပြီး အဆုံးမဲ့ညီညွတ်ခြင်းကြယ်ဆီသို့ ပြန်လာခဲ့သည်။

သူက ထူစွန်းရှစ်တို့နှင့် ဆုံတွေ့ပြီး တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်သည်။

သူက ကျင့်ကြံခြင်းကို တည်ငြိမ်အောင်လုပ်ရန် လိုအပ်သည်။ ထို့အပြင် သစ်သားရုပ်သေးများဖြင့် ဆေးလုံးသန့်စင်ရမည်။

နောက်ပိုင်းတွင် ဝူချန်တာအိုဂိုဏ်းနှင့် ဟွမ်ခြောက်၏လူများ ရောက်လာကြလိမ့်မည်။

ချီယန်ဓားဂိုဏ်းကလည်း ဓားများကို ပို့ပေးလိမ့်မည်။

ဟန်မူယဲ့က ရှေးတိမ်တိုက်စကြဝဠာတွင် နေထိုင်ရန် အချိန်သိပ်မကျန်တော့ပေ။

....

တာအိုပြိုင်ပွဲနယ်မြေ ....

ဘန်းခနဲအသံနှင့်အတူ လေဟာနယ်အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအက်ကွဲကြောင်းသည် အဆုံးမရှိရှည်လျားပြီး အရာအားလုံးကို ထိုးခွဲသွားခဲ့သည်။

အက်ကွဲကြောင်းထဲမှ စိမ်းလန်းသောကမ္ဘာတစ်ခု တိုးထွက်လာသည်။

တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများက အာရုံစိုက်လိုက်ကြသည်။

“ပျက်စီးခြင်းတောရိုင်း”

လူတစ်ယောက်က ခပ်အုပ်အုပ်အော်ဟစ်သည်။

“အဲဒါက ပျက်စီးခြင်းတောရိုင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အဲဒီအစိတ်အပိုင်းက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ဦးတည်ပြီး အာကာသထဲမှာ လွင့်မျောလာခဲ့တယ်”

တာအိုဘိုးဘေးတစ်ယောက်က တီးတိုးပြောသည်။

ထိုကမ္ဘာက အာကာသထဲတွင် နှစ်ပေါင်းဆယ်ချီအောင် လွင့်မျောနေခဲ့ပြီး တာအိုပြိုင်ပွဲကျင်းပနေသော ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ရောက်လာခဲ့သည်။

အရောင်ငါးမျိုးချီစွမ်းအင်အလင်းများ ပေါ်ထွက်လာပြီး အာကာသထဲတွင် ရေလှိုင်းများသဖွယ် ဖြာထွက်သွားခဲ့သည်။ ကျွမ်းကျင်သူအများအပြား ‌ရောက်လာကြသည်။

ထိုကမ္ဘာ၏ သဘာဝစွမ်းအင်သိပ်သည်းမှုသည် သူတို့၏စိတ်ကူးများထက် ကျော်လွန်နေသည်။

“ဘန်း”

ကောင်းကင်အဆင့် သန္ဓေပြောင်းသားရဲတစ်ကောင်က ထိုကမ္ဘာဆီသို့ ပြေးဝင်သွားသည်။ ထိုသားရဲ၏ ချီနှင့်သွေးများ ပေါ်ထွက်လာပြီး ကမ္ဘာက စုပ်ယူသွားခဲ့သည်။

အားကောင်းသောကမ္ဘာတစ်ခု ဖြစ်သည်။

ပတ်ဝန်းကျင်တွင်ရှိနေသော ကျွမ်းကျင်သူများက ထိတ်လန့်သွားကြသည်။ သို့သော် စိတ်လှုပ်ရှားမှုများလည်း ပေါ်လာကြသည်။

ကမ္ဘာတစ်ခုက ပိုမိုသန်မာလေ အဖိုးတန်လေ ဖြစ်သည်။

အမိန့်သံများ မလိုအပ်သလို လူစုနေရန်လည်း မလိုအပ်ပေ။ ကျွမ်းကျင်သူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ တချို့က ခမ်းနားသော အရောင်ငါးမျိုးကမ္ဘာထဲသို့ တိုက်ရိုက်တိုးဝင်သွားကြသည်။ တချို့က လျှို့ဝှက်နည်းစနစ်များကို ထုတ်သုံး၍ ကမ္ဘာထဲသို့ ခိုးဝင်သွားကြသည်။

ထိုကမ္ဘာ၏ကောင်းကင်တာအိုသည် သက်တမ်းသိပ်မကြာသေးပေ။ ထိုကောင်းကင်တာအိုက ဟန်မူယဲ့၏အကူအညီဖြင့် မွေးဖွားလာခဲ့သည်။

ယခုအချိန်တွင် မ‌ရေမတွက်နိုင်သော ကျွမ်းကျင်သူများနှင့် ရင်ဆိုင်လိုက်ရသောကြောင့် ကောင်းကင်တာအိုသည် မခုခံနိုင်တော့ပေ။

“ဝှစ် ....”

