အခန်း (၆၇၅)
Vol. 49 Ch. 675
တစ်နှစ်အတွင်း၌ နန်းမြို့တော်၏အခြေအနေက ပြောင်းလဲသွားခဲ့သည်။
တော်ဝင်ကျောင်းတော်၏ ကိုယ်စားလှယ်များ၊ အင်အားစုအသီးသီးနှင့် ပြင်ပဘုံစစ်တပ်တွင် ရှိနေသော ကိုယ်စားလှယ်များက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အရေးကိစ္စများကို အစီအစဉ်တကျ ဆောင်ရွက်နေကြသည်။
အစပိုင်းတွင် အနည်းငယ် ဖရိုဖရဲဖြစ်ခဲ့သည်။
ယွင်သွမ့်ကပင် ကိုယ်တိုင်မဆုံးဖြတ်နိုင်ဘဲ ဟန်မူယဲ့နှင့် အကြိမ်ပေါင်းများစွာ တိုင်ပင်ခဲ့ရသည်။
ဟန်မူယဲ့က ဆုံးဖြတ်ချက်မချနိုင်သော ကိစ္စရပ်များတွင် တစ်ကိုယ်ကောင်းဆန်သောလူကို ကြည့်လိုက်သည်။
ထိုလူများကို ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ နှင်ထုတ်ပြီး ရှေ့တန်းသို့ ပို့လိုက်သည်။
တစ်ကိုယ်ကောင်းဆန်သူများ မရှိခဲ့လျှင် တာအိုပြိုင်ပွဲအတွင်း၌ ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် ပိုအသုံးဝင်မည့် အကြံပြုချက်ကို စဉ်းစားသည်။
သူတို့က တာအိုပြိုင်ပွဲကို အနိုင်မရလျှင် အရာအားလုံးက အလကားဖြစ်သွားလိမ့်မည်။
ဟန်မူယဲ့က သုံးလအကြာတွင် အရာရှိသုံးရာကို ရှေ့တန်းသို့ ပို့ပစ်ခဲ့သည်။ ထို့နောက် သူက ထိုအရေးကိစ္စများတွင် ဝင်ပါရန် မလိုအပ်တော့ပေ။
သူက တံခါးပိတ်ကျင့်ကြံခြင်းအပြင် အာခီမီကံကြမ္မာစံအိမ်သို့လည်း လာထိုင်လေ့ရှိသည်။
“မွေးစားအဖေ၊ နောက်ကျရင် ဒီကို မလာပါနဲ့တော့။ အဖေဒီမှာရှိနေရင် အာခီမီကံကြမ္မာစံအိမ်က စီးပွားပျက်သွားလိမ့်မယ်”
အဝါရောင်ဝတ်စုံနှင့် ဟွမ်ကျစ်ဟူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အပြစ်တင်နေသည်။
“ဒီမှာရှိတဲ့ဆေးလုံးတွေကို ကြည့်လိုက်ပါအုံး။ မွေးစားအဖေရောက်လာကတည်းက တစ်လုံးမှမရောင်းရတော့ဘူး”
“မွေးစားအဖေက အမတ်ချုပ်ကြီးဖြစ်နေပြီလေ။ ဒီမှာလာထိုင်နေရင် ဘယ်သူက ဆေးလုံးလာဝယ်ရဲမှာလဲ”
ဟွမ်ကျစ်ဟူက ဒေါသတကြီး ရေရွတ်နေသည်။
တံခါးဝတွင်ရှိနေသော ဇူအော်ယုထင်က ပြုံးလိုက်သည်။
ဆေးဆိုင်၏အပြင်ဘက်တွင် ပုရွတ်ဆိတ်တစ်ကောင်ပင်မရှိပေ။
“ငါက မင်းကို လုပ်ချင်တာတွေ လျှောက်လုပ်နိုင်အောင်လို့ အာခီမီကံကြမ္မာစံအိမ်မှာ ပစ်ထားမယ်ထင်နေတာလား”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
“ပေါက်ကရတွေလျှောက်လုပ်မနေနဲ့။ မင်းရဲ့အစ်ကို ရှောင်ရွှမ်က ရက်နည်းနည်းလောက်ကြာရင် ပြန်ရောက်လာလိမ့်မယ်”
“သူက အစ်ကိုခြောက်ရဲ့ လက်ဆောင်ကိုလည်း ယူလာလိမ့်မယ်”
