အခန်း (၆၆၉)
Vol. 48 Ch. 669
“ဒီနည်းစနစ်ရဲ့နာမည်က ဘာလဲ”
ပိုင်ကျန်းရယ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးမေးသည်။
“ဓားတစ်သောင်းတို့အိမ်အပြန်တဲ့။ ဆရာမော့ယွမ်က အဲဒါကို အဆင့်နိမ့်ဓားကျင့်ကြံသူတွေအတွက် လမ်းဖောက်ပေးဖို့ ဖန်တီးခဲ့တယ်”
ဟန်မူယဲ့က ကျယ်လောင်စွာပြောသည်။
“ဓားတစ်သောင်းတို့အိမ်အပြန်တဲ့လား”
ပိုင်ကျန်းရယ်က ခေါင်းညိတ်ပြီး လက်ထဲတွင်ရှိသောဓားကို မြှောက်သည်။
“ငါ့မှာလည်း အဲဒီလိုနည်းစနစ်မျိုး ရှိတယ်။ ကြည့်လိုက်”
သူက ဓားကို လွှတ်လိုက်သည်။ ဓားသည် ငှက်ပိတုန်းတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုငှက်ပိတုန်းက သောင်းချီသောငှက်ပိတုန်းများကို ခွဲထုတ်လိုက်သည်။
ဓားတစ်လက်သည် ဓားတစ်သောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဟန်မူယဲ့၏မျက်လုံးများက တောက်ပလာကြသည်။
လောကတွင်ရှိသော မဟာတာအိုများ၏ပန်းတိုင်သည် တူညီကြသည်။
သူက ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး ဓားအလင်းဖြင့် ခုတ်ချသည်။
သောင်းချီသောဓားအလင်းများသည် ဓားချက်၏နောက်တွင် ဖြစ်ပေါ်လာကြသည်။
ဓားတစ်လက်သည် ဓားတစ်သောင်းအဖြစ် ပြောင်းလဲသွားသည်။
“ရွှပ် ....”
သူက ငှက်ပိတုန်းတစ်ကောင်ကို ဓားဖြင့် ခုတ်လိုက်သည်။ သောင်းချီနေသော ဓားအလင်းများက ငှက်ပိတုန်းများအားလုံးကို လွှမ်းခြုံသွားခဲ့သည်။
ငှက်ပိတုန်းများအားလုံးက ပျက်စီးသွားကြသည်။
သို့သော် ထိုငှက်ပိတုန်းများက ပျောက်ကွယ်မသွားဘဲ ပိုမိုများပြားသော ငှက်ပိတုန်းများအဖြစ် ပြောင်းလဲသွားကြသည်။
ငှက်ပိတုန်းတစ်ကောင်ချင်းစီသည် ဓားတစ်လက်ဖြစ်သည်။
ယခင်က ဟန်မူယဲ့၏ ချီပင်လယ်တွင် စုစည်းနေခဲ့သော ဓားဆန္ဒနှင့် တူညီသည်။ ဓားဆန္ဒတစ်ခုသည် ဓားချီ ၁၂၈,၀၀၀အဖြစ် ပြောင်းလဲနိုင်သည်။
ဟန်မူယဲ့သည် မရေမတွက်နိုင်သော ငှက်ပိတုန်းများ၏ကြားတွင် ရောက်သွားခဲ့သည်။
ပိုင်ကျန်းရယ်က ပြုံးသည်။
“တာအိုရောင်းရင်ကျန်းရယ်ရဲ့ ဓားနည်းစနစ်က တကယ့်ကို အသက်ရှူမှားလောက်တယ်။ နိမ့်ကျတဲ့ ဒီဘုန်းကြီးက တစ်ခါပဲ မြင်ဖူးခဲ့တယ်”
ပိုင်ကျန်းရယ်၏နောက်တွင် အနီရောင်သင်္ကန်းနှင့် သူတော်စင်ဘုန်းကြီးက လက်အုပ်ချီထားပြီး ညင်သာစွာပြောလိုက်သည်။
ဓားအလင်းများကြားတွင် ဟန်မူယဲ့က လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။
ဤတိုက်ပွဲက ပြီးဆုံးသွားခဲ့သည်။
ပိုင်ကျန်းရယ်က ရယ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“အဲဒီကလေးက ဓားတာအိုမှာ ပါရမီရှိတယ်။ ဒါပေမဲ့ ကံမကောင်းတာက ....”
သူ့စကားမဆုံးခင်မှာ သူက မျက်နှာထားပြောင်းလဲသွားခဲ့သည်။
သူ့ရှေ့တွင် ငှက်ပိတုန်းများသည် ရွှေကြာပန်းများအဖြစ် ပြောင်းလဲသွားကြသည်။
ရွှေကြာပန်းတစ်သိန်း၏ကြားတွင် ဟန်မူယဲ့က တည်ငြိမ်စွာထွက်လာခဲ့သည်။
ပိုင်ကျန်းရယ်၏ဓားဆန္ဒကို ဟန်မူယဲ့က ပြောင်းလဲခဲ့သည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ....”
ပိုင်ကျန်းရယ်က မျက်လုံးပြူးသွားပြီး ထိတ်လန့်စွာပြောသည်။
ဟန်မူယဲ့က တည်ငြိမ်နေသည်။ သူက လက်မြှောက်ပြီး ဓားဖြင့် ထိုးသွင်းလိုက်ပြန်သည်။
သူ၏ တတိယမြောက်ဓားချက် ဖြစ်သည်။
ပထမဓားချက်သည် ဓားတစ်သောင်းတို့အိမ်အပြန် ဖြစ်သည်။
ဒုတိယဓားချက်တွင် ဓားတစ်လက်ကို ဓားတစ်သောင်းအဖြစ် ပြောင်းလဲခဲ့သည်။
ယခုအချိန်တွင် တတိယမြောက်ဓားချက်သည် သာမန်သာဖြစ်သည်။ မှိန်ဖျော့သောဓားအလင်းသည် ရိုးရှင်းစွာဝင်ရောက်လာခဲ့သည်။
အစစ်အမှန်ဓားကျင့်ကြံသူများနှင့် တိုက်ခိုက်သောအချိန်တွင် အသုံးပြုနိုင်သောနည်းစနစ်က အကန့်အသတ်ရှိသွားသည်။
ထို့ကြောင့် ကျွမ်းကျင်သူများက ဆယ်နှစ်၊ နှစ်တစ်ရာ ကြာမြင့်သည်အထိ တိုက်ခိုက်ကြသည်။
ဟန်မူယဲ့က သာမန်ဓားချက်ဖြင့် ထိုးသွင်းလိုက်သည်။ ပိုင်ကျန်းရယ်က လှုပ်ရှားလိုက်ပြီး လျင်မြန်စွာနောက်ဆုတ်သည်။
“မင်းက ဓားတာအိုကို ဒီအဆင့်အထိ ကျင့်ကြံထားတာပဲ”
ပိုင်ကျန်းရယ်က ဟန်မူယဲ့၏ဘေးတွင်ရှိနေသော ရွှေကြာပန်းများကိုကြည့်လိုက်ပြီး ထိတ်လန့်စွာပြောသည်။
“ဆရာရှစ်မင်၊ ငါနဲ့အတူ ပူးပေါင်းပါ။ ဒီကလေးရဲ့ ဓားတာအိုပါရမီက အရမ်းကောင်းလွန်းတယ်။ ငါတို့က သူ့ကို အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး”
ဓားတာအိုပါရမီက အလွန်ကောင်းသည်။ အသက်ရှင်ခွင့် မပေးသင့်ပေ။
ထိုစကားများကြောင့် ပိုင်ကျန်းရယ်၏နောက်တွင်ရှိနေသော သူတော်စင်ဘုန်းကြီးက အံ့အားသင့်သွားခဲ့သည်။
မည်သည့်လူမျိုးက ဓားသူတော်စင်၏ ထိုအကဲဖြတ်မှုမျိုးကို ရရှိနိုင်သနည်း။
သူက ဟန်မူယဲ့၏ ဓားတာအိုပါရမီကို ကြောက်ရွံ့နေသည်။
“ငါတို့ ဓားကျင့်ကြံသူတွေက ဓားနည်းစနစ်ကို ဖြည်းဖြည်းချင်းကျင့်ကြံပြီး ထူးခြားလာကြတယ်”
“ဒါပေမဲ့ တချို့ပါရမီရှင်တွေက ဓားနည်းစနစ်ရဲ့ အမှန်တရားကို ထိုးဖောက်မြင်နိုင်ကြတယ်”
ပိုင်ကျန်းရယ်၏အသံက ကြောက်ရွံ့မှုနှင့် ပြည့်နှက်နေသည်။
သူက ဓားမြှောက်လိုက်ပြီး ဟန်မူယဲ့၏ဓားချက်ကို အစွမ်းကုန်သုံး၍ ခုခံနေသည်။
သို့သော် သူက လှုပ်ရှားလိုက်သောအချိန်တွင် မျက်နှာတစ်ခုလုံးက ဖြူဖျော့သွားခဲ့သည်။
“ငါထင်ထားတဲ့အတိုင်းပဲ”
သူက အော်ဟစ်လိုက်ပြီး ဓားကိုစွန့်ပစ်၍ ပေတစ်ထောင်အကွာသို့ နောက်ဆုတ်သွားခဲ့သည်။
“ဘုန်း”
ဟန်မူယဲ့၏ဓားက သူ၏ဓားကို ဝါးမြိုလိုက်ပြီး ရှေ့သို့ ဆက်လက်တိုးဝင်လာသည်။
ဘုန်းတော်ကြီးရှစ်မင်၏ မျက်လုံးများက ရွှေအလင်းရောင်ဖြင့် တောက်ပနေသည်။
သူက လှုပ်ရှားလိုက်ပြီး ဓားအလင်း၏ရှေ့သို့ ရောက်လာသည်။ သူက လက်အုပ်ချီထားပြီး ကျမ်းစာများကို ရွတ်ဖတ်လိုက်သည်။ သူ့ရှေ့တွင် ရွှေခေါင်းလောင်းတစ်ခု ပေါ်လာခဲ့သည်။
“ရွှပ် ....”
ဓားရှည်သည် ခေါင်းလောင်းနှင့် ထိတွေ့သွားပြီး မျက်စိကျိန်းလောက်သော မီးပွင့်များကို ထုတ်ပေးသည်။
ဘုန်းကြီးရှစ်မင်က ရှေ့တွင်ရှိနေသော ဓားအလင်းကို ကြည့်လိုက်ပြီး မျက်နှာထား ပြောင်းလဲသွားသည်။
“ဒီဓားက လောကကို ဖျက်ဆီးနိုင်တယ်”
ဓားတာအို၊ လောက၏ ဖျက်ဆီးခြင်းတာအို ....
ဟန်မူယဲ့က ဓားတာအို၏ အနှစ်သာရကို ထွင်းဖောက်မြင်နိုင်ခဲ့သည်။
သူ့ဓားသည် နည်းစနစ်များအားလုံးကို ကျော်လွန်သွားပြီဖြစ်သည်။
ပိုင်ကျန်းရယ်က သူတော်စင်အဆင့်တွင် ရှိနေသော်လည်း ဓားတာအိုဖြင့် လောကကို မဖျက်ဆီးနိုင်သေးပေ။
ထို့ကြောင့် ဟန်မူယဲ့၏ တတိယဓားချက်ကို မြင်လိုက်ရသောအခါတွင် သူက မျက်နှာထား ပြောင်းလဲသွားခဲ့သည်။
ဟန်မူယဲ့က ငှက်ပိတုန်းများကို ရွှေကြာပန်းအဖြစ် ပြောင်းလဲလိုက်သောအချိန်တွင် သူက တစ်ခုခုမှားနေကြောင်း ခံစားမိခဲ့သည်။
သူက တတိယမြောက်ဓားချက်ကို မခုခံရဲပေ။
ထိုဓားချက်ကို ခုခံလိုက်လျှင် လောကတစ်ခု၏ ပျက်စီးခြင်းစွမ်းအားများကိုပါ ရင်ဆိုင်ရလိမ့်မည်။
ထို့အပြင် အဓိကအချက်သည်ထိုစွမ်းအားကို သူ၏ ကိုယ်ပိုင်ဓားတာအိုစွမ်းအားဖြင့် ချိုးဖျက်ရမည်။
သူ၏ ဓားတာအိုဉာဏ်အလင်းက ထိုအဆင့်အထိ မရောက်သေးသောကြောင့် သူက ဟန်မူယဲ့၏ဓားချက်ကို မခုခံနိုင်ပေ။
“ဘုန်း”
ဘုန်းကြီးရှစ်မင်၏ခေါင်းလောင်းက ပျက်စီးသွားခဲ့သည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီး ပိုင်ကျန်းရယ်၏ဘေးသို့ ရောက်သွားသည်။
သူတို့နှစ်ယောက်လုံးက နောင်တရနေပုံပေါ်သည်။
ရှစ်မင်က ရတနာတစ်ခု ပျက်စီးသွားသောကြောင့် နောင်တရနေသည်။
ပိုင်ကျန်းယွီက ဓားတာအိုကျင့်ကြံခြင်းတွင် ဟန်မူယဲ့နှင့် မယှဉ်နိုင်သောကြောင့် နောင်တရနေသည်။
သူက ထိုဓားချက်ကို နားလည်သွားလျှင် ဓားသူတော်စင်မဟုတ်ဘဲ ဓားတာအိုဘိုးဘေးတစ်ယောက် ဖြစ်သွားလိမ့်မည်။
“နှမြောစရာပဲ ....”
ပိုင်ကျန်းရယ်က ညင်သာစွာ သက်ပြင်းချသည်။
ရှစ်မင်က နာကျင်စွာခေါင်းညိတ်သည်။
ဟန်မူယဲ့က ဓားတစ်လက်ကိုင်ထားပြီး ပေသုံးထောင်အကွာတွင် မတ်တပ်ရပ်နေသည်။
သူ့ခေါင်းပေါ်တွင် ကောင်းကင်စက်ဝန်းဓားဝင်္ကပါက ကြယ်အလင်းများသဖွယ် တောက်ပနေသည်။
ထိုအချိန်၌ ကြက်သွေးရောင်ကြယ်ပေါ်တွင် ရှိနေသော ကောင်းကင်အဆင့် ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ သူတို့အားလုံးက မျက်လုံးပြူးသွားပြီး ကောင်းကင်တွင် ပြည့်နှက်နေသော ဓားအလင်းများနှင့် ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
ဟန်မူယဲ့က ဓားတစ်လက်ကိုင်ပြီး စစ်သည်တစ်သန်းကိုဖိနှိပ်၍ ကောင်းကင်အဆင့် ကျင့်ကြံသူငါးထောင်ကို တားဆီးခဲ့သည်။
ထို့အပြင် သူ့ရှေ့တွင် သူတော်စင်နှစ်ယောက်လည်း ရှိနေသေးသည်။
‘ဒီလိုတိုက်ခိုက်နိုင်စွမ်းမျိုးကို အမတ်ချုပ်ကြီးဝမ်ကတောင် ပိုင်ဆိုင်ထားပါ့မလား’
“ဆရာရှစ်မင်၊ ငါတို့က သူ့ကို သေချာပေါက်သတ်ပစ်ရမယ်”
ပိုင်ကျန်းရယ်က အံတင်းတင်းကြိတ်ထားပြီး ဓားတစ်လက်ကို ထပ်မံထုတ်ယူသည်။
ရှစ်မင်က ခေါင်းညိတ်သည်။ သူ့လက်ထဲတွင်ရှိသော တောင်ဝှေးက ဗုဒ္ဓအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
ဟန်မူယဲ့က ကြက်သွေးရောင်ကြယ်မှ ထွက်လာကြသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများကို ကြည့်လိုက်သည်။
‘ပြီးတော့မှာပဲ’
သူက လက်မြှောက်လိုက်သောအခါတွင် ပိုင်ကျန်းရယ်၏ဓားသည် သူ့လက်ထဲသို့ ရောက်လာခဲ့သည်။
သူက ဓားချီများကို ထည့်သွင်းလိုက်ပြီး စိတ်ထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။
ပိုင်ကျန်းရယ်က အင်အားစုကြီးတစ်ခုမှ ရောက်လာခဲ့သည်။ သူ့နောက်ကွယ်တွင်ရှိသော အင်အားစုနှင့် သူကျင့်ကြံခဲ့သော ဓားနည်းစနစ်များအားလုံးက ဟန်မူယဲ့၏စိတ်ထဲတွင် ပေါ်လာကြသည်။
“ဓာတ်စင်တစ်သောင်းကမ္ဘာ၊ ဓာတ်စင်ဓားဂိုဏ်း”
ဟန်မူယဲ့၏မျက်လုံးများက တောက်ပနေကြသည်။
ထိုဓားသူတော်စင်သည် အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ မဟုတ်ပေ။ သူက တာအိုပြိုင်ပွဲတွင် အခွင့်အရေးရှာဖွေရန်အတွက် အပြင်ကမ္ဘာတစ်ခုမှ ရောက်လာခဲ့သည်။
သူက အင်မော်တယ်ဝိညာဉ်ကမ္ဘာကို ရွေးချယ်ခဲ့သည်။
တာအိုပြိုင်ပွဲ၏အခြေအနေအရ လူအများစုသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာကိုသာ ရွေးချယ်ကြသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာက အမှန်တကယ်ပင် အားနည်းနေသည်။
သူက ဓာတ်စင်ဓားကျိုးနည်းစနစ်ကို နားလည်ခဲ့သည်။
သူက ဝိညာဉ်ဓားဆယ့်သုံးလက် နည်းစနစ်ကို နားလည်ခဲ့သည်။
သူက နယ်မြေချိပ်ပိတ်နည်းနစ်ကို နားလည်ခဲ့သည်။
....
ဟန်မူယဲ့က ပိုင်ကျန်းရယ်၏ ဓားနည်းစနစ်အမွေအနှစ်ကို အာရုံစိုက်ထားပြီး လျင်မြန်စွာတွက်ချက်ကြည့်လိုက်သည်။
ရန်သူကို ကောင်းမွန်စွာ နားလည်ထားလျှင် တိုက်ပွဲတိုင်းကို အနိုင်ရလိမ့်မည်။ သူက တစ်ဖက်လူ၏ ဓားနည်းစနစ်များကို တတ်မြောက်သွားလျှင် ပြိုင်ဘက်ကင်းဖြစ်နေလိမ့်မည်။
ဓားအလင်းနှင့် သွေးချီများသည် အာကာသထဲတွင် ရောယှက်နေကြသည်။
ဝင်္ကပါဖြင့် စစ်တပ်ကို တားဆီးထားသော ဟန်မူယဲ့က ရုတ်တရက် လက်မြှောက်လိုက်သည်။
“ဘုန်း”
ဓားအလင်းများအားလုံးက ပျောက်ကွယ်သွားခဲ့သည်။ သူနှင့် ပေတစ်ရာပတ်ဝန်းကျင်သည် ကြယ်အလင်းရောင်ကဲ့သို့ အလွန်တောက်ပနေသည်။
ဟန်မူယဲ့က ဓားဝင်္ကပါ၏ ထောက်ပံ့မှုကို ရထားပြီး ဝိညာဉ်ရတနာဓားကိုလည်း ကိုင်ဆောင်ထားသည်။ သူက တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
“ငါက သူတော်စင်တစ်ပါးကို သတ်ချင်တယ်။ ကျန်တဲ့လူတွေကို မင်းတို့ဆီမှာ အပ်ထားခဲ့မယ်။ အဆင်ပြေကြလား”
ဟန်မူယဲ့၏အသံက တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး လူတိုင်းကို တက်ကြွလာစေသည်။
သူက သူတော်စင်တစ်ပါးကို သတ်ဖြတ်မည်။
သူ့နောက်တွင်ရှိနေသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများအားလုံးက တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်လာကြသည်။
သူတို့က မည်သည့်လမ်းစဉ်မှပင်ဖြစ်စေ ယခုအချိန်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကောင်းကင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။