← Chapters

အခန်း (၆၈၀)

Vol. 49 Ch. 680

အခန်း (၆၈၀)

Vol. 49 Ch. 680

“နွယ်စိမ်းကျောင်းတော်ရဲ့ ရှုဝေက အမတ်ချုပ်ကြီးဟန်ကို နှုတ်ဆက်လိုက်ပါတယ်”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ပြုံးသည်။

“နွယ်စိမ်းကျောင်းတော်ရဲ့ ရှုဝေတဲ့လား။ မင်းက အရာရှိတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ငါ့ရာထူးကို ယူလိုက်လို့ရတယ်”

ရှုဝေက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ငါက အရာရှိတစ်ယောက်တော့ ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ရာထူးကိုတော့ မလိုချင်ပါဘူး”

သူက ဟန်မူယဲ့ကို ဦးဆောင်သွားသည်။ သူတို့က ခြေလှမ်းအနည်းငယ်ခန့် လျှောက်ပြီးသောအခါတွင် ရပ်တန့်လိုက်ကြသည်။

အပျော်လှေတစ်စင်းပေါ်တွင် ကျောင်းတော်သားတချို့ကို သင်ကြားပေးနေသော လူအိုကြီးတစ်ယောက်က သူတို့ကို ပြုံးပြသည်။

“ဆရာ‌ထောင်က ဒီမှာ စာသင်ပေးနေတာလား”

ဟန်မူယဲ့က အနည်းငယ် အံ့အားသင့်သွားသည်။

ပြန့်ကျဲကြယ်ကျွန်း၏ ဝမ်ယွမ်စံအိမ်သခင် ထောင်ကျစ်ရှင်းက နွယ်စိမ်းကျောင်းတော်တွင် စာသင်ပေးနေသည်။

“ညီအစ်ကိုထောင်က ဗဟုသုတနဲ့ပြည့်စုံပြီး ငါ့ရဲ့ကျောင်းတော်မှာ စာသင်ပေးချင်တယ်လေ။ ငါက ဘယ်လိုလုပ်ပြီး ငြင်းပယ်နိုင်မှာလဲ”

ရှုဝေက ရယ်လိုက်ပြီး တခြားအပျော်လှေများကို ညွှန်ပြသည်။

“ကျင်းနန်ကြယ်ရဲ့ ကွန်ဖြူးရှပ်ပညာရှင်တွေက ဒီမှာ စာသင်ပေးနေကြတယ်”

ဟန်မူယဲ့က ပြန့်ကျဲကြယ်ကျွန်းတွင် ထောင်ကျစ်ရှင်းနှင့် ဆွေးနွေးခဲ့သည်။ ထောင်ကျစ်ရှင်းက ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ လာပြီး နွယ်စိမ်းနှင့် တွေ့ချင်သည်ဟု ပြောခဲ့သည်။

သူတို့က ဤနေရာသို့ ရောက်လာပြီး စာသင်ပေးနေကြသည်။

“ညီအစ်ကိုထောင်တို့က ဒီမှာ၂နှစ်ကျော်ကြာအောင် စာသင်ပေးခဲ့တယ်။ နောက်ကျရင် ကျင်းနန်ကြယ်ရဲ့ တာအိုတန်ခိုးရှင်နဲ့ ကွန်ဖြူးရှပ်ပညာရှင်တွေ ထပ်ရောက်လာကြလိမ့်မယ်”

ရှုဝေက လေးနက်နေ‌သောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“မင်းက အခု ဖိအားတွေအောက်မှာ ရောက်နေတာမဟုတ်လား။ အဲဒါကြောင့် ငါက အရာရှိတစ်ယောက် ဖြစ်ချင်တယ်”

ပြင်ပဘုံ၏ ကျွမ်းကျင်သူများသည် ဤနေရာတွင် စုစည်းနေသောကြောင့် စစ်ပွဲတွင် ဝင်ရောက်တိုက်ခိုက်နိုင်ကြသည်။

ထိုသို့ဖြင့် ဟန်မူယဲ့၏ ဖိအားတချို့ကိုလည်း ခွဲယူပေးနိုင်မည်။

“ဒါပေမဲ့ မင်းရဲ့ကျင့်ကြံခြင်းက ....”

