← Chapters

အခန်း (၆၆၂)

Vol. 48 Ch. 662

အခန်း (၆၆၂)

Vol. 48 Ch. 662

အမတ်ချုပ်ကြီးဝမ်က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တည်ငြိမ်စေခဲ့သည်။ ယခု အမတ်ချုပ်ကြီးအသစ်၏ အမိန့်စာသည် နှစ်ပေါင်းတစ်သောင်းကြာအောင် တည်ဆောက်ခဲ့သော ကွန်ဖြူးရှပ်တာအို၏ အခြေခံအုတ်မြစ်ကို တစ်ခါတည်း ပျက်စီးသွားစေနိုင်သည်။

ပိုင်ဟောင်က ခပ်ဟဟရယ်သည်။

“အမတ်ချုပ်ကြီးဟန်က ဓားကျင့်ကြံသူတစ်ယောက်ပဲ”

ဓားကျင့်ကြံသူများသည် ကွန်ဖြူးရှပ်ပညာရှင်များနှင့် မတူကြပေ။

ဟန်မူယဲ့က အမတ်ချုပ်ကြီးအသစ် ဖြစ်လာသောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ဟန်မူယဲ့နှင့်ပတ်သတ်သော အကြောင်းအရာများက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ်ဖြစ်ပြီး ဓားတစ်လက်နှင့် အရှေ့ပင်လယ်ကို လွှမ်းမိုးခဲ့သည်။ နန်းမြို့တော်တွင်လည်း ဓားအမြုတေကို သန့်စင်ပေးခဲ့သည်။

ကျူးဟွမ်က ခေါင်းညိတ်သည်။

ဟန်မူယဲ့၏နောက်ခံအရ ထိုအမိန့်စာသည် မထူးဆန်းပေ။

အမတ်ချုပ်ကြီးဝမ်က ဟန်မူယဲ့၏ ဓားကျင့်ကြံခြင်းနှင့် ပြတ်သားသောစိတ်ဓာတ်ကို တန်ဖိုးထားသောကြောင့် အမတ်ချုပ်ကြီးအသစ်အဖြစ် ရာထူးလွှဲပေးလိုက်ခြင်း ဖြစ်လိမ့်မည်။

“တောင်ပိုင်းကုန်းမြေရဲ့ ချင်းရီမင်က ရက်စက်ပေမဲ့ သူ့ရဲ့ ကျင့်ကြံဆင့်နဲ့ စစ်တပ်ခွန်အားက မလုံလောက်ဘူး”

ကျူးဟွမ်က စိုးရိမ်စိတ်များနှင့်အတူ တီးတိုးပြောသည်။

“တကယ်လို့ သားသတ်သမားလု ပြန်လာရင်တော့ ငါက ယုံကြည်ချက်ရှိတယ် ....”

....

အလယ်ပိုင်းကုန်းမြေ၏ အရှေ့တောင်ဘက်တွင်ရှိသော လုံမြစ်ဒေသ ....

ဖုန်းချန်တာအိုဂိုဏ်းသည် ရှည်လျားသောသမိုင်းကြောင်းကို ပိုင်ဆိုင်ထားသည်။

ဖုန်းချိန်တာအိုဂိုဏ်း၏ အမွေအနှစ်ကို လွန်ခဲ့သောနှစ်ပေါင်းငါးသောင်းအထိ ခြေရာခံကြည့်နိုင်သည်။ ဂိုဏ်းတွင် မရေမတွက်နိုင်သော ကျွမ်းကျင်သူများ ရှိနေကြပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် တာအိုပြိုင်ပွဲတွင် အသန်မာဆုံးလူများပင် ဖြစ်ကြသည်။

ဖုန်းချန်တာအိုဂိုဏ်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကို ပိုင်ဆိုင်ထားသောကြောင့် မည်သူ့ကိုမှ မကြောက်ပေ။

ထို့အပြင် အရှေ့တောင်ပိုင်း၏ တာအိုဂိုဏ်းများကို ဖိနှိပ်နေသော ဟွမ်ကျစ်ဟူက ဓားကျင့်ကြံသူစစ်တပ်ကို ဦးဆောင်၍ နန်းမြို့တော်သို့ ပြန်သွားခဲ့သည်။

ဟွမ်ကျစ်ဟူထွက်သွားသောအခါတွင် ဖုန်းချန်တာအိုဂိုဏ်းသို့ မရေမတွက်နိုင်သောစာလွှာများ ရောက်လာကြသည်။

