အခန်း (၆၈၄)
Vol. 49 Ch. 684
သို့သော် ကျင်းနန်ကြယ်၏ ကျောင်းတော်သားများက မတူညီကြပေ။
သူတို့အားလုံးက ဆင်းရဲစွာ နေထိုင်ခဲ့ရသည်။ ယခုအချိန်တွင် ရတနာများကို တွေ့လိုက်ရသောကြောင့် ပျော်ရွှင်နေကြသည်။
“ညီအစ်ကိုထောင်၊ ငြင်းမနေပါနဲ့။ ဒါက ထိပ်တန်းအဆင့် ကျောက်စိမ်းအဆီအနှစ်ပဲ။ ယူလိုက်ပါ”
ပစ္စည်းကောင်းတစ်ခုကို ရှာတွေ့လာသော ကျိုးသွမ်ယွီက လက်ဝါးအရွယ်အစားရှိသော ကျောက်စိမ်းတစ်ခုကို ထောင်ကျစ်ရှင်းဆီသို့ ပေးလိုက်သည်။
ထောင်ကျစ်ရှင်းကြောင့်မသာမဟုတ်လျှင် သူတို့က ဤနေရာသို့ လာရောက်ပြီး ပစ္စည်းကောင်းများကို ရှာဖွေနိုင်မည်မဟုတ်ပေ။
ကျင်းနန်ကြယ်၏ ကျောင်းတော်သားများက ပြုံးနေကြသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများက ပိုမိုသဘောကောင်းကြသည်။ သူတို့က ပစ္စည်းကောင်းများကို ကျောင်းတော်သားများအတွက် ချန်ထားပေးကြသည်။
ကျောင်းတော်သားတစ်သန်းက ကျိုင်းကောင်များကဲ့သို့ အရာအားလုံးကို စားသုံးသွားကြသည်။ သူတို့၏ လက်အိတ်များကပင် ဖောင်းကားနေကြသည်။
ကျိုးသွမ်ယွီတို့က ရှက်ရွံ့နေပြီး ရတနာအချို့ကို လက်ဆောင်အဖြစ်ပေးရန် တွေးမိကြသည်။
ထောင်ကျစ်ရှ၈်းနှင့် ရှုဝေတို့သည် လှေပျံတစ်စင်းပေါ်တွင် ထိုင်နေကြသည်။ သူတို့က ကျိုးသွမ်ယွီ၏ ကျောက်စိမ်းကို မြင်လိုက်ရသောအခါတွင် မျက်ခမ်းစပ်များက တွန့်သွားကြသည်။
အနည်းဆုံး ဝိညာဉ်ကျောက်တုံး ဆယ်သန်းတန်သော ရတနာတစ်ခုပင် ဖြစ်သည်။
သူတို့က နတ်ဘုရားခုံရုံး၏ ရတနာတိုက်တွင် ထိုရတနာမျိုးကို အမှိုက်အဖြစ် ကန်ထုတ်ခဲ့ကြသည်။
နောက်ပိုင်းမှရောက်လာသော စိမ်းလန်းခြင်းနယ်မြေ၏ ဓားကျင့်ကြံသူများကပင် ထိုပစ္စည်းများကို အထင်သေးကြသည်။
“ဟားဟား။ ညီအစ်ကိုကျိုး၊ မင်းက ဒီရတနာကို သိမ်းထားသင့်တယ်။ နှစ်တစ်ရာတာအိုပြိုင်ပွဲက ပြီးဆုံးဖို့အတွက် နှစ်ခြောက်ဆယ်လောက် လိုသေးတယ်။ မင်းက ဒီရတနာတွေကို နောက်ကျရင် လိုလာလိမ့်မယ်”
ထောင်ကျစ်ရှင်းက ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
‘ငါ့ကို အခွင့်ကောင်းယူချင်နေတာလား’
‘ဒီလိုရတနာလေးနဲ့ မရဘူး’
စစ်တပ်က ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်ရောက်လာသောအခါတွင် ကျင့်ကြံခြင်းလောကသည် ဆူပွက်သွားခဲ့ပြန်သည်။
ဤတစ်ကြိမ်တွင် ရရှိလာသော အကျိုးအမြတ်များသည် ယခင်တစ်ကြိမ်ထက် အဆပေါင်းများစွာ ပိုသည်။