လက်ဆောင်အကြောင်းကို ကြားလိုက်ရသောအခါတွင် ဟွမ်ကျစ်ဟူက မျှော်လင့်နေပုံပေါ်သည်။
သူမ၏အဖေက လူတစ်ယောက်ကို လွှတ်လိုက်လိမ့်မည်ဟု ဟန်မူယဲ့က ပြောခဲ့သည်။ သို့သော် ဟွမ်ကျစ်ဟူက မယုံနိုင်သေးပေ။
‘ငါ့အဖေက မိစ္ဆာအဖြစ်ပြောင်းပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာကနေ ထွက်သွားခဲ့တာလေ။ သူက ပြန်ကောင်းသွားပြီလား’
ဆေးဆိုင်၏အပေါက်ဝတွင် ကလေးတစ်ယောက်က လေးဖက်ထောက်၍ တက်လာသည်။
ဟွမ်ကျစ်ဟူက ထိုကလေးကို ပွေ့ဖက်လိုက်သည်။
“နံပတ်ငါး၊ ဒီကို တစ်ယောက်တည်းရောက်လာတာလား”
ကျားဦးခေါင်းနှင့်ကလေးက အသံပေးလိုက်သည်။ တံခါးဝတွင် အသံတစ်သံ ထွက်လာပြန်သည်။
“အစ်မ၊ ကျွန်တော်က နံပတ်ငါး။ သူက နံပတ်ခြောက်ပါ”
တံခါးဝတွင် မျက်ခုံးကောင်းသော ကျားခေါင်းနှင့်ကလေးတစ်ယောက်က ခေါင်းမော့ကြည့်နေသည်။
ဟွမ်ကျစ်ဟူက ခေါင်းညိတ်လိုက်ပြီး ရေရွတ်သည်။
“တကယ်မွေးနိုင်တာပဲ ....”
ဟန်မူယဲ့က ပြုံးလိုက်ပြီး အပြင်ဘက်သို့ ကြည့်သည်။ တောင်ပိုင်းကုန်းမြေစားသောက်ဆိုင်က အခြေအနေကောင်းနေသည်။ စွေ့စွေ့နှင့် ရှောက်တထျန်းတို့က ကလေးအများအပြားကို မွေးထုတ်ထားခဲ့ကြသည်။
‘ညီမမူဝမ်က အာခီမီကံကြမ္မာစံအိမ်မှာ ရှိနေသေးရင် ငါကလည်း ကလေးတစ်ယောက်လောက် ရနေလိမ့်မယ်’
ဟန်မူယဲ့က ဟွမ်ကျစ်ဟူကို ကြည့်လိုက်သည်။
‘ဒီကောင်မလေးက မြန်မြန်အရွယ်ရောက်လာတာပဲ။ နောက်ဆုံးတော့ အစ်ကိုခြောက်ကို မျက်နှာချင်းဆိုင်နိုင်ပြီ’
“အမတ်ချုပ်ကြီးဟန်၊ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင်းယန်မြို့က မရီးခြောက် ရောက်လာပါတယ်”
ချင်းရီမင်၏အသံသည် တံခါးဝတွင် ပေါ်ထွက်လာခဲ့သည်။
ဟန်မူယဲ့က မတ်တပ်ရပ်လိုက်သည်။ ဟွမ်ကျစ်ဟူက ကလေးကို ပြန်ချလိုက်ပြီး ပြေးထွက်သွားသည်။
“ကျစ်ဟူ၊ မင်းသမီးယွင်ကျင်းက မရီးခြောက်နဲ့အတူ ဧကရာဇ်ကိုတွေ့ဖို့ နန်းတော်ကို သွားတယ်”
ချင်းရီမင်က အော်ပြောလိုက်သည်။
“သိပြီ”
ကျစ်ဟူက အသံပြုလိုက်ပြီး နန်းတော်သို့ ပြေးသွားခဲ့သည်။
ဟန်မူယဲ့က တံခါးဝတွင်ရပ်နေပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။
လမ်းပေါ်တွင် အစိမ်းရောင်ဝတ်စုံနှင့် ဓားရှည်တစ်လက်လွယ်ထားသော လူတစ်ယောက်က ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။
ချင်းရီမင်က တစ်ကိုယ်လုံးတုန်ခါသွားသည်။ သူက ထိုလူကို ရပ်တန့်ချင်သော်လည်း မရပ်တန့်နိုင်ဟု ခံစားမိနေသည်။
“ငါက နောက်ဆုံးတော့ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြန်ရောက်လာခဲ့ပြီ”
“လူသားလောက ....”