ဖုန်းချန်တာအိုဂိုဏ်း၏ ခန်းဆောင်အတွင်း၌ ဂိုဏ်းချုပ်ဖြစ်သော တာအိုသခင်ဝူယွင်နှင့် မဟာအကြီးအကဲ တာအိုသခင်ပိုင်ချန်တို့က အမြင့်တစ်နေရာတွင် ထိုင်နေကြသည်။ အောက်တွင် ကောင်းကင်အဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်က အုပ်စုနှစ်ခုခွဲ၍ ရပ်နေကြသည်။

ခရမ်းရောင်အမိန့်စာနှစ်ခုသည် သူတို့အားလုံး၏ရှေ့တွင် ရှိနေသည်။

“မင်းတို့တွေ ဘယ်လိုထင်ကြလဲ”

တာအိုသခင်ဝူယွင်က တည်ငြိမ်စွာပြောသည်။

ခန်းဆောင်သည် အစပိုင်းတွင် အနည်းငယ်ဆူညံနေခဲ့သော်လည်း တာအိုသခင်ဝူယွင်၏စကားသံကြောင့် ချက်ချင်းတိတ်ဆိတ်သွားသည်။

သူတို့အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

“ဂိုဏ်းချုပ်၊ မင်ရွှမ်တာအိုဂိုဏ်းရဲ့ တာအိုသခင်ချန်ကျစ်က စာပို့လိုက်ပါတယ်။ သူက ဂိုဏ်းကို အလည်လာချင်နေပါတယ်”

ခဏအကြာတွင် ဂိုဏ်း၏ ပြင်ပကိစ္စရပ်များကို ကိုင်တွယ်ရသော တာအိုတန်ခိုးရှင်ဟယ်ဖုန်းက စကားပြောလိုက်သည်။

သူက ကျောက်စိမ်းပေလွှများကို ထုတ်ယူလိုက်ပြီး ပြောသည်။

“ရှန့်ဟယ်တာအိုဂိုဏ်း၊ လျှိုယွမ်တာအိုဂိုဏ်း၊ ကျန့်ယန်ဘုရားကျောင်း ....”

ကျောက်စိမ်းပေလွှာများအားလုံးသည် အမျိုးမျိုးသော တာအိုဂိုဏ်းများ၏ ဖိတ်ကြားချက်များပင် ဖြစ်ကြသည်။

တာအိုတန်ခိုးရှင်ဟယ်ဖုန်း၏ ကျောက်စိမ်းပေလွှာများကြောင့် ခန်းဆောင်ထဲတွင်ရှိသော လူအများစုက ပျော်ရွှင်သွားကြသည်။

လူအချို့က တုံ့ဆိုင်းနေကြသည်။

“ဂိုဏ်းချုပ်၊ အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင် ဟွမ်ကျစ်ဟူက အရှေ့တောင်ပိုင်းကနေ ထွက်သွားပါပြီ။ ဒါက အခွင့်ကောင်းတစ်ခုပါပဲ”

အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က မျက်လုံးများတောက်ပလာပြီး တီးတိုးပြောသည်။

“အကြီးအကဲလုပြောတာ မှန်ပါတယ်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာက ကျင့်ကြံခြင်းအတွက် ကောင်းမွန်တဲ့နေရာတစ်ခု ဖြစ်သင့်ပါတယ်။ ကွန်ဖြူးရှပ်တာအိုက အရာအားလုံးကို ဖိနှိပ်ထားလို့ မဖြစ်ပါဘူး။ လက်ရှိအခြေအနေက ကျွန်တော်တို့ တာအိုဂိုဏ်းတွေအတွက် အကောင်းဆုံးပါပဲ”

လူတစ်ယောက်က မနေနိုင်တော့ဘဲ ကျယ်လောင်စွာပြောသည်။

ဆွေးနွေးသံများသည် ခန်းဆောင်ထဲတွင် ချက်ချင်းပေါ်ထွက်လာကြသည်။

အစပိုင်းတွင် တီးတိုးစကားသံများဖြစ်သော်လည်း နောက်ပိုင်းတွင် ကျယ်လောင်သောအသံများနှင့် ခန်းဆောင်က အသက်ဝင်လာခဲ့သည်။

ကျွမ်းကျင်သူတချို့၏မျက်နှာများက နီရဲနေကြပြီး ယနေ့တွင် အရှေ့တောင်ဒေသရှစ်ခုကို သိမ်းပိုက်၍ တာအိုဂိုဏ်းများက လွတ်လပ်သွားတော့မည်ဟု ထင်ရသည်။