ထိုရတနာများသည် ကျွမ်းကျင်သူများ၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းကို တိုက်ရိုက် တိုးမြှင့်ပေးနိုင်ကြသည်။
များသောအားဖြင့် ထိုရတနာများကို ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် အထက်တွင်ရှိသော ကျင့်ကြံသူများကသာ ပိုင်ဆိုင်နိုင်ကြသည်။ သို့သော် ယခု ဝိညာဉ်သူငယ်အဆင့် ကျင့်ကြံသူများက ထိုရတနာများကို အသုံးပြုလိုက်သည့်အတွက် ဖြုန်းတီးရာကျသော်လည်း ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းကို အများအပြား တိုးလာစေသည်။
သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်က ကျင့်ကြံရာတွင် အသုံးပြုသော ဝိညာဉ်ဆေးပင်ကို ယခုအချိန်တွင် ကောင်းကင်အဆင့်သို့ တက်ရောက်ရန်အတွက် အသုံးပြုနေကြသည်။ ထိုအရာသည် ဖြုန်းတီးမှုဖြစ်သော်လည်း ကိုယ်ပိုင်ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးနိုင်သည်။
‘ဒီရတနာတွေကို မသုံးဘဲ တခြားလူတွေ လုယူသွားနိုင်အောင် နတ်ဘုရားခုံရုံးရဲ့ ရတနာတိုက်လိုမျိုး သိမ်းထားခဲ့ရမှာလား’
ထိုစိတ်ထားဖြင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ရတနာများကို အပြိုင်အဆိုင် ဖြုန်းတီးနေကြသည်။
ကျင့်ကြံခြင်းအတွက် ရတနာများ၊ တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ရန်အတွက် ရတနာများ ....
ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ဟန်မူယဲ့က အရေးကိစ္စများအားလုံးကို ယွင်သွမ့်နှင့် အရာရှိတစ်သောင်းအတွက် ချန်ထားခဲ့ပြီး တံခါးပိတ်ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင် သူက အခန်းထဲသို့ ဝင်မသွားဘဲ နောက်ဖေးခြံဝိုင်းသို့ သွားခဲ့သည်။
နန်းမြို့တော်တွင်ရှိနေသော လူများက ဟန်မူယဲ့၏ တံခါးပိတ်ကျင့်ကြံခြင်းနှင့် ပတ်သတ်၍ အသားကျနေကြသည်။ ဧကရာဇ်နှင့် အရာရှိများက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို စီမံပေးကြလိမ့်မည်။
‘အမတ်ချုပ်ကြီးဟန် လုပ်ချင်တာက တံခါးပိတ်ကျင့်ကြံပြီး ကြွယ်ဝမှုတွေကို နည်းအမျိုးမျိုးနဲ့ စုဆောင်းဖို့ပဲမဟုတ်လား’
‘အမတ်ချုပ်ကြီးဟန်က နိုင်ငံရေးကိစ္စတွေကို ဖြေရှင်းပေးရအုံးမှာလား’
‘ရှုပ်ထွေးတဲ့ကိစ္စတွေကို အရာရှိတွေဆီမှာ ထားလိုက်တာ အကောင်းဆုံးပဲ’
အမတ်ချုပ်ကြီးဟန်က တခြားလူများကို ဦးဆောင်ပြီး နည်းအမျိုးမျိုးဖြင့် ရတနာများကို ရှာဖွေနေသော်လည်း သူ့လုပ်ရပ်သည် မမှားပေ။
.....
