အခန်း (၆၆၀)
Vol. 48 Ch. 660
အနောက်ဘက်နယ်စပ်ကုန်းမြေသည် အမတ်ချုပ်ကြီးတစ်ပါးကို မွေးထုတ်ပေးခဲ့သည်။ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းများအားလုံးက အမတ်ချုပ်ကြီးကို ထောက်ပံ့ပေးရန်အတွက် လှုပ်ရှားကြရမည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက စိတ်အားထက်သန်နေကြသည်။
လူတစ်ယောက် ကောင်းစားလာသောအခါတွင် သူနှင့်ပတ်သတ်နေသောလူများလည်း အကျိုးခံစားရသည်။ ဟန်မူယဲ့က အမတ်ချုပ်ကြီးဖြစ်လာသည်။ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူများက အလယ်ပိုင်းကုန်းမြေသို့ ဝင်ရောက်ခွင့်ရသွားကြသည်။
ဟန်မူယဲ့က ကောင်းကင်အတားအဆီးကို ဖျက်ဆီးပြီး အနောက်ဘက်နယ်စပ်ကုန်းမြေ၏ဂိုဏ်းများ ကောင်းမွန်စွာကျင့်ကြံနိုင်ရန်အတွက် သဘာဝစွမ်းအင်များကို ယူဆောင်ပေးခဲ့သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံခြင်းလောကသည် ကျေးဇူးသိတတ်ရမည်။
ဟန်မူယဲ့က အလယ်ပိုင်းကုန်းမြေသို့ ဝင်ရောက်သွားသောအခါတွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူတစ်သန်းနီးပါးသည် လိုက်ပါလာခဲ့ကြသည်။
“နောက်ဆုံးတော့ သူထွက်သွားပြီပဲ ....”
အဖြူရောင်ဝတ်စုံနှင့် ပိုင်စုကျန်းက ကျောက်ဆောင်တစ်ခုပေါ်တွင် ရပ်နေပြီး ညင်သာစွာပြောလိုက်သည်။
မိစ္ဆာအငွေ့အသက်များသည် သူမ၏ခန္ဓာကိုယ်ပေါ်တွင် လှုပ်ရှားနေကြသည်။
သမင်ဖြူတောင်တန်း ....
ယနေ့တွင် သမင်ဖြူတောင်တန်းကျောင်းတော်သည် အဆောက်အအုံများဖြင့် ပြည့်နှက်နေသည်။ ရွှေရောင်သမာဓိစွမ်းအားများသည် မိုင်သုံးရာပတ်ဝန်းကျင်ကို လွှမ်းခြုံထားခဲ့သည်။
အဖြူရောင်ဝတ်စုံနှင့် တုန်းဖန်ရှုက သမင်ဖြူတောင်တန်းကျောင်းတော်၏ရှေ့တွင် လေးနက်သောမျက်နှာထားဖြင့် ရပ်နေခဲ့သည်။
သမင်ဖြူတောင်တန်းကျောင်းတော်တွင် ကောင်းကင်နှင့်မြေကြီး၏ နှလုံးသားအတွက် စာစုတစ်ခု ရှိနေသည်။
တုန်းဖန်ရှုက ဟန်မူယဲ့နှင့် တွေ့ဆုံခဲ့သောအချိန်မှစ၍ ဆရာသခင်တစ်ပါး ဖြစ်လာခဲ့သည်။
ကံကြမ္မာနှင့် ပြန်လည်မွေးဖွားခြင်းအဆင့်များကို ဖိနှိပ်လိုက်သောအခါတွင် ကွန်ဖြူးရှပ်တာအို၏ ဆရာသခင်အဆင့်က ထိပ်တန်းအဆင့်ကျွမ်းကျင်သူများ ဖြစ်လာကြသည်။
သို့သော် တုန်းဖန်ရှုက စာပေသင်ကြားရာတွင် အာရုံစိုက်ထားပြီး တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို ဂရုမစိုက်ပေ။
သူက တောင်ဂိတ်တံခါးတွင် ရပ်နေပြီး အစိမ်းရောင်ဝတ်စုံနှင့် နည်းပြများသည် သူ့နောက်တွင် ရပ်နေကြသည်။
သမင်ဖြူတောင်တန်းကျောင်းတော်သည် တော်ဝင်ကျောင်းတော်နှင့် မယှဉ်နိုင်သေးပေ။
ထိုနည်းပြများထဲတွင် နှစ်ယောက်ကသာ ဆရာသခင်အဆင့်တွင်ရှိနေပြီး ကျန်လူများက ဆရာအဆင့်တွင် ရှိကြသည်။
မီးခိုးရောင်ဝတ်စုံနှင့် ကျောင်းသားများသည် သူတို့၏နောက်တွင် ရှိနေကြသည်။
ထိုကျောင်းသားများက ခါးတွင် ဓားတစ်လက်စီ ချိတ်ဆွဲထားကြသည်။ သူတို့၏ကိုယ်ပေါ်တွင် သမာဓိစွမ်းအားနှင့် ဓားချီများ ရောယှက်နေပြီး သူရဲကောင်းဆန်သောပုံစံကို ဖော်ပြနေသည်။
ယခုအချိန်တွင် သမင်ဖြူတောင်တန်းကျောင်းတော်သာမက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျောင်းတော်သားအများစုကလည်း ဓားများကို သယ်ထားကြသည်။
ဟွမ်ကျစ်ဟူတို့ ကျောင်းသားအုပ်စုက နန်းမြို့တော်သို့ ရောက်သွားသောအချိန်တွင် ဓားကိုင်ထားသော ကျောင်းတော်သားများ၏ အရေအတွက်က တိုးပွားလာခဲ့သည်။
“ဒေါင် ....”
