← Chapters

အခန်း (၆၆၆)

Vol. 48 Ch. 666

အခန်း (၆၆၆)

Vol. 48 Ch. 666

‘ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဓားအင်မော်တယ်ပဲ။ သူက ဓားတာအိုကိုလည်း လေ့ကျင့်ထားတာကြောင့် တာအိုလမ်းစဉ်ကို လျှောက်လှမ်းတယ်လို့ ပြောနိုင်တယ်။ သူက အင်မော်တယ်ဝိညာဉ်ကမ္ဘာနဲ့ ပူးပေါင်းချင်နေတာလား’

သူ့နောက်တွင် ကောင်းကင်အဆင့် ကျွမ်းကျင်သူများက စိတ်ကူးယဉ်နေကြသည်။

ကျောင်းတော်သားများ၏ မျက်နှာထားက လေးနက်သွားသည်။

‘ဟန်မူယဲ့က ငါတို့ကို အသတ်ခံရအောင် မျှားခေါ်လာတာလား’

မဟုတ်ပေ။

ဟန်မူယဲ့က ဓားထုတ်လိုက်သည်။

ဓားအလင်းပေါ်ထွက်လာပြီး အာကာသထဲတွင်ရှိနေသော လူနှစ်ယောက်က နှစ်ပိုင်းပြတ်သွားခဲ့သည်။ ပုန်းကွယ်နိုင်စွမ်းကောင်းသော ကျွမ်းကျင်သူနှစ်ယောက်က တစ်ခါတည်း အသတ်ခံလိုက်ရသည်။

သူတို့က အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ ဖြစ်ကြသည်။

ဟန်မူယဲ့၏ရှေ့တွင် ချီစွမ်းအင်အလင်းတစ်ခု ပေါ်ထွက်လာသည်။

သွေးရောင်စစ်တပ်ဝင်္ကပါကို မြင်လိုက်ရသည်။

ထိုစစ်တပ်ဝင်္ကပါသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စစ်တပ်ဝင်္ကပါနှင့် ယှဉ်နိုင်သည်။

ဟန်မူယဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ ဓားဖြင့်ခုတ်ချသည်။

“ဘုန်း”

ဓားရှည်သည် ပေတစ်သိန်းမြင့်မားသော စစ်တပ်ဝင်္ကပါ၏ပုံရိပ်နှင့် ထိတွေ့သွားခဲ့သည်။

ဓားအလင်းက ဝင်္ကပါ၏ပုံရိပ်ကို တစ်စစီဖြစ်သွားစေသည်။

ဟန်မူယဲ့၏ဓားသည် စစ်သည်တစ်သန်းကို ဖိနှိပ်နိုင်သည်။

‘ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးအသစ်က ဘယ်လောက်တောင် သန်မာတာလဲ’

“သတ်”

ဟန်မူယဲ့က တည်ငြိမ်စွာပြောလိုက်သည်။

သူ့နောက်တွင်ရှိနေသော မဟာကျောင်းတော်သားများက တုံ့ဆိုင်းမနေကြပေ။ သူတို့၏လက်ထဲတွင်ရှိသော သမာဓိစွမ်းအားသည် ဓားနှင့်လှံများအဖြစ် ပြောင်းလဲသွားပြီး ပြန့်ကျဲသွားသောစစ်တပ်ကို တိုက်ခိုက်လိုက်ကြသည်။

အဝေးတစ်နေရာတွင် အလင်းတန်းများက ပျံသန်းလာကြသည်။ သူတို့က စစ်တပ်ဝင်္ကပါကို ကူညီပေးရန်အတွက် လှုပ်ရှားလိုက်သော အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကောင်းကင်အဆင့် ကျွမ်းကျင်သူများပင် ဖြစ်ကြသည်။

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။ ချင်းရီမင်နှင့် ကောင်းကင်အဆင့် စစ်သည်များက ရှေ့တက်သွားကြသည်။

ဟန်မူယဲ့က တာအိုလမ်းစဉ်၏ ကျွမ်းကျင်သူများကိုလည်း လှည့်ကြည့်သည်။

လူတချို့က နားလည်လိုက်ပြီး ရှေ့ထွက်သွားကြသည်။

တချို့လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရွေးချယ်စရာမရှိဘဲ လိုက်သွားရသည်။