ပြန့်ကျဲကြယ်ကျွန်းတွင်ရှိသော ခြောက်ထပ်စံအိမ် ဖြစ်သည်။
ဟန်မူယဲ့သည် ခြောက်ထပ်စံအိမ်သို့ ရောက်လာသောကြောင့် တပည့်များက အံ့အားသင့်သွားကြသည်။
သို့သော် ဟန်မူယဲ့က ခြောက်ထပ်ဓားစံအိမ်ကို သန့်စင်ထားသောကြောင့် လူတိုင်းက သူ၏အဆင့်အတန်းကို အသိအမှတ်ပြုထားကြသည်။
ခြောက်ထပ်ဓားစံအိမ်၏ သခင် ....
“ဘာဖြစ်လို့လဲ။ တာအိုပြိုင်ပွဲမှာ အခြေအနေမကောင်းလို့ မင်းက ခြောက်ထပ်စံအိမ်ရဲ့စွမ်းအားကို ငှားယူချင်တာလား”
ကျောက်ယုကျင့်က ဟန်မူယဲ့၏ရှေ့တွင် ပေါ်လာသည်။
ကျောက်ယုကျင့်က ခြောက်ထပ်ဓားစံအိမ်နှင့် ရတနာဓား၏ ဝိညာဉ် ဖြစ်သည်။ သူက ဤနေရာကို စောင့်ကြပ်နေသောကြောင့် ဟန်မူယဲ့ကို အာရုံခံကြည့်နိုင်သည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပြောသည်။
“တာအိုပြိုင်ပွဲက ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က အဆုံးမဲ့နတ်ဘုရားဘုရင်ကို တွေ့ချင်လို့ပါ”
သူက ဓားစံအိမ်၏အကူအညီဖြင့် ဝိညာဉ်ကိုယ်ပွားကို ဖန်တီး၍ ရောက်လာခဲ့သည်။
အဆုံးမဲ့နတ်ဘုရားဘုရင်က သူရောက်လာသောအကြောင်းကို သိနေလိမ့်မည်။
အဆုံးမဲ့ပင်လယ်သည် အဆုံးမဲ့နတ်ဘုရားဘုရင်၏ ပိုင်နက်ဖြစ်သည်။
ခဏအကြာတွင် ပိုင်ကျီယု ရောက်လာခဲ့သည်။
“အစ်ကိုဟန်၊ အဆုံးမဲ့နတ်ဘုရားဘုရင်က ငရဲကြီးဆယ့်ရှစ်ထပ်ကို အလည်လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်”
ပိုင်ကျီယု၏စကားကြောင့် ဟန်မူယဲ့၏ နှုတ်ခမ်းများက တွန့်သွားသည်။
‘အဲဒီနေရာကို ဘယ်သူက သွားချင်လို့လဲ’
အဆုံးမဲ့ပင်လယ်သည် အရာအားလုံးကို တိုက်စားနိုင်သည်။
ပိုင်ကျီယုက ရှေ့တွင် ဦးဆောင်လိုက်သည်။ သူက အလင်းစက်ကွင်းကို ထုတ်လွှတ်ပြီး ပင်လယ်ရေကို တွန်းထုတ်သည်။
ဟန်မူယဲ့က သူ့နောက်မှ လိုက်လာသည်။
“ပိုင်ကျီယု၊ မင်းက လောကရဲ့ကံကြမ္မာကို ထိုးဖောက်မြင်နိုင်တယ်။ အဲဒီတော့ ရွှေယွဲ့အာနဲ့ တခြားလူတွေရဲ့ ကံကြမ္မာကို မြင်ရလား”
ဟန်မူယဲ့က ပိုင်ကျီယုကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
ရွှေယွဲ့အာသည် ရေဝိညာဉ်နန်းတော်၏ သခင်မလေးဖြစ်သည်။ ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်သည် ရေဝိညာဉ်နန်းတော်၏ နောက်ကွယ်တွင် ရှိနေသည်။
