← Chapters

အခန်း (၆၆၇)

Vol. 48 Ch. 667

အခန်း (၆၆၇)

Vol. 48 Ch. 667

ယာယီအနားယူချိန်တွင် တုန်းဖန်ရှုက ဟန်မူယဲ့၏ဘေးသို့ ရောက်လာပြီး တီးတိုးပြောလိုက်သည်။

တုန်းဖန်ရှု၏ဘေးတွင် ကျောင်းတော်သားအချို့၊ ကုန်းစွန်းရှုနှင့် ချင်းရီမင်တို့က လေးနက်သောမျက်နှာထားများဖြင့် ရှိနေကြသည်။

တာအိုလမ်းစဉ်၏ ကောင်းကင်အဆင့် ကျွမ်းကျင်သူများသည် ကြွယ်ဝနေကြသည်။ ထိုကြွယ်ဝမှုသည် သူတို့၏ကျင့်ကြံခြင်းကို တိုးတက်သွားစေရုံသာမက သူတို့နောက်ကွယ်တွင်ရှိသော ဂိုဏ်းများကိုပါ ဆယ်ဆပို၍ အားကောင်းလာစေလိမ့်မည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် ပိုမိုကြွယ်ဝသည်။

တာအိုတန်ခိုးရှင်များ၏ စုဆောင်းမှုကို ခန့်မှန်းမကြည့်နိုင်ပေ။

ထိုရတနာများကို ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်သယ်သွားခွင့် ပေးလိုက်လျှင် ကောင်းချီးတစ်ခု ဖြစ်လာနိုင်သလို ကပ်ဘေးတစ်ခုလည်း ဖြစ်သွားနိုင်သည်။

ဟန်မူယဲ့က တုန်းဖန်ရှုကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

“ဆရာတုန်းဖန်က ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးဘူးပဲ။ ကျွန်တော်တို့အားလုံးက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ကျင့်ကြံသူတွေပဲ။ သူတို့တွေ ကြွယ်ဝလာရင်လည်း ပျော်ပေးသင့်တာပေါ့”

ထို့နောက် ဟန်မူယဲ့၏အပြုံးက ပျောက်ကွယ်သွားပြီး တည်ငြိမ်စွာပြောသည်။

“ဒါမှမဟုတ် ခင်ဗျားတို့က တာအိုအင်အားစုကို ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မသတ်မှတ်တာလား”

ဟန်မူယဲ့၏စကားကြောင့် တုန်းဖန်ရှုက ကြောင်အသွားသည်။

တခြားလူများကလည်း တစ်ကိုယ်လုံး တောင့်တင်းသွားကြသည်။

ဟန်မူယဲ့က သူတို့၏လျှိုဝှက်ချက်လေးကို ထုတ်ပြောလိုက်သည်။

ကွန်ဖြူးရှပ်တာအိုနှင့် တိုင်းပြည်သည် အစမှအဆုံးထိ တာအိုလမ်းစဉ်ကို ဖယ်ထုတ်ထားခဲ့သည်။

သူတို့၏အမြင်တွင် တာအိုအင်အားစုသည် အပြင်လူသာဖြစ်သည်။

သူတို့၏ပုံစံကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ဆက်မပြောတော့ဘဲ ဖြည်းဖြည်းချင်းထရပ်၍ လမ်းလျှောက်ထွက်သွားသည်။

“သူက တကယ့်ကို ထူးခြားတဲ့လူပဲ ....”

ကုန်းစွန်းရှုက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

ဟန်မူယဲ့က ထိပ်ဆုံးတွင်ရပ်နေပြီး အရာအားလုံးကို မြင်နိုင်သောကြောင့် အမတ်ချုပ်ကြီးဝမ်က ရာထူးလွှဲပေးခဲ့ခြင်း ဖြစ်လိမ့်မည်။

ဟန်မူယဲ့၏ပုံစံကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင်ရှိသော အင်အားစုများအားလုံးကို စုစည်းနိုင်လိမ့်မည်။