ကောင်းကင်အဆင့် ကျွမ်းကျင်သူတစ်သောင်း၏ ခွန်အားသည် စိတ်ကူးမယဉ်နိုင်အောင် သန်မာသည်။

သူတို့ထဲတွင် အလွန်သန်မာသော သူတော်စင်တစ်ဝက်အဆင့်များလည်း ရှိနေကြသည်။

သူတို့က ပျက်စီးနေသော စစ်တပ်ဝင်္ကပါကို လွယ်ကူစွာ ဖြေရှင်းနိုင်သည်။

ကူညီရန်အတွက် ရောက်လာကြသော အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကျွမ်းကျင်သူများကလည်း အသတ်ခံလိုက်ရသည်။ စစ်တပ်ဝင်္ကပါက ပြိုလဲသွားသည်။

မရေမတွက်နိုင်သော စစ်သည်များက ထွက်ပြေးသွားကြသည်။

တိုက်ခိုက်နိုင်စွမ်းမရှိသော စစ်တပ်ဝင်္ကပါသည် ကျွမ်းကျင်သူများကို မတားဆီးနိုင်ပေ။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကောင်းကင်အဆင့် ကျင့်ကြံသူများက သူတို့ကို လိုက်မသတ်ခဲ့ပေ။

ထွက်ပြေးသွားသော စစ်သည်များထဲတွင် လူတချို့သာ ရှင်သန်နိုင်ကြလိမ့်မည်။ အများစုက အာကာသထဲတွင် သေဆုံးသွားလိမ့်မည်။ အာကာသထဲတွင် ပြန့်ကျဲနေသော သန္ဓေပြောင်းသားရဲများ၏ ဝါးမြိုခြင်းကိုလည်း ခံကြရလိမ့်မည်။

စစ်သည်တစ်သန်းနှင့် ကောင်းကင်အဆင့် ကျင့်ကြံသူ အများအပြားသည် လွယ်ကူစွာ သေဆုံးသွားကြသည်။

“အင်မော်တယ်ဝိညာဉ်ကမ္ဘာက ဒီလောက်လည်း မဟုတ်ပါဘူး ....”

တာအိုတန်ခိုးရှင်တစ်ယောက်က ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ပြောလိုက်သည်။

ကျန်လူများကလည်း သူနှင့် အတွေးတူကြသည်။

အဌဂံပုံတာအိုဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ငါတို့က ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်းရဲ့ စွမ်းအားတွေကို စုစည်းလိုက်မယ်ဆိုရင် စစ်သည်တစ်သန်းကို လွယ်လွယ်လေး သတ်ဖြတ်နိုင်လိမ့်မယ်။ ပိုများတဲ့စစ်တပ်တွေ ရှိနေရင်တောင် ငါတို့ကို တားနိုင်မှာမဟုတ်ဘူး”

“ငါက ဒီအတိုင်း သိချင်ရုံပါပဲ။ အမတ်ချုပ်ကြီးဟန်က ငါတို့တာအိုဂိုဏ်းတွေအားလုံး ပူးပေါင်းသွားမှာကို မကြောက်ဘူးလား။ ဝင်္ကပါစွမ်းအားက တကယ်ကြောက်ဖို့ကောင်းတယ်”

ဝင်္ကပါစွမ်းအားသည် လှောင်အိမ်ထဲမှလွတ်မြောက်လာသော သားရဲရိုင်းတစ်ကောင်နှင့် တူသည်။

အနာဂတ်တွင် တာအိုဂိုဏ်းများက အတူတကွ ပူးပေါင်းနိုင်မည်ဆိုလျှင် စိတ်ကူးမယဉ်နိုင်သောစွမ်းအားကို ပိုင်ဆိုင်ရလိမ့်မည်။

တာအိုလမ်းစဉ်၏ ကောင်းကင်အဆင့် ကျွမ်းကျင်သူအများအပြားက မျက်လုံးများ တောက်ပသွားကြသည်။