ဟန်မူယဲ့က ရှုဝေကိုကြည့်လိုက်ပြီး အနည်းငယ်တုံ့ဆိုင်းနေသည်။

ရှုဝေက ကျင့်ကြံခြင်းစွမ်းအားများကို အပြည့်အဝအသုံးချခဲ့သည်။ ယခုအချိန်တွင် သူက သာမန်လူသားတစ်ယောက်သာ ဖြစ်နေသည်။ ပြင်ပဘုံတိုက်ပွဲတွင် ဝင်ပါနိုင်မည်မဟုတ်ပေ။

“တာအိုကို အခြေခံအုတ်မြစ်အဖြစ် ထားရှိပြီး စိတ်ထဲမှာ စကြဝဠာကို တည်ဆောက်မယ်”

ရှုဝေက ညင်သာစွာပြောသည်။ သူက ရွှေရောင်သမာဓိစွမ်းတချို့ကို ထုတ်လွှတ်လိုက်သည်။

‘လောကကို ပြန်လည်တည်ဆောက်တာလား’

‘စိတ်ရှုပ်ထွေးနေတာကနေ လွတ်မြောက်သွားပြီလား’

ဟန်မူယဲ့က ကျင်းနန်ကြယ်၏ ကွန်ဖြူးရှပ်တာအိုအမွေအနှစ်ကို တွေးကြည့်လိုက်သည်။ သူတို့က စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုတွင် အလွန်အားကောင်းသည်။

“ကောင်းပြီ။ နောက်ရက်မှာ ကျင်းနန်ကြယ်ရဲ့ ကွန်ဖြူးရှပ်ပညာရှင်တွေကို မင်းနဲ့အတူ ကြိုဆိုလိုက်မယ်။ ငါတို့က အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ စစ်တပ်ကို တိုက်ခိုက်ကြမယ်”

ဟန်မူယဲ့က တိုက်ခိုက်လိုစိတ်များကို ထုတ်ပြလိုက်ပြီး တီးတိုးပြောသည်။

ထောင်ကျစ်ရှင်းတို့က စာသင်ပြီးသွားသောအခါတွင် ဟန်မူယဲ့နှင့် ဆုံတွေ့ခဲ့ကြသည်။

ဟန်မူယဲ့က နွယ်စိမ်းကျောင်းတော်တွင် နေ့တစ်ဝက်ခန့် နေသွားပြီး နန်းမြို့တော်သို့ ပြန်သွားခဲ့သည်။

သုံးရက်အကြာတွင် အမိန့်စာကို ထုတ်ပြန်လိုက်သည်။

“နွယ်စိမ်းကျောင်းတော်ရဲ့ ရှုဝေကို အကြံပေးအရာရှိအဖြစ် ခန့်အပ်မယ်”

“အံ့ဖွယ်နေမင်းကိုယ်ရံတော် ဟွမ်ကျစ်ဟူက ဓားကျင့်ကြံသူသုံးသန်းကို ဦးဆောင်ရမယ်။ တောင်ပိုင်းကုန်းမြေရဲ့ ရှန့်လင်းရွှမ်းက မိစ္ဆာတစ်သန်းကို ဦးဆောင်ရမယ်။ အလယ်ပိုင်းကုန်းမြေရဲ့ တာအိုအင်အားစုက ကျင့်ကြံသူသုံးသောင်းကို ဦးဆောင်ရမယ်။ မင်းတို့အားလုံးက ပြင်ပဘုံကို ထွက်ခွာပြီး ကျင်းနန်နယ်မြေရဲ့ ကွန်ဖြူးရှပ်ပညာရှင် မဟာမိတ်တွေကို ကြိုဆိုရမယ်”

နွယ်စိမ်းကျောင်းတော်သည် နန်းမြို့တော်၏အပြင်ဘက် ယုံတင်းမြစ်ပေါ်တွင် တည်ရှိသည်။ နှိမ့်ချပြီးနေထိုင်သော မဟာကျောင်းတော်သားတစ်ဦးက အမတ်ချုပ်ကြီးဟန်၏ အမိန့်စာကို လက်ခံလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။

