အခန်း (၆၆၄)
Vol. 48 Ch. 664
ချင်းရီမင်က လှုပ်ရှားလိုက်ပြီး ပျံသန်းလာခဲ့သည်။ သူ့လက်ထဲတွင်ရှိသော ဆေဘာဓားသည် တောင်တစ်လုံး၏စွမ်းအားကို သယ်ဆောင်ထားပြီး ခုတ်ချလိုက်သည်။
ဆေဘာဓားအလင်းသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို သယ်ဆောင်ထားပြီး ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူနှစ်ယောက်၏ ပေတစ်ထောင်မြင့်မားသော မူလဝိညာဉ်နှစ်ခုနှင့် ချက်ချင်းထိတွေ့သွားသည်။
“ဘုန်း”
နှစ်ပိုင်းပြတ်သွားသည်။
ရိုးရှင်းသောဓားချက်ကြောင့် မူလဝိညာဉ်နှစ်ခုသည် နှစ်ပိုင်းပြတ်သွားခဲ့သည်။
ထိုဓားချက်အပြီးတွင် ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူနှစ်ယောက်က ကြောက်ရွံ့နေသောမျက်နှာထားဖြင့် နောက်ဆုတ်လိုက်ကြသည်။
အလယ်ပိုင်းကုန်းမြေတွင် ကျော်ကြားခြင်းမရှိဘဲ သားသတ်သမားလု၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသော အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင် ချင်းရီမင်သည် သူတို့၏မူလဝိညာဉ်များကို ဓားတစ်ချက်ဖြင့် ဖြတ်တောက်နိုင်သည်။
ထိုတိုက်ခိုက်နိုင်စွမ်းသည် သူတို့၏စိတ်ကူးများထက် ကျော်လွန်နေခဲ့သည်။
ချင်းရီမင်က ဆေဘာဓားကို ကိုင်ထားပြီး နောက်တစ်ချက် ခုတ်ချလိုက်သည်။
ဤတစ်ကြိမ်တွင် သူက နမ်ယွမ်တာအိုဂိုဏ်း၏ ဂိတ်တံခါးကို ခုတ်ချလိုက်သည်။
ဓားချက်သည် တိမ်တိုက်နှင့်လေပြင်းများကို ဖြစ်ပေါ်လာစေခဲ့သည်။
ဆေဘာဓားက လောက၏စွမ်းအားကို စုစည်းပြီး ပေတစ်ရာရှည်လျားသော ဓားအလင်းဖြင့် ကျဆင်းလာခဲ့သည်။
“ဘုန်း”
ထိုဓားချက်ကြောင့် ပေတစ်ထောင်ရှည်လျားသော အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး နမ်ယွမ်တောင်တန်းက နှစ်ပိုင်းဖြစ်သွားခဲ့သည်။
ဂိတ်တံခါးသည်လည်း နှစ်ပိုင်းပြတ်သွားသည်။
ဂိုဏ်းစောင့်ဝင်္ကပါနှင့် ဂိုဏ်း၏အဆောက်အအုံများသည်လည်း ပျက်စီးသွားခဲ့သည်။
သွေးကျားက ဟိန်းဟောက်လိုက်ပြီး သွေးရောင်စစ်တပ်အဖြစ် ပြန်လည်ပြောင်းလဲသွားသည်။
စစ်သည်ဆယ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းပြီး တိုက်ပွဲဝင်္ကပါကို ဖွဲ့စည်းလိုက်သည်။ ထိုသို့ဖြင့် စစ်သည်တစ်ရာ၊ စစ်သည်တစ်ထောင်၊ စစ်သည်တစ်သောင်းတို့က ဝင်္ကပါများကို အသီးသီးဖွဲ့စည်းကြပြီး နန်ယွမ်တောင်တစ်ခုလုံးကို ပိတ်ဆို့လိုက်သည်။
စစ်သည်များ၏ ဓားနှင့်လှံများက လှုပ်ရှားသွားကြသည်။
စစ်တပ်၏တိုက်ခိုက်မှုအောက်တွင် အရာအားလုံးသည် သတ်ဖြတ်ခြင်းသာဖြစ်သည်။
ကောင်းကင်အဆင့် ကျွမ်းကျင်သူများကပင် လွတ်မြောက်နိုင်မည်မဟုတ်ပေ။
“မင်း၊ မင်းက ငါတို့နန်ယွမ်တာအိုဂိုဏ်းရဲ့ အမွေအနှစ်ကို ဖျက်ဆီးချင်တာပဲ ....”
