← Chapters

အခန်း (၆၈၃)

Vol. 49 Ch. 683

အခန်း (၆၈၃)

Vol. 49 Ch. 683

ချီစွမ်းအင်အလင်းများသည် အဝေးတစ်နေရာတွင် ပေါ်ထွက်လာခဲ့သည်။

“ဝီ”

ဓားအလင်းတစ်ခုက လေဟာနယ်ကို ထိုးခွဲသွားသည်။

ဓားကျင့်ကြံသူများ ဖြစ်ကြသည်။

ဓားအလင်းများသည် မျဉ်းတစ်ကြောင်းအဖြစ် စုစည်းသွားပြီး လေဟာနယ်ကို ထိုးဖောက်ခဲ့သည်။

ထိုကျင့်ကြံသူများက တာအိုပြိုင်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်လာသောအချိန်တွင် လောကကို ဖြတ်သန်းသွားသော ဓားအလင်း၊ ပေတစ်ထောင်ရှည်လျားသော လှံနှင့် သွေးချီများအား အစွမ်းကုန်ထုတ်ဖော်နေသော စစ်တပ်ဝင်္ကပါတို့ကို မြင်လိုက်ကြရသည်။

ထို့နောက် သူတို့က အာကာသထဲတွင် ရပ်နေသော အဖြူရောင်ဓားအိမ်နှင့်လူကို ကြည့်လိုက်ကြသည်။

“သခင်လေးကူ”

စိမ်းလန်းခြင်းနယ်မြေ၏ ဓားကျင့်ကြံသူတစ်သန်းက တာအိုပြိုင်ပွဲနယ်မြေသို့ ဝင်ရောက်လာပြီး ဟန်မူယဲ့ကို မြင်လိုက်ကြရသည်။

“တာအိုပြိုင်ပွဲနယ်မြေကနေ ကြိုဆိုလိုက်ပါတယ်။ အခုအချိန်ကစပြီး ငါ့ရဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာက မင်းတို့ရဲ့နောက်ခံ ဖြစ်လာလိမ့်မယ်”

ဟန်မူယဲ့၏အသံက မိုင်ထောင်ချီအထိ ပျံ့နှံ့သွားသည်။

“ဒီနေရာမှာ ငါက ကောင်းကင်အံ့ဖွယ်တိုင်းပြည်ရဲ့ အမတ်ချုပ်ကြီး ဟန်မူယဲ့ပဲ”

စိမ်းလန်းခြင်းနယ်မြေ၏ ဓားကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဦးညွတ်သည်။

“အမတ်ချုပ်ကြီးဟန်ကို နှုတ်ဆက်လိုက်ပါတယ် ....”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်မြှောက်သည်။

“ဒီနေရာမှာ ပြန့်ကျဲနေတဲ့ ရတနာတွေကို ရှာဖွေဖို့အတွက် နှစ်နာရီ အချိန်ပေးလိုက်မယ်။ နှစ်နာရီပြည့်သွားရင် ငါတို့က ပြန်ကြမယ်”

‘ရတနာတွေကို ရှာဖွေရမှာလား’

ချီစွမ်းအင်အလင်းများသည် ပတ်ဝန်းကျင်တွင် ရှိနေပုံရသည်။ ဓားကျင့်ကြံသူတစ်သန်းက စိတ်ရှုပ်ထွေးစွာ လူစုခွဲလိုက်ကြသည်။

“အကျိုးနည်း၊ နှစ်တစ်သောင်းခရမ်းရွှေပဲ။ ငါတော့ ချမ်းသာပြီ”

“ဘုရားရေ၊ ဒါက အိပ်မက်သံမဏိမဟုတ်လား။ ငါက အိပ်မက် မက်နေတာများလား”

ဓားကျင့်ကြံသူများက အံ့အားသင့်စွာ အော်ဟစ်လိုက်ကြပြီး ပတ်ဝန်းကျင်တွင် အရူးအမူးရှာဖွေနေကြသည်။