ယခုအချိန်တွင် တာအိုပြိုင်ပွဲဖြစ်နေသောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာက စည်းလုံးသင့်သည်ဟု ပြောခဲ့သောလူများလည်း ရှိကြသည်။ သို့သော် သူတို့အားလုံးက အပြစ်တင်ခံလိုက်ရသောကြောင့် ထပ်မပြောရဲတော့ပေ။

အမြင့်တစ်နေရာတွင်ထိုင်နေသော တာအိုသခင်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြုံးသည်။

မဟာအကြီးအကဲပိုင်ချန်က လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ခန်းဆောင်က ချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။

“ဒီနေ့တော့ ဒီလောက်ပဲ”

သူက ရှေ့တွင်ရှိနေသော အမိန့်စာကို ထိတွေ့လိုက်ပြီး ဆက်ပြောသည်။

“ငါတို့ ဖုန်းချန်တာအိုဂိုဏ်းရဲ့ ရွေးချယ်မှုက အမတ်ချုပ်ကြီးအသစ် ဆင့်ခေါ်လိုက်တဲ့ တောင်ပိုင်းကုန်းမြေရဲ့အစောင့် ချင်းရီမင်ရဲ့လုပ်ဆောင်ချက်အပေါ်မှာ မူတည်နေတယ်”

ချင်းရီမင်က တောင်ပိုင်းကုန်းမြေကို စောင့်ကြပ်နေခဲ့သည်။

ခန်းဆောင်ထဲတွင် ကျွမ်းကျင်သူများ၏အပြုံးက ပိုမိုထင်ရှားလာခဲ့သည်။

ချင်းရီမင်သည် သားသတ်သမားလုကို ရှုံးသွားသော ဝိညာဉ်ကိုယ်ခွဲအဆင့်နှစ် ကျင့်ကြံသူလေးတစ်ယောက်သာ ဖြစ်သည်။ သူ၏ မည်သို့ စွမ်းဆောင်နိုင်မည်နည်း။

သားသတ်သမားလုကပင် အရှေ့တောင်ဒေသ၏ တာအိုဂိုဏ်းများကို တစ်ဦးတည်း မဖိနှိပ်နိုင်ခဲ့ပေ။ သူက အိမ်ရှေ့စံယွင်သွမ့်နှင့် ဟွမ်ကျစ်ဟူ၏ ဓားကျင့်ကြံသူစစ်တပ်ကို မှီခိုခဲ့ရသည်။

ယခုအချိန်တွင် ဓားကျင့်ကြံသူစစ်တပ်သည် အရှေ့တောင်ဒေသမှ ထွက်ခွာသွားခဲ့သည်။ သားသတ်သမားလုက ပြင်ပဘုံတွင် တိုက်ပွဲဆင်နွှဲနေသည်။ ချင်းရီမင်က အရှေ့တောင်ဒေသကို မည်သို့ ဖိနှိပ်နိုင်မည်နည်း။

ထိုအချိန်တွင် ဖုန်းချန်တာအိုဂိုဏ်းသာမက အရှေ့တောင်ဒေသတစ်ခုလုံးနှင့် အလယ်ပိုင်းဒေသတစ်ခုလုံးသည် တောင်ပိုင်းကုန်းမြေတွင်ရှိနေသော ချင်းရီမင်ကို အာရုံစိုက်ထားကြသည်။

အကယ်၍ ချင်းရီမင်က အရှေ့တောင်ဒေသကို မဖိနှိပ်နိုင်လျှင် ဟန်မူယဲ့၏အမိန့်စာက ဟာသတစ်ခုသာ ဖြစ်သွားလိမ့်မည်။

ထိုအချိန်တွင် တောင်ပိုင်းကုန်းမြေတွင်ရှိသော အံ့ဖွယ်နေမင်းစစ်တပ်၏ အဓိကစစ်တဲအတွင်း၌ အနီရောင်နှင့်အနက်ရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားသော စစ်သူကြီးများက လေးနက်သောမျက်နှာထားဖြင့် ထိုင်နေကြသည်။

စားပွဲ၏ထိပ်တွင် သပ်ရပ်စွာဝတ်စားထားသော ချင်းရီမင်က လေးနက်သောမျက်နှာထားဖြင့် ရှိနေသည်။

ခရမ်းရောင်အမိန့်စာတစ်ခုသည် သူ့ရှေ့တွင် ရှိနေသည်။

ဖြောင့်မတ်စွာထိုင်နေသော စစ်သူကြီးများအားလုံးက အမိန့်စာကို အလိုလျောက် ကြည့်မိကြသည်။