ရွှေရောင်သရဖူနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က ခေါင်းခါလိုက်ပြီး ဂရုမစိုက်ဘဲ ပြောသည်။

“တာအိုလမ်းစဉ်ကို ဘယ်သူက ဦးဆောင်နိုင်လို့လဲ”

သူ့စကားသည် ရေအေးတစ်ပုံးနှင့်တူသည်။

သူတို့ကို မည်သူက စုစည်းနိုင်မည်နည်း။

တာအိုဘိုးဘေးတစ်ယောက်သည် သူတို့ကို စုစည်းနိုင်လိမ့်မည်။

သို့သော် တာအိုဘိုးဘေးတစ်ယောက် ဖြစ်သွားခဲ့လျှင် သူတို့ကို စုစည်းနေရန် မလိုအပ်တော့ပေ။

လူတိုင်းက ရှုပ်ထွေးနေသောမျက်နှာထားများဖြင့် ဟန်မူယဲ့ကို မော့ကြည့်လိုက်ကြသည်။

အမတ်ချုပ်ကြီးအသစ်က သူတို့အားလုံးကို စုစည်းနိုင်ခဲ့သည်။

“ဘုန်း”

ဟန်မူယဲ့က ဓားဖြင့် ခုတ်ချလိုက်သည်။ အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ဖြူဖျော့နေသောမျက်နှာထားဖြင့် ပေါ်လာခဲ့သည်။

ထိုလူအိုကြီးက ထွက်ပြေးချင်သော်လည်း ဓားအလင်းကွေးတစ်ခုက သူ့ကို ခုတ်ချလိုက်သည်။

ဟန်မူယဲ့၏ဓားသည် အလွန်ထက်မြိသည်။

သူက ညှတာမှုမပြပေ။

“သွားကြစို့”

ဟန်မူယဲ့က ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်းကို ဦးဆောင်သွားခဲ့သည်။

ယခုအချိန်တွင် အတွေးများနေသောလူများလည်း မရှိကြတော့ပေ။

ဟန်မူယဲ့က သူတို့အားလုံးကို အင်မော်တယ်ဝိညာဉ်ကမ္ဘာသို့ တစ်ချက်ကြည့်ရန် ခေါ်သွားပေးလိမ့်မည်။

သူတို့က မိုင်တစ်သောင်းအတွင်း၌ စစ်တပ်ဝင်္ကပါရှစ်ခုကို ဖျက်ဆီးခဲ့သည်။

ထို့အပြင် ကောင်းကင်အဆင့် ကျွမ်းကျင်သူ အယောက်ရှစ်ဆယ်ကျော်ကိုလည်း သတ်ဖြတ်ခဲ့ကြသည်။ ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူပင်လျှင် ကောင်းကင်အဆင့်ကျင့်ကြံသူ တစ်သောင်း၏ ဝိုင်းရံတိုက်ခိုက်မှုကို မခုခံနိုင်ပေ။

အမြင့်တစ်နေရာမှ ကြည့်လိုက်လျှင် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ခံစစ်ကို ထိုးဖောက်ဝင်ရောက်လာသော မျှားတစ်စင်းနှင့်တူသည့် အုပ်စုတစ်စုကို တွေ့ရလိမ့်မည်။ သူတို့က ဝင်္ကပါများကို တစ်ခုပြီးတစ်ခု ထိုးခွဲပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာသို့ ဦးတည်လာကြသည်။

လူတစ်ယောက်က ထိုအင်အားစုမျိုးကို စုစည်းထားပြီး တာအိုပြိုင်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်လာလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။

ထိုအင်အားစုကို ကောင်းကင်အဆင့် ကျင့်ကြံသူများနှင့်သာ ဖွဲ့စည်းထားပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာကိုပင် တိုက်ခိုက်နိုင်လိမ့်မည်။

“ဘုန်း ....”