ဝိညာဉ်ကိုယ်ခွဲအဆင့် ကျွမ်းကျင်သူ ယွမ်ချွမ်က အော်ဟစ်လိုက်သည်။ သူ့အသံက ကြေကွဲဝမ်းနည်းမှုများ၊ ခမ်းနားမှုများဖြင့် ပြည့်နေသည်။ သူ၏ ချီစွမ်းအင်အလင်းသည် ရွှေရောင်ပြောင်းသွားခဲ့သည်။
သူက စွမ်းအားများကို အဆုံးစွန်အထိ ထုတ်သုံးလိုက်သည်။ သူ၏ မူလဝိညာဉ်က ရုပ်ခန္ဓာနှင့် ပေါင်းစပ်သွားသောကြောင့် တိုက်ခိုက်နိုင်စွမ်းက နှစ်ဆတိုးသွားခဲ့သည်။ သူက အနာဂတ်ကျင့်ကြံခြင်းကို ထည့်မတွက်တော့ပေ။
နောက်ထပ် ဝိညာဉ်ကိုယ်ခွဲအဆင့်ဖြစ်သော တာအိုတန်ခိုးရှင် ယွမ်ကူကလည်း ထိုသို့ပင် ပြုလုပ်လိုက်သည်။ ထို့အပြင် ကောင်းကင်အဆင့်နှင့် ကောင်းကင်တစ်ဝက်အဆင့် ကျွမ်းကျင်သူများကလည်း အစွမ်းကုန်ထုတ်လွှတ်၍ ချင်းရီမင်ဆီသို့ ပြေးဝင်လာကြသည်။
ယနေ့တွင် သူတို့က အစွမ်းကုန်ထုတ်မသုံးခဲ့လျှင် ဂိုဏ်းသည် ပျက်စီးသွားလိမ့်မည်။
ချင်းရီမင်က ပြေးဝင်လာကြသော ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် ကောင်းကင်အဆင့်ကျင့်ကြံသူများကို ကြည့်လိုက်ပြီး ပြုံးသည်။
သူက တောင်ပိုင်းကုန်းမြေတွင် အချိန်ကြာမြင့်စွာ တိုက်ခိုက်ပြီး ဆေဘာဓားထဲတွင် သန်မာသောသွေးချီများကို စုဆောင်းနိုင်ခဲ့သည်။
ယခုအချိန်တွင် သူက သတ်ဖြတ်လိုစိတ်များဖြင့် ဆူပွက်နေသည်။
“ရွှပ်”
သူက ဓားမြှောက်သည်။ စစ်တပ်ဝင်္ကပါများ၏ သွေးနှင့်ချီစွမ်းအင်က တစ်ခုတည်းအဖြစ် စုစည်းသွားကြသည်။
သူက စစ်သည်ရှစ်သိန်း၏စွမ်းအားများကို စုစည်းပြီး သူတို့ကို တစ်ခါတည်း သတ်ဖြတ်မည်။
ဆေဘာဓားအလင်းသည် ဖျတ်ခနဲ လှုပ်ရှားသွားသည်။ လေဟာနယ်က ပျက်စီးသွားခဲ့သည်။ ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူ နှစ်ယောက်၊ ဝိညာဉ်သူငယ်အဆင့် ကျင့်ကြံသူ သုံးယောက်၊ ကောင်းကင်တစ်ဝက်အဆင့် ကျင့်ကြံသူ ရှစ်ယောက်နှင့် ရွှေအမြုတေအဌမအဆင့် ကျင့်ကြံသူ ငါးယောက်တို့က တစ်ခါတည်း ပျောက်ကွယ်သွားကြသည်။
ထိုဓားချက်သည် တောင်ပိုင်းကုန်းမြေစစ်တပ်၏ခွန်အားကို ကိုယ်စားပြုသည်။
“ဘုန်း”
ချီစွမ်းအင်များသည် ပတ်ဝန်းကျင်တွင် ပေါက်ကွဲထွက်လာကြသည်။
ကောင်းကင်အဆင့်ကျင့်ကြံသူများက တစ်ခါတည်း သေဆုံးသွားကြသောကြောင့် ပြန်လည်ရရှိလာသော စွမ်းအားများကလည်း အလွန်သန်မာနေသည်။
ကောင်းကင်တစ်ဝက်သည် ရွှေနီရောင်သန်းသွားခဲ့သည်။
တောက်ပနေသော ဆေဘာဓားအလင်းနှင့် ရွှေရောင်ချီစွမ်းအင်အလင်းကို ခွဲခြား၍မရနိုင်ပေ။
ဓားချက်သုံးချက် ....