လေထုအား ထိုးခွဲသွားသောအသံကို ကြားနိုင်သည်။

ပျက်စီးခြင်းတောရိုင်းထဲတွင် ရွှေရောင်မြားတစ်စင်း ပေါ်လာသည်။

ထိုမြားက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကို သယ်ဆောင်ထားပြီး ပေတစ်ထောင်ရှည်လျားနေသည်။ ထို့နောက် ကောင်းကင်ထက်တွင်ရှိနေသော ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူသုံးယောက်ကို တစ်ခါတည်း ထိုးဖောက်လိုက်သည်။

ထိုကျင့်ကြံသူသုံးယောက်က တိတ်ဆိတ်စွာ ခိုးဝင်လာကြသည်။ သူတို့က အသက်ရှူကြိမ်အနည်းငယ်အတွင်း၌ ပျက်စီးခြင်းတောရိုင်းပေါ်တွင် ခြေချနိုင်လိမ့်မည်။

ထိုကျွမ်းကျင်သူသုံးယောက်ကို တစ်ခါတည်း သတ်ဖြတ်လိုက်သောကြောင့် ကောင်းကင်အဆင့် ကျင့်ကြံသူများက ထိတ်လန့်စွာ နောက်ဆုတ်သွားကြသည်။

ထိုကမ္ဘာက အလွန်သန်မာနေသည်။

“မင်းတို့က ငါ့ရဲ့ ပျက်စီးခြင်းတောရိုင်းကို တိုက်ခိုက်ချင်တယ်ဆိုရင်လည်း ကိုယ်ပိုင်စွမ်းရည်ကို ပြန်ကြည့်အုံးလေ”

ထိုကမ္ဘာထဲမှ ပုံရိပ်တစ်ခုထွက်လာပြီး အာကာသထဲတွင်ရပ်၍ နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။

ရှဲ့လင်းရွှမ်းက နောက်ကျောတွင် လခြမ်းကွေးဓားနှစ်လက်ကို လွယ်ထားပြီး လက်ထဲတွင် လေးတစ်လက်ကို ကိုင်ထားသည်။ သူက အဖြူ‌ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မျက်လုံးများက အေးစက်နေသည်။

ယခင်က မသိနားမလည်ခဲ့သော လူငယ်လေးသည် မိစ္ဆာတစ်သောင်းတံဆိပ်ကို ထိန်းချုပ်ပြီး ပျက်စီးခြင်းတောရိုင်းကို နှစ်ပေါင်းများစွာကြာအောင် ကာကွယ်ပြီးသွားသောအခါတွင် အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့သည်။

သူ၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းသည် ပျက်စီးခြင်းတောရိုင်းကို ဖိနှိပ်ရန် လုံလောက်သည်။

ရှန့်လင်းရွှမ်းက ပေတစ်သောင်းမြင့်မားသော နတ်ဘုရားဆင်သားရဲ၏ပုံရိပ်ကို ထုတ်ဖော်လိုက်သည်။

ပျက်စီးခြင်းတောရိုင်း၏ တခြားကျွမ်းကျင်သူများကလည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။ သူတို့က ပုံစံအစစ်အမှန်ကို ထုတ်ပြလိုက်ကြသည်။

သူတို့အားလုံးသည် ပေသောင်းချီ၍ ကြီးမားကြသည်။

ချက်ချင်းဆိုသလိုပင် မိစ္ဆာချီများက အာကာသကို လွှမ်းခြုံသွားခဲ့သည်။

“မိစ္ဆာသားရဲတွေရဲ့ကမ္ဘာလား”

ကျွမ်းကျင်သူတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

“မဟုတ်ဘူး။ အဲဒါက ပျက်စီးခြင်းတောရိုင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ သူတို့အားလုံးက ပျက်စီးခြင်းတောရိုင်းရဲ့ သွေးမျိုးဆက်ကို အမွေဆက်ခံထားကြတယ်”

လူတစ်ယောက်က မိစ္ဆာသားရဲများ၏နောက်ခံကို သတိထားမိလိုက်ပြီး ညင်သာစွာပြောသည်။

ပျက်စီးခြင်းတောရိုင်း ....