သို့သော် အစိမ်းရောင်ဝတ်စုံနှင့် နွယ်စိမ်းရှုဝေက နန်းမြို့တော်သို့ တိုက်ရိုက်ပျံသန်းလာခဲ့သည်။

မြို့ထဲတွင်ရှိသော ကျောင်းတော်သားသုံးထောင်က သူ့ကို ကြိုဆိုခဲ့ကြသည်။

ရှုဝေက နန်းမြို့တော်သို့ ဝင်ရောက်လာသောကြောင့် လူအများအပြားက အာရုံစိုက်ထားလိုက်ကြသည်။ စစ်သူကြီးနှင့် ကျွမ်းကျင်သူများက မဟာမိတ်အင်အားစုနှင့် ပတ်သတ်၍ ပိုမိုအလေးထားနေကြသည်။

ဓားကျင့်ကြံသူ သုံးသန်း၊ တောင်ပိုင်းကုန်းမြေ၏ မိစ္ဆာတစ်သန်းနှင့် တာအိုကျင့်ကြံသူသုံးသောင်းက ကျင်းနန်ကြယ်၏ မဟာမိတ်အင်အားစုကို ကြိုဆိုရန်အတွက် ပြင်ပဘုံသို့ ထွက်ခွာရမည်။

‘ကျင့်ကြံသူတွေကို စုစည်းလိုက်တာက ကြိုဆိုဖို့အတွက်ပဲ ဟုတ်ရဲ့လား’

မရေမတွက်နိုင်သော ခန့်မှန်းချက်များသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ပေါ်ထွက်လာကြသည်။

ယခင်တစ်ခေါက်က အမတ်ချုပ်ကြီးဟန်၏ အမိန့်စာနှစ်ခုကြောင့် ဖြစ်ပေါ်လာသော ရလဒ်ကို သူတို့က ရှင်းလင်းစွာ မြင်ခဲ့ရသည်။

‘ဒီတစ်ကြိမ်မှာရော ဘယ်လိုဖြစ်လာအုံးမှာလဲ’

သို့သော် တာအိုအင်အားစုက အရင်ဆုံးလှုပ်ရှားလာကြလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။

ဓားကျင့်ကြံသူသုံးသန်းနှင့် မိစ္ဆာတစ်သန်းတို့ကို မစုစည်းနိုင်ခင်မှာ တာအိုအင်အားစုက လူသုံးသောင်းစုစည်းရန်အတွက် ရန်ဖြစ်နေကြသည်။

တာအိုလမ်းစဉ်၏ သူတော်စင်တစ်ဝက်အဆင့်များသည် နန်းမြို့တော်သို့ ဝင်ရောက်လာကြပြီး လူဦးရေငါးသောင်းအထိ တိုးပေးရန် တောင်းဆိုနေကြသည်။

လူဦးရေငါးသောင်းကပင် လုံလောက်မှုမရှိခဲ့ပေ။

ယခင်က ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်းသည် ပြင်ပဘုံသို့ ထွက်သွားခဲ့ကြသည်။ ထိုတစ်သောင်းထဲတွင် ကျင့်ကြံသူနှစ်ထောင်သည် အရှေ့တောင်ပိုင်း၏ တာအိုအင်အားစုမှ ဖြစ်သည်။

အဆင့်တက်ရန်အတွက် တံခါးပိတ်ကျင့်ကြံနေကြသော လူတစ်ရာကျော်မှလွဲ၍ လူနှစ်ထောင်ထဲမှ ကျန်လူများအားလုံးသည် စာရင်းပေးခဲ့ကြသည်။

လွန်ခဲ့သောသုံးနှစ်တွင် ကောင်းကင်အဆင့်သို့ ချိုးဖောက်ပြီး ကျင့်ကြံဆင့်တည်ငြိမ်စေရန် တံခါးပိတ်ကျင့်ကြံနေသော တန်ခိုးရှင်များကိုပါ ခေါ်ထုတ်၍ စာရင်းသွင်းပေးလိုက်ကြသည်။

