← Chapters

အခန်း (၆၇၈)

Vol. 49 Ch. 678

အခန်း (၆၇၈)

Vol. 49 Ch. 678

အနက်ရောင်ဦးချိုတစ်ခုသည် သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။

ခွေဦးချို ....

သူက ခွေဦးချိုနှင့်‌ ခွေဿားရဲ၏ သွေးမျိုးဆက်စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။ သို့သော် ထိုစွမ်းအားကို မကြာခဏ အသုံးမပြုခဲ့ပေ။

ပါ့ရှား၏ခန္ဓာကိုယ်သည် သူ့အတွက် လုံလောက်သည်။

“ဘုန်း”

ချုံးချီ၏လက်သည်းချက်က ခွေဦးချိုနှင့် ထိတွေ့သွားသည်။ လျှပ်စီးကြောင်းများက ချုံးချီ၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ကြသည်။

ချုံးချီ၏ကိုယ်ပေါ်တွင်ရှိသော ပျက်စီးနေသည့်ကြေးခွံများသည် ပျောက်ကွယ်သွားကြသည်။ သူ၏ နာကျင်နေသောမျက်နှာထားသည် ဗလာဖြစ်သွားသည်။

သွေးနီရောင်မျက်လုံးများကလည်း ဖြည်းဖြည်းချင်း ပြန်လည်ကြည်လင်လာပြီး နောက်ကျောတွင်ရှိနေသော တောင်ပံတစ်စုံကို ဖြန့်လိုက်သည်။

ထိုအရာသည် ရှေးခေတ်သားရဲ ချုံးချီ၏ ပုံစံအစစ်အမှန် ဖြစ်သည်။

“ပါ့ရှား ....”

ချုံးချီက ဟိန်းဟောက်သည်။ သူက ဝိညာဉ်မှတစ်ဆင့် အသံပို့လွှတ်လိုက်သည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ချုံးချီ၏ပြောင်းလဲမှုကို စောင့်ကြည့်နေခဲ့သည်။

သူထင်ထားသည့်အတိုင်း ဆည်၏ ဖရိုဖရဲဖြစ်နေသော စွမ်းအားများကို ဖယ်ရှားနိုင်သည်။

ခွေ၏ မူလလျှပ်စီးမိုးကြိုးသည် ထိုစွမ်းအားကို လွင့်ပြယ်စေသည်။

“ဘုန်း”

ဟန်မူယဲ့က ချုံးချီ၏ရင်ဘတ်ကို လက်သီးဖြင့်ထိုးလိုက်ပြန်သည်။

လျှပ်စီးစွမ်းအားများကြောင့် ချုံးချီက တစ်ကိုယ်လုံး တုန်ခါသွားခဲ့သည်။ သို့သော် သူ၏မျက်လုံးထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နေသည်။

ချုံးချီက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“ဒီလောကကို အသေးစိတ်မကြည့်နိုင်ခဲ့တာ ဘယ်လောင်တောက်ကြာသွားပြီလဲ။ အရာအားလုံးက ရှင်းလင်းနေတာပဲ”

ချုံးချီ၏မျက်လုံးထဲတွင် ရက်စက်ကြမ်းတမ်းမှုများ မရှိတော့ဘဲ ကြည်လင်နေသည်။

သူ့ခန္ဓာကိုယ်က အခိုးအငွေ့အဖြစ် ပြောင်းလဲသွားပြီး မီးခိုးရောင်ဝတ်စုံ ဝတ်ထားသော အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက် ဖြစ်လာသည်။

“ကောင်လေး၊ မင်းရဲ့ ပါ့ရှားကလန်ဘိုးဘေးနဲ့ ငါက တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုတွေလို့ ခေါ်ခဲ့ကြတာ”

ချုံးချီက ဟန်မူယဲ့ကို သေချာကြည့်လိုက်ပြီး ပြောသည်။ “မင်းမှာ ကောင်းကင်ကျောက်တိုင်မရှိသေးပေမဲ့ အရမ်းသန်မာနေပြီ။ မဆိုးဘူးပဲ”

ထို့နောက် သူက လက်ကိုမြှောက်၍ ဝှေ့ယမ်းလိုက်သည်။ ပုံရိပ်ယောင်ဆန်သောမြူခိုးများက လမ်းတစ်လမ်းကို ဖွင့်ပေးသည်။