ထိုကမ္ဘာသည် ကျင့်ကြံသူများအတွက် အလွန်ဆွဲဆောင်မှုရှိသည်။

ဒဏ္ဍာရီများအရ ထိုကမ္ဘာတွင် မရေမတွက်နိုင်သော ရတနာများ ရှိနေကြသည်ဟု ပြောသည်။

“ဒါက အခွင့်ကောင်းတစ်ခုပဲ”

အစိမ်းရောင်တာအိုဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ခပ်ဟဟရယ်သည်။ သူ့လက်ထဲတွင်ရှိသော မြင်းမြီးကြာပွတ်က ချိန်းကြိုးအဖြစ် ပြောင်းလဲသွားသည်။

ရွှေရောင်ချိန်းကြိုးက ရှန့်လင်းရွှမ်းဆီသို့ ပြေးဝင်သွားသည်။

သို့သော် ရှန့်လင်းရွှမ်းဆီသို့ မရောက်ခင် အနက်ရောင်နွားသိုးမိစ္ဆာ၏ တားဆီးခြင်းကို ခံလိုက်ရသည်။

“ဘုန်း”

ထိုမိစ္ဆာက ချိန်းကြိုးကို တစ်ချက်တည်း ပျက်စီးသွားစေခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် လူအိုကြီး၏မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။

တခြားကျွမ်းကျင်သူများက နောက်ဆုတ်သွားကြသည်။

အဆုံးတွင် ပျက်စီးခြင်းတောရိုင်းသည် နာမည်နှင့် လိုက်ဖက်ညီနေဆဲဖြစ်သည်။ ထိုနေရာတွင်ရှိသော မဟာမိစ္ဆာများသည် ကောင်းကင်ကို ဖီဆန်နိုင်ကြသည်။

ယခုအချိန်တွင် ရှန့်လင်းရွှမ်းက ဝိညာဉ်ကိုယ်ခွဲအထွတ်အထိပ်အဆင့်တွင် ရှိနေသည်။ သူက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် တစ်လှမ်းသာကွာဝေးတော့သည်။

ထို့အပြင် သူက မိစ္ဆာတစ်သောင်းတံဆိပ်ကို ကိုင်ထားပြီး ကောင်းကင်တာအို၏ထောက်ပံ့မှုကိုလည်း ရရှိထားသောကြောင့် ဝိညာဉ်ဖွဲ့စည်းခြင်း ပဥ္စမအဆင့်ကျင့်ကြံသူနှင့်ပင် တိုက်ခိုက်နိုင်သည်။

သူက အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်သုံးလိုက်လျှင် ပိုမိုသန်မာလာလိမ့်မည်။

သူ၏ တိုက်ခိုက်နိုင်စွမ်းသည် ထိပ်တန်းအဆင့်တွင် ရှိနေသည်။

သူတို့ကို တိုက်ခိုက်ရန်အတွက် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ရောက်လာကြပေ။

ထိုကျင့်ကြံသူများက နှစ်ဖက်လုံးတွင် တာဝန်ယူထားကြသည်။ အာကာသထဲတွင် လျှောက်သွားနေသောလူများ သိပ်မရှိကြပေ။

တခြားနယ်မြေများမှ ရောက်လာသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကို ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာက ဖိတ်ခေါ်ထားကြသည်။

သူတို့ကို အရင်းအမြစ်နှင့် ရတနာအမျိုးမျိုး ပေးအပ်ထားကြသည်။ သူတို့ရရှိထားသော အကျိုးအမြတ်များကို အပြင်လူများ စိတ်ကူးမကြည့်နိုင်ပေ။

ရှန့်လင်းရွှမ်းက ကျယ်လောင်စွာဟိန်းဟောက်သည်။ သူ့နောက်တွင်ရှိသော ဆင်သားရဲ၏ပုံရိပ်က ရှေ့တက်သွားသည်။ ဆင်သားရဲ၏ခြေလှမ်းကြောင့် လှိုင်းများထလာပြီး ဝိညာဉ်သူငယ်အဆင့် ကျွမ်းကျင်သူများ၏ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်သည်။

အာကာသထဲတွင် တောက်ပနေသောအလင်းများ ပေါ်ထွက်လာကြသည်။

ကောင်းကင်အဆင့်ကျွမ်းကျင်သူများ သေဆုံးသွားသောအခါတွင် အများစုကို ကောင်းကင်နှင့်မြေကြီးက စုပ်ယူသွားလိမ့်မည်။ တချို့ကတော့ ရှန့်လင်းရွှမ်းနှင့် ပျက်စီးခြင်းတောရိုင်းဆီသို့ ရောက်လာကြသည်။

ရှန့်လင်းရွှမ်းက လှုပ်ရှားလိုက်သောအခါတွင် တခြားမိစ္ဆာများကလည်း ရှေ့တက်လာကြသည်။

All Chapters