တခြားဒေသများတွင်ရှိနေသော တာအိုဂိုဏ်းများအားလုံးက စုစည်းလာကြသည်။

တာအိုဂိုဏ်းများသည် ဆူပွက်နေပြီး ကျွမ်းကျင်သူများက ယှဉ်ပြိုင်နေကြသည်ဟု ပြောသည်။

မတတ်နိုင်ပေ။ လူတိုင်းက ထိုအခွင့်အရေးကို လိုချင်ကြသည်။

ပြင်ပဘုံမှ ပြန်လာသော ကောင်းကင်အဆင့် ကျင့်ကြံသူတိုင်းသည် အဆုံးမရှိသော ကြွယ်ဝမှုများကို သယ်ဆောင်လာခဲ့သည်။

ထိုကြွယ်ဝမှုက မည်သို့ ဖြစ်သနည်း။

ထိုကြွယ်ဝမှုကြောင့် ဂိုဏ်းတစ်ဂိုဏ်းသည် ကန့်သတ်ချက်မရှိဘဲ စိတ်ကြိုက်သုံးစွဲနိုင်သည်။

ဂိုဏ်းတစ်ဂိုဏ်းသည် တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး သုံးသန်းကို သုံးစွဲရန်အတွက်ပင် ခက်ခဲနေခဲ့သည်။ ဂိုဏ်းသားများအားလုံးက အလုပ်ကြိုးစားပြီး ကုန်ကျစရိတ်ကို ဖာထေးနေရသည်။

သို့သော် ပြင်ပဘုံသို့ ထွက်သွားသော ဂိုဏ်းချုပ်က ပြန်ရောက်လာပြီး ဂိုဏ်းတွင်ရှိသော တာဝန်များအားလုံးကို ဖျက်သိမ်းခဲ့သည်။ သူက လူတိုင်းကို အစွမ်းကုန်ကျင့်ကြံရန်အတွက် တာဝန်တစ်ခုသာ ပေးခဲ့သည်။

ထို့နောက် ဂိုဏ်းချုပ်က ဝိညာဉ်ကျောက်တုံး သန်းထောင်ချီတန်ဖိုးရှိသော ရတနာများကို ရတနာတိုက်ထဲတွင် ပုံပေးပြီး တံခါးပိတ်ကျင့်ကြံခဲ့သည်။ သူက မကျင့်ကြံခင်မှာ ထိုပစ္စည်းများက မလောက်လျှင် ထပ်ရှိသေးသည်ဟု ပြောခဲ့သည်။

ကောင်းကင်အဆင့် ကျင့်ကြံသူများက ပြန်ရောက်လာသောအခါတွင် ဂိုဏ်းသားအနည်းငယ်သာရှိသော ဂိုဏ်းများက ဆွေမျိုးများကို ချက်ချင်းရှာဖွေလိုက်ကြသည်။

ဂိုဏ်းနှင့် ဆက်ဆံရေးကောင်းပြီး ကောင်းကင်အဆင့်သို့ မရောက်သေးသော ကျင့်ကြံသူများကို သိမ်းသွင်းလိုက်ကြသည်။

အစပိုင်းတွင် ကျင့်ကြံသူများက ကိုယ်ပိုင်အမွေအနှစ်ရှိသည့်အတွက် မာနကြီးပြီး တခြားဂိုဏ်းကို မဝင်ချင်ခဲ့ပေ။

ထို့နောက် သူတို့က လက်ခံလိုက်ကြသည်။

ကမ္ဘာမြေအဆင့်တွင်သာ ရှိနေသော ကျင့်ကြံသူများက ဝိညာဉ်ကျောက်တုံးဆယ်သန်းကို မည်သို့ ငြင်းဆန်နိုင်မည်နည်း။

လွန်ခဲ့သောသုံးနှစ်တွင် အလယ်ပိုင်းကုန်းမြေ၏ ကျင့်ကြံခြင်းလောကသည် ကြွယ်ဝမှုများကို ပြိုင်ဆိုင်လျက် အလုပ်များနေခဲ့သည်။

ကျင့်ကြံသူများအားလုံးသည် အမတ်ချုပ်ကြီးဟန်နှင့်အတူ ပြင်ပဘုံသို့ လိုက်သွားသော ကောင်းကင်အဆင့် ကျွမ်းကျင်သူများကို အားကျပြီး မနာလိုဖြစ်နေကြသည်။