ဟန်မူယဲ့က အာကာသထဲတွင် တိတ်ဆိတ်စွာရပ်နေသည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဓားကျင့်ကြံသူများ၊ တာအိုတန်ခိုးရှင်များနှင့် မိစ္ဆာများက တည်ငြိမ်နေကြသည်။

သူတို့က သူတောင်စားတစ်အုပ်ကို ကြည့်နေသကဲ့သို့ ဖြစ်သည်။

‘ငါတို့က အဖိုးတန်ပစ္စည်းတွေအားလုံးကို ယူထားပြီးပြီ။ ဘာတွေကျန်နေသေးလို့လဲ’

‘ဝိညာဉ်ကျောက်တုံးသန်းချီတန်တဲ့ ဝိညာဉ်သတ္တုလား’

‘ဝိညာဉ်ကျောက်တုံး ဆယ်သန်းတန်တာလား’

‘အဲဒါလေးတွေအတွက် ဒီလိုမျိုးအော်ဟစ်နေဖို့ လိုသလား’

‘တောသားတွေပဲ’

နှစ်နာရီအကြာတွင် ဓားကျင့်ကြံသူများက တွန့်ဆုတ်စွာ လူပြန်စုလိုက်ကြသည်။

ဓားကျင့်ကြံသူတစ်သန်းသည် ဝင်္ကပါတစ်ခုကို ဖွဲ့စည်းပြီး မိုင်တစ်ရာပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။

သူတို့အားလုံးက စိတ်လှုပ်ရှားနေကြသည်။ အားလုံးနီးပါးက တစ်ခုခုကို ရှာတွေ့ခဲ့ကြသည်။

သူတို့က အပျက်အစီးတချို့ကို ကောက်ယူခဲ့လျှင်ပင် ဝိညာဉ်ကျောက်တုံးတစ်သိန်းခန့် တန်ကြေးရှိနေသေးသည်။

တာအိုပြိုင်ပွဲနယ်မြေသည် ရှားပါးသော ရတနာနယ်မြေတစ်ခုပင် ဖြစ်သည်။

တန်ဖိုးရှိသော ရတနာပစ္စည်းများသည် ဤနေရာတွင် ပြန့်ကျဲနေကြသည်။ တာအိုပြိုင်ပွဲတစ်ခု ဖြစ်ပေါ်လာသည့်အတွက် အံ့အားသင့်နေရန် မလို‌တော့ပေ။

“သွားကြစို့”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းပြီး စစ်တပ်ကို ဦးဆောင်သွားသည်။

သူ့နောက်တွင်ရှိနေ‌သော ကျင့်ကြံသူများအားလုံးက စိတ်လှုပ်ရှားနေကြသည်။

စိမ်းလန်းခြင်းနယ်မြေ၏ ဓားကျင့်ကြံသူများက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို စိတ်ဝင်စားနေကြသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများကလည်း ထိန်းချုပ်မရနိုင်သော ပျော်ရွှင်မှုများကို ဝေမျှချင်ကြသည်။

အာကာသထဲတွင် တာအိုဘိုးဘေးများက မည်းမှောင်နေသောမျက်နှာထားဖြင့် စောင့်ကြည့်နေကြသည်။

‘ဘယ်သူက တာအိုဘိုးဘေးအစစ်လဲဟ’

ဟန်မူယဲ့တို့က ခမ်းနားစွာ ချီတက်လာခဲ့သည်။ အင်မော်တယ်ဝိညာဉ်ကမ္ဘာက သူတို့ကို တားချင်သော်လည်း မတားနိုင်ခဲ့ပေ။

ဟန်မူယဲ့က နတ်ဘုရားခုံရုံး၏ ရတနာတိုက်ကို ရှာဖွေရန်အတွက် စစ်တပ်ကို ဦးဆောင်လာခဲ့သည်ဟု မည်သူက ကြိုတွေးထားမည်နည်း။

ယခုအချိန်တွင် စစ်တပ်နှင့် ကျွမ်းကျင်သူများကို စုစည်းလိုက်လျှင်ပင် နောက်ကျသွားပြီဖြစ်သည်။