ချင်းရီမင်က အစမှအဆုံးအထိ ဓားချက်သုံးချက်ကိုသာ အသုံးပြုခဲ့သည်။
သူက ဓားချက်တစ်ချက်ဖြင့် မူလဝိညာဉ်နှစ်ခုကို ပိုင်းဖြတ်ခဲ့သည်။ ထို့နောက် ဒုတိယဓားချက်ဖြင့် နန်ယွမ်တာအိုဂိုဏ်းကို ဖျက်ဆီးပြီး နောက်ဆုံးဓားချက်ဖြင့် ကောင်းကင်အဆင့်ကျင့်ကြံသူများကို အုပ်စုလိုက် သတ်ဖြတ်ခဲ့သည်။
အဝေးတစ်နေရာတွင်ရှိသော သခင်ယွမ်ချန်နှင့် တခြားလူများ၏မျက်နှာထားက တောင့်တင်းသွားကြသည်။
လူအများအပြားက လက်သီးဆုပ်ထားပြီး နှလုံးသားထဲတွင်ရှိသော အေးစက်မှုများကို အစွမ်းကုန်ကြိုးစား၍ ထိန်းချုပ်နေကြသည်။
သွေးကျားဖြစ်ပေါ်လာသောအချိန်မှစ၍ နန်ယွမ်တာအိုဂိုဏ်း ပျက်စီးသွားသည်အထိ တိုက်ပွဲတစ်ခုလုံးသည် ၁၅မိနစ်သာ ကြာမြင့်ခဲ့သည်။
ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူနှစ်ယောက် ရှိနေသော နှစ်တစ်သောင်းသမိုင်းကြောင်းနှင့် နန်ယွမ်တာအိုဂိုဏ်းသည် ထိုသို့ပင် ပျက်စီးသွားခဲ့သည်။
“ငါတို့အားလုံးက နန်ယွမ်တာအိုဂိုဏ်းလိုမျိုး ဖျက်ဆီးခံရတော့မှာလား”
အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က ဖြူဖျော့နေသောမျက်နှာဖြင့် တီးတိုးမေးသည်။
သူ့နောက်တွင်ရှိနေသော ဂိုဏ်းသည် နန်ယွမ်တာအိုဂိုဏ်းထက် အားနည်းသည်။
နန်ယွမ်တာအိုဂိုဏ်းက အမွေအနှစ်ပါမကျန် ဖျက်ဆီးခံလိုက်ရသည်။ သူ့ဂိုဏ်းက မည်သို့ ခုခံနိုင်မည်နည်း။
မိုင်တစ်ထောင်အတွင်း၌ ရှိနေသော ကျင့်ကြံသူများအားလုံးက မျက်လုံးပြူးသွားကြသည်။
လှုပ်ရှားနေသော ချီစွမ်းအင်များသည် သက်သေပင်ဖြစ်သည်။
တာအိုဂိုဏ်းတစ်ဂိုဏ်းသည် ၁၅မိနစ်အတွင်း၌ ဖျက်ဆီးခံလိုက်ရသည်။
‘ဒါက တောင်ပိုင်းကုန်းမြေစစ်တပ်ရဲ့ ခွန်အားလား’
“အဲဒါဆိုရင် ဒီလူအိုကြီးက ....”
ကျောက်ဆောင်တစ်ခုပေါ်တွင် ကောင်းကင်အဆင့် အငွေ့အသက်နှင့် လူအိုကြီးတစ်ယောက်က တီးတိုးပြောလိုက်သည်။
သခင်ချန်ယွမ်၏နောက်တွင် ရှိနေကြသော ကျင့်ကြံသူများ၏ မျက်လုံးများက တောက်ပလာခဲ့သည်။
သခင်ချန်ယွမ်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တင်းမာနေသောမျက်နှာထားဖြင့် ပြောသည်။
“အရှေ့တောင်ပိုင်းမှာ တာအိုဂိုဏ်းသုံးထောင် ရှိနေတယ်။ ချင်းရီမင်က ဂိုဏ်းတွေကို တစ်ခုချင်းစီ ဖျက်ဆီးနိုင်မှာလား ကြည့်ရအောင်”
သူက စစ်တပ်ကို ဦးဆောင်ပြီး တစ်ဂိုဏ်းချင်းစီ မတိုက်ခိုက်ချင်ဘူးဆိုရင် စစ်တပ်ကို ခွဲထုတ်လိမ့်မယ်”
“သူက တာအိုဂိုဏ်းသုံးထောင်လုံးကို ဖျက်ဆီးချင်တယ်ဆိုရင် ဆယ်နှစ်ကြာသွားလိမ့်မယ်”
“လူစုခွဲပြီး တိုက်ခိုက်ကြပါ။ သူ့ရဲ့စစ်တပ်က တပ်စုဘယ်နှစုခွဲနိုင်မလဲ ကြည့်ကြတာပေါ့”
အရှေ့တောင်ပိုင်း၏ ဒေသရှစ်ခုတွင် တာအိုဂိုဏ်းအများအပြား ရှိနေခဲ့သည်။
ယနေ့တွင် ချင်းရီမင်၏ ရက်စက်သောအပြုအမူသည် လူတချို့ကို ခြိမ်းခြောက်နိုင်သော်လည်း တာအိုဂိုဏ်းများအားလုံးကို တုန်လှုပ်သွားစေမည်မဟုတ်ချေ။
တာအိုအင်အားစုနှင့် အမတ်ချုပ်ကြီးဟန်သည် အားပြိုင်နေကြသည်။ သူတို့က ချင်းရီမင်ကို ဤနေရာတွင် တားဆီးထားရန် မလိုအပ်ပေ။
ချင်းရီမင်က အလယ်ပိုင်းကုန်းမြေကို လျင်မြန်စွာမရှင်းလင်းနိုင်ဘဲ ဟန်မူယဲ့က နန်းမြို့တော်သို့ ရောက်သွားသည်အထိ အပြင်ဘက်တွင် ကောင်းကင်အဆင့်ကျင့်ကြံသူများ ဆက်ရှိနေကြသေးလျှင် တာအိုအင်အားစုက အနိုင်ရလိမ့်မည်။
သခင်ချန်ယွမ်၏စကားကြောင့် လူတိုင်းက တိတ်ဆိတ်သွားကြသည်။
ချင်းရီမင်၏ ရက်စက်သောအပြုအမူက သူတို့အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။
အကယ်၍ ချင်းရီမင်၏စစ်တပ်ကို အချိန်ဆွဲထားနိုင်မည်ဆိုလျှင်ပင် မရေမတွက်နိုင်သော တာအိုဂိုဏ်းများသည် ပျက်စီးရလိမ့်မည်။
“အကြီးအကဲ၊ ကျွန်တော်တို့က တာအိုကျင့်ကြံသူတွေအားလုံးကို စုစည်းပြီး ချင်းရီမင်ကို သတ်လို့မရဘူးလား”
အဖြူရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် တာအိုတန်ခိုးရှင်က နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။
“ရတယ်”
သခင်ယွမ်ချန်၏မျက်လုံးများက တောက်ပသွားသည်။ သူက ရှင်းလင်းစွာ ပြောသည်။
“ချင်းရီမင်က စစ်တပ်ကို ခွဲထုတ်လိုက်ရင် ငါက ချက်ချင်းလှုပ်ရှားမယ်”
သူကချင်းရီမင်ကို လုပ်ကြံသတ်ဖြတ်ရန်အတွက် ရောက်လာခဲ့သည်။
ယခုအချိန်တွင် သူတို့အားလုံးက သခင်ယွမ်ချန်၏ အစစ်အမှန်ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။
ချင်းရီမင်၏စစ်တပ်က နန်ယွမ်တာအိုဂိုဏ်းကို ဖျက်ဆီးနိုင်သော်လည်း အရှေ့တောင်ပိုင်းရှိ တာအိုဂိုဏ်းများအားလုံးကို တစ်ခုပြီးတစ်ခု ဖျက်ဆီးရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် သူက စစ်တပ်ကို ခွဲထုတ်ရလိမ့်မည်။
အစပိုင်းတွင် သခင်ယွမ်ချန်က ချင်းရီမင်၏ တပ်စုခွဲများကို တိုက်ခိုက်ချင်သည်ဟု သူတို့က ထင်ခဲ့ကြသည်။
သို့သော် ချင်းရီမင်က စစ်တပ်ကို ခွဲထုတ်လိုက်လျှင် သေဆုံးခြင်းနှင့် ကြုံတွေ့ရလိမ့်မည်။ ထိုအချက်ကို သူတို့အားလုံးက နားလည်သွားကြသည်။
သင်္ဘောပျံတစ်စင်းသည် မိုင်သန်းချီကွာဝေးသောနေရာတွင် ရှိနေခဲ့သည်။ ယွင်သွမ့်က နန်ယွမ်ဂိုဏ်းကို ဖျက်ဆီးလိုက်ပြီး ပြန်လည်စုစည်းနေသော ချင်းရီမင်၏စစ်တပ်ကို အလင်းလွှာမှတစ်ဆင့် ကြည့်နေခဲ့သည်။
“အမတ်ချုပ်ကြီးဟန်၊ သူတို့က ဘာဆက်လုပ်ကြမှာလဲ”
ဟန်မူယဲ့က အလင်းလွှာကို ကြည့်သည်။
အလင်းလွှာပေါ်တွင် သွေးကျားပုံရိပ်က စတင်ဖြစ်တည်လာသည်။
ဟန်မူယဲ့၏မျက်လုံးများက တောက်ပနေပြီး တည်ငြိမ်စွာပြောသည်။
“မလှုပ်နဲ့”
ယွင်သွမ့်က တစ်ကိုယ်လုံးတောင့်တင်းသွားပြီး နားမလည်နိုင်ဖြစ်နေသည်။
နန်ယွမ်တောင်တွင် သွေးကျားသည် ပြန်လည်စုစည်းလာခဲ့သည်။
ချင်းရီမင်က သွေးကျား၏ခေါင်းပေါ်တွင် ရပ်နေပြီး လက်မြှောက်သည်။
“တပ်စုအားလုံး နားထောင်ကြပါ”
အရေးပါသောအချိန်သို့ ရောက်ရှိလာခဲ့သည်။
အဝေးတစ်နေရာတွင် သခင်ယွမ်ချန်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
သူ့နောက်တွင်ရှိနေသော တာအိုဂိုဏ်း၏ ကျွမ်းကျင်သူများအားလုံးက အသက်ရှူအောင့်ထားကြသည်။
ယွင်သွမ့်က မျက်လုံးဝိုင်းကြီးများနှင့် ဟန်မူယဲ့ကို ကြည့်နေသည်။
သူမက အနောက်ဘက်နယ်စပ်ကုန်းမြေသို့ သွားပြီး ဟန်မူယဲ့ကို အလယ်ပိုင်းကုန်းမြေသို့ ဖိတ်ခေါ်လာသောအခါတွင် ဟန်မူယဲ့က သူမကို အကြိမ်ပေါင်းများစွာ ထိတ်လန့်စေခဲ့သည်။
သူမက ဟန်မူယဲ့၏အပြုအမူများကို မခန့်မှန်းနိုင်ခဲ့ပေ။
ယခုအချိန်တွင် သူမက အရူးတစ်ယောက်သဖွယ် ခံစားရသည်။
‘သူနဲ့ငါ့ကြားမှာရှိနေတဲ့ ကွာခြားချက်က ဒီလောက်တောင်ကြီးတာလား’
ယွင်သွမ့်၏ရှေ့တွင် ဟန်မူယဲ့သည် ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့သည်။ သူက ကျောပေါ်တွင်ရှိနေသော ဓားကို ဆွဲထုတ်သည်။
ကြည်လင်နေသောဓားအလင်းသည် ကောင်းကင်ထက်တွင် တောက်ပသွားသည်။
“ဘုန်း”
ဟန်မူယဲ့က ဓားဖြင့် ခုတ်ချလိုက်သောအခါတွင် ကောင်းကင်ထက်၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
ထို့အပြင် ရွှေလှေကားတစ်စင်းလည်း ဖြစ်တည်လာခဲ့သည်။
“မင်းတို့တွေက ကောင်းကင်အံ့ဖွယ်ကမ္ဘာအပေါ်မှာ သစ္စာမရှိကြဘူးဆိုတာကို ငါသိတယ်”
ဟန်မူယဲ့၏စကားကြောင့် မဟာကျင့်ကြံသူအများအပြားက မျက်နှာထားပြောင်းလဲသွားခဲ့သည်။
‘သူက ပြင်ပဘုံစစ်တပ်ကို ပြန်ခေါ်ပြီး ရည်ရွယ်ချက်ရှိနေတဲ့လူတွေကို သတ်တော့မှာလား’
အဝါရောင်စွမ်းအင်အလင်းများသည် ကောင်းကင်အဆင့် ကျွမ်းကျင်သူများ၏ ခေါင်းပေါ်တွင် ပေါ်လာကြသည်။ ထို့နောက် ထိုအလင်းတိုင်များက အနည်းငယ် နီရဲသွားသည်။