ထိုအရာသည် အမတ်ချုပ်ကြီးအသစ်၏ အမိန့်စာဖြစ်သည်။

ထိုအမိန့်စာသည် သူတို့အားလုံးကို မုန်တိုင်း၏ရှေ့သို့ တွန်းပို့လိုက်သည်။

“ခေါင်းဆောင်ကို သတင်းပို့ပါတယ်။ တောင်ပိုင်းကုန်းမြေစစ်တပ်ကို စုစည်းပြီးပါပြီ”

“ခေါင်းဆောင်ဆယ့်ရှစ်ယောက်လုံးလည်း ဒီမှာရှိနေကြပါတယ်”

အနက်ရောင်ချပ်ဝတ်နှင့် လက်ထောက်စစ်သူကြီးတစ်ဦးက ဦးညွတ်လျက် ပြောသည်။

ချင်းရီမင်က ခေါင်းညိတ်လိုက်ပြီး လက်ထောက်စစ်သူကြီးကို ပြန်ထိုင်ရန် အချက်ပြသည်။

သူက အမိန့်စာပေါ်တွင် လက်တင်လိုက်ပြီး လူတိုင်းကို ကြည့်သည်။

“ငါအမိန့်ပေးဖို့ မလိုတော့ဘူးမဟုတ်လား”

သူတို့အားလုံးက မတ်တပ်ရပ်လိုက်ပြီး ဦးညွတ်ကြသည်။

ဤနေရာသည် စစ်တပ်စခန်းဖြစ်ပြီး ဂိုဏ်းတစ်ဂိုဏ်းမဟုတ်ပေ။

စစ်သည်တစ်ယောက်သည် အမိန့်စာကို နာခံရမည်။

ချင်းရီမင်က အမိန့်စာကို ကိုင်ထားပြီး ဖြည်းဖြည်းချင်းထရပ်သည်။ သူက တီးတိုးပြောသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ စစ်တပ်က အလယ်ပိုင်းကုန်းမြေကို ချက်ချင်းထွက်ခွာမယ်”

“အမတ်ချုပ်ကြီးရဲ့အမိန့်အရ နာခံမှုမရှိတဲ့လူတွေကို ညှာတာမှုမရှိဘဲ သတ်ဖြတ်ပစ်ရမယ်”

စစ်တဲအတွင်း၌ စစ်သူကြီး ၁၈ယောက်လုံးက ဦးညွတ်လိုက်ပြီး ထွက်သွားကြသည်။

စစ်တဲ၏အပြင်ဘက်တွင် စစ်သည်များ၏ ညီညာသော ခြေလှမ်းသံကို ကြားနိုင်သည်။

ချင်းရီမင်က လက်ထဲတွင်ရှိသော အမိန့်စာကို ကြည့်လိုက်သည်။

သူက ခရမ်းရောင်အမိန့်စာကို တင်းကျပ်စွာကိုင်ထားသည်။ အမိန့်စာသည် ဓားဆန္ဒဖြင့် ပြည့်နှက်နေသည်။

အမတ်ချုပ်ကြီးဟန်သည် ဝမ်မော့ရှန်နှင့်မတူဘဲ ခမ်းနားသော သမာဓိစွမ်းအားများကို မသုံးခဲ့ပေ။ သူက ဓားချီများဖြင့် ဖြည့်ပေးလိုက်သည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာကို လွှမ်းမိုးပြီး ပြင်ပဘုံမှာတိုက်ခိုက်ဖို့ စစ်တပ်ကို ဦးဆောင်နိုင်ရမယ်။ ငါ ချင်းရီမင်က ဒီနေ့ကို စောင့်နေခဲ့တာ အရမ်းကြာသွားပြီ”

သူ့လက်ထဲတွင်ရှိသော အမိန့်စာသည် ရွှေအလင်းဖြင့် တောက်ပလာခဲ့သည်။

ရွှေရောင်ဓားအလင်းများ ပေါ်ထွက်လာကြသည်။

ဓားအလင်း ၃၆၀သည် ကောင်းကင်စက်ဝန်းဓားဝင်္ကပါအဖြစ် ပြောင်းလဲသွားပြီး ချင်းရီမင်၏ရှေ့တွင် တိတ်ဆိတ်စွာလွင့်မျောနေကြသည်။

ကောင်းကင်စက်ဝန်းဓားဝင်္ကပါ၏ စွမ်းအားများသည် အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအလင်းလွှာပေါ်တွင် အနီရောင်အစက်များနှင့် ပြည့်နေသော အလယ်ပိုင်းကုန်းမြေ၏ မြေပုံကို မြင်နိုင်သည်။

“အင်အားစုတွေအများကြီးက မကောင်းတဲ့အကြံတွေ ရှိနေကြတာပဲ ....”

