← Chapters

အခန်း (၆၇၁)

Vol. 48 Ch. 671

အခန်း (၆၇၁)

Vol. 48 Ch. 671

ထို့အပြင် သူက သူတော်စင်တစ်ယောက်ကိုလည်း ဖိနှိပ်ထားခဲ့သည်။

ဤအချိန်မျိုးတွင် လက်နက်သန့်စင်ခြင်း မပြုလုပ်ခဲ့လျှင် ကောင်းကင်က အပြစ်ပေးလိမ့်မည်။

ကြယ်တစ်စင်းကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သူတော်စင်ကို လက်နက်ဝိညာဉ်အဖြစ် သန့်စင်မည်။ ထွက်ပေါ်လာသောရတနာသည် တာအိုပြိုင်ပွဲအား စောင့်ကြည့်နေသော တာအိုဘိုးဘေးများကိုပင် စိတ်လှုပ်ရှားသွားစေလိမ့်မည်။

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက တာအိုဘိုးဘေးများကို မမြင်ရသော်လည်း သူတို့၏အကြည့်များကို ခံစားနိုင်သည်။

“ရတနာတွေက ဆွဲဆောင်နိုင်တယ်။ ဒီအချိန်မျိုးမှာ အစောကြီး ထွက်မသွားသင့်ဘူး”

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းသည်။ ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်း၏ နဂါးပုံရိပ်သည် အဆုံးမရှိသောသွေးချီများကို စုစည်း၍ မီးတောက်များအဖြစ် ပြောင်းလဲလိုက်ပြီး ကြက်သွေးရောင်ကြယ်ကို လွှမ်းခြုံထားသည်။

ဟန်မူယဲ့က လက်ဝါးထဲတွင်ရှိနေသော အရောင်ငါးမျိုးအလင်းနှင့် လွှမ်းခြုံခံထားရသည့် ဗုဒ္ဓပုံရိပ်ကို ကြက်သွေးရောင်ကြယ်အတွင်းသို့ ရိုက်ချလိုက်သည်။

“ကြယ်ကို လက်နက်အဖြစ်သန့်စင်ပြီး သူတော်စင်က လက်နက်ဝိညာဉ် ဖြစ်လာလိမ့်မယ်။ အရူးပဲ ....”

အာကာသထဲတွင် အသံတစ်သံ ပေါ်ထွက်လာသည်။

ဟန်မူယဲ့က ရူးသွပ်နေသည်။

မရေမတွက်နိုင်သော နတ်အာရုံများသည် အာကာသထဲတွင် လှုပ်ရှားလာကြသည်။

ဤလောကတွင် သူတော်စင်ကိုအသုံးပြု၍ လက်နက်သန့်စင်ရဲသောလူတစ်ယောက် ရှိနေသည်။

သူတော်စင်က မည်သည့်အရာ ဖြစ်သနည်း။

သူတော်စင်တစ်ပါးသည် လူသား၊ ကမ္ဘာမြေနှင့် ကောင်းကင်အဆင့်ကို ဖြတ်ကျော်လာပြီး ကံကြမ္မာနှင့် ပြန်လည်မွေးဖွားခြင်းစွမ်းအားကို နားလည်ထားသည်။ သူတော်စင်တစ်ပါးက လူသားအင်မော်တယ်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေသည်။

ထိုကျွမ်းကျင်သူမျိုးသည် နတ်ဘုရားဘုရင်နှင့် တာအိုဘိုးဘေးများ၏ လက်အောက်၌ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

သူတော်စင်တစ်ပါးသည် လောကတစ်ခုကို ထိန်းချုပ်နိုင်သည်။ သူတော်စင်၏တာအိုသည် ကောင်းကင်တာအိုနှင့် တစ်ခုတည်းဖြစ်ပြီး ထာဝရရှင်သန်နိုင်သည်။