“ငါ့နေရာကို သွားကြရအောင်”

ထိုသို့ဖြင့် ချုံးချီက ရှေ့မှလျှောက်သွားသည်။

ဟန်မူယဲ့က နောက်မှ လိုက်လာသည်။ တာအိုဆရာတယန်က ပတ်ဝန်းကျင်ကို ကြည့်နေသည်။ မြူခိုးလမ်းကြောင်းက ပျောက်ကွယ်လုနီးပါး ဖြစ်လာသောအခါတွင် သူက လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။

သူတို့က တစ်နာရီခန့် လမ်းလျှောက်ခဲ့ပြီး မြင့်မားသော ချောက်ကမ်းပါးတစ်ခု၏ရှေ့တွင် ရပ်လိုက်ကြသည်။

“ဒီနေရာ နည်းနည်းရှုပ်ပွနေတယ်။ ဟားဟား”

ချုံးချီက ရှက်ရွံ့စွာပြောသည်။

ဤနေရာက ရှုပ်ပွနေရုံသာမကဘဲ သားရဲလှောင်အိမ်တစ်ခု ဖြစ်နေသည်။

သားရဲအမျိုးမျိုး၏ အရိုးစုများ၊ ချီစွမ်းအင်အလင်းဖြင့် တောက်ပနေသော ဝိညာဉ်သတ္တုများ၊ ပျက်စီးနေသော ချပ်ဝတ်များကို မြင်နိုင်သည်။

ဖရိုဖရဲဖြစ်နေ‌သော စွမ်းအားများကြောင့် ဆည်ထဲတွင်ရှိသော ရှေးခေတ်သက်ရှိများ၏ အသိစိတ်သည် ရှုပ်ထွေးနေခဲ့သည်။

ချုံးချီက မသိစိတ်အလျောက် နေရာတိုင်းတွင် တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။

ချုံးချီက လက်မြှောက်ပြီး ပြန်ပြူးနေသော ကျောက်ပြားတစ်ချပ်ကို ရှင်းလင်း၍ အပေါ်တွင် ထိုင်လိုက်သည်။

ဟန်မူယဲ့ကလည်း သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်သည်။

တာအိုဆရာတယန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မျက်လုံးများက တောက်ပလာခဲ့သည်။ သူက ချီစွမ်းအင်အလင်းများ ရှိနေသောနေရာကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

ချုံးချီက တာအိုဆရာတယန်၏ အပြူအမူကို မြင်ပုံမရပေ။ သို့မဟုတ် ဂရုမစိုက်ခြင်းလည်း ဖြစ်နိုင်သည်။ သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။

“မိတ်ဆွေလေး၊ မင်းက ဘယ်ကနေ ရောက်လာတာလဲ။ နတ်ဘုရားခုံရုံးကရော ရှိနေတုန်းပဲလား”

ချုံးချီက ဆည်ပြင်ပတွင်ရှိနေသော ကျင့်ကြံသူများနှင့် ရင်ဆိုင်ခဲ့ရပြီး တချို့အကြောင်းအရာများကို သိထားပုံပေါ်သည်။

သို့သော် သူ့စိတ်က ရှုပ်ထွေးနေသောကြောင့် ဖြစ်ရပ်အများစုကို မမှတ်မိပေ။

“နတ်ဘုရားခုံရုံးက ပျက်စီးသွားပြီ”

ဟန်မူယဲ့က ခေါင်းခါသည်။

သူက ဆည်၏ အတွင်းနှင့်အပြင်တွင်ရှိသော အကြောင်းအရာများအပြင် သူ့ကမ္ဘာအကြောင်းကိုလည်း အကြမ်းဖျင်း ပြောပြခဲ့သည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ဘုံကိုးပါး၊ ရှေးနတ်ဘုရားကျဆုံးနယ်မြေ၊ ရှေးတိမ်တိုက်စကြဝဠာ၊ ပြိုကွဲသွားခဲ့သော ပျက်စီးခြင်းတောရိုင်း၊ ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရှေးခေတ်သားရဲနှင့် နတ်ဘုရားသားရဲများ ....

