← Chapters

အခန်း (၆၆၅)

Vol. 48 Ch. 665

အခန်း (၆၆၅)

Vol. 48 Ch. 665

ထိုဖြစ်ရပ်ကို မြင်လိုက်ရသောအခါတွင် ကျွမ်းကျင်သူများက ချီစွမ်းအင်ကိုထုတ်ဖော်၍ သတိထားနေကြသည်။

အမတ်ချုပ်ကြီးအသစ်သည် နန်းမြို့တော်သို့ မဝင်ရောက်ခင် သူပုန်များကို သတ်ဖြတ်တော့မည်။

သို့သော် ဟန်မူယဲ့က အနီရောင်အလင်းများ ထုတ်လွှတ်နေသော ကောင်းကင်အဆင့်ကျင့်ကြံသူများကို မသတ်ဖြတ်ခဲ့ပေ။

သူက ကောင်းကင်ကို ကြည့်သည်။

“မင်းတို့အားလုံးက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အပြင်ဘက်ကို သွားချင်နေကြတာမဟုတ်လား”

“လူအများစုက အင်မော်တယ်ဝိညာဉ်ကမ္ဘာကို သွားချင်နေကြတယ်”

ဟန်မူယဲ့က ဖြည်းဖြည်းချင်းခေါင်းငုံ့ပြီး ကောင်းကင်အဆင့်ကျင့်ကြံသူများကို ကြည့်သည်။ သူက ဓားကို မြှောက်လိုက်သည်။

“ဒီနေ့မှာ ငါက မင်းတို့အားလုံးကို ပြင်ပဘုံဆီ ခေါ်သွားမယ်”

ပြင်ပဘုံ ....

အမတ်ချုပ်ကြီးဟန်က သူတို့အားလုံးကို ပြင်ပဘုံသို့ ခေါ်သွားတော့မည်။

နန်းမြို့တော်၏အပြင်ဘက်တွင် ရှိနေကြသော ကောင်းကင်အဆင့် ကျွမ်းကျင်သူများအားလုံးက နားမလည်နိုင်ဖြစ်သွားသည်။

သူက နန်းမြို့တော်သို့ မဝင်ရောက်သေးဘဲ ကောင်းကင်အဆင့် ကျွမ်းကျင်သူများကို ပြင်ပဘုံသို့ ခေါ်ထုတ်သွားတော့မည်။

‘ပုန်ကန်ချင်တဲ့လူတွေက တစ်ခါတည်း ထွက်သွားမှာကို မစိုးရိမ်ဘူးလား’

“ဟားဟား၊ တောင်တန်းအကြီးအကဲက ဖိတ်ခေါ်နေမှတော့ တုန်းဖန်ရှုက အဖော်ပြုပေးပါ့မယ်”

ကျောင်းတော်သားဝတ်စုံနှင့် တုန်းဖန်ရှုက ရယ်မောလိုက်ပြီး ခြေလှမ်းကျဲကြီးများနှင့်အတူ ထွက်လာခဲ့သည်။

သူ့နောက်တွင် တခြားကျောင်းတော်သားများလည်း ပါလာပြီး ရွှေလှေကားပေါ်သို့ လျင်မြန်စွာတက်သွားကြသည်။

တော်ဝင်ကျောင်းတော်၏ မဟာကျောင်းတော်သားများကလည်း တုံ့ဆိုင်းခြင်းမရှိဘဲ နောက်မှ ချက်ချင်းလိုက်လာကြသည်။

ချင်းရီမင်နှင့် စစ်သည်များက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

ဒေသအုပ်ချုပ်သူများက တုံ့ဆိုင်းနေကြသည်။

သူတို့ထွက်သွားလျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို မည်သူက စောင့်ကြပ်မည်နည်း။

ယွင်သွမ့်ကလည်း စိုးရိမ်နေသည်။

ထိုအချိန်တွင် ဟန်မူယဲ့က ရုတ်တရက် နောက်လှည့်ပြီး လက်မြှောက်၍ ရွှေရောင်ချိပ်တံဆိပ်ကို ပစ်ပေးသည်။