ထိုကျွမ်းကျင်သူမျိုး၏ ခန္ဓာကိုယ်နှင့်ဝိညာဉ်ကို လက်နက်သန့်စင်ရာတွင် အသုံးချနေသည်။

ထိုဖြစ်ရပ်မျိုးသည် အသစ်အဆန်းမဟုတ်ပေ။

ရှေးခေတ်အချိန်တွင် ကျွမ်းကျင်သူအများအပြား ရှိခဲ့ကြသည်။ ပျက်စီးခြင်းတောရိုင်း၏ နတ်ဘုရားသားရဲများသည် လက်နက်အဖြစ် သန့်စင်ခံလိုက်ရပြီး ဝိညာဉ်ရတနာကို ကျော်လွန်နေသော အင်မော်တယ်ရတနာများ ဖြစ်လာကြသည်။

သို့သော် လက်ရှိခေတ်တွင် သူတော်စင်တချို့သာ သေဆုံးသွားကြသည်။ လက်နက်အဖြစ် သန့်စင်ခံရသော အဖြစ်အပျက်မျိုးကို မကြားမိကြပေ။

ယနေ့တွင် ဟန်မူယဲ့က သူတော်စင်တစ်ပါးကို အသုံးပြု၍ လက်နက်သန့်စင်တော့မည်။ ထို့ကြောင့် တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများက အာရုံစိုက်ထားလိုက်ကြသည်။

“အဲဒါက ထာဝရကံကြမ္မာဗုဒ္ဓဂိုဏ်းရဲ့ ရှစ်မင် မဟုတ်လား။ သူက ရှစ်မင်ကိုအသုံးပြုပြီး လက်နက်သန့်စင်နေတယ်ပေါ့။ ဒီကလေးက ထာဝရကံကြမ္မာဗုဒ္ဓဂိုဏ်းရဲ့ ဗုဒ္ဓတစ်သောင်းမဟာဝင်္ကပါကို မကြောက်ဘူးလား”

အိုမင်းနေသောအသံတစ်သံက နတ်အာရုံမှတစ်ဆင့် ပြောလိုက်သည်။

“ဟားဟား၊ ဒီနယ်မြေထဲကို ဗုဒ္ဓတစ်သောင်းဝင်္ကပါ ရောက်လာမှ ဆက်ပြောကြတာပေါ့”

လူတစ်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

သူတို့ထဲတွင် အများစုက လက်နက်သန့်စင်မည့်အချိန်ကို စောင့်မျှော်နေကြသည်။

ထိုရတနာကို အောင်မြင်စွာသန့်စင်နိုင်ခဲ့လျှင် သူတို့က ရယူရန်အတွက် ကြိုးစားကြည့်သင့်သည်။

ဟန်မူယဲ့က အရာအားလုံးကို လျစ်လျူရှုထားပြီး မီးတောက်များကြားတွင်ရှိနေသော ကြက်သွေးရောင်ကြယ်ကို လှမ်းကြည့်သည်။

ဗုဒ္ဓပုံရိပ်များသည် မီးတောက်များပေါ်တွင် လှုပ်ရှားနေကြသည်။

ကြယ်တစ်စင်းကို သန့်စင်နေသောကြောင့် သူကိုယ်တိုင်ကပင် ရူးသွပ်သည်ဟု ခံစားလိုက်ရသည်။

သို့သော် သူက သေချာသိနေသည်။

ယနေ့တွင် လက်နက်မသန့်စင်ခဲ့လျှင် သူက နောင်တရသွားလိမ့်မည်။

“ဘုန်း”

မီးတောက်များက ရွှေရောင်သန်းသွားပြီး ကြယ်တစ်စင်းလုံးကို လွှမ်းခြုံလိုက်သည်။

ထိုမီးတောက်များသည် ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်းနှင့် သူတို့သတ်ဖြတ်ခဲ့သော သိန်းချီနေသည့် စစ်သည်များ၏ ဝိညာဉ်၊ ချီနှင့် သွေးစွမ်းအားများပင် ဖြစ်ကြသည်။

ဟန်မူယဲ့က ထိုစွမ်းအားများကို အနည်းငယ်သာ အသုံးပြုထားပြီး ကြယ်တစ်စင်းကို သန့်စင်နေခဲ့သည်။