ချီစွမ်းအင်အလင်းတစ်ခု ပေါက်ကွဲသွားသည်။ ကြယ်တစ်စင်း၏ ကောင်းကင်အတားအဆီးသည် ပျက်စီးသွားခဲ့သည်။

ကောင်းကင်အဆင့် ကျွမ်းကျင်သူတစ်သောင်းသည် ကြယ်အတွင်းသို့ ပြေးဝင်သွားပြီး အရာအားလုံးကို လုယူလိုက်ကြသည်။

ဝိညာဉ်သတ္တုများ၊ ဂိုဏ်းအသီးသီး၏ ရတနာများ၊ ဝိညာဉ်လက်နက်များ၊ မှော်ရတနာများ၊ ဆေးလုံးများ ....

ဤနေရာသည် ကျင့်ကြံသူများ၏လောကပင် ဖြစ်သည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် အလွန်ကြွယ်ဝသည်။

ပြင်ပဘုံတွင်ရှိသော ကြယ်ကမ္ဘာများမှ အရင်းအမြစ်များသည်ပင် ကောင်းကင်အဆင့် ကျွမ်းကျင်သူများကို ပျော်ရွှင်သွားစေရန် လုံလောက်သည်။

ရှေးခေတ်အချိန်ကတည်းက ဓားပြတိုက်ခြင်းသည် ကျင့်ကြံခြင်းလောကတွင် ကြွယ်ဝလာရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ထိုကြယ်ကို လုယူပြီးသောအခါတွင် လူတိုင်းက အာကာသထဲတွင် ပြန်လည်စုစည်းလိုက်ကြသည်။ သူတို့က တခြားနေရာတွင်ရှိသော ကြယ်တစ်စင်းကို အလိုလျောက် ကြည့်မိကြသည်။

ထိုကြယ်သည် ပိုမိုတောက်ပသည်။

“အဲဒီကြယ်ကို တစ်ရက်အတွင်းသိမ်းပိုက်ဖို့ ပြဿနာမရှိဘူးမဟုတ်လား”

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ညင်သာစွာပြောသည်။

‘ပြဿနာမရှိဘူး’

ပြန်ဖြေသံကို မကြားရပေ။ သို့သော် လူတိုင်း၏မျက်လုံးထဲတွင်ရှိသော တိုက်ခိုက်လိုစိတ်များသည် အဖြေပင်ဖြစ်သည်။

ထိုကြယ်သည် တာအိုအင်အားစုမျှော်လင့်နေခဲ့သော အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ လက်အောက်တွင် ရှိနေသည်။ သို့သော် သူတို့အားလုံးက ထိုအကြောင်းကို မေ့ထားလိုက်ကြသည်။

သူတို့၏ရှေ့တွင် ဝဖြိုးသောသိုးတစ်ကောင်သာ ရှိသည်။

“ဘုန်း”

ဟန်မူယဲ့က ဓားဖြင့်ခုတ်ချသည်။ ကောင်းကင်အတားအဆီးသည် တုန်ခါသွားသော်လည်း ပျက်စီးမသွားခဲ့ပေ။

သူက မျက်နှာထားပြောင်းလဲမသွားပေ။

“ဝင်္ကပါဖွဲ့စည်းပြီး ငါ့ကို ကူညီပါ”

သူက ပြောလိုက်သည်။

သူ့စကားအဆုံးတွင် ချင်းရီမင်နှင့်တခြားလူများက စစ်တပ်ဝင်္ကပါကို လျင်မြန်စွာဖွဲ့စည်းလိုက်သည်။ သူတို့က သွေးနှင့်ချီများကို စုစည်း၍ သွေးဓားတစ်လက်ကို ဖန်တီးသည်။

ဟန်မူယဲ့က ဓားအလင်းကို ထိန်းချုပ်လိုက်သည်။ သွေးရောင်ဓားသည် သူ့လက်ထဲတွင်ရှိသော ဓားနှင့် ပေါင်းစပ်သွားပြီး ကောင်းကင်အတားအဆီးကို ခုတ်ချသည်။

“ဘုန်း”

ကောင်းကင်အတားအဆီးက ပျက်စီးသွားပြီး သဘာဝစွမ်းအင်များက ဖြာထွက်လာကြသည်။

ထိုစွမ်းအားသည် ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ရာ၏ စုပေါင်းစွမ်းအား ဖြစ်သည်။

ထိုအချိန်တွင် လူအများစု၏မျက်နှာထားများက ပြောင်းလဲသွားကြသည်။

အကယ်၍ သူက ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်း၏ စွမ်းအားများကို စုစည်းနိုင်လျှင် ....