ထိုသို့ဖြင့် ဝင့်ကြွားစွာပြန်လာသော ဟန်မူယဲ့တို့ကို စောင့်ကြည့်နေလိုက်ရသည်။

“ဒါနဲ့ ကျင်းနန်နယ်မြေရဲ့ တာအိုရောင်းရင်းတွေက ရောက်လာကြတော့မှာမဟုတ်လား”

ဟန်မူယဲ့က ထောင်ကျစ်ရှင်းတို့ကို ကြည့်လိုက်ပြီး မေးသည်။

ထောင်ကျစ်ရှင်းတို့က ဖျော့တော့နေသောအပြုံးများနှင့်အတူ ခေါင်းညိတ်ပြသည်။

ဤခရီးတွင် သူတို့က စိတ်ကူးမယဉ်နိုင်လောက်သော ရတနာများကို ရခဲ့ကြသည်။

ရတနာတစ်ခုချင်းစီသည် ဘဝတစ်လျှောက်လုံး ကျင့်ကြံသွားရန်အတွက် လုံလောက်သည်။

ဤရက်ပိုင်းတွင် သူတို့က အသိစိတ်ကို ဆုံးရှုံးသွားတော့မည်ဟု ခံစားနေရသည်။

ကွန်ဖြူးရှပ်တာအိုသည် စိတ်တည်ငြိမ်အေးချမ်းရမည်။

ကံကောင်းစွာဖြင့် သူတို့က ခြိုးခြံချွေတာသော ဘုန်းကြီးများ မဟုတ်ခဲ့ပေ။

“အမတ်ချုပ်ကြီးဟန်၊ ကျင်းနန်ကြယ်ရဲ့ ကွန်ဖြူးရှပ်တာအို ကျင့်ကြံသူတွေက သဘောတူထားတဲ့နေရာမှာ ရောက်နေကြပါပြီ။ သူတို့က တာအိုပြိုင်ပွဲနယ်မြေကို ဝင်ရောက်ဖို့ ငါတို့ရဲ့ဆက်သွယ်မှုကို စောင့်နေကြတာပါ”

ထောင်ကျစ်ရှင်းက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောလိုက်သည်။

ထောင်ကျစ်ရှင်းက သူစုဆောင်းထားခဲ့သော ကြွယ်ဝမှုများကို တွေးမိသောအခါတွင် အနည်းငယ်ရှက်ရွံ့မိသည်။

“ကောင်းပြီလေ။ ကျင်းနန်ကြယ်ရဲ့ တာအိုရောင်းရင်းတွေကို သွားကြိုကြရအောင်။ ပြီးတော့ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို အတူတူပြန်ကြမယ်”

ထိုသို့ဖြင့် ဟန်မူယဲ့က တောင်ကျစ်ရှင်းကို ဦးဆောင်စေခဲ့သည်။

သုံးရက်အကြာတွင် လေဟာနယ်က အက်ကွဲသွားပြီး ကျောင်းတော်သားတစ်သန်းသည် တာအိုပြိုင်ပွဲနယ်မြေအတွင်းသို့ ရောက်လာခဲ့သည်။

ကျောင်းတော်သားတစ်သန်းတွင် ရှစ်ထောင်သည် ကောင်းကင်အဆင့်တွင် ရှိနေကြသည်။ တခြားကျောင်းတော်သားများက အနည်းဆုံး ကမ္ဘာမြေအဆင့်တွင် ရှိကြသည်။

ကွန်ဖြူးရှပ်တာအိုသည် ကျင်းနန်ကြယ်နယ်မြေတွင် တိုးတက်နေသည်။ သူတို့အတွက် ကျောင်းတော်သားတစ်သန်းသည် အနည်းငယ်သာဖြစ်သည်။

ကျောင်းတော်သားတစ်သန်း၏ ခေါင်း‌ဆောင်ဖြစ်သော သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူသုံးယောက်သည် အလွန်အားကောင်းသည်။ သူတို့က စကားတစ်ခွန်းဖြင့် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။