ကောင်းရှောင်ရွှမ်၏မျက်လုံးထဲတွင် ခံစားချက်များနှင့် ပြည့်နှက်နေသည်။
“ကောင်လေး၊ မင်းက ဘာဖြစ်လို့ အရမ်းခံစားလွယ်နေတာလဲ”
ဟန်မူယဲ့က သူ့ကို ကြည့်သည်။
“မိစ္ဆာစိတ်ကို ဖိနှိပ်ပြီးသွားပြီလား”
ကောင်းရှောင်ရွှမ်က ပြုံးသည်။
“ပြီးတော့မယ်။ အစ်ကိုဟန်ရဲ့ဆေးလုံးကိုပဲ လိုတော့တယ်”
ကောင်းရှောင်ရွှမ်က သိုလှောင်အိတ်တစ်လုံးကို ထုတ်ပေးသည်။
ဟန်မူယဲ့က သိုလှောင်အိတ်ကိုယူပြီး စစ်ဆေးကြည့်လိုက်သည်။ မိစ္ဆာဆေးလုံးအတွက် လိုအပ်သော ဝိညာဉ်ဆေးပင်များသည် အထဲတွင် ရှိနေကြသည်။
ဆေးပင်ဥယျာဉ်ကြောင့်သာမဟုတ်လျှင် ထိုဆေးပင်များကို စုဆောင်းနိုင်မည်မဟုတ်ပေ။
“အစ်ကိုခြောက်က ဘိုးဘေးမိစ္ဆာကြယ်မှာ အခြေကျသွားရင် ကိုယ်တိုင်လာခဲ့မယ်လို့ ပြောလိုက်တယ်”
ကောင်းရှောင်ရွှမ်က ပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ကောင်းရှောင်ရွှမ်ကို ဆေးဆိုင်၏နောက်တွင်ရှိသော ခြံဝိုင်းထဲသို့ ခေါ်သွားခဲ့သည်။
ကောင်းရှောင်ရွှမ်က ဟန်မူယဲ့၏မြေပုံနှင့် ဆည်ကို ဖြတ်သန်းခဲ့သော်လည်း အန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသည်။
ခြံဝိုင်းထဲတွင် ကောင်းရှောင်ရွှမ်က ဓားရှည်ကို ဆွဲထုတ်သည်။
ဓားအလင်းများက ပေါ်ထွက်လာကြပြီး ကျောက်စိမ်းသေတ္တာများအဖြစ် ပြောင်းလဲသွားကြသည်။
“ဒါက အစ်ကိုခြောက်ပေးလိုက်တဲ့ ဆေးလုံးနဲ့ဓားတွေပဲ”
ဓားများသည် ဆည်၏အပြင်ဘက်တွင်ရှိသော စံချိန်မီဓားများဖြစ်ပြီး တူညီသော သန့်စင်ခြင်းလုပ်ငန်းစဉ်မှတစ်ဆင့် ဖြစ်ပေါ်လာခဲ့သည်။
ဟန်မူယဲ့က ကျောက်စိမ်းသေတ္တာများကို စစ်ဆေးကြည့်လိုက်သည်။ ဓားရှည်သုံးသန်းသည် ကျောက်စိမ်းသေတ္တာတစ်လုံးစီတွင် ရှိနေကြသည်။
ဟန်မူယဲ့၏ကိုယ်ပွားက ရှေးတိမ်တိုက်စကြဝဠာမှ ထွက်ခွာလာသောအခါတွင် ဟွမ်ခြောက်က အရောင်းအဝယ်များအားလုံးကို တာဝန်ယူခဲ့သည်။
အရေးကြီးသော ဆေးလုံးနှင့် ဓားများကို ကောင်းရှောင်ရွှမ်က ကိုယ်တိုင်သယ်လာခဲ့သည်။
ကျောက်စိမ်းသေတ္တာများကို အားလုံးပေါင်းကြည့်လိုက်လျှင် ဓားရှည် ၁၂သန်း ရှိနေခဲ့သည်။
ဓားရှည်များအားလုံးသည် ဝိညာဉ်အလယ်အလတ်အဆင့်တွင် ရှိနေကြပြီး ဖြည်းဖြည်းချင်း ပျိုးထောင်ပေးနိုင်သည်။