ချုံးချီက ဟန်မူယဲ့၏စကားကို နားထောင်ပြီး ဆက်တိုက် မျက်နှာထားပြောင်းလဲနေသည်။

ပျက်စီးခြင်းတောရိုင်း၏ လက်ကျန်အစိတ်အပိုင်းတွင် ရှေးခေတ်သားရဲနှင့် နတ်ဘုရားသားရဲများက ပြန်လည်နိုးထလာခဲ့ကြသည်။ ချုံးချီက ထိုအကြောင်းကို ကြားလိုက်ရသောအခါတွင် သက်ပြင်းချသည်။

“ငါတို့ရဲ့ ပျက်စီးခြင်းတောရိုင်းက နတ်ဘုရားခုံရုံးရဲ့ အင်အားစုကြီးတစ်ခု ဖြစ်ခဲ့ဖူးတယ်။ ဒီအခြေအနေအထိ ကျဆင်းသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

“အရင်ကလူတွေ သိပ်မကျန်တော့ဘူးထင်တယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ချုံးချီကိုကြည့်၍ တီးတိုးပြောသည်။

“အကြီးအကဲ၊ နတ်ဘုရားခုံရုံးက ဘာဖြစ်လို့ ပျက်စီးသွားခဲ့တာလဲ”

နတ်ဘုရားခုံရုံး၏ပျက်စီးမှုကြောင့် ဆည်ကို တည်ဆောက်ခဲ့ကြသည်။ ကျင့်ကြံခြင်းလောကသည်လည်း ဆုတ်ယုတ်သွားခဲ့ရသည်။

“နတ်ဘုရားခုံရုံး ....”

ချုံးချီက ကြောက်ရွံ့သွားပုံပေါ်သည်။

“ထာဝရအကျဉ်းချခံရပြီး မျိုးဆက်တစ်လျှောက် ထိန်းချုပ်ခံနေရတာကို ဘယ်သူက လိုချင်မှာလဲ”

ချုံးချီက အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး တီးတိုးပြောသည်။

သူက ဟန်မူယဲ့ကိုကြည့်ပြီး ညင်သာစွာပြောသည်။

“တစ်နေ့မှာ မင်းက အကောင်းအဆိုး မသိရတဲ့ နေရာတစ်ခုကို သွားဖို့ တွန်းအားပေးခံရမယ်ဆိုရင် သွားချင်မှာလား”

ဟန်မူယဲ့က ‌ခေါင်းခါသည်။

ချုံးချီက အင်မော်တယ်ကမ္ဘာသို့သွားသော အင်မော်တယ်တက်လှမ်းစင်မြင့်၏အကြောင်းကို ပြောနေသည်။

“မင်းက အင်မော်တယ်ကမ္ဘာရဲ့ လျှို့ဝှက်ချက်တချို့ကို သိထားတဲ့ပုံပဲ”

ဟန်မူယဲ့၏ပုံစံကို မြင်လိုက်ရသောအခါတွင် ချုံးချီက ပြောသည်။

ရှေးခေတ်တွင် အင်မော်တယ်ကမ္ဘာမှ မဟာပုဂ္ဂိုလ်ကြီးတစ်ယောက်သည် ဆင်းသက်လာခဲ့ပြီး ကျင့်ကြံခြင်းလောကကို အုပ်ချုပ်ခဲ့သည်။

နတ်ဘုရားခုံရုံးနှင့် အင်မော်တယ်တက်လှမ်းစင်မြင့်ကို တည်ဆောက်ခဲ့သည်။ ဤလောကတွင်ရှိနေသော ကျင့်ကြံသူများက အင်မော်တယ်တက်လှမ်းစင်မြင့်ကို အသုံးချ၍ အင်မော်တယ်ကမ္ဘာသို့ သွားနိုင်သည်။

အင်မော်တယ်ကမ္ဘာသည် အစစ်အမှန်ကျင့်ကြံခြင်းလောက ဖြစ်သည်ဟု ပြောကြသည်။ ထာဝရရှင်သန်နိုင်သော ကျင့်ကြံခြင်းနည်းစနစ်များသည် ထိုနေရာတွင် ရှိနေကြသည်။

ထိုအရာသည် မဟာတာအိုကို ကျော်ဖြတ်ခြင်းဖြစ်ပြီး ဤကျင့်ကြံခြင်းလောကထက် ပိုမိုအဆင့်မြင့်သည်။

အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံခြင်းအမွေအနှစ်သည် ဤလောကထက် ပိုမိုကောင်းမွန်သည်။

ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော ကျွမ်းကျင်သူများက အင်မော်တယ်ကမ္ဘာသို့ သွားရောက်နိုင်ရန် တိုက်ခိုက်ကြတော့သည်။

အင်‌မော်တယ်တက်လှမ်းစင်မြင့်ကို နှစ်တစ်သိန်းလျှင်တစ်ကြိမ် ဖွင့်လှစ်သည်။ ထိုအချိန်တွင် အင်မော်တယ်ကမ္ဘာသို့ သွားရောက်ရန်အတွက် နေရာအနှံ့တွင်ရှိသော ကျွမ်းကျင်သူများက တိုက်ခိုက်ကြသည်။

နှစ်တစ်သိန်း၊ နှစ်တစ်သန်း ....

နောက်ပိုင်းတွင် ဤလောက၏ ထိပ်တန်းအဆင့်ကျွမ်းကျင်သူများသည် လျော့နည်းလာခဲ့သည်။ ထို့ကြောင့် အင်မော်တယ်တက်လှမ်းစင်မြင့်ကလည်း ကန့်သတ်ချက်ကို လျော့ချလိုက်ပြီး နတ်ဘုရားဘုရင်၊ တာအိုဘိုးဘေးနှင့် သူတော်စင်များပင် တက်လှမ်းခွင့်ရလာကြသည်။

သို့သော် လွန်ခဲ့သော နှစ်သန်းပေါင်းအနည်းငယ်တွင် အင်မော်တယ်ကမ္ဘာသို့ ရောက်သွားသော အကြီးအကဲများက ပြန်မလာခဲ့ကြပေ။ သူတို့က စကားတစ်ခွန်းကိုပင် ပြန်မပြောနိုင်ခဲ့ကြပေ။

“နောက်ပိုင်းမှာ‌တော့ အားလုံးက သံသယဝင်လာကြတယ်”

“အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဘယ်သူမှ မသွားရဲကြတော့ဘူး”

ကြောက်ရွံ့မှုနှင့် အမုန်းတရားများသည် ချုံးချီ၏မျက်လုံးထဲတွင် ရှိနေကြသည်။

“အဲဒါနဲ့ အင်မော်တယ်ကမ္ဘာက အပြစ်ဒဏ်ချလိုက်တယ်”

အင်မော်တယ်ကမ္ဘာ၏စစ်တပ်သည် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ရှင်းလင်းပစ်ခဲ့သည်။

သူတော်စင်အဆင့်၏ အထက်တွင်ရှိသော ကျင့်ကြံသူများနှင့် မျိုးနွယ်စုအသီးသီး၏ သက်ရှိများကို ဖမ်းဆီးခဲ့ကြသည်။ သူတို့က အနည်းငယ်ခုခံမိလျှင် အသတ်ခံရပြီး သွေး၊ ချီနှင့် ဝိညာဉ်စွမ်းအင်များကို ထုတ်ယူသွားကြသည်။

ထိုသတ်ဖြတ်မှုသည် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ပျက်စီးသွားစေခဲ့သည်။

နောက်ပိုင်းတွင် နတ်ဘုရားခုံရုံးက ကျင့်ကြံခြင်းနည်းစနစ်အမျိုးမျိုးကို ဖြန့်ဝေပြီး မျိုးနွယ်စုများကို တာဝန်ထမ်း‌ဆောင်စေခဲ့သည်။ ထိုသို့ဖြင့် ထိုဖြစ်ရပ်က ငြိမ်သက်သွားခဲ့သည်။

သို့သော် ထိုတိုက်ပွဲအပြီးတွင် ကျင့်ကြံခြင်းလောကတစ်ခုလုံးက အင်မော်တယ်ကမ္ဘာကို ကြောက်ရွံ့နေကြပြီး တောင့်တစိတ်များ ပျောက်ဆုံးသွားခဲ့သည်။

“နောက်ထပ် နှစ်ပေါင်းသုံးသိန်းအကြာမှာ နတ်ဘုရားခုံရုံးက ပျက်စီးသွားခဲ့တယ်။ သတ်ဖြတ်မှုကနေ လွတ်မြောက်သွားကြတဲ့ မဟာပုဂ္ဂိုလ်ကြီးတချို့က ပူးပေါင်းပြီး နတ်ဘုရားဧကရာဇ်ကို သတ်ဖြတ်လိုက်ကြတယ်။ ပြီးတော့ အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်လိုက်တယ်”