ကြွပ်ဆပ်သော ခေါင်းလောင်းသံသည် ပေါ်ထွက်လာခဲ့သည်။
ယခင်က တောင်ပတ်လမ်းသည် ကျောက်ခင်းလမ်းဖြစ်သွားခဲ့သည်။
သို့သော် လမ်းပေါ်တွင်လျှောက်လှမ်းလာခဲ့သောလူက ပြောင်းလဲမသွားခဲ့ပေ။
ယခင်က လရောင်အောက်တွင် သမင်ဖြူတောင်တန်းပေါ်သို့ တက်လာခဲ့သည့်အတိုင်း ဟန်မူယဲ့က ဖြည်းဖြည်းချင်း လျှောက်လာသည်။ ထိုစဉ်က တုန်းဖန်ရှုနှင့် တာအိုဆွေးနွေးပြီး သမင်ဖြူတောင်တန်းကျောင်းတော်ကို ကိုယ်စားတည်ဆောက်ပေးရန် ဆွဲဆောင်နိုင်ခဲ့သည်။
ဟန်မူယဲ့၏ ခြေလှမ်းများကြောင့် သမင်ဖြူတောင်တန်းက တုန်ခါသွားသည်။
ကောင်းကင်ထက်တွင် အဆုံးမရှိသော ခရမ်းရောင်အငွေ့အသက်များက လှုပ်ရှားလာကြသည်။
ဟန်မူယဲ့က ကဗျာကို ဓားတစ်လက်အဖြစ်သုံးပြီး ကျောင်းတော်သားများအတွက် လမ်းသစ်ဖောက်ပေးခဲ့သည်။ ထို့နောက် စာစုတစ်ခုကို ချန်ထားပြီး သမင်ဖြူတောင်တန်းကျောင်းတော်ကို တည်ထောင်ခဲ့သည်။ သူက လူအများအပြား၏ အာရုံစိုက်မှုကို ရရှိထားသည်။
သူက ဤနှစ်များတွင် သမင်ဖြူတောင်တန်းကျောင်းတော်သို့ ပြန်မလာခဲ့ပေ။
ထို့ကြောင့် သမင်ဖြူတောင်တန်းတွင်ရှိသော မျှော်လင့်ချက်စွမ်းအားများသည် ခရမ်းရောင်တိမ်တိုက်များအဖြစ် ပြောင်းလဲသွားပြီး ကျောင်းတော်ကို လွှမ်းခြုံထားသည်။
သူတို့က ဟန်မူယဲ့ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
“ဘုန်း”
လူသားဆန္ဒစွမ်းအားများက ဟန်မူယဲ့ကို လွှမ်းခြုံလိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ခရမ်းရောင်အလင်းသည် ရွှေရောင်သမာဓိစွမ်းအားများနှင့် ရောယှက်နေသည်။ ဟန်မူယဲ့၏ အရှိန်အဝါက အလွန်လေးနက်လာသည်။
သူ့စိတ်နယ်ပယ်သည် သမာဓိစွမ်းအားများဖြင့် ပြည့်နှက်သွားပြန်သည်။
သူ၏ ချီပင်လယ်တွင် ဓားရှည်တစ်လက်သာ ကျန်ရစ်ခဲ့သည်။ သို့သော် ယခုအချိန်တွင် လူသားဆန္ဒစွမ်းအားများက ပြန်လည်ဝင်ရောက်လာကြသောကြောင့် ခရမ်းရောင်ချီပင်လယ်အဖြစ် ပြောင်းလဲသွားပြန်သည်။