သို့သော် သူတို့က ထိုကျွမ်းကျင်သူများကို ငေးကြည့်နေရုံသာ တတ်နိုင်ကြသည်။

ထိုကျွမ်းကျင်သူများက တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းပြီး ကျင့်ကြံခြင်းလော၏ ထိပ်ဆုံးတွင် ရှိနေကြသည်။ သူတို့အားလုံးက ချမ်းသာကြပြီး မကြာခဏဆိုသလိုပင် တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးကြသည်။

နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံလာခဲ့သော ရွှေအမြုတေအဆင့် ကျင့်ကြံသူများက နောက်ကွယ်တွင် သူတို့ကို အပြစ်ပြောကြသည်။

‘သူတို့က ဒီလိုပဲ ကြွယ်ဝမှုတွေကို ကြွားဝါနေတော့မှာလား’

‘ဝိညာဉ်ကျောက်တုံးရှိရင် ငါတို့လည်း ကျင့်ကြံတတ်တယ်’

ကျင့်ကြံခြင်းလောက၏ ခက်ခဲကြမ်းတမ်းစွာ ရတနာရှာဖွေရသော လမ်းစဉ်သည် ပျက်စီးသွားခဲ့သည်။

ဟန်မူယဲ့၏အမိန့်စာ ပေါ်ထွက်လာသောအခါတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူများက အတက်ကြွဆုံး ဖြစ်နေကြသည်။

သူတို့က ပင်ပန်းစွာ ကြိုးစားရှာဖွေရသော ရိုးရာအစဉ်အလာကို လက်ဆင့်ကမ်းပေးချင်သည်။ လူတိုင်းကို အတူတကွ ဆင်းရဲစေချင်သည်။

ထို့ကြောင့် သူတို့က ဝင်မပါခဲ့ပေ။

ဟန်မူယဲ့က ထိုအကြောင်းများကို ဂရုမစိုက်ပေ။ စစ်တပ်များကို စုစည်းပြီးသောအခါတွင် သူက ကောင်းကင်ဂိတ်တံခါးကိုဖွင့်၍ ပြင်ပဘုံသို့ ထွက်လာခဲ့သည်။

ဟွမ်ကျစ်ဟူခေါင်းဆောင်ထားသော ဓားကျင့်ကြံသူသုံးသန်းသည် သူ့နောက်တွင် ရှိနေကြသည်။

ကောင်းရှောင်ရွှမ်သည် ဟွမ်ကျစ်ဟူ၏နောက်တွင် တည်ငြိမ်စွာရပ်နေသည်။

အဖြူရောင်ဝတ်စုံနှင့် ဓားနှစ်လက်လွယ်ထားသော ပိုင်ဝူဟန်သည် ကောင်းရှောင်ရွှမ်၏ဘေးတွင် ရှိနေသည်။

ဟန်မူယဲ့က ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်းကို ဆင့်ခေါ်ခဲ့သောအချိန်တွင် ပိုင်ဝူဟန်က တောင်ပိုင်းကုန်းမြေသို့ ပြန်သွားသောကြောင့် အခွင့်အရေးကို လွဲချော်သွားခဲ့ရသည်။

ဤတစ်ကြိမ်တွင် သူမက မည်သို့ပင်ဖြစ်စေ ကောင်းရှောင်ရွှမ်၏နောက်သို့ လိုက်လာလိမ့်မည်။

ယခုအချိန်တွင် ဓားကျင့်ကြံသူသုံးသန်း၏ အငွေ့အသက်များက ဆက်သွယ်နေပြီး ဓားချီများက လွင့်မျောနေကြသည်။

သူတို့က နောက်ကျောတွင် တူညီသော စံချိန်မီဓားများကို လွယ်ထားကြသည်။

သူတို့က သုံးနှစ်ကြာအောင် ပူးပေါင်းလေ့ကျင့်ခဲ့သောကြောင့် ဓားဝင်္ကပါကို ကောင်းမွန်စွာ အသက်သွင်းနိုင်သည်။

ဟန်မူယဲ့က ဤတစ်ကြိမ်တွင် ဓားဝင်္ကပါ၏စွမ်းအားကို စမ်းသပ်ကြည့်ချင်သည်။

ဓားကျင့်ကြံသူများ၏နောက်တွင် တောင်ပိုင်းကုန်းမြေ၏ မိစ္ဆာတစ်သန်းက ဖရိုဖရဲဖြစ်နေကြသည်။