“ဒါပေမဲ့ ကျင့်ကြံခြင်းလောကရဲ့ အမွေအနှစ်မှာ အင်မော်တယ်ကမ္ဘာရဲ့နည်းစနစ်တွေက ပျံ့နှံ့နေခဲ့တယ်။ အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချိပ်ပိတ်လိုက်တဲ့အခါမှာ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားတွေက ဖရိုဖရဲဖြစ်သွားပြီး ဒီဆည်ကို ဖြစ်ပေါ်စေခဲ့တယ်”

ချုံးချီက ခေါင်းခါလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

“ဆည်မရှိရင် ငါတို့ ရှေးခေတ်ကျင့်ကြံသူတွေက လှုပ်ရှားနိုင်မှာမဟုတ်ဘူး”

ဆည်သည် ရှေးခေတ်ကျင့်ကြံသူများကို အကျဉ်းချပြီး ကာကွယ်ပေးထားသည်။

လွန်ခဲ့‌သောနှစ်များအတွင်း၌ ရှေးတိမ်တိုက်စကြဝဠာနှင့် ရှေးနတ်ဘုရားကျဆုံးနယ်မြေတို့သည် ဖြည်းဖြည်းချင်း တိုးတက်လာပြီး ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းစဉ်ကို တည်ဆောက်ခဲ့ကြသည်။

ချုံးချီက ယခင်ဖြစ်ရပ်များကို ပြောပြလိုက်သောအခါတွင် ဟန်မူယဲ့က လက်တလောအဖြစ်အပျက်များကို ပြန်ပြောပြီး ကောက်ချက်ချကြည့်သည်။

“ရှေးနတ်ဘုရားကျဆုံးနယ်မြေနဲ့ ရှေးတိမ်တိုက်စကြဝဠာ ....”

ချုံးချီက မျက်လုံးများတောက်ပသွားပြီး တီးတိုးပြောသည်။

“အဲဒီနယ်မြေနှစ်ခုမှာ တစ်ခုကို နတ်ဘုရားခုံရုံးရဲ့ အကြွင်းအကျန်တွေက တည်ဆောက်ထားတာပဲ ဖြစ်လိမ့်မယ်”

“နတ်ဘုရားဧကရာဇ် ကျဆုံးသွားတဲ့အချိန်မှာ အင်မော်တယ်ကမ္ဘာကို သစ္စာရှိနေတဲ့လူတွေ အများကြီးကျန်ရစ်ခဲ့တယ်”

အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံခြင်းအမွေအနှစ်များကြောင့် လူအများအပြားက အင်မော်တယ်ကမ္ဘာကို မျှော်လင့်နေကြလိမ့်မည်။

‘အဲဒါဆိုရင် ရှေးနတ်ဘုရားကျဆုံးနယ်မြေရဲ့ ကျင့်ကြံခြင်းအမွေအနှစ်က နတ်ဘုရားခုံရုံးရဲ့ အမွေအနှစ်လား’

‘အင်‌မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ ဘုံကိုးပါးကို နတ်ဘုရားခုံရုံးက ချန်ခဲ့တာလား’

ထိုအဖြစ်အပျက်များသည် အလွန်ကြာမြင့်နေသောကြောင့် အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများကသာ သိနိုင်ကြလိမ့်မည်။

“ဒါနဲ့ အကြီးအကဲက သစ်သားနတ်ဘုရားမကို သိလား”

ဟန်မူယဲ့က ချုံးချီကို ကြည့်လိုက်သည်။

“သစ်သားနတ်ဘုရားမ ....”