နတ်ဘုရားဘုရင်ချီယန်၏ ချီယန်ဓားဂိုဏ်းသည် ထိုဓားများကို အစွမ်းကုန်သုံး၍ သန့်စင်ပေးခဲ့သည်။ ဝိညာဉ်အလယ်အလတ်အဆင့် ဓားများသည် ကုန်ကျစရိတ်သက်သာပြီး လျင်မြန်စွာသန့်စင်နိုင်သည်။
သူတို့က အဆင့်မြင့်ဝိညာဉ်လက်နက်ကို သန့်စင်ချင်လျှင် အချိန်ယူရလိမ့်မည်။
တာအိုပြိုင်ပွဲအတွင်း၌ အရေးတကြီးလိုအပ်နေသော ကုသဆေးများသည် တခြားကျောက်စိမ်းသေတ္တာများထဲတွင် ရှိနေကြသည်။
ဟန်မူယဲ့က တာအိုအနှစ်သာရမီးပြင်းဖိုကို အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းတွင် ချန်ရစ်ခဲ့သည်။ ထိုနေရာတွင် အာခီမီရုပ်သေးများက ဆေးလုံးများကို အဆက်မပြတ်သန့်စင်နေကြသည်။
“အစ်ကိုဟန်ရဲ့ ကိုယ်ပွားက ဘယ်ကိုရောက်သွားပြီလဲ”
ကောင်းရှောင်ရွှမ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး မေးသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ပြောသည်။
“စိတ်မပူပါနဲ့။ ငါ့ကိုယ်ပွားက အချိန်ကျရင် ပေါ်လာမှာပါ”
သူ၏ကိုယ်ပွားက ရှေးတိမ်တိုက်စကြဝဠာမှ ထွက်ခွာပြီး ဆည်ကို ဖြတ်သန်း၍ ပြန်ရောက်လာခဲ့သည်။
သို့သော် ထိုကိုယ်ပွားက တာအိုပြိုင်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်မလာဘဲ တခြားနေရာသို့ သွားခဲ့သည်။
“ငါက မင်းအတွက် ဆေးလုံးကို အရင်သန့်စင်ပေးမယ်။ ပြီးရင် ကျစ်ဟူနဲ့ မရီးကို တွေ့ဖို့အတွက် ခေါ်သွားပေးမယ်”
ဟန်မူယဲ့က တိတ်ဆိတ်သော အခန်းတွင်းသို့ ဝင်သွားသည်။
သူက လက်မြှောက်လိုက်ပြီး ဝင်္ကပါကို အသက်သွင်းသည်။ ပုံရိပ်ယောင်ဆန်သော မီးပြင်းဖိုတစ်လုံးသည် အခန်းအတွင်း၌ ပေါ်လာခဲ့သည်။
ယခုအချိန်တွင် သူက ဆေးလုံးသန့်စင်ရန်အတွက် မီးပြင်းဖိုကို မှီခိုနေရန် မလိုအပ်တော့ပေ။
ဝိညာဉ်ဆေးပင်များသည် သူ့ရှေ့တွင် တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။ ထိုဆေးပင်များထဲတွင် အဓိကပါဝင်ပစ္စည်းသည် အင်မော်တယ်သစ်သီးနှင့် နှစ်တစ်သောင်းသက်တမ်းရှိသော ဝိညာဉ်ဆေးပင် ၁၂ပင်တို့ ဖြစ်ကြသည်။
ဟန်မူယဲ့က ဆေးပင်များ၏ ပင်ကိုယ်လက္ခဏာများအရ ဆေးညွှန်းကို သေချာတွက်ချက်ထားခဲ့သည်။
အင်မော်တယ်သစ်သီးက တစ်လုံးသာရှိသည်။ ထို့ကြောင့် ဆေးလုံးသန့်စင်မှုသည် တစ်ခါတည်း အောင်မြင်ရမည်။
မီးတောက်ပေါ်ထွက်လာပြီး ဝိညာဉ်ဆေးပင်များက ပုံရိပ်ယောင်မီးပြင်းဖိုအတွင်းသို့ ဝင်ရောက်သွားကြသည်။
