← Chapters

အခန်း (၆၈၆)

Vol. 49 Ch. 686

အခန်း (၆၈၆)

Vol. 49 Ch. 686

တာအိုပြိုင်ပွဲ၏နောက်ကွယ်တွင် နတ်ဘုရားဘုရင်တစ်ပါး ရှိနေခဲ့လျှင် သစ်သားနတ်ဘုရားမကဲ့သို့ ပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ရှိနေလိမ့်မည်ဟု အဆုံးမဲ့နတ်ဘုရားဘုရင်က ပြောလိုက်သည်။

“နတ်ဘုရားအဖြစ် မွေးဖွားလာကြတဲ့လူတွေ။ သူတို့က ဒီလောကနဲ့အတူ မွေးဖွားလာတဲ့ ကျွမ်းကျင်သူကြီးတွေပဲ။ အဲဒါကြောင့် သူတို့က အင်မော်တယ်တက်လှမ်းစင်မြင့်ရဲ့ ခေါ်ဆိုချက်ကို ရှောင်တိမ်ပြီး ဒီလောကမှာ နေထိုင်နိုင်ခဲ့တယ်”

အင်မော်တယ်ကမ္ဘာ၏အကြောင်းကို ပြောလိုက်သောအခါတွင် အဆုံးမဲ့နတ်ဘုရားဘုရင်က သက်ပြင်းချလိုက်ရပြန်သည်။

အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားကြသော ကျွမ်းကျင်သူများက ပျောက်ကွယ်မသွားခဲ့လျှင် အင်မော်တယ်ကမ္ဘာသည် လူတိုင်းမျှော်လင့်နေသော နေရာတစ်ခု ဖြစ်လာလိမ့်မည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဓားနတ်ဘုရား ....

သူက သစ်သားနတ်ဘုရားမထက် ပိုမိုသန်မာခဲ့သည်။ သူက နတ်ဘုရားအဖြစ် မွေးဖွားလာပြီး တာအိုကို နားလည်ခဲ့သည်။ သူက ဓားတစ်ချက်နှင့် အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာသော ကျွမ်းကျင်သူတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ အဆုံးတွင် သူက အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းပြီး ပျောက်ကွယ်သွားခဲ့သည်။

သူထွက်မသွားခဲ့လျှင် အင်မော်တယ်ရင်းမြစ်ကမ္ဘာက အုပ်စုကွဲသွားမည်မဟုတ်ပေ။ အဆုံးတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာကသာ မပြောင်းလဲဘဲ ကျန်ရစ်ခဲ့သည်။

အင်မော်တယ်ကမ္ဘာသို့ ရောက်သွားသော ဓားနတ်ဘုရား၏အခြေအနေကို မသိနိုင်ပေ။

သို့သော် အင်မော်တယ်ကမ္ဘာက နတ်ဘုရားခုံရုံးပြောသည့်အတိုင်း အလွန်ကောင်းမွန်နေလျှင် ဓားနတ်ဘုရားက ကျင့်ကြံဆင့်တိုးတက်လာလိမ့်မည်။

သို့သော် အင်မော်တယ်ကမ္ဘာသို့ ရောက်သွားသောလူများသည် ပြန်မလာနိုင်ခဲ့ကြပေ။

ဟန်မူယဲ့က ပြန့်ကျဲကြယ်ကျွန်းတွင် သဘောတူညီချက်များကို ပြုလုပ်ခဲ့သည်။

ခြောက်ထပ်စံအိမ်၏ တပည့်များက တာအိုပြိုင်ပွဲတွင် ပါဝင်လာကြလိမ့်မည်။

သူက တော်ဝင်ရှုခင်းဓားဆိုင်သို့ ပြန်သွားပြီး ကောင်းမွန်စွာရှိနေကြသော ကျန့်တနျိုတို့နှင့် ဆုံတွေ့ခဲ့သည်။

ကျန့်တနျိုက သမီးနှစ်ယောက်ကို ထပ်မွေးထာသည်။ သူတို့၏မိသားစုက အလွန်အသက်ဝင်နေသည်။

သူက ပန်းပဲပညာရပ်တွင် ပါရမီကောင်းပြီး ဓားကောင်းများကို သွန်းလုပ်နိုင်သည်။

ဟန်မူယဲ့က ပြန့်ကျဲကြယ်ကျွန်းတွင် လျှောက်သွားပြီး အလဲအလှယ်များကို ပြုလုပ်ခဲ့သည်။

ချီစွမ်းအင်အလင်းတစ်ခုသည် အမတ်ချုပ်ကြီးအိမ်တော်၏ နောက်ဖေးခြံဝိုင်းတွင် ပေါ်ထွက်လာခဲ့