“ကျိုးသွမ်ယွီက အမတ်ချုပ်ကြီးဟန်ကို နှုတ်ဆက်လိုက်ပါတယ်”

“အမတ်ချုပ်ကြီးဟန်ကို နှုတ်ဆက်ပါတယ်”

“လင်းကျစ်က အမတ်ချုပ်ကြီးဟန်ကို နှုတ်ဆက်ပါတယ်”

အစိမ်းရောင်ဝတ်စုံနှင့် သူတော်စင်တစ်ဝက်အဆင့် သုံးယောက်က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ဟန်မူယဲ့ကို ဦးညွတ်လိုက်ကြသည်။

ထောင်ကျစ်ရှင်းက သူတို့ကို မိတ်ဆက်ပေးခဲ့သည်။ ကျင်းနန်၏ ကျောင်းတော်သားများက ခမ်းနားသောကြိုဆိုပွဲနှင့် ကြုံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူတော်စင်တစ်ဝက်အဆင့် သုံးယောက်နှင့် ကျောင်းတော်သားတစ်သန်း ရောက်လာသည့်အတွက် ကောင်းကင်အံ့ဖွယ်ကမ္ဘာက အံ့အားသင့်သွားလိမ့်မည်ဟု သူတို့က ထင်ထားခဲ့ကြသည်။

သို့သော် ယခုအချိန်တွင် သူတို့ကသာ အံ့အားသင့်သွားရသည်။

ဓားချီများကို ထုတ်ဖော်နေသော ဓားကျင့်ကြံသူများ၊ မိစ္ဆာအလင်းနှင့် တောက်ပနေသော မဟာမိစ္ဆာကြီးများ၊ တာအိုလမ်းစဉ်၏ ရွှေအမြုတေအဆင့် အနိမ့်ဆုံးဖြစ်သော ကျင့်ကြံသူများ ....

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အလွန်အားကောင်းပုံပေါ်သည်။ သူတို့က မည်သည့်အရာကို လုပ်‌ပေးရမည်နည်း။

ဟန်မူယဲ့က သူတော်စင်တစ်ဝက်အဆင့် သုံးယောက်နှင့် ကျောင်းတော်သားတစ်သန်းကို ကြည့်လိုက်သည်။ ကျင်းနန်က ကျောင်းတော်သားအများအပြားကို စေလွှတ်လိုက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

“ခင်ဗျားတို့က ဒီရောက်လာပြီဆိုမှတော့ အင်မော်တယ်ဝိညာဉ်ကမ္ဘာကို အလည်သွားကြည့်ကြတာပေါ့”

ဟန်မူယဲ့က လမ်းဘေးဈေးဆိုင်သို့ သွားမည့်အတိုင်း အသာအယာပြောလိုက်သည်။

သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူသုံးဦးက ကြောင်အသွားကြသည်။ သူတို့က ထောင်ကျစ်ရှင်းနှင့် တခြားကျောင်းတော်သားများ၏ မျက်လုံးထဲတွင်ရှိသော လောဘအလင်းရောင်ကို မြင်လိုက်ကြရသည်။

‘ကျင်းနန်ကြယ်ရဲ့ ကျောင်းတော်သားတွေက ဘယ်လိုလုပ်ပြီး ပျက်စီးသွားရတာလဲ’

‘ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ နေထိုင်ရတာက အရမ်းခက်ခဲလို့လား’

သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး နှလုံးသားများက လေးလံသွားကြသည်။

“ဧည့်သည်က အိမ်ရှင်ရဲ့နောက်ကနေ လိုက်ရမှာပေါ့။ အမတ်ချုပ်ကြီးဟန်က ရှေ့ကသွားပါ”

ကျိုးသွမ်ယွီက တီးတိုးပြောလိုက်သည်။

....