ရွှေရောင်ချိပ်တံဆိပ်က တုန်ခါသွားပြီး နေရာအနှံ့တွင်ရှိသော နတ်ဘုရားအလင်းတန်းများကို စုစည်းလိုက်သည်။

ရွှေရောင်ချပ်ဝတ်နှင့် နတ်များက လေးနက်သောမျက်နှာထားဖြင့် ပေါ်ထွက်လာကြသည်။

ယွင်သွမ့်က ရွှေရောင်ချိပ်တံဆိပ်နှင့် ကောင်းကင်ထက်တွင်ပြည့်နေသော နတ်များကို ကြည့်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ ထို့နောက် ဦးညွတ်၍ ချိပ်စည်းတံဆိပ်ကို လက်ခံသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် နတ်ဘုရားတာအိုသည် သန်မာမှုမရှိသေးပေ။

သို့သော် ကောင်းကင်အဆင့် ကျွမ်းကျင်သူများအားလုံးက ထွက်ခွာသွားကြမည်ဖြစ်သောကြောင့် ထိုနတ်များက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ဖိနှိပ်နိုင်ကြသည်။

တာအိုဂိုဏ်းများ၏ စိတ်ထားကျဉ်းမြောင်းသော ကောင်းကင်အဆင့် ကျင့်ကြံသူအချို့က တခြားအကြံများ ရှိနေခဲ့သည်။ သို့သော် နတ်များကို မြင်လိုက်ရသောအခါတွင် ထိုအတွေးများကို ဘေးဖယ်ထားလိုက်ရသည်။

ကောင်းကင်အဆင့်ကျင့်ကြံသူ တစ်သောင်းခန့်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်လာခဲ့ကြသည်။

ထိုလူများထဲတွင် နယ်မြေတစ်ခုလုံးကို ဖိနှိပ်နိုင်သော ကုန်းစွန်းရှုကဲ့သို့ အားကောင်းသည့် ကျင့်ကြံသူများနှင့် ကောင်းကင်အဆင့်သို့ စတင်ဝင်ရောက်လာပြီး ပြင်ပဘုံကို မမြင်ဘူးသောလူများလည်း ပါဝင်နေကြသည်။

ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်း၏ စွမ်းအားများသည် အာကာသကို တုန်ခါသွားစေခဲ့သည်။

သွေးချီများသည် အဝေးတစ်နေရာတွင် ရှိနေကြသည်။

ကောင်းကင်အံ့ဖွယ်စစ်တပ်သည် ထိုနေရာတွင် အခြေချနေသည်။

သူတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကောင်းကင်အတားအဆီးထဲတွင် မတ်တပ်ရပ်နေကြပြီး အပြင်ဘက်သို့ ကြည့်လိုက်သောအခါတွင် ချီစွမ်းအင်၊ သွေးအလင်းများဖြင့် ရောယှက်နေသော မဟာတံတိုင်းကြီးကို မြင်လိုက်ရသည်။

ဟန်မူယဲ့က စကားမပြောဘဲ ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်းကို ဦးဆောင်၍ အာကာသထဲသို့ ဝင်ရောက်လိုက်သည်။

အာကာသထဲတွင် ပျံသန်းခြင်းသည် ကောင်းကင်အဆင့်၏ အောက်တွင်ရှိသော ကျင့်ကြံသူများကို အားနည်းစေသည်။ ထို့ကြောင့် သူက ကောင်းကင်အဆင့် ကျွမ်းကျင်သူများကိုသာ ခေါ်ဆောင်လာခဲ့သည်။

“ဘုန်း”

ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်းက ချီတက်လာသောကြောင့် ချီစွမ်းအင်အလင်းများက ပေါက်ကွဲသွားကြသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ရွှေရောင်ချီစွမ်းအင်အလင်းကို ထုတ်ဖော်သည်။

ထိုအလင်းသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကိုယ်စားပြုနေသောကြောင့် စစ်ဆေးရန်ရောက်လာသော နတ်အာရုံများက နောက်ဆုတ်သွားကြသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့၊ မီးငှက်စစ်စခန်းက အမတ်ချုပ်ကြီးဟန်ကို ကြိုဆိုလိုက်ပါတယ် ....”