သို့သော် သူတို့ကြားတွင် ရှေးခေတ်နတ်ဘုရားသားရဲနှင့် အဆင့်မြင့်သားရဲများလည်း ရှိနေကြသည်။ ထို့ကြောင့် ဟန်မူယဲ့က တောင်ပိုင်းကုန်းမြေ၏ မိစ္ဆာများကို ဆင့်ခေါ်ခဲ့သည်။

ဤခရီးတွင် သူက တောင်ပိုင်းကုန်းမြေ၏ နတ်ဘုရားသားရဲနှင့် ရှေးခေတ်သားရဲများ၏ ခွန်အားကို ဖြစ်နိုင်သမျှ မြှင့်တင်ပေးချင်သည်။

လောဘကြီးနေသောမျက်လုံးများဖြင့် တာအိုတန်ခိုးရှင်များသည် သူတို့၏နောက်တွင် ရှိနေကြသည်။

တာအိုတန်ခိုးရှင်ငါးသောင်းထဲတွင် အဆင့်အနိမ့်ဆုံးလူသည် ရွှေအမြုတေပဥ္စမအဆင့်တွင် ရှိနေသည်။

ဤတစ်ကြိမ်တွင် တာအိုအင်အားစုသည် အစွမ်းကုန်ပြင်ဆင်လာခဲ့သည်။

ပြင်ပဘုံတွင် ဟန်မူယဲ့က သန်းချီသောကျင့်ကြံသူများကို ဦးဆောင်ထားခဲ့သည်။

“အမတ်ချုပ်ကြီးဟန်က ကျင်းနန်နယ်မြေရဲ့ တန်ခိုးရှင်တွေကို သွားကြိုမှာမဟုတ်ဘူးလား”

ထောင်ကျစ်ရှင်းက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။

သူ့ဘေးတွင် ရှိနေကြသော ကျင်းနန်နယ်မြေ၏ ကွန်ဖြူးရှပ်ပညာရှင်များကလည်း မျက်မှောင်ကြုတ်သည်။

သူတို့က နွယ်စိမ်းကျောင်းတော်တွင် ၂နှစ်ကျော်ကြာအောင် ပညာသင်ပေးခဲ့သည်။ ဟန်မူယဲ့က ကောင်းကင်အဆင့် ကျင့်ကြံသူတစ်သောင်းကို ဦးဆောင်ပြီး ပြင်ပဘုံတွင် တိုက်ခိုက်ခဲ့သောသတင်းကို သူတို့က သိထားကြသည်။ သို့သော် အသေးစိတ်အချက်အလက်များကိုတော့ မသိကြပေ။

နန်းမြို့တော်၏ ကောင်းကင်အဆင့် ကျင့်ကြံသူများသည် အလွန်ကြွယ်ဝလာကြသော်လည်း တာအိုအင်အားစုကဲ့သို့ ထုတ်မကြွားခဲ့ပေ။

တာအိုလမ်းစဉ်၏ ဂိုဏ်း၊ ကလန်များနှင့် ကွန်ဖြူးရှပ်ပညာရှင်များက ကျင့်ကြံခြင်းလမ်းစဉ်အပေါ်တွင် အမြင်မတူကြပေ။

ကြွယ်ဝလာကြသော ကွန်ဖြူးရှပ်ပညာရှင်များက အနည်းငယ်အသုံးအဖြုန်းကြီးပြီး အရက်မူးလာသောအချိန်တွင် အသံပိုကျယ်လာရုံသာ ရှိကြသည်။

“ညီအစ်ကိုထောင်”

ရှုဝေက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ငါတို့က ပြင်ပဘုံကို ဒီလိုအင်အားမျိုးနဲ့ ထွက်လာတယ်ဆိုမှတော့ အမတ်ချုပ်ကြီးဟန်က ကျင်းနန်နယ်မြေရဲ့ ကျင့်ကြံသူတွေကို ကြိုဆိုဖို့ပဲ မဟုတ်လောက်ဘူး”

All Chapters