ကွန်ဖြူးရှပ်တာအို၊ ဓားတာအို၊ အာခီမီတာအိုနှင့် ယခု တာအိုလမ်းစဉ် ဖြစ်သည်။

ဟန်မူယဲ့က တာအိုတန်ခိုးရှင်များ၏နေရာသို့ ရောက်သွားသောအခါတွင် ပျော်ရွှင်စွာအော်ဟစ်သံများကို ကြားနိုင်သည်။

ယခုအချိန်တွင် ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်းက ပူးပေါင်းဆောင်ရွက်နိုင်နေပြီဖြစ်သည်။

ထိုအချက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

ဟန်မူယဲ့က ပတ်ဝန်းကျင်တွင် လျှောက်သွားပြီး ဓားအမြုတေနှင့် ရတနာအချို့ကိုထုတ်ယူ၍ ဝိညာဉ်သတ္တုတချို့၊ ဓားရှည်နှစ်လက်ဖြင့် လဲလှယ်လိုက်သည်။

သူက အနားယူသောနေရာသို့ ပြန်ရောက်လာပြီး ဝင်္ကပါကို အသက်သွင်း၍ ဓားတစ်လက်ကို ကိုင်ထားသည်။

ဓားချီများက ဓားရှည်ထဲသို့ စိမ့်ဝင်သွားပြီး ပုံရိပ်များသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။

ဓား၏နာမည်သည် ကြက်သွေးရောင်ဖြစ်ပြီး ငါးပေါင်လေးသည်။ ဓားက သုံးပေရှည်လျားပြီး နှစ်လက်မကျယ်သည်။

ထိုဓားသည် ပေါ့ပါးသောသတ္တုနှင့် ပြုလုပ်ထား‌သော ဓားပါးတစ်လက် ဖြစ်သည်။

ဓားပေါ်တွင်ရှိသော ဝိညာဉ်အင်းကွက်များသည် သက်ဝင်တက်ကြွနေသော ခံစားချက်ကို ပေးစွမ်းသည်။

ဟန်မူယဲ့က ထိုဓား၏ သန့်စင်ခြင်းနည်းစနစ်ကို စိတ်ဝင်စားသောကြောင့် ဝိညာဉ်ကျောက်တုံးသုံးသန်းပေးပြီး ဝယ်ယူခဲ့သည်။

တာအိုလမ်းစဉ်၏ ကောင်းကင်အဆင့်ကျင့်ကြံသူက သူ့ကို အလကားပေးလိုက်တော့မည်ဖြစ်သည်။

ဓား၏တန်ဖိုးသည် သူတို့အတွက် သမုဒ္ဒရာထဲတွင်ရှိသော ရေတစ်ပေါက်သာ ဖြစ်သည်။

ဟန်မူယဲ့က ဓားကို အလကားမယူခဲ့ပေ။ သူက ကျောက်စိမ်းသံမဏိနှစ်စနှင့် လဲလှယ်ခဲ့သည်။

ကျောက်စိမ်းသံမဏိနှစ်စသည် ဝိညာဉ်ကျောက်တုံးသုံးသန်းခန့် တန်ကြေးရှိသည်။

ကြက်သွေးရောင်ဓားသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ ဂိုဏ်းချုပ်တစ်ယောက်၏ ဓားတစ်လက်ဖြစ်သည်။ ဓားထဲတွင် အမွေအနှစ်နည်းစနစ်များ ရှိနေကြသည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ဓားကျင့်ကြံခြင်းသည် ဓားဆန္ဒတွင် အာရုံစိုက်ထားပြီး ကောင်းကင်းအံ့ဖွယ်ကမ္ဘာ၏ ဓားနည်းစနစ်များကဲ့သို့ သဘာဝစွမ်းအင်များအဖြစ် ခွဲခြားမထားပေ။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ဓားနည်းစနစ်အမွေအနှစ်သည် ဓားဆန္ဒကို စုစည်းခြင်းသာ ဖြစ်သည်။