“မမြင်ရဘူး”
ပိုင်ကျီယုက တီးတိုးပြောသည်။
“တချို့ကိစ္စတွေမှာ ကံကြမ္မာရဲ့အကျိုးအပြစ်ကို ရှောင်ရှားတာက ပိုကောင်းတယ်လို့ နတ်ဘုရားဘုရင်က ပြောခဲ့တယ်”
ပိုင်ကျီယုက စကားပြောလိုက်ပြီး ပင်လယ်ထဲသို့ ထိုးဆင်းသွားသည်။
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ခေါင်းခါပြီး နောက်မှ လိုက်သွားသည်။
သူတို့က ရေအလွှာများကို ဖြတ်သန်းလာခဲ့သည်။ ပင်လယ်ရေကို အလွှာများဖြင့် ခွဲခြားထားခဲ့သည်။ အနက်ပိုင်းသို့ရောက်လေ အငြိုးအတေးစွမ်းအားများက ပိုမိုအားကောင်းလေ ဖြစ်သည်။
အဆုံးတွင် ပင်လယ်ရေက မင်ရည်ကဲ့သို့ နက်မှောင်သွားခဲ့သည်။
“ဘုန်း”
ပိုင်ကျီယုက ပုံရိပ်ယောင်ဆန်သော တည်နေရာတစ်ခုကို ဖွင့်လိုက်ပြီး ဟန်မူယဲ့ကို ခမ်းနားသောနန်းတော်အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ဟန်မူယဲ့က တည်ငြိမ်နေသည်။ သူက ပတ်ဝန်းကျင်ကိုပင် မကြည့်ခဲ့ပေ။
အဆုံးမဲ့ပင်လယ်သည် အဆုံးမဲ့နတ်ဘုရားဘုရင်၏ နယ်မြေ ဖြစ်သည်။ ပတ်ဝန်းကျင်ရှုခင်းများသည် သူ၏ အလိုဆန္ဒအရ ပြောင်းလဲနေလိမ့်မည်။
အရာအားလုံးသည် အတုအယောင်သာ ဖြစ်သည်။
ဤနန်းတော်ပင်ဖြစ်စေ အငြိုးအတေးစွမ်းအင်များပင်ဖြစ်စေ အဆုံးမဲ့နတ်ဘုရားဘုရင်က သူ့ကို မြင်စေချင်သောကြောင့် ထုတ်ပြထားခြင်း ဖြစ်သည်။
“ဓားဝိညာဉ်ကို စုစည်းနိုင်ခဲ့တဲ့လူ ဖြစ်သင့်ပါတယ်။ မင်းရဲ့စိတ်ဓာတ်က ခိုင်မာပြီး ပြင်ပအရာဝတ္ထုတွေကြောင့် လှုပ်ရှားသွားတာမျိုး မရှိတော့ဘူး”
နတ်ဘုရားဘုရင်သည် ပလ္လင်ထက်တွင် ပေါ်လာခဲ့သည်။
ယခုအချိန်တွင် နတ်ဘုရားဘုရင်က တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ပြီး ရွှေသရဖူတစ်ခုကို ဆောင်းထားသည်။ သူ့ပုံစံက အလွန်ခမ်းနားနေသည်။
သဘာဝစွမ်းအင်များသည် သူ့ပတ်ဝန်းကျင်တွင် စုစည်းနေကြသည်။ မဟာတာအိုစွမ်းအားတချို့က သူ့ကို ရစ်ပတ်ထားသည်။
“လွတ်မြောက်ခြင်းလမ်းစဉ်က ပိုပြီး ရှင်းလင်းလာပြီပဲ”
ဟန်မူယဲ့က အဆုံးမဲ့နတ်ဘုရားဘုရင်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
အဆုံးမဲ့နတ်ဘုရားဘုရင်က ပြုံးလိုက်သည်။