သူတို့က ဆက်မတွေးရဲတော့ပေ။

ဟန်မူယဲ့က ဓားကို ပြန်သိမ်းလိုက်သည်။

သူက လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ကောင်းကင်အဆင့်ကျင့်ကြံသူများက ထိုကမ္ဘာအတွင်းသို့ ပြေးဝင်သွားကြသည်။

သူတို့က ကြယ်ရှစ်စင်းကို သိမ်းပိုက်ခဲ့သည်။

ဟန်မူယဲ့၏နောက်သို့ လိုက်လာသော ကောင်းကင်အဆင့် ကျင့်ကြံသူများက စိတ်ကူးမယဉ်နိုင်လောက်‌သော အကျိုးအမြတ်များကို ရခဲ့ကြသည်။

သူတို့က ကြယ်ရှစ်စင်းကိုသာ သိမ်းပိုက်ရသေးသည်။ မရေမတွက်နိုင်သောကြယ်များသည် ရှေ့တွင် စောင့်ဆိုင်းနေကြသည်။

ကြွယ်ဝလာသော ကောင်းကင်အဆင့်ကျင့်ကြံသူများက ရတနာများကို လဲလှယ်လာကြသည်။

သူတို့က မလိုအပ်သော အရာများကို အရေးတကြီးလိုအပ်နေသော ပစ္စည်းနှင့် လဲလှယ်ကြလိမ့်မည်။

တာအိုအင်အားစု၊ ကွန်ဖြူးရှပ်အင်အားစု၊ ချင်းရီမင်တို့ စစ်သည်များနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများ အားလုံးသည် လိုအပ်သောရတနာများကို ရှာဖွေနေကြသည်။

ဤခရီးတွင် လူတိုင်း၏ကြွယ်ဝမှုသည် ဂိုဏ်းများ၏ စုဆောင်းမှုထက် ပိုမိုများပြားလာခဲ့သည်။

စစ်ပွဲသည် ချမ်းသာလာရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

ထိုသို့ဖြင့် ကောင်းကင်အဆင့် ကျွမ်းကျင်သူ တစ်သောင်း၏ ဦးခေါင်းထက်တွင်ရှိနေသော ချီစွမ်းအင်အလင်းများအားလုံးသည် ရွှေရောင်သန်းလာခဲ့ကြသည်။

တာအိုလမ်းစဉ်၏ ကျွမ်းကျင်သူများပင်လျှင် ရွှေရောင်အလင်းကို ပိုင်ဆိုင်ထားကြသည်။

‘အင်မော်တယ်ဝိညာဉ်ကမ္ဘာနဲ့ ပူးပေါင်းရမှာလား’

‘အခု ငါတို့ရဲ့လက်မှာ အင်မော်တယ်ဝိညာဉ်ကမ္ဘာက ကျင့်ကြံသူတွေရဲ့သွေးနဲ့ စွန်းထင်းနေတယ်။ သူတို့နဲ့ ဘယ်လိုလုပ်ပြီး ပူးပေါင်းရမှာလဲ’

‘ပြီးတော့ အင်မော်တယ်ဝိညာဉ်ကမ္ဘာက အရမ်းချမ်းသာတယ်။ လုယူလိုက်ရင် ပိုကောင်းလိမ့်မယ်’

‘ဒီလိုမျိုးလုယူရတာက တခြားလူကိုမှီခိုနေတာထက် အဆတစ်သောင်းပိုကောင်းတယ်’

သူတို့က အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ပူးပေါင်းလိုက်ပြီး နိမ့်ကျသောလူများ ဖြစ်လာခဲ့လျှင် ဤသို့ ကြွယ်ဝလာမည်မဟုတ်ပေ။

“တောင်တန်းအကြီးအကဲ၊ သူတို့ကို ဒီလိုမျိုး ခွင့်ပြုပေးနေရင် ကောင်းကင်အံ့ဖွယ်ကမ္ဘာက ပိုပြီး ဖရိုဖရဲဖြစ်လာမှာလား”

All Chapters