ထိုဓားကျင့်ကြံသူမျိုးသည် အလွန်အားကောင်းလိမ့်မည်။

ဟန်မူယဲ့က ကြက်သွေးရောင်ဓားကို လေ့လာလိုက်ပြီး အကြံအမျိုးမျိုး ရခဲ့သည်။

ထိုဓားသည် လုပ်ကြံသတ်ဖြတ်ခြင်းအတွက် အလွန်သင့်တော်သည်။

ပျက်စီးခြင်းကုန်းမြေတွင် ကျန်ရစ်ခဲ့သော အသက်ကိုးခုကြောင်ကလန်နှင့် အစိမ်းရောင်မြေခွေးကလန်သည် အနီးကပ်တိုက်ပွဲတွင် ကျွမ်းကျင်သူများဖြစ်ကြပြီး ထူးခြားသော လုပ်ကြံသတ်ဖြတ်ခြင်းနည်းလမ်းများကို ပိုင်ဆိုင်ထားကြသည်။

သူတို့က ဤဓားမျိုးကို ကိုင်ဆောင်ထားလျှင် တိုက်ခိုက်နိုင်စွမ်းများသည် နှစ်ဆတိုးသွားလိမ့်မည်။

သို့သော် ထိုဓားကို သွန်းလုပ်ရန်အတွက် အထူးသတ္တုတစ်မျိုး လိုအပ်သည်။

ထိုအလင်းပေါ့သတ္တုကို အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကြယ်တစ်စင်းတွင်သာ ရှာတွေ့နိုင်သည်။

ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ကြက်သွေးရောင်ဓားကို ကိုင်၍ မတ်တပ်ရပ်သည်။ သူက ဝင်္ကပါကို သိမ်းဆည်းလိုက်ပြီး အပြင်ထွက်သွားသည်။

“အားလုံးပဲ။ ဒီဓားကို ကြက်သွေးရောင်ဓားလို့ ခေါ်တယ်။ ဒီဓားကို သွန်းလုပ်ဖို့အတွက် အထူးသတ္တုတစ်မျိုးကို ကြက်သွေးရောင်ကြယ်မှာပဲ ရှာတွေ့နိုင်တယ်”

ဟန်မူယဲ့က ဓားကိုမြှောက်ပြပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

“ငါက ကြက်သွေးရောင်ကြယ်ကို သိမ်းပိုက်ချင်တယ်။ မင်းတို့က ငါ့ကို ကူညီကြမလား”

ကြက်သွေးရောင်ကြယ်ကို သိမ်းပိုက်မည်။

သူတို့က ထိုကြယ်ကို မသိသလို ထိုကြယ်၏ခွန်အားကိုလည်း မသိပေ။

ယခင်ကဆိုလျှင် သူတို့က ဟန်မူယဲ့၏စကားကို အရေးလုပ်ကြမည်မဟုတ်ပေ။

တာအိုလမ်းစဉ်၏ ကျွမ်းကျင်သူများက သူ့ကို လျစ်လျူရှုထားကြလိမ့်မည်။

သို့သော် ဟန်မူယဲ့၏စကားအဆုံးတွင် လူတစ်ယောက်က ကျယ်လောင်စွာပြောလိုက်သည်။

“အမတ်ချုပ်ကြီးဟန်က အဲဒီကြယ်ကို သိမ်းပိုက်ချင်တယ်ဆိုမှ‌တော့ ကျွန်တော်တို့က အစွမ်းကုန်ကူညီပေးရမှာပေါ့”

တခြားအသံများလည်း ပေါ်ထွက်လာကြသည်။

ကျောင်းတော်သားများနှင့် တာအိုတန်ခိုးရှင်များက မငြင်းဆန်ခဲ့ကြပေ။

ဟန်မူယဲ့က သူတို့အားလုံးကို ဦးဆောင်၍ ကြွယ်ဝမှုများ ရရှိလာအောင် လုပ်ပေးခဲ့သည်။ ယခုအချိန်တွင် သူက သူတို့၏ခွန်အားကို အသုံးပြုချင်နေသည်။ သူတို့က မည်သို့ ငြင်းပယ်ရမည်နည်း။

ကုန်းစွန်းရှုနှင့် တခြားလူများက အံ့အားသင့်သွားကြသည်။

‘ဒါက လူသားတွေရဲ့နှလုံးသားကို သိမ်းပိုက်နိုင်တဲ့ ဟန်မူယဲ့ရဲ့ နည်းလမ်းလား’