ကောင်းကင်ထက်တွင်ရှိနေသော ကျောင်းတော်သားပုံရိပ်၏ခါးတွင် ဓားတစ်လက်က ပိုမိုထင်ရှားလာသည်။
ဟန်မူယဲ့က တောင်ပေါ်သို့ တစ်လှမ်းချင်းစီတက်လာသည်။ လူများက သူ့ကို အာရုံစိုက်နေကြသည်။
လူသားဆန္ဒစွမ်းအားများသည် ပိုင်ရှင်ရောက်လာမည့်အချိန်ကို နှစ်ပေါင်းသုံးဆယ်ကြာအောင် စောင့်ဆိုင်းခဲ့ရသည်။
သမင်ဖြူတောင်တန်းကျောင်းတော်၏ အပြင်ဘက်တွင် တုန်းဖန်ရှုက စိတ်လှုပ်ရှားစွာ လက်သီးဆုပ်ထားမိသည်။
ယခင်က တုန်းဖန်ရှုသည် ဟန်မူယဲ့၏စီစဉ်မှုကို လက်ခံပြီး သမင်ဖြူတောင်တန်းကျောင်းတော်ကို တည်ဆောက်ခဲ့သည်။
သူက ဟန်မူယဲ့ပြန်လာမည့်အချိန်ကို စောင့်နေခဲ့သည်။
ဤနေရာတွင်ရှိနေသော လူများအားလုံးသည် ဟန်မူယဲ့ကို စောင့်နေခဲ့ကြသည်။
ယနေ့တွင် သူက ပြန်ရောက်လာသည်။
“သမင်ဖြူတောင်တန်းကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ....”
တုန်းဖန်ရှုက ဖြည်းဖြည်းချင်းလျှောက်လာသော ဟန်မူယဲ့ကို ဦးညွှတ်လိုက်သည်။
သူ့နောက်တွင်ရှိနေသော သမင်ဖြူတောင်တန်းကျောင်းတော်၏ ဆရာနှင့်ကျောင်းသားများကလည်း ဦးညွှတ်လိုက်ပြီး အော်ဟစ်ကြသည်။
“တောင်တန်းအကြီးအကဲကို သမင်ဖြူတောင်တန်းကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်”
ဟန်မူယဲ့၏ခန္ဓာကိုယ်တွင်ရှိသော သမာဓိစွမ်းအားသည် လူသားဆန္ဒစွမ်းအားနှင့် ပေါင်းစပ်သွားပြီး ရွှေရောင်ချိပ်တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုချိပ်တံဆိပ်က ကွန်ဖြူးရှပ်တာအိုနှင့် ကောင်းကင်တာအို၏စွမ်းအားကို ကိုယ်စားပြုသည်။
ထိုချိပ်တံဆိပ် ပေါ်လာသောအချိန်တွင် အလယ်ပိုင်းကုန်းမြေက တုန်ခါသွားခဲ့သည်။
ဟန်မူယဲ့က ချိပ်တံဆိပ်ကို မော့ကြည့်လိုက်ပြီး ‘ကောင်းကင်နှင့်မြေကြီး၏ အမိန့်အာဏာ’ဟူသော စကားလုံးကို မြင်ရသည်။
ထိုချိပ်တံဆိပ်က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အသိအမှတ်ပြုခြင်းနှင့် ဟန်မူယဲ့၏ ထူးခြားသောခွန်အားကို ကိုယ်စားပြုသည်။
ကွန်ဖြူးရှပ်တာအို၏ သူတော်စင် ....