ဆေးလုံးသန့်စင်ခြင်းက သူခန့်မှန်းထားသည်ထက် ပိုမိုလွယ်ကူခဲ့သည်။ မိုးခြိမ်းသံများသည် ကောင်းကင်ထက်တွင် နှစ်နာရီအတွင်း၌ ပေါ်ထွက်လာကြသည်။
ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး မိုးကြိုးကပ်ဘေးစင်မြင့်ပေါ်သို့ ရောက်သွားသည်။
ပိန်ပါးသောကျင့်ကြံသူတစ်ဦးက ပျံသန်းလာသည်။ သူက ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ကြောင်အသွားပြီး မျက်နှာတစ်ခုလုံး နီရဲနေသည်။
“ဝိညာဉ်ကျောက်တုံးတွေက ဒီမှာ”
ဟန်မူယဲ့က လက်မြှောက်ပြီး ဝိညာဉ်ကျောက်တုံးသုံးသန်းကို ပေးလိုက်သည်။
ယခင်က သူဆေးလုံးသန့်စင်ခဲ့သောအချိန်တွင် ထိုကျင့်ကြံသူက သူ့ကို ကြိုဆိုခဲ့သည်။
“ဟန်၊ ဟန် ....”
ထိုကျင့်ကြံသူက ဝိညာဉ်ကျောက်တုံးများကို ကိုင်ထားပြီး စကားမပြောနိုင်ခဲ့ပေ။
ယခင်က သူနှင့်ဆုံတွေ့ခဲ့သော အာခီမီကျင့်ကြံသူသည် လက်ရှိအချိန်တွင် အမတ်ချုပ်ကြီးဟန် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူက အမတ်ချုပ်ကြီးဟန်၏ ပုံရိပ်ကို မမြင်ခဲ့လျှင် ဆေးလုံးကပ်ဘေးအား ကျော်ဖြတ်ရန်အတွက် ရောက်လာသော အမတ်ချုပ်ကြီးဟန်ကို ယုံနိုင်လိမ့်မည်မဟုတ်ပေ။
“ဘုန်း”
ဤတစ်ကြိမ်တွင်ဖြစ်ပေါ်လာသော ကပ်ဘေးသည် ယခင်ကပ်ဘေးများအားလုံးထက် ပိုမိုခမ်းနားသည်။
ကပ်ဘေးစင်မြင့်တွင် ဝင်္ကပါကို အဆုံးစွန်အထိ အသက်သွင်းထားရသည်။
နန်းမြို့တော်တွင်ရှိသော ဝင်္ကပါအစီအရင်သည် စတင်အသက်ဝင်လာသည်။
နန်းမြို့တော်ဝင်္ကပါသည် ကပ်ဘေးစင်မြင့်၏စွမ်းအားကို စုပ်ယူသည်။ ကပ်ဘေးက သန်မာလေ ဝင်္ကပါက ပိုမိုအားကောင်းလေ ဖြစ်သည်။
နန်းမြို့တော်တွင်ရှိနေသော မဟာကျင့်ကြံသူကြီးများက အာရုံခံမိကြသည်။
အမတ်ချုပ်ကြီးဟန်က ဆေးလုံးသန့်စင်နေသည်။
နန်းတော်အတွင်း၌ ယွင်သွမ့်က အစေခံ၏သတင်းပို့ချက်ကို ကြားလိုက်ရသောအခါတွင် မျက်မှောင်ကြုတ်သည်။
“သူက ဘာလုပ်နေတာလဲ”
သူမက တီးတိုးပြောသည်။
သူမ၏ဘေးတွင် ဖြောင့်မတ်စွာထိုင်နေသော ဟွမ်ကျစ်ဟူက ပြောလိုက်သည်။
“ငါလည်းသိချင်တယ်။ မွေးစားအဖေက ကပ်ဘေးဖြစ်ပေါ်လာတဲ့ ဆေးလုံးတွေကို သိပ်ပြီး မသန့်စင်ဘူး”