ကောင်းကင်အံ့ဖွယ်စစ်တပ်က ချက်ချင်းဆိုသလိုပင် နောက်သို့ ပြန်လှည့်လာခဲ့သည်။

နောက်မှ တိတ်ဆိတ်စွာလိုက်လာသော အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကျွမ်းကျင်သူများက ကြောင်အသွားကြသည်။

အာကာသထဲတွင်ရှိနေသော တာအိုဘိုးဘေးများက ဆွံ့အသွားကြသည်။

“သူက ဒီအတိုင်းထွက်သွားမှာမဟုတ်ဘူးဆိုတာကို ငါကြိုသိနေတယ်”

နတ်အာရုံတစ်ခုက ပြောလိုက်သည်။

တခြားလူများကလည်း ထိုသို့ပင် ဖြစ်သင့်သည်ဟု ခံစားရသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ရှေ့တန်းတွင် ဖိနှိပ်ခံနေရသည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် ပိုမိုသန်မာသည်။

ယခုအချိန်တွင် အမတ်ချုပ်ကြီးဟန်က စစ်တပ်ကို စုစည်းပြီး ထွက်လာခဲ့သည်။ သူက မတိုက်ခိုက်ဘဲ ပြန်သွားမည်ဆိုလျှင် အမတ်ချုပ်ကြီးဟန် မဟုတ်တော့ပေ။

“ဘုန်း”

အာကာသထဲတွင် လှံရှည်သည် ပေတစ်သိန်းအထိ ရှည်လျားလာသည်။

ထိုလှံက ကြယ်လေပြင်းများကို ဖြစ်ပေါ်လာစေသည်။

လှံရှည်က အာကာသကို ထိုးခွဲပြီး လမ်းဖောက်ပေးလိုက်သည်။ ဟန်မူယဲ့တို့က နောက်မှ နီးကပ်စွာလိုက်လာကြသည်။

သူတို့ကို မည်သူမှ မတားဆီးရဲကြပေ။ တားဆီးနိုင်သောလူလည်း မရှိကြပေ။

ဟန်မူယဲ့က စစ်တပ်ကို ဦးဆောင်ထားသည်။ အင်မော်တယ်ဝိညာဉ်ကမ္ဘာက သူတို့ကို တားဆီးချင်လျှင် စစ်တပ်သုံးခုကို လိုအပ်လိမ့်မည်။ ယခုအချိန်မျိုးတွင် စစ်တပ်သုံးခုကို မည်သို့ စုစည်းရမည်နည်း။

ကျင်းနယ်ကြယ်၏ ကျောင်းတော်သားများနှင့် စိမ်းလန်းခြင်းနယ်မြေ၏ ဓားကျင့်ကြံသူများက ထိတ်လန့်သွားကြသည်။

အင်မော်တယ်ရတနာများသည် အတားအဆီးများကို ချိုးဖောက်နိုင်ကြသည်။

တခြားလူများ၏ ပြောစကားကြောင့် သူတို့က အင်မော်တယ်ရတနာဖြစ်သော လှံရှည်ကို သိသွားကြသည်။

လှံရှည်သည် အမှန်တကယ်ပင် အားကောင်းသည်။

လှရှည်က အသံပေးလိုက်ပြီး လမ်းပိတ်ထားသော ကြယ်များကိုပင် ဖယ်ထုတ်လိုက်သည်။

မှော်ရတနာများသည် ထိုသို့ အားကောင်းနိုင်မည်မဟုတ်ပေ။

ကျင်းနန်ကြယ်နယ်မြေနှင့် စိမ်းလန်းခြင်းနယ်မြေသည် သန်မာသော်လည်း အင်မော်တယ်ရတနာတစ်ခုကို ပိုင်ဆိုင်မထားပေ။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် သူတို့ခန့်မှန်းထားသည်ထက် ပိုမိုသန်မာနေသည်။

‘အဲဒါကြောင့် တာအိုပြိုင်ပွဲမှာ တိုက်ခိုက်နေတာပဲ’