သူက ဟန်မူယဲ့ကိုကြည့်ပြီး လက်ကို ဝှေ့ယမ်းသည်။ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးက ရှေ့တက်လာပြီး ဝိညာဉ်သစ်သီးများကို ပေးလိုက်သည်။
သွေးရောင်သစ်သီးများသည် လုံးဝိုင်းနေပြီး သဘာဝစွမ်းအင်များဖြင့် ပြည့်နှက်နေကြသည်။
ဟန်မူယဲ့က သစ်သီးကို စားကြည့်လိုက်ပြီး မျက်လုံးများက တောက်ပသွားခဲ့သည်။
“ကောင်းတယ်။ သစ်သီးတစ်လုံးက စတုတ္ထအဆင့်ဆေးလုံးတစ်လုံးနဲ့ ညီမျှတယ်”
“နတ်ဘုရားဘုရင်မှာ ထပ်ရှိနေသေးရင် အားလုံးကို ဝယ်လိုက်မယ်”
ဟန်မူယဲ့၏ချီးကျူးမှုကြောင့် အဆုံးမဲ့နတ်ဘုရားဘုရင်က ပြုံးလိုက်သည်။ သို့သော် ဝယ်ယူမည့်အကြောင်းကို ပြောလိုက်သောအခါတွင် သူ့မျက်နှာထားက အေးစက်သွားခဲ့သည်။
ပိုင်ကျီယုက ခေါင်းခါလိုက်ပြီး ပြောသည်။
“အစ်ကိုဟန်၊ ဒီလိုသစ်သီးမျိုးက အများကြီးမရှိဘူး”
ဟန်မူယဲ့က ထိုအချက်ကို နားလည်သည်။ သို့သော် နတ်ဘုရားဘုရင်တွင် အများအပြား ရှိနေနိုင်သည်။
နတ်ဘုရားဘုရင်သည် အချိန်နှင့် တည်နေရာကို ပြောင်းလဲနိုင်သည်။
“ကျွန်တော်က ကောင်းကင်ဝိညာဉ် အဆီအနှစ်အရည်တွေကို ရထားတယ်။ နတ်ဘုရားဘုရင်နဲ့ အလဲအလှယ်လုပ်ကြည့်ဖို့ တွေးနေတာ”
ဟန်မူယဲ့က နောင်တများဖြင့် ရေရွတ်လိုက်သည်။
အဆုံးမဲ့နတ်ဘုရားဘုရင်က မျက်လုံးပြူးသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ကောင်းကင်ဝိညာဉ် အဆီအနှစ်အရည်လား။ ဘယ်နှစက် ရှိတာလဲ”
ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် လက်ဆေးကန်အရွယ်အစားရှိသော ကျောက်စိမ်းပန်းကန်လုံးသည် ပေါ်လာခဲ့သည်။ ထိုထဲတွင် အစိမ်းရောင်အရည်များဖြင့် ပြည့်နှက်နေသည်။
အဆုံးမဲ့နတ်ဘုရားဘုရင်က ဟန်မူယဲ့၏ရှေ့သို့ ဖျတ်ခနဲရောက်လာခဲ့သည်။ သူက ကျောက်စိမ်းပန်းကန်လုံးကို စိုက်ကြည့်နေသည်။
ပိုင်ကျီယုက ပါးစပ်အဟောင်းသားဖြစ်သွားသည်။
နတ်ဘုရားဘုရင်များက ခန္ဓာကိုယ်နှင့်ဝိညာဉ်ကို သန့်စင်ရန်အတွက် ကောင်းကင်ဝိညာဉ် အဆီအနှစ်အရည်ကို အသုံးပြုကြသည်။
ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းရာတွင် လောက၏ အမျိုးမျိုးသော စွမ်းအားများနှင့် ကြုံတွေ့ရလာသည်။
ကောင်းကင်ဝိညာဉ် အဆီအနှစ်အရည်က ရောနှောနေသောစွမ်းအားများကို ရှင်းထုတ်ပေးပြီး ကိုယ်ပိုင်စွမ်းအားကို ပိုမိုသန့်စင်လာစေသည်။