သူတို့နှစ်ယောက်က အတူတူထိုင်ပြီး တီးတိုးပြောနေကြသည်။ လုချန်းဖျင်က သူတို့၏စကားသံကို ရှင်းလင်းစွာမကြားရပေ။ သူမက သူတို့၏ ရင်းနှီးသောပုံစံကိုသာ မြင်နိုင်သည်။
ယွင်သွမ့်က တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံက သာမန်ဆန်သော်လည်း မြင့်မြတ်သောအငွေ့အသက်များကို ထုတ်လွှတ်ပေးနေသည်။
ဟွမ်ကျစ်ဟူက အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ငယ်ရွယ်လှပနေသည်။
လုချန်းဖျင်က ပြုံးလိုက်ပြီး ဘေးတွင်ထိုင်နေသော မင်းသမီးယွင်ကျင်းကို ကြည့်သည်။
“မင်းသမီး၊ သူတို့နှစ်ယောက်က အတော်လေးလိုက်ဖက်တယ်မဟုတ်လား။ ဂိုဏ်းတူအစ်ကိုဟန်က ဘယ်လိုထင်လဲမသိဘူး”
သူတို့နှစ်ယောက်က လိုက်ဖက်ကြသည်။
ယွင်ကျင်းက ကြောင်အသွားပြီး ပြုံးလိုက်သည်။
ယွင်သွမ့်နှင့် ဟွမ်ကျစ်ဟူကလည်း ကြောင်အသွားကြသည်။
ယွင်သွမ့်က ဟွမ်ကျစ်ဟူ၏ပခုံးကို လှမ်းဆွဲသည်။
“ကျစ်ဟူ၊ ငါတို့က လိုက်ဖက်တဲ့အတွဲတွေပဲ”
ဟွမ်ကျစ်ဟူက ယွင်သွမ့်၏ပခုံးကို မှီလိုက်ပြီး တီးတိုးပြောသည်။
“နင်က ငါ့မွေးစားအမေ မဖြစ်ချင်တော့ဘူးလား”
သူတို့နှစ်ယောက်က စနောက်လိုက်ပြီး ရယ်မောနေကြသည်။
လုချန်းဖျင်က ညင်သာစွာ သက်ပြင်းချမိသည်။ သူမ၏ သမီးဖြစ်သူက အရွယ်ရောက်နေပြီဖြစ်သည်။
ဟွမ်ကျစ်ဟူက မွေးစားအဖေ၏စီစဉ်မှုအောက်တွင် ရှိနေခဲ့သည်။ သူမက အမေတစ်ယောက်အနေဖြင့် တာဝန်မကျေခဲ့ပေ။
ဟွမ်ကျစ်ဟူက အတော်လေး ခံစားခဲ့ရသည်။ သူမက ကလေးဘဝတွင် ဟန်မူယဲ့နှင့်အတူ မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေအတွင်းသို့ လိုက်သွားခဲ့သည်။
နောက်ပိုင်းတွင် သူမသည် သမင်ဖြူတောင်တန်းကျောင်းတော်၌ အမှီအခိုကင်းမဲ့စွာ ရပ်တည်ခဲ့သည်။
လုချန်းဖျင်က အပြုံးတစ်ခုနှင့်အတူ ဟွမ်ကျစ်ဟူကို ကြည့်သည်။
ယခုအချိန်တွင် ထိုမိန်းကလေးက အံ့ဖွယ်နေမင်းကိုယ်ရံတော်များ၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ဓားကျင့်ကြံသူဆယ်သန်းကို ဦးဆောင်ထားသည်။
အစ်ကိုခြောက်ပြန်လာလျှင် သမီးဖြစ်သူနှင့်ပတ်သတ်၍ ကျေနပ်နေလိမ့်မည်။
လုချန်းဖျင်က ဟွမ်ခြောက်၏အကြောင်းကို တွေးမိသောအခါတွင် နှလုံးသားတစ်ခုလုံးက နွေးထွေးသွားခဲ့သည်။
သူမက နန်းမြို့တော်သို့ ထွက်လာသောအခါတွင် ကျင့်ကြံသူအများအပြားက လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။