အာကာသထဲတွင် စစ်တပ်ဝင်္ကပါတစ်ခု စုစည်းလာသည်။ ပြင်းထန်လှသော တိုက်ခိုက်လိုစိတ်များသည် ပေတစ်သန်းကြီးမားသော မီးငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

လွှမ်းမိုးနိုင်စွမ်းရှိသော စစ်သည်တစ်သန်း ဖြစ်သည်။

မီးငှက်၏ အငွေ့အသက်အရ တောင်ပံတစ်ချက် ခတ်လိုက်ရုံဖြင့် ကောင်းကင်အဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်နိုင်လိမ့်မည်။

ထိုဝင်္ကပါသည် သူတော်စင်တစ်ပါးကိုပင် သတ်ဖြတ်နိုင်သည်။

တာအိုလမ်းစဉ်၏ ကောင်းကင်အဆင့်ကျွမ်းကျင်သူများက အံ့အားသင့်သွားကြသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ပြင်ပဘုံတွင် ထိုစစ်တပ်မျိုးကို ပိုင်ဆိုင်ထားသည်။

ထိုစစ်တပ်ကို ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်လည်ဆင့်ခေါ်လိုက်လျှင် တာအိုဂိုဏ်းများကို လွယ်ကူစွာဖိနှိပ်နိုင်လိမ့်မည်။

“တာအိုရောင်းရင်းကျန်းယွမ်၊ ဒီစစ်တပ်က အရမ်းသန်မာလွန်းတယ် ...”

ဆံပင်ဖြူနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က တီးတိုးပြောသည်။

သူ့ဘေးတွင် တာအိုလမ်းစဉ်၏ ကောင်းကင်အဆင့် ကျွမ်းကျင်သူများ ရှိနေကြသည်။ သူနှင့် အနီးဆုံးလူသည် အစိမ်းရောင်ဝတ်စုံနှင့် မုတ်ဆိတ်ငုတ်တိုများရှိနေသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ထိုလူ၏စကားကို ကြားလိုက်ရသောအခါတွင် တာအိုတန်ခိုးရှင်ကျန်းယွမ်က ခေါင်းညိတ်သည်။

“ပြင်ပဘုံမှာရှိနေတဲ့စစ်တပ်က သန်မာနေမှာပဲလေ”

“ဒါပေမဲ့ အဲဒါက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အသန်မာဆုံးစစ်တပ်ပဲ ဖြစ်လိမ့်မယ်”

သူက ရပ်တန့်လိုက်ပြီး တောက်ပနေသောမျက်လုံးများနှင့် ဆက်ပြောသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာက တခြားစစ်တပ်တွေကိုပိုင်ဆိုင်ဖို့ မဖြစ်နိုင်ဘူး”

ကျန်းယွမ်၏စကားကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်တွင်ရှိနေသော တခြားကျွမ်းကျင်သူများက ခေါင်းညိတ်လိုက်ကြသည်။

သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တချို့ တီးတိုးစကားပြောနေပြီး တချို့က နတ်အာရုံများဖြင့် ဆက်သွယ်နေကြသည်။

ဤစစ်တပ်သည် ဟန်မူယဲ့၏ ခွန်အားပြသခြင်းပင် ဖြစ်လိမ့်မည်။

ဟန်မူယဲ့က စစ်တပ်စခန်းအတွင်းသို့ ဝင်မသွားပေ။ သူက ကောင်းကင်အဆင့် ကျွမ်းကျင်သူများကို ဦးဆောင်၍ လျင်မြန်စွာပျံသန်းသွားခဲ့သည်။

ရှေ့ဆုံးတွင်ရှိနေကြသော ကွန်ဖြူးရှပ်တာအို၏ မဟာကျင့်ကြံသူကြီးများက တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းထားပြီး ချီစွမ်းအင်များကို ချွေတာနေကြသည်။

နောက်တွင်ရှိနေသော တာအိုတန်ခိုးရှင်များက ဖရိုဖရဲဖြစ်နေပြီး လူအနည်းငယ်သာ ပူပေါင်းဆောင်ရွက်ကြသည်။

ဟန်မူယဲ့က ထိုအကြောင်းကို ဂရုမစိုက်ဘဲ ရှေ့ဆက်သွားနေသည်။

သူတို့က ၁၅မိနစ်အတွင်း၌ နောက်ထပ်စစ်တပ်စခန်းတစ်ခုကို မြင်လိုက်ရသည်။ အဆုံးမရှိသော ချီစွမ်းအင်နှင့် သွေးစွမ်းအင်များက ကောင်းကင်အထိ မြင့်တက်လာသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ မီးတောက်နီစစ်တပ်၊ ဟူဝေစစ်တပ်စခန်းက အမတ်ချုပ်ကြီးဟန်ကို ကြိုဆိုလိုက်ပါတယ် ....”