ထိုအရည်တစ်စက်ကို နတ်ဘုရားဘုရင်များက ကြိုးစားရှာဖွေနေကြသည်။
အရည်ငါးစက် ရှိနေလျှင် နတ်ဘုရားဘုရင်များက အစွမ်းကုန် တိုက်ခိုက်ကြလိမ့်မည်။
သို့သော် ဟန်မူယဲ့က အရည်စက် တစ်သောင်းကျော်ရှိနေသော ကျောက်စိမ်းပန်းကန်လုံးကို ထုတ်ယူခဲ့သည်။
‘လောကမှာ ဒီလောက်များတဲ့ ကောင်းကင်ဝိညာဉ် အဆီအနှစ်အရည်တွေ ရှိနေသေးတာလား’
အဆုံးမဲ့နတ်ဘုရားဘုရင်က အချိန်ကြာမြင့်စွာ ရပ်နေပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလျက် တည်ငြိမ်စွာပြောသည်။
“တကယ့်ကို ကောင်းကင်ဝိညာဉ် အဆီအနှစ်အရည်တွေပဲ”
သူက ပလ္လင်ပေါ်သို့ ပြန်ရောက်သွားပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“မင်းက နတ်ဘုရားခုံရုံးရဲ့ ရတနာတိုက်ကို ရလာတာလား”
ထိုသို့ပင် ဖြစ်လိမ့်မည်။ နတ်ဘုရားခုံရုံး၏ ရတနာတိုက်ကသာ ထိုရတနာမျိုးကို အများအပြား သိမ်းဆည်းထားနိုင်သည်။
ဟန်မူယဲ့က ပြုံးသည်။
“နတ်ဘုရားဘုရင်၊ ဒီကောင်းကင်ဝိညာဉ် အဆီအနှစ်အရည်အတွက် ဘာနဲ့လဲလှယ်မှာလဲ”
ထိုရတနာမျိုးကို အလဲအလှယ်ပြုလုပ်ရန်အတွက် အမှန်တကယ်ပင် အသုံးပြုနေသည်။
ပိုင်ကျီယုက အင်မော်တယ်ဟန်၏ အတွေးများကို နားမလည်နိုင်တော့ပေ။
“ငါက မင်းရဲ့ရတနာကို လုယူလိုက်မှာ မကြောက်ဘူးလား”
အဆုံးမဲ့နတ်ဘုရားဘုရင်က ဟန်မူယဲ့ကို ကြည့်သည်။
ထိုအဆီအနှစ်အရည်များက ဤနေရာသို့ ရောက်လာသောကြောင့် နတ်ဘုရားဘုရင်တစ်ပါးဖြစ်သော သူက မည်သည့်နည်းလမ်းနှင့်မဆို အရယူရန် ဆုံးဖြတ်ထားသည်။
“နတ်ဘုရားဘုရင်က အငြိုးအတေးစွမ်းအားကို ကျင့်ကြံတယ်။ အဲဒါကြောင့် စွမ်းအားက နည်းနည်းတော့ မသန့်စင်ဘူးဖြစ်နေတယ်။ ကောင်းကင်ဝိညာဉ် အဆီအနှစ်အရည်က နတ်ဘုရားဘုရင်အတွက် အသုံးဝင်တာကြောင့် ကျွန်တော်က ထုတ်ယူလိုက်တာပဲ”
ဟန်မူယဲ့က တည်ငြိမ်စွာဖြင့် ကျောက်စိမ်းပန်းကန်လုံးကို ရှေ့သို့ တွန်းပို့သည်။
“ဒီအရည်တွေအားလုံးကို လက်ဆောင်ပေးလိုက်ရရင်လည်း ကိစ္စမရှိဘူး။ ဒီလိုပစ္စည်းတွေက နတ်ဘုရားခုံရုံးရဲ့ ရတနာတိုက်ထဲမှာ အများကြီးရှိတယ်”
သူက ကြွယ်ဝမှုကို ကြွားဝါနေသည်။
နတ်ဘုရားဘုရင်တစ်ပါး၏ရှေ့တွင် ဖြစ်သည်။