သူတို့က အာကာသထဲတွင် မျဉ်းတစ်ကြောင်းကို ချန်ရစ်ခဲ့ပြီး တည့်မတ်စွာ ချီတက်လာကြသည်။

သူတို့က အာကာသကို ထိုးခွဲသွားသော ဓားတစ်လက်နှင့် တူနေသည်။

ရှေ့တွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ နယ်မြေကို မြင်ရသည်။

ဟန်မူယဲ့က စစ်တပ်ကိုဦးဆောင်၍ တိုက်ခိုက်လာပြန်သည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာက သူတို့ကို မတားနိုင်ခဲ့ပေ။

ကျွမ်းကျင်သူများက မုန်းတီးစွာ အံ့ကြိတ်ထားသော်လည်း ဟန်မူယဲ့၏စစ်တပ်ကို မရပ်တန့်နိုင်ကြပေ။

ဓားကျင့်ကြံသူသုံးသန်းသည် ဓားဝင်္ကပါကို ဖွဲ့စည်းထားကြသည်။ တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများနှင့် အလယ်ပိုင်းကုန်းမြေ၏ တာအိုအင်အားစုအပြင် ကျင်းနယ်ကြယ်၏ ကျောင်းတော်သားတစ်သန်းနှင့် စိမ်းလန်းခြင်းနယ်မြေ၏ ဓားကျင့်ကြံသူတစ်သန်းလည်း ရှိနေကြသည်။ သူတို့က ကမ္ဘာဖျက်စစ်ပွဲကို စတင်နိုင်သည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ရှေ့တန်းစစ်တပ်များက ဆုတ်ခွာသွားပြီး အင်မော်တယ်ဝိညာဉ်ကြယ်ကို ကာကွယ်ထားလိုက်ကြသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာက ဖိအားလျော့ကျသွားသည်။ သူတို့က မိုင်တစ်သန်းအထိ ရှေ့တက်လာနိုင်ခဲ့သည်။

ဟန်မူယဲ့က စစ်တပ်ကို ဦးဆောင်ပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကြယ်ဆယ်လုံးကို လုယက်ခဲ့သည်။ ထို့နောက် သူက ဂုဏ်ယူဝင့်ကြွားစွာ ပြန်လာခဲ့သည်။

ထိုသို့ ရိုးရှင်းသည်။

အားလုံးတွေးထားသည့်အတိုင်း သူတို့က လုံခြုံစွာ ပြန်ရောက်လာကြသည်။

စောင့်ကြည့်နေသောလူများက စိတ်ပျက်သွားကြသည်။

သူက အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်နှင့် မတိုက်ခိုက်သလို ဆက်လက်ချီတက်ခြင်းလည်း မပြုလုပ်ခဲ့ပေ။

ကျင်းနန်ကြယ်မှ ကျောင်းတော်သားများ၏ စွမ်းအားနှင့် စိမ်းလန်းခြင်းနယ်မြေမှ ဓားကျင့်ကြံသူများ၏ ကြမ်းတမ်းမှုကို မမြင်ခဲ့ရပေ။

အင်‌မော်တယ်ရတနာဖြစ်သော လှံရှည်နှင့် ဓားကျင့်ကြံသူစစ်တပ်ကလည်း စွမ်းအားထုတ်မပြခဲ့ကြပေ။

နှစ်ဖက်လုံးက နားလည်မှုယူထားပုံပေါ်သည်။ ဟန်မူယဲ့က ကြယ်ဆယ်စင်းကို လုယက်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်လာခဲ့သည်။

နတ်ဘုရားခုံရုံး၏ ရတနာတိုက်ကို ရှာဖွေထားသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများအတွက် ကြယ်ဆယ်စင်း၏ ကြွယ်ဝမှုသည် အပေါ်ယံသာ ဖြစ်သည်။

စိမ်းလန်းခြင်းနယ်မြေ၏ ဓားကျင့်ကြံသူများကပင် အလေးမထားကြပေ။

ကြယ်ဆယ်စင်းတွင် ပစ္စည်းများရှိနေသော်လည်း အဖိုးမတန်ပေ။

All Chapters