ချုံးချီ၏မျက်လုံးများက တောက်ပလာြပီး ခေါင်းညိတ်လျက် ပြောသည်။

“သူမက နတ်ဘုရားခုံရုံးကို ဝိုင်းရံတိုက်ခိုက်ခဲ့တဲ့ ကျွမ်းကျင်သူတွေထဲက တစ်ယောက်ပဲ”

နတ်ဘုရားခုံရုံးကို ဝိုင်းရံတိုက်ခိုက်သည်။

‘နတ်ဘုရားခုံရုံးကို တိုက်ခိုက်ခဲ့တဲ့ ကျွမ်းကျင်သူကြီးတစ်ယောက်က ရွှေဝံပုလွေမိစ္ဆာနတ်ဘုရားကြောင့် ဒုက္ခ‌ရောက်နေရတာလား’

ရုတ်တရက်ဆိုသလိုပင် သူက အံ့အားသင့်သွားခဲ့သည်။

သစ်သားနတ်ဘုရားမ ....

သစ်သားနတ်ဘုရားမသည် မတူပေ။

သူမြင်ခဲ့သော သစ်သားနတ်ဘုရားမသည် ချုံးချီပြောသော သစ်သားနတ်ဘုရားမ မဟုတ်ပေ။

လက်တစ်စုံသည် အစစ်အမှန် သစ်သားနတ်ဘုရားမ ဖြစ်လိမ့်မည်။

ဟန်မူယဲ့က ချုံးချီ၏နေရာတွင် အချိန်ကြာမြင့်စွာ မနေခဲ့ပေ။

ချုံးချီ၏စကားအရ ဟန်မူယဲ့၏ ခွေသားရဲစွမ်းအားသည် သူ့ကို နိုးထလာစေသော်လည်း အချိန်တိုသာ ဖြစ်သည်။

သူက ထိုအချိန်ကို အခွင့်ကောင်းယူ၍ တစ်ခုခုလုပ်ချင်သည်။

ရှေးခေတ်သက်ရှိများသည် ဆည်ထဲမှ ထွက်မသွားနိုင်ပေ။ ဆည်၏ စွမ်းအားများသည် သူတို့ကို ပုံစံပြောင်းသွားစေခဲ့သည်။

သူတို့က ဆည်ထဲမှ ထွက်လာခဲ့လျှင် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က ပျက်စီးသွားလိမ့်မည်။

ထိုသို့မဟုတ်လျှင် သူတို့၏ဝိညာဉ်က အသိစိတ်မရှိဘဲ သတ်ဖြတ်ခြင်းကိုသာ သိနေသော မကောင်းဆိုးဝါးမိစ္ဆာများအဖြစ် အသွင်ပြောင်းသွားကြလိမ့်မည်။

နတ်ဘုရားခုံရုံးက ပျက်စီးသွားပြီး အင်မော်တယ်ကမ္ဘာ၏ အမွေအနှစ်က ပြတ်တောက်သွားသောအခါတွင် မရေမတွက်နိုင်သော သက်ရှိများက မိစ္ဆာများအဖြစ် ပြေင်းလဲသွားကြသည်။ သူတို့က အာကာသထဲတွင် ပျံ့နှံ့တည်ရှိနေခဲ့သည်။

ထိုအရာသည် အာကာသထဲတွင်ရှိသော သန္ဓေပြောင်းသားရဲများ၏ မူလရင်းမြစ် ဖြစ်သည်။

ဟန်မူယဲ့က တာအိုဆရာတယန်နှင့်အတူ ထွက်လာခဲ့သည်။

ဆည်၏စွမ်းအားသည် သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တိုက်စားနေလိမ့်မည်ဟု ချုံးချီက ပြောခဲ့သည်။ သူက ဆည်ထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့လျှင် အသိစိတ်ကို ဆုံးရှုံးသွားလိမ့်မည်။

ဟန်မူယဲ့က ထိုအရာကို ခံစားကြည့်နိုင်သည်။

သူက ရုပ်ခန္ဓာစွမ်းအားနှင့်ပတ်သတ်၍ ပိုမိုစွဲလမ်းလာခဲ့သည်။ ထိုအချက်သည် မကောင်းပေ။

ဟန်မူယဲ့ထွက်မသွားခင် ချုံးချီက အစိမ်းရောင်သန်းနေသော အင်မော်တယ်ဝိညာဉ်ကျောက်တုံးကို ပေးခဲ့သည်။

အင်မော်တယ်ချီစွမ်းအင်သည် ထိုကျောက်တုံးထဲတွင် ရှိနေသည်။

အင်မော်တယ်ချီက ချီစွမ်းအင်ထက် ပိုမိုသာလွန်သည်။

All Chapters