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကောင်းကင်အဆင့် ကျင့်ကြံသူများက ဟန်မူယဲ့၏ ဦးဆောင်မှုနောက်သို့ အလိုလျောက် လိုက်ပါလာကြသည်။

“ဒီတိုက်ပွဲပြီးရင် ငါတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြန်ရမယ်ထင်တယ်”

ကုန်းစွန်းရှုက တီးတိုးပြောသည်။

တုန်းဖန်ရှုနှင့် တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။

ဟန်မူယဲ့က သူတို့အားလုံး၏စိတ်နှလုံးကို ရယူခဲ့သည်။ ပြင်ပဘုံတွင် ဆက်နေရန် မလိုအပ်တော့ပေ။

“ဟီးဟီး၊ ဒီတိုက်ပွဲပြီးသွားရင် ငါတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြန်လို့ရပြီ”

ဟန်မူယဲ့က လှည့်ထွက်သွားသောအခါတွင် မုတ်ဆိတ်ဖြူနှင့် လူအိုကြီးတစ်ယောက်က ခပ်ဟဟရယ်သည်။

သူ့ဘေးတွင် လူတစ်ယောက်က နားမလည်နိုင်ဖြစ်နေသည်။

“လူအိုကြီးကူ၊ ဘာဖြစ်လို့ အဲဒီလိုပြောတာလဲ”

လူအိုကြီးက မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်ပြီး ပေါ့ပါးစွာပြောသည်။

“သူက အားလုံးရဲ့စိတ်နှလုံးကို အပိုင်သိမ်းသွားခဲ့ပြီလေ။ အမတ်ချုပ်ကြီးဟန်က ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အရှိန်အဟုန်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်လိမ့်မယ်”

“အခုဖြစ်ရပ်အပြီးမှာ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ဘယ်သူက သစ္စာဖောက်အုံးမှာလဲ”

‘သစ္စာဖောက်တာလား’

‘ငါတို့က ဘာဖြစ်လို့သစ္စာဖောက်ရမှာလဲ’

သူတို့အားလုံးက ဘဝတစ်သက်တာ ကြွယ်ဝမှုများကို ရရှိထားသောကြောင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာတွင် နိမ့်ကျသောလူများအဖြစ် မခံယူလိုတော့ပေ။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြန်သွားရမှာ ကောင်းတယ် ....”

ဝိညာဉ်သူငယ်တတိယအဆင့်သို့ ရောက်နေသော တာအိုတန်ခိုးရှင်တစ်ဦးက လက်သီးဆုပ်ထားသည်။

လူအများစုကလည်း သူနှင့် အတွေးတူကြသည်။

သူတို့က အိမ်ပြန်သွားရန် မစောင့်နိုင်ကြတော့ပေ။

အထူးသဖြင့် မိသားစုငယ်နှင့် ဂိုဏ်းငယ်များ၏ ကောင်းကင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က အိမ်ပြန်သွားရန် စိတ်အားထက်သန်နေကြသည်။

သူတို့က ကြွယ်ဝမှုများကို စုဆောင်းထားပြီး အိမ်ပြန်ရောက်သွားလျှင် ဂိုဏ်းသားနှင့် မိသားစုဝင်များ၏ခွန်အားကို တိုးမြှင့်ပေးနိုင်လိမ့်မည်။ သူတို့က တာအိုပြိုင်ပွဲတွင် တိုးတက်လာနိုင်မည်။

ချက်ချင်းဆိုသလိုပင် တိုက်ခိုက်လိုစိတ်များက အလိုလျောက် ပေါ်ထွက်လာကြသည်။

လူတစ်ယောက်၏တိုက်ခိုက်လိုစိတ်သည် အရေးမပါပေ။ သို့သော် လူဆယ်ယောက်၊ လူတစ်ရာ၊ လူတစ်ထောင်၊ လူတစ်သောင်း၏ တိုက်ခိုက်လိုစိတ်များကို စုပေါင်းလိုက်သောအခါတွင် ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်။

ဟန်မူယဲ့က သူတို့၏တိုက်ပွဲဝင်စိတ်ကို မြင်လိုက်ရသောအခါတွင် ပြုံးမိသည်။

သူတို့က တိုက်ခိုက်နိုင်ကြသည်။

သူတို့က ရှေ့ဆက်သွားလိုက်ကြသည်။ ဤတစ်ကြိမ်တွင် သူတို့က ကြယ်များကို မတိုက်ခိုက်ကြတော့ပေ။

ငွေကြေးရှာဖွေရန် ခက်ခဲသော်လည်း သူတို့က ကြွယ်ဝနေပြီဖြစ်သည်။

ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်းသည် မြားတံများအဖြစ် ပြောင်းလဲသွားပြီး အာကာသထဲတွင် ပျံသန်းလာကြသည်။

အာကာသထဲတွင်ရှိနေသော နတ်အာရုံများက ထိတ်လန့်စွာ နောက်ဆုတ်လိုက်ကြသည်။

ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်းကို အင်မော်တယ်ဝိညာဉ်ကမ္ဘာကပင် လွယ်ကူစွာမစုစည်းနိုင်ပေ။

သူတို့ကို မည်သူမှ မတားဆီးရဲကြပေ။

“သူတို့ရဲ့ပစ်မှတ်က ကြက်သွေးရောင်ကြယ်ပဲ”

အာကာသထဲတွင် အနက်ရောင်ချပ်ဝတ်နှင့် စစ်သူကြီးတစ်ယောက်က နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။

သူက ပြင်းထန်‌သော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေသည်။

“ငါတို့ ဘာလုပ်ကြမလဲ။ ကြက်သွေးရောင်ကြယ်ရဲ့ အလင်းပေါ့သတ္တုက ရှားပါးရတနာတစ်မျိုးပဲ”

အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က တီးတိုးပြောသည်။

ပတ်ဝန်းကျင်တွင်ရှိနေသော တခြားလူများကလည်း စိုးရိမ်နေကြသည်။

အနက်ရောင်ချပ်ဝတ်နှင့် စစ်သူကြီးက ခေါင်းခါလိုက်သည်။

“ငါတို့ စောင့်နေမယ်”

“အင်မော်တယ်ဝိညာဉ်ကြယ်မှာ စစ်တပ်ကို စုစည်းထားတယ်။ ပျက်စီးခြင်းတောရိုင်းကို တိုက်ခိုက်နေတဲ့ စစ်တပ်အများစုက ပြန်ရောက်နေကြပြီ”

“ငါတို့က ကြက်သွေးရောင်ကြယ်ကို ပစ်ထားလိုက်ရင်တောင် သူတို့က ဝါးမြိုနိုင်မှာမဟုတ်ဘူး”

အနက်ရောင်ချပ်ဝတ်နှင့်လူက ဟန်မူယဲ့ကို လှမ်းကြည့်သည်။

သူက တိုက်ခိုက်လိုစိတ်များကို အစွမ်းကုန်သုံး၍ ဖိနှိပ်ထားရသောကြောင့် မျက်နှာတစ်ခုလုံးက ရှုံ့တွနေသည်။

“သတင်းတွေအရဆိုရင် ခေါင်းဆောင်က ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးအသစ် ဟန်မူယဲ့ပဲ”

“သူက ဓားကျင့်ကြံသူတစ်ယောက်ပဲ”

“သူဦးဆောင်ထားတဲ့လူတွေထဲမှာ ၉၉%က ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ကောင်းကင်အဆင့် ကျင့်ကြံသူတွေပဲ”

“ငါတို့က သူတို့ကို ဒီမှာပဲ အပြတ်ရှင်းပစ်လိုက်ရင် ကောင်းကင်အံ့ဖွယ်ကမ္ဘာက သူ့ဘာသာ ပျက်စီးသွားလိမ့်မယ်”

အနက်ရောင်ချပ်ဝတ်နှင့်လူက ဘေးတွင်ရှိနေသောလူများကို ကြည့်လိုက်ပြီး နောက်သို့ လှည့်ကြည့်သည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ အတွင်းပိုင်းတွင် အင်မော်တယ်ဝိညာဉ်ကြယ် ရှိနေသည်။

“ငါတို့ရဲ့ အင်မော်တယ်ဝိညာဉ်စစ်တပ်က ရန်သူတွေအားလုံးကို မြေမြှုပ်ပစ်နိုင်တယ်”

All Chapters