တခြားအချိန်မျိုးတွင် သူက လက်နက်သန့်စင်ရန်အတွက် ထိုသို့ ခမ်းနားသောစွမ်းအားများကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် သူက သူတော်စင်တစ်ပါးကို ဖိနှိပ်ထားပြီး သူတော်စင်တစ်ပါးကို ခြောက်လှန့်နိုင်ခဲ့သည်။ သူ၏ခွန်အားသည် ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်းကို အပြည့်အဝ သိမ်းသွင်းထားသည်။

သူက လက်နက်သန့်စင်ချင်လျှင် သူတို့အားလုံးက ငြင်းဆန်ကြမည်မဟုတ်ပေ။

မီးတောက်များက လောင်ကျွမ်းနေကြသည်။ အက်ကွဲသွားသောအသံများကို ကြားနိုင်သည်။

ယခုအချိန်တွင် လူတိုင်းက ဟန်မူယဲ့သန့်စင်နေသော ရတနာကို အာရုံစိုက်ထားကြသည်။

ထိုသို့ ရူးသွပ်သောအပြုအမူကို မည်သူက လျစ်လျူရှုနိုင်မည်နည်း။

ဟန်မူယဲ့၏မျက်လုံးများက တောက်ပနေသည်။

သူက လက်မြှောက်လိုက်သောအခါတွင် ရွှေရောင်သမာဓိစွမ်းအားသည် ဧရာမလက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး မီးတောက်များကို ဖိနှိပ်လိုက်သည်။

ကြယ်တစ်စင်းလုံးက သိသိသာသာ ကျုံ့ဝင်လာခဲ့သည်။

ကြယ်၏အညစ်အကြေးများကို သန့်စင်ခဲ့သည်။

တစ်ရက်အကြာတွင် ကြယ်တစ်စင်းလုံးက မိုင်ငါးဆယ်ပတ်လည်ကျယ်ဝန်းသော စက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုစက်လုံးကို ရွှေရောင်မီးတောက်များက လွှမ်းခြုံထားသည်။

“အမတ်ချုပ်ကြီးဟန်၊ အင်မော်တယ်ဝိညာဉ်စစ်တပ်က ငါတို့ဆီကို ပြန်လာနေပါပြီ”

ကုန်းစွန်းရှုက ရှေ့တက်လာပြီး တီးတိုးပြောလိုက်သည်။

စစ်သည်တစ်သန်းနှင့် ကောင်းကင်အဆင့် ကျွမ်းကျင်သူငါးထောင်သည် ရှံးနိမ့်သွားပြီး သူတော်စင်တစ်ပါးက အဖမ်းခံထားရသည်။ တခြားသူတော်စင်တစ်ပါးက ထွက်ပြေးသွားခဲ့သည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာက လက်စားမချေနိုင်လျှင် စိတ်ဓာတ်ကျဆင်းသွားလိမ့်မည်။

ပြန်လည်စုစည်းထားသောစစ်တပ်သည် ပိုမိုသန်မာလိမ့်မည်။

ယခုအချိန်တွင် ဟန်မူယဲ့က လက်နက်သန့်စင်ရန် အာရုံစိုက်ထားသည်။ ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်းကလည်း ပူးပေါင်းဆောင်ရွက်နေသည်။

သူတို့က နောက်တစ်ကြိမ် တိုက်ခိုက်ရလျှင် တိုက်ခိုက်နိုင်စွမ်းကို ကောင်းမွန်စွာ ဖော်ထုတ်နိုင်မည်မဟုတ်ပေ။

အခြေအနေက အရေးကြီးနေသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ကြည့်သည်။

ထိုနေရာတွင် ချီစွမ်းအင်အလင်းများက လှုပ်ရှားနေကြသည်။ စစ်တပ်တစ်ခုက အမှန်တကယ်ပင် စုစည်းနေသည်။