တာအိုပြိုင်ပွဲတွင် ကံကြမ္မာနှင့် ပြန်လည်မွေးဖွားခြင်းအဆင့်များကို ဖိနှိပ်ထားသောကြောင့် ဟန်မူယဲ့၏ စွမ်းအားများက ချိပ်တံဆိပ်တစ်ခုအဖြစ် စုစည်းသွားခဲ့သည်။
တာအိုပြိုင်ပွဲကြောင့်သာမဟုတ်လျှင် သူက သူတော်စင်အဆင့်သို့ ချက်ချင်းရောက်သွားလိမ့်မည်။
သမင်ဖြူတောင်တန်းတွင် အလယ်ပိုင်းကုန်းမြေမှ လူသားဆန္ဒစွမ်းအားနှင့် ကောင်းကင်တာအိုစွမ်းအားများသည် နှစ်ပေါင်းသုံးဆယ်ကြာအောင် စုစည်းနေခဲ့သည်။ ထိုစွမ်းအားများသည် သူတော်စင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်သည်။
တုန်းဖန်ရှုက တောက်ပနေသောချိပ်တံဆိပ်ကို ကြည့်လိုက်ပြီး အားကျသွားသည်။ ထို့အပြင် နောင်တလည်း ရနေသည်။
“တောင်တန်းအကြီးအကဲ .... ဒါက နှမြောစရာပဲ”
တုန်းဖန်ရှုက တီးတိုးပြောသည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ခပ်ဟဟရယ်သည်။
“ငါ့အတွက် သူတော်စင်တစ်ပါးဖြစ်လာဖို့ မခက်ဘူး။ ကျင့်ကြံခြင်းလမ်းစဉ်က ကျင့်ကြံခြင်းပဲ မဟုတ်ပါဘူး”
ကျင့်ကြံခြင်းလမ်းစဉ်သည် ကျင့်ကြံခြင်းသာ မဟုတ်ပေ။
တုန်းဖန်ရှုက ပြန်ပြောချင်သော်လည်း မပြောနိုင်ခဲ့ပေ။
‘မင်းလိုမျိုး လွယ်လွယ်ကူကူကျင့်ကြံနိုင်ပြီး ထူးခြားတဲ့လူတွေကပဲ ဒီလိုမျိုး ထင်ကြလိမ့်မယ်’
ဟန်မူယဲ့က သမင်ဖြူတောင်တန်းကျောင်းတော်သို့ ဝင်ရောက်ပြီး နှစ်ပေါင်းသုံးဆယ်ကြာအောင် စုစည်းနေခဲ့သော လူသားဆန္ဒစွမ်းအားများကို ယူဆောင်ခဲ့သည်။ ထို့နောက် သူက တစ်ရက်အကြာတွင် မိုးကြိုးနဂါးကို စီးနင်းပြီး နန်းမြို့တော်သို့ ဆက်သွားခဲ့သည်။
....
ကောင်းကင်ထက်တွင်ရှိသော ရထားလုံးပေါ်တွင် ဟန်မူယဲ့သည် ယွင်သွမ်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။
ယခုအချိန်တွင် ယွင်သွမ့်က ပေါ့ပျက်ပျက်မနေတော့ဘဲ အလေးအနက်ထားနေသည်။
သူမက ဤလောက၏ ဧကရာဇ်ငယ်ဖြစ်သည်။
“အမတ်ချုပ်ကြီးဝမ်က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို အမတ်ချုပ်ကြီးဟန်ရဲ့လက်ထဲမှာ အပ်ထားခဲ့ပြီလို့ ပြောလိုက်ပါတယ်”
ယွင်သွမ့်က တည်ငြိမ်နေသောဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ပြင်ပဘုံတိုက်ပွဲသည် ပိုမိုပြင်းထန်လာသည်။ အမတ်ချုပ်ကြီးဝမ်နှင့် ချန်ချင်းကျစ်တို့က အစွမ်းကုန်သုံး၍ တိုက်ခိုက်နေရသည်။
ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်ရောက်လာခဲ့ပြီး အရှေ့ပင်လယ်ကို ဖိနှိပ်ရန်အတွက် စစ်တပ်နှင့်အတူ ထွက်ခွာသွားသောအခါတွင် အမတ်ချုပ်ကြီးဝမ်က ရာထူးလွှဲအပ်မည့်အမိန့်စာကို ရေးသားခဲ့သည်။
သို့သော် အရှေ့ပင်လယ်၏အရေးကိစ္စကို မဖြေရှင်းရသေးသောကြောင့် ထိုအမိန့်စာကို ချက်ချင်းမကြေညာခဲ့ပေ။
“တာအိုပြိုင်ပွဲမှာ တိုက်ပွဲက စတင်နေပြီ။ ပြင်ပဘုံတိုက်ပွဲက အရေးကြီးနေတယ်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တည်ငြိမ်အောင် ထိန်းသိမ်းထားရမယ်”