ချင်းရီမင်က ပြုံးသည်။

သူက အနီရောင်အစက်များကို ကြည့်လိုက်ပြီး လက်မြှောက်၍ အလယ်ပိုင်းကုန်းမြေနှင့် တောင်ပိုင်းကုန်းမြေကြားတွင်ရှိသော တောင်တန်းတစ်ခုကို ဖိချသည်။

“နန်ယွမ်တာအိုဂိုဏ်းက အမိန့်မနာခံခဲ့ဘူး”

“ရှင်းလင်းပစ်ရမယ်”

ဓားအလင်းက တုန်ခါသွားပြီး မြေပုံက ပျောက်ကွယ်သွားသည်။ ချင်းရီမင်က အပြင်ဘက်သို့ထွက်သွားပြီး အော်ပြောလိုက်သည်။

“စစ်သည်တို့ နန်ယွမ်တာအိုဂိုဏ်းကို သွားကြမယ်”

မိုးကြိုးလျှပ်စီးများသည် ကောင်းကင်ထက်တွင် ပေါ်ထွက်လာပြီး သွေးချီများသည် ပတ်ဝန်းကျင်တွင် လှုပ်ရှားနေကြသည်။

ချင်းရီမင်က အမိန့်ထုတ်လိုက်သောအခါတွင် တောင်ပိုင်းကုန်းမြေတစ်ခုလုံးက တုန်ခါသွားခဲ့သည်။

မီးတောက်နီစစ်သည်ရှစ်သိန်းနှင့် အံ့ဖွယ်နေမင်းကိုယ်ရံတော်တစ်သိန်းတို့က အလယ်ပိုင်းကုန်းမြေသို့ ပြန်သွားကြသည်။

နှစ်ပေါင်းဆယ်ချီကြာအောင် တိုက်ခိုက်ခဲ့ကြသော ထိုစစ်သည်များက အလယ်ပိုင်းကုန်းမြေသို့ ပြန်ရောက်လာသောကြောင့် ကောင်းကင်နှင့်မြေကြီး၏ကြားတွင် သဘာဝစွမ်းအင်များက လှိုင်းထန်သွားခဲ့သည်။

အဆုံးမရှိသော တိုက်ခိုက်လိုစိတ်နှင့် သတ်ဖြတ်လိုစိတ်များသည် အမျိုးမျိုးသော မှော်သားရဲပုံရိပ်များအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။

ထိုအရာသည် ရာချီသောတိုက်ပွဲများကို တိုက်ခိုက်ခဲ့ပြီး သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသော စစ်တပ်တစ်ခုပင် ဖြစ်သည်။

“သွေးမုန်တိုင်းတစ်ခု ဖြစ်လာတော့မှာပဲ ....”

အလယ်ပိုင်းကုန်းမြေ၏နယ်စပ်တွင် မတ်တပ်ရပ်နေသော လူအိုကြီးတစ်ယောက်က ခေါင်းမော့ကြည့်လိုက်ပြီး တီးတိုးပြောသည်။

သူ့နောက်တွင်ရှိနေသော သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူများက ခေါင်းညိတ်လိုက်ကြသည်။

“ဘိုးဘေး၊ ချင်းရီမင်ရဲ့စစ်တပ်က အလယ်ပိုင်းကုန်းမြေကို ပြန်လာပြီဆိုတော့ တစ်ယောက်ယောက်ကို သတ်ဖြတ်လိမ့်မယ်။ ဒါပေမဲ့ သူနဲ့ အမတ်ချုပ်ကြီးဟန်က အနိုင်ရပါ့မလား”

ခါးတွင် မီးခိုးရောင်ဓားတစ်လက်ကို ချိတ်ဆွဲထားသော အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်က မေးလိုက်သည်။

“ဟုတ်တယ်။ အမတ်ချုပ်ကြီးဝမ်က ဒီလိုမျိုး ရက်စက်တဲ့အမိန့်စာကို မထုတ်ပြန်ခဲ့ဘူး။ အမတ်ချုပ်ကြီးဟန်က နန်းမြို့တော်ကိုတောင် မရောက်သေးဘဲ ဒီလိုအမိန့်စာကို ထုတ်ပြန်တယ်ဆိုတော့ သူက ရာထူးမြဲပါ့မလား”

အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က မေးလိုက်ပြန်သည်။

All Chapters