အခန်း (၆၆၈)
Vol. 48 Ch. 668
“ဘုန်း”
ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ထောင်၏ စုပေါင်းခွန်အားသည် ကြက်သွေးရောင်ကြယ်၏ ကောင်းကင်အတားအဆီးကို ပျက်စီးသွားစေခဲ့သည်။
ကောင်းကင်အတားအဆီး ပျက်စီးသွားသောအချိန်တွင် ကြက်သွေးရောင်ကြယ်၏ ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ရာက နေရာအနှံ့သို့ ထွက်ပြေးလိုက်ကြသည်။
သူတို့က အစွမ်းကုန်သုံးထားသော်လည်း တိုက်ကွက်တစ်ကွက်ကိုပင် မခုခံနိုင်ခဲ့ပေ။
သူတို့က ချက်ချင်းထွက်မပြေးလျှင် ဤကြယ်နှင့်အတူ သေဆုံးသွားရလိမ့်မည်။
“အားလုံးပဲ ဒီကြယ်မှာရှိတဲ့ အလင်းပေါ့သတ္တုတွေကို ဈေးနှုန်းတစ်မျိုးနဲ့ ပြန်ဝယ်ပါမယ်”
ဟန်မူယဲ့က အဝတ်ချွတ်ထားသော အမျိုးသမီးတစ်ယောက်နှင့်တူသည့် ကြက်သွေးရောင်ကြယ်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
‘ဈေးပေးပြီးဝယ်မှာလား။ ရတယ်လေ’
ကောင်းကင်အဆင့်ကျင့်ကြံသူများက တုံ့ဆိုင်းခြင်းမရှိဘဲ အနီရောင်ကြယ်ပေါ်သို့ ပျံသန်းသွားကြသည်။
ဟန်မူယဲ့က အာကာသထဲတွင် ငြိမ်သက်စွာစောင့်ဆိုင်းနေခဲ့သည်။
နေ့တစ်ဝက်အကြာတွင် ချင်းရီမင်က ထူးဆန်းသောမျက်နှာထားဖြင့် ပြန်ရောက်လာခဲ့သည်။
“အမတ်ချုပ်ကြီးဟန်၊ ဒီကြယ်ပေါ်မှာ အလင်းပေါ့သတ္တုတွေ အများကြီးရှိနေတယ်”
ချင်းရီမင်၏ ပြောစကားအရ ကြယ်တစ်စင်းလုံးသည် အလင်းပေါ့သတ္တုပင် ဖြစ်သည်။
ကြယ်တစ်စင်းလုံး၏ပမာဏက မည်မျှရှိနေမည်နည်း။
စိတ်ကူးမယဉ်နိုင်လောက်ပေ။
ဟန်မူယဲ့က ထိုသို့ များပြားနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
သူက အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
“သုံးရက်အချိန်ယူပြီး ရနိုင်သလောက် စုဆောင်းခဲ့ပါ။ သုံးရက်ကြာရင် အားလုံးပြန်လာခဲ့ရမယ်”
သုံးရက် ....
သူက သုံးရက်အတွင်း၌ ကြယ်တစ်စင်းလုံးကို အပြောင်မရှင်းနိုင်သော်လည်း မတိုင်းတာနိုင်သည့် အလင်းပေါ့သတ္တုများကို ရလိမ့်မည်။
ချင်းရီမင်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တုံ့ဆိုင်းနေသော်လည်း တီးတိုးပြောသည်။
“အမတ်ချုပ်ကြီးဟန်၊ သုံးရက်အတွင်းမှာ အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ စစ်တပ်က ရောက်လာလိမ့်မယ် ....”
သူတို့က တခြားကြယ်များကို တစ်ရက်အတွင်းမှာ သိမ်းပိုက်ခဲ့သည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာက သူတို့ကို ဝိုင်းရံတိုက်ခိုက်ချင်လျှင်ပင် လိုက်မဖမ်းနိုင်ခဲ့ပေ။
သို့သော် သူတို့က ဤကြယ်ပေါ်တွင် သုံးရက်ကြာအောင် နေရလိမ့်မည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏စစ်တပ်က သုံးရက်အတွင်း ရောက်မလာခဲ့လျှင် နာမည်ပျက်ရလိမ့်မည်။ သူတို့က တာအိုပြိုင်ပွဲအတွက် တိုက်ခိုက်ရန် အဆင့်မီတော့မည်မဟုတ်ပေ။
“စိတ်မပူပါနဲ့”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး တည်ငြိမ်စွာပြောသည်။
“သုံးရက်ပါပဲ”
ချင်းရီမင်က ခေါင်းညိတ်လိုက်ပြီး ဦးညွှတ်၍ ကြယ်ပေါ်သို့ ပြန်ဆင်းသွားသည်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေအလင်းများက ဖြည်းဖြည်းချင်း စုစည်းလာသည်။ သူ၏ ဓားဆန္ဒသည် ဖြည်းဖြည်းချင်း အကောင်အထည်ဖြစ်တည်လာခဲ့သည်။
တစ်ရက်အကြာတွင် ကောင်းကင်အဆင့် ကျင့်ကြံသူ သုံးရာကျော်သည် ကြက်သွေးရောင်ကြယ်၏ အပြင်ဘက်၌ ရောက်လာခဲ့သည်။
ထိုလူများက ကြယ်ကို ဝိုင်းရံထားပြီး အာကာသထဲတွင်ရပ်နေသော ဟန်မူယဲ့ကို ကြည့်သည်။ သို့သော် သူတို့က မတိုက်ခိုက်ခဲ့ပေ။
နောက်တစ်နေ့တွင် စစ်သည်တစ်သန်း ရောက်လာခဲ့ကြသည်။ ကောင်းကင်အဆင့် ကျွမ်းကျင်သူများလည်း နှစ်ထောင်ခန့် ရှိလာကြသည်။
သူတော်စင်တစ်ဝက်အဆင့် ရှစ်ယောက်လည်း ပါဝင်နေကြသည်။
သုံးရက်မြောက်နေ့တွင် ဝိုင်းရံထားသောစစ်တပ်ဝင်္ကပါသည် ကြက်သွေးရောင်ကြယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ကောင်းကင်အဆင့်ကျင့်ကြံသူများလည်း ငါးထောင်ခန့်ရောက်လာကြသည်။
အစိမ်းရောင်ဝတ်စုံနှင့် ဓားသူတော်စင်၊ အနီရောင်သင်္ကန်းနှင့် ဗုဒ္ဓသူတော်စင်တို့က ရှေ့ဆုံးတွင် ရပ်နေကြသည်။
သူတို့က ကြက်သွေးရောင်ကြယ်ပေါ်တွင်ရှိသော ကောင်းကင်အဆင့်ကျွမ်းကျင်သူများကို စောင့်ဆိုင်းနေကြသည်။
“ဝီ”
ကြက်သွေးရောင်ကြယ်ထဲမှ အလင်းတန်းတစ်ခု ပြေးထွက်လာသည်။ အနက်ရောင်ချပ်ဝတ်နှင့် ချင်းရီမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။
သူ့နောက်တွင် ချီစွမ်းအင်အလင်းတန်းများ ပါလာကြသည်။
သူတို့အားလုံးက အာကာသထဲတွင်ရှိသောမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် မျက်နှာများက ဖြူဖျော့သွားကြသည်။
သူတို့က ဟန်မူယဲ့ကို ယုံကြည်သောကြောင့်သာမဟုတ်လျှင် ဟန်မူယဲ့က သစ္စာဖောက်သွားပြီဟု ထင်မိကြလိမ့်မည်။
ရန်သူအများအပြားသည် ကြယ်ပြင်ပတွင် စောင့်ဆိုင်းနေခဲ့သည်။
“သတ်”
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ အစိမ်းရောင်ဝတ်စုံနှင့် ဓားသူတော်စင်က တည်ငြိမ်စွာပြောလိုက်သည်။ စစ်တပ်ဝင်္ကပါများနှင့် ကောင်းကင်အဆင့် ကျင့်ကြံသူများက ကြက်သွေးရောင်ကြယ်မှ ထွက်လာကြသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများဆီသို့ ပြေးဝင်သွားကြသည်။
သူတို့က အခွင့်ကောင်းယူ၍ တိုက်ခိုက်လိုက်ကြသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများက မစုစည်းရသေးသောကြောင့် သူတို့၏တိုက်ခိုက်မှုသည် သူတို့အားလုံးကို အပြတ်ရှင်းပစ်နိုင်လိမ့်မည်။
ရန်သူများကို မြင်လိုက်ရသောအခါတွင် ချင်းရီမင်တို့က တုံ့ဆိုင်းမနေဘဲ လှုပ်ရှားလိုက်ကြသည်။
သူတို့က ကြောင်အနေလျှင် တစ်ခါတည်း အပြတ်ရှင်းခံရလိမ့်မည်။
“ခလွမ် ....”
ထိုအချိန်တွင် ဓားမြည်သံတစ်ခု ပေါ်ထွက်လာသည်။
ဟန်မူယဲ့က နောက်ကျောတွင်ရှိသောဓားကို ဆွဲထုတ်လိုက်သည်။
အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်ထဲတွင်ရှိသော ဓားများသည် ကောင်းကင်ထက်တွင် ပြည့်နှက်သွားကြသည်။
ကောင်းကင်စက်ဝန်းဓားဝင်္ကပါ ....
သောင်းချီနေသောဓားအလင်းများသည် မိုင်တစ်သိန်းပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။ ဓားများသည် ကြယ်များနှင့် တူနေသည်။
ဓားဝင်္ကပါ၏စွမ်းအားသည် စကြဝဠာကို လွှမ်းမိုးနိုင်သည်။
“ငါက တကယ်ပဲ သိချင်မိတယ်။ ဒီနေ့မှာ သူတော်စင်နှစ်ယောက်ကို သတ်ဖြတ်ပြီး ကောင်းကင်အဆင့် ကျင့်ကြံသူငါးထောင်ကို ဖျက်ဆီးပစ်လိုက်ရင် မင်းတို့ရဲ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာက တိုက်ရိုက် ရှုံးနိမ့်သွားတော့မှာလား”
“ဒါမှမဟုတ် အဲဒီကနေ ပြန်ပြီးရလာတဲ့ ချီစွမ်းအင်တွေက ငါ့ကို တစ်ခါတည်း ကောင်းကင်အထိရောက်သွားအောင် စွမ်းဆောင်ပေးနိုင်မှာလား”
ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အသာအယာလျှောက်လာခဲ့သည်။
သူက စစ်တပ်ဝင်္ကပါများနှင့် ကောင်းကင်အဆင့်ကျင့်ကြံသူများကို တားဆီးထားသည်။
သူတော်စင်နှစ်ယောက်က အာကာသထဲတွင် ပြည့်နှက်နေသော ဓားအလင်းများကို လေးနက်သောမျက်နှာထားများဖြင့် ကြည့်လိုက်ကြသည်။
ဟန်မူယဲ့က ပထမဆုံးအကြိမ်အဖြစ် အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ ဂိုဏ်းစောင့်ရတနာဖြစ်သော အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်၏ စွမ်းအားကို အပြည့်အဝ ဖော်ထုတ်လိုက်သည်။
ကောင်းကင်ထက်တွင် ပြည့်နှက်နေသော ဓားအလင်းများသည် လောကကို ဖိနှိပ်နိုင်သည်။
သူသည် အစစ်အမှန် ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ဟန်မူယဲ့က လက်ထဲတွင်ရှိသောဓားရှည်ကို မြှောက်လိုက်ပြီး အစိမ်းရောင်ဝတ်စုံနှင့် ဓားသူတော်စင်ကို ကြည့်သည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဓားကျင့်ကြံသူ၊ ဟန်မူယဲ့”
သူ့အသံနှင့် ဓားမြည်သံများက ပဲ့တင်ထပ်သွားကြသည်။
သူက ဓားသူတော်စင်တစ်ဦးကို စိန်ခေါ်တော့မည်။
ဟန်မူယဲ့က ဤအချိန်ကို ကြာမြင့်စွာ စောင့်စားခဲ့ရသည်။
လောကတွင် ဓားတာအိုအမွေအနှစ်အမျိုးမျိုး ရှိနေကြသည်။ ဓားခွန်အား၊ ဓားဆန္ဒ၊ မှော်နည်းစနစ်ဓား၊ အနီးကပ်တိုက်ခိုက်မှုဓား၊ ဓားထိန်းချုပ်ခြင်း၊ ဓားဖြင့် တာအိုကို ရရှိခြင်း၊ တာအိုကို ဓားအဖြစ် ပြောင်းလဲခြင်း ....
ဓားကျင့်ကြံသူတစ်ယောက်၏ လမ်းစဉ်သည် လောက၏မဟာတာအိုကို စုစည်းခြင်းပင်ဖြစ်သည်။
ဟန်မူယဲ့က ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် အလွန်ခရီးရောက်ခဲ့သည်။
သူက ယခုအချိန်တွင် ဓားတစ်လက်ကိုင်ထားပြီး ဓားသူတော်စင်တစ်ယောက်နှင့် ရင်ဆိုင်မည်။ သူ့သွေးများက ဆူပွက်နေကြသည်။
သူက အခြေခံကျသော အံ့ဖွယ်ဓာတ်စင်ဓားနည်းစနစ်မှတစ်ဆင့် ဓားဆန္ဒ၊ ဓားဝင်္ကပါ၊ ဓားထိန်းချုပ်ခြင်းနှင့် မူလဝိညာဉ်ဓားအထိ ဓားတာအို၏ အဆုံးမရှိသော ခမ်းနားမှုများကို မြင်ခဲ့ရသည်။
သူက ခေတ်အဆက်ဆက်၏ အမျိုးမျိုးသော ဓားနည်းစနစ်များကို လေ့လာခဲ့သည်။
သူက ဓားတစ်သောင်းကို ဓားတစ်လက်အဖြစ် စုစည်းနိုင်ခဲ့သည်။
ထို့အပြင် ဓားတစ်လက်ကိုလည်း ဓားတစ်သောင်းအဖြစ် ပြောင်းလဲနိုင်သည်။
သူက မိုင်တစ်သိန်းခရီးသွားပြီး မရေမတွက်နိုင်သော ဓားနည်းစနစ်များကို တီထွင်ခဲ့သည်။
သူက ဓားတာအိုဖြင့် ဓားသူတော်စင်တစ်ယောက် ဖြစ်လာနိုင်သည်။
“ဘုန်း”
ဓားအလင်းသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်လိုက်သည်။ အောက်တွင်ရှိနေသော ကြက်သွေးရောင်ကြယ်က ဓားအလင်းများ၏ တောက်ပမှုကြောင့် တုန်ခါသွားသည်။
ဓားအလင်းသည် အတားအဆီးများအားလုံးကို လောင်ကျွမ်းပစ်ချင်သည့်အလား ပြင်းထန်စွာတောက်ပနေခဲ့သည်။
ဟန်မူယဲ့က ဓားဖြင့် ခုတ်ချသည်။ ဓားသူတော်စင်၏မျက်နှာထားက လေးနက်နေသည်။
သူကလည်း ဓားကိုလှုပ်ရှားလိုက်ပြီး ဟန်မူယဲ့၏ဓားချက်ကို ခုခံသည်။
“ခလွမ် ....”
ဓားရှည်နှစ်လက်က ထိတွေ့သွားသောအခါတွင် ကြွပ်ဆပ်သောအသံကို ကြားလိုက်ရသည်။
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားအလင်းသည် ကျိုးပျက်ပြီး ပျောက်ကွယ်သွားခဲ့သည်။
သူ၏ လက်ရှိကျင့်ကြံခြင်းနှင့် သူတော်စင်တစ်ယောက်ကို မယှဉ်နိုင်သေးပေ။
တာအိုပြိုင်ပွဲ၏ စည်းမျဉ်းများကြောင့်သာမဟုတ်လျှင် သူက ဓားသူတော်စင်၏ဓားချက်ကြောင့် ပျောက်ကွယ်သွားရလိမ့်မည်။
“ဝီ”
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားက တုန်ခါသွားပြီး ကြည်လင်နေသော ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဝိညာဉ်ရတနာ ....
အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်က ထိုဓားကို ပျိုးထောင်ပေးခဲ့သည်။ ထိုဓားသည် ဓားတစ်သောင်း၏ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာပြီး မကျိုးပျက်နိုင်ပေ။
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားသည် ပြန်လည်ကောင်းမွန်သွားသောကြောင့် ဓားသူတော်စင်၏မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။
“ဝိညာဉ်ရတနာ”
သူက လောဘစိတ်ကြောင့် တောက်ပနေသောမျက်လုံးများနှင့် ဟန်မူယဲ့ကို စိုက်ကြည့်သည်။
“မှတ်ထားလိုက်ပါ။ မင်းကိုသတ်လိုက်တဲ့လူက ငါ ပိုင်ကျန်းရယ်ပဲ”
ဓားသူတော်စင် ပိုင်ကျန်းရယ် ....
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ဓားဦးဖြင့် ရှေ့သို့ ညွန်ပြသည်။
သူ၏ဓားအလင်းသည် မျဉ်းတစ်ကြောင်းအဖြစ် စုစည်းသွားခဲ့သည်။
ထိုကျွမ်းကျင်သူမျိုးနှင့် ရင်ဆိုင်ရသောအခါတွင် သူက ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ကို တစ်ခါတည်း ထုတ်သုံးလိုက်သည်။
အစိမ်းရောင်ဓားအလင်းသည် အာကာသကို ထိုးခွဲပြီး ပိုင်ကျန်းရယ်၏ရင်ဘတ်သို့ တိုးဝင်သွားခဲ့သည်။
ထိုဓားအလင်းသည် ပေါက်ကွဲနိုင်စွမ်းကို သယ်ဆောင်ထားသည်။
ဓားအလင်း၏လှုပ်ရှားမှုကြောင့် လေဟာနယ်သည် ပျက်စီးသွားခဲ့သည်။
ပိုင်ကျန်းရယ်က မျက်လုံးပြူးသွားပြီး တိုးဝင်လာသော ဓားအလင်းကို ကြည့်နေခဲ့သည်။
သူက ခက်ခဲစွာလက်မြှောက်ပြီး ဓားဖြင့် ထိုးသွင်းသည်။
ဟန်မူယဲ့၏ဓားအလင်းက ပြိုကွဲသွားပြီး ပိုင်ကျန်းရယ်ကို လွှမ်းခြုံလိုက်သည်။
“ဒီလိုနည်းစနစ်မျိုးကို ပိုင်ဆိုင်ထားတဲ့အတွက် မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်တယ်”
ပိုင်ကျန်းရယ်က ဓားအလင်းများကြားတွင် အော်ဟစ်လိုက်သည်။
သူ့လက်ထဲတွင်ရှိသောဓားသည် အလင်းစက်ကွင်းတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ဓားအလင်းများကို ထိပ်တိုက်ရင်ဆိုင်သည်။ သူက ဓားကို အဆင်အခြင်မဲ့စွာ လွှဲခုတ်နေသည်။
ထိုဓားသည် ဟန်မူယဲ့၏ ဓားအလင်းများကို တားဆီးထားခဲ့သည်။
“ဘုန်း”
အသက်ဆယ်ခါရှူကြိမ်အတွင်း၌ ဓားအလင်းများအားလုံးက ပျောက်ကွယ်သွားခဲ့သည်။ ပိုင်ကျန်းရယ်က နေရာမှာပင် ရှိနေသည်။
ဟန်မူယဲ့က ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်၏ ပထမဆုံးအဆင့်အား အသက်ဆယ်ခါရှူကြိမ်အတွင်း၌ ဖျက်ဆီးနိုင်သော လူတစ်ယောက်ကို ပထမဆုံးအကြိမ်အဖြစ် မြင်လိုက်ရသည်။