“အမတ်ချုပ်ကြီးဝမ်နဲ့ မှူးမတ်ဝူတို့ကို အကောင်းဆုံးကြိုးစားပြီး ထောက်ပံ့ပေးပါ”
ဟန်မူယဲ့က ယွင်သွမ့်ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“မင်းက အရှေ့ပင်လယ်ကို လွှမ်းမိုးပြီး အရှေ့တောင်ပိုင်းရဲ့ တာအိုဂိုဏ်းတွေကို ဖိနှိပ်ခဲ့တယ်”
ယွင်သွမ့်က အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူဆယ်သန်းကို အလယ်ပိုင်းကုန်းမြေသို့ ခေါ်လာပြီး အရှေ့တောင်ပိုင်း၏ တာအိုဂိုဏ်းများကို ဖိနှိပ်ခဲ့သောကြောင့် ဂုဏ်သတင်းကြီးမားလာသည်။ ထို့ကြောင့် သူမက အောင်မြင်စွာ နန်းတက်နိုင်ခဲ့သည်။
သူမ၏နောက်ကွယ်တွင် ဓားကျင့်ကြံသူဆယ်သန်းနှင့် တော်ဝင်မိသားစု ရှိနေသောကြောင့် နန်းတက်ရာတွင် အခက်အခဲမရှိခဲ့ပေ။
ယခုအချိန်တွင် ဟွမ်ကျစ်ဟူက ဓားကျင့်ကြံသူဆယ်သန်းကို ဦးဆောင်ပြီး အရှေ့တောင်ပိုင်း၏ တာအိုဂိုဏ်းများကို စောင့်ကြည့်နေသည်။ တာအိုဂိုဏ်းများက မလှုပ်ရှားရဲကြပေ။
ယွင်သွမ့်က အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။
“မစိုးရိမ်ပါနဲ့ အမတ်ချုပ်ကြီးဟန်။ ကျွန်မက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အရေးကိစ္စတွေကို ဝင်ပြီး နှောင့်ယှက်မှာမဟုတ်ပါဘူး။ ကျွန်မလုပ်ပေးနိုင်တာရှိရင် ဒီအတိုင်းပဲ ပြောလိုက်ပါ”
ယွင်သွမ့်က တခစ်ခစ်ရယ်လိုက်ပြီး သက်ပြင်းချသည်။
“ကျွန်မရဲ့အကန့်အသတ်ကို နားလည်ပါတယ်။ ပုံမှန်အချိန်မျိုးမှာဆိုရင်တောင် ကျွန်မက လောကကို ထိန်းချုပ်ဖို့ ကြိုးစားမှာမဟုတ်ပါဘူး”
“ကျွန်မက အင်မော်တယ်သင်္ဘောပေါ်မှာပဲ အစ်မနဲ့အတူတူ သွားနေသင့်တယ်။ ကျွန်မက အဝတ်အစားကို လှလှလေးဝတ်မယ်။ သေချာလိမ်းခြယ်ထားပြီး အလှပဆုံးအကကို ကပြမယ်။ ပြီးတော့ ကျွန်မအချစ်ရဆုံးလူကို .... စောင့်နေမယ်”
ကွန်ဖြူးရှပ်တာအိုသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို နှစ်သောင်းချီကြာသည်အထိ ထိန်းချုပ်ထားခဲ့သည်။ တော်ဝင်မိသားစုသည် ကွန်ဖြူးရှပ်တာအိုနှင့် ယှဉ်ပြိုင်ချင်သော်လည်း တစ်ကြိမ်မှ မအောင်မြင်ခဲ့ပေ။
ယွင်သွမ့်က ဟန်မူယဲ့ကို တိတ်တိတ်လေး မော့ကြည့်သည်။ သို့သော် သူက အပြင်ဘက်တွင်ရှိသော တိမ်တိုက်များကို လှမ်းကြည့်နေခဲ့သည်။
“အမိန့်စာ၊ အလယ်ပိုင်းကုန်းမြေရဲ့ ကွန်ဖြူးရှပ်တာအို ဆရာသခင်တွေနဲ့ ကောင်းကင်အဆင့်ကျင့်ကြံသူတွေအားလုံးက နန်းမြို့တော်ကို ငါနဲ့အတူ ဝင်ရောက်ရမယ်”
ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ ရွှေအလင်းက စာလုံးများအဖြစ် ပြောင်းလဲသွားပြီး ခရမ်းရောင်ပိတ်စပေါ်တွင် ကျရောက်လာသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် ပထမဆုံးအမိန့်စာအဖြစ် ကွန်ဖြူးရှပ်တာအို၏ ဆရာသခင်များနှင့် ကောင်းကင်အဆင့်ကျင့်ကြံသူများကို ဆင့်ခေါ်ခဲ့သည်။