“ဘုန်း”

ပေတစ်သန်းကြီးမားသော ရွှေကျားတစ်ကောင် ပေါ်ထွက်လာခဲ့သည်။

ဤစစ်တပ်သည် မီးငှက်စစ်တပ်ထက် ပိုမိုအားကောင်းသည်။

ပြင်ပဘုံသို့ ပထမဆုံးအကြိမ်ရောက်ဖူးသော ကောင်းကင်အဆင့် ကျွမ်းကျင်သူများသည် အလွန်ထိတ်လန့်နေကြသည်။ တချို့၏မျက်နှာများက ဖြူဖျော့သွားကြသည်။

သို့သော် ရှေ့တွင်ရှိနေသော ကျင့်ကြံသူများ၏မျက်နှာက နီရဲနေကြသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာကို သစ္စာရှိသောလူများသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ခွန်အားကို မြင်လိုက်ရသောအခါတွင် ပျော်ရွှင်သွားကြသည်။

သူတို့က ရှေ့ဆက်သွားလိုက်ပြီး ၁၅မိနစ်တိုင်းတွင် စစ်တပ်စခန်းတစ်ခုကို မြင်ခဲ့ရသည်။

မီးငှက်၊ လိပ်နက်နှင့် နတ်ဘုရားသားရဲ အမျိုးမျိုး၏ ပုံရိပ်များက ဖြစ်တည်လာကြသည်။

ထိုစစ်တပ်များအားလုံးသည် ကောင်းကင်အဆင့်၏ အထက်တွင်ရှိသော သူတော်စင်အဆင့်ကို သတ်ဖြတ်နိုင်ကြသည်။

ထိုစစ်တပ်ဝင်္ကပါများအားလုံးသည် ပြိုင်ဘက်ကင်းကြသည်။

တာအိုပြိုင်ပွဲနယ်မြေတွင် ကံကြမ္မာနှင့် ပြန်လည်မွေးဖွားခြင်းအဆင့်များကို ဖိနှိပ်ထားသောကြောင့် စစ်တပ်ဝင်္ကပါ၏စွမ်းအားသည် အသန်မာဆုံးဖြစ်သည်။

ထိုစစ်တပ်ဝင်္ကပါများကို စစ်တပ်ဝင်္ကပါနှင့်သာ တိုက်ခိုက်ရမည်။

ကျွမ်းကျင်သူများကို စေလွှတ်လိုက်လျှင် အသတ်ခံရလိမ့်မည်။

ပုန်ကန်ရန်ကြံစည်ထားသော တာအိုလမ်းစဉ်၏ ကျွမ်းကျင်သူများသည် ယခုအချိန်တွင် တစ်ကိုယ်လုံး တုန်ခါနေကြသည်။

သူတို့က ပြင်ပဘုံတွင်ရှိနေသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စစ်တပ်များအကြောင်းကို သိထားကြသည်။

သို့သော် ယခုအချိန်သို့ရောက်မှ ထိုစစ်တပ်များ၏ခွန်အားကို မြင်လိုက်ရသည်။

ထိုစွမ်းအားသည် ထိပ်တန်းအဆင့်တာအိုဂိုဏ်းများကို အကြိမ်ပေါင်းရာချီ၍ ဖျက်ဆီးပစ်နိုင်သည်။

“အဲဒါကြောင့် ဝမ်မော့ရှန်က ငါတို့တာအိုဂိုဏ်းတွေကို တစ်ခါမှ အလေးအနက်မထားတာပဲ ....”