“အဲဒီကောင်စုတ်လေးက ဘာလုပ်မလဲ ကြည့်ရအောင်။ သူက ရတနာကို တစ်ဝက်သန့်စင်ပြီးနေပြီ။ အခုအချိန်မှာ လက်လျော့လိုက်ရင် နှမြောစရာဖြစ်နေလိမ့်မယ်”

အာကာသထဲတွင် လူတစ်ယောက်က တီးတိုးပြောလိုက်သည်။

ထိုအရာသည် တာအိုဘိုးဘေးများ၏ စကားဝိုင်းသာ ဖြစ်သည်။ တခြားလူများက မကြားနိုင်ပေ။

“သူ့အသက်က အရေးကြီးတာလား၊ ရတနာက အရေးကြီးတာလားဆိုတာကို သူက ဆုံးဖြတ်နိုင်မှာပါ”

လူတစ်ယောက်က တည်ငြိမ်စွာပြောသည်။

ယခုအချိန်တွင် ဟန်မူယဲ့အတွက် ရွေးချယ်စရာနှစ်ခုသာရှိသည်။

သူက တစ်ဝက်သန့်စင်ထားသောရတနာကို လက်လျော့ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်သွားနိုင်သည်။

ထိုသို့ဆိုလျှင် သူက ရတနာကို ချန်ထားခဲ့ရသော်လည်း အသက်ရှင်နိုင်လိမ့်မည်။ ထို့အပြင် သူတို့၏ ခရီးစဉ်သည် အကျိုးရှိခဲ့သည်။ သူက အများအပြား ဆုံးရှုံးသွားမည်မဟုတ်ပေ။

သို့မဟုတ် ဤနေရာတွင် ခုခံနေပြီး ရတနာကို ဆက်လက်သန့်စင်နိုင်သည်။ သို့သော် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်ကြောင့် ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်းတွင် အသက်ဆုံးရှုံးသွားသောလူများ ရှိလာကြလိမ့်မည်။

“သွားကြစို့”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

‘ထွက်သွားတော့မှာလား’

လူတိုင်းက ကြောင်အသွားသည်။

‘တကယ်ပြတ်သားတာပဲ’

အာကာသထဲတွင် ရှိနေသော တာအိုဘိုးဘေးများနှင့် ဟန်မူယဲ့၏နောက်တွင် ရှိနေသော ကောင်းကင်အဆင့် ကျင့်ကြံသူများက အံ့အားသင့်သွားကြသည်။

သူက ထိပ်တန်းအဆင့်ရတနာတစ်ပါးကို လက်လျော့နိုင်သည်။ သူ၏ ဆုံးဖြတ်ချက်ပြတ်သားပုံကို မြင်နိုင်သည်။

ထိုလူမျိုးကသာ အသက်ရှည်ရှည် နေနိုင်လိမ့်မည်။

ကျင့်ကြံခြင်းလောကတွင် အသက်ရှင်နိုင်သောလူများကသာ ပါရမီရှင်များ ဖြစ်ကြသည်။

“ဒီကလေးရဲ့စိတ်ထားနဲ့ဆိုရင် ....”

အာကာသထဲတွင်ရှိသော အသံက ရပ်တန့်သွားခဲ့သည်။

ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် မိုင်ငါးဆယ်ကျယ်ဝန်းသောကြယ်က လှုပ်ရှားလာခဲ့သည်။

သူက တစ်ဝက်သန့်စင်ထားသော ရတနာကို ယူသွားချင်သည်။

သူတို့အားလုံးက မည်သည့်အရာကိုမှ မပြောနိုင်ကြတော့ပေ။

‘သူက ဒီပစ္စည်းနဲ့ ဘယ်လိုလုပ်ပြီး လွတ်အောင်ပြေးနိုင်မှာလဲ’

ဟန်မူယဲ့က ကြယ်ကိုထမ်းပြီး လျင်မြန်စွာပြေးသွားသောအခါတွင် ချင်းရီမင်နှင့် ကောင်းကင်အဆင့် ကျင့်ကြံသူများက အသိဝင်လာပြီး နောက်မှ အပြေးလိုက်လာကြသည်။

All Chapters