အနက်ရောင်မုတ်ဆိတ်နှင့် တာအိုတန်ခိုးရှင်တစ်ဦးက ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

တခြားလူများကလည်း ရှုပ်ထွေးနေသော မျက်နှာထားများဖြင့် ညင်သာစွာ ခေါင်းညိတ်ကြသည်။

သူတို့က တာအိုအင်အားစုသည် အလွန်သန်မာသည်ဟု မှတ်ယူထားကြပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထိန်းချုပ်ချင်ခဲ့သည်။

သို့သော် ကွန်ဖြူးရှပ်လမ်းစဉ်၏ အမြင်တွင် တာအိုအင်အားစုသည် ဟာသတစ်ခုသာ ဖြစ်သည်။

တာအိုအင်အားစုသည် ပြင်ပဘုံတွင်ရှိသော စစ်တပ်တစ်ခုနှင့်ပင် မယှဉ်နိုင်ပေ။

ယနေ့တွင် သူတို့က ဒါဇင်ချီနေသော စစ်တပ်များကို မြင်ခဲ့ရသည်။

သူတို့က ဆယ်ရက်ကြာအောင် ပျံသန်းလာခဲ့ပြီး စစ်တပ်စခန်းသုံးရာကျော်ကို မြင်တွေ့ခဲ့ရသည်။

စစ်တပ်များသည် ရှေ့တန်းနှင့် နီးကပ်လာလေ ပိုမိုသန်မာလေ ဖြစ်သည်။

နောက်ပိုင်းတွင် ဝိညာဉ်သူငယ် ပဥ္စမအဆင့်နှင့် အောက်တွင်ရှိသော ကျွမ်းကျင်သူများသည် စစ်တပ်ဝင်္ကပါ၏ ပုံရိပ်ကိုပင် တိုက်ရိုက်မကြည့်နိုင်တော့ပေ။

စစ်တပ်ဝင်္ကပါ၏ သတ်ဖြတ်လိုစိတ်နှင့် သွေးချီများသည် ကျင့်ကြံသူ၏ဝိညာဉ်ကို ထိခိုက်သွားစေနိုင်သည်။

အစပိုင်းတွင် ပေါ့ပါးနေခဲ့‌သော ကောင်းကင်အဆင့် ကျွမ်းကျင်သူတစ်သောင်းသည် ယခုအချိန်တွင် တိတ်ဆိတ်သွားကြသည်။

‘ငါက ဘာပြောခဲ့တာလဲ’

ကျန်းယွမ်က တွေးမိသည်။

‘ငါက ရေတွင်းအောက်ခြေမှာရှိနေတဲ့ ဖားသူငယ်ပဲ’

ပုန်ကန်ရန်ကြံစည်နေသော တာအိုအင်အားစုသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် ဟာသတစ်ခုသာ ဖြစ်သည်။

“အဲဒါက အင်မော်တယ်ဝိညာဉ်ကမ္ဘာပဲ”

ဟန်မူယဲ့က ရုတ်တရက် လက်မြှောက်လိုက်ပြီး ညွှန်ပြသည်။

‘အင်မော်တယ်ဝိညာဉ်ကမ္ဘာတဲ့လား’

တာအိုလမ်းစဉ်၏ ကောင်းကင်အဆင့် ကျွမ်းကျင်သူများက ဟန်မူယဲ့ ညွှန်ပြနေသောနေရာသို့ ကြည့်လိုက်ကြသည်။

တောက်ပနေသောကြယ်များသည် အာကာသထဲတွင် ရှိနေကြသည်။

“မင်းတို့ကို ခေါ်သွားပေးမယ်”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။ သူက လှုပ်ရှားလိုက်ပြီး အာကာသထဲတွင် ပျံသန်းသွားသည်။

‘အင်မော်တယ်ဝိညာဉ်ကမ္ဘာကို သွားကြည့်မှာလား’

သူတို့အားလုံးက ကြောင်အသွားကြသည်။

‘ငါတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာကလေ။ သူက ဒီအတိုင်းပဲ အင်မော်တယ်ဝိညာဉ်ကမ္ဘာကို သွားလိုက်တော့မှာလား’

‘သူက ငါတို့အားလုံးကို မျှားခေါ်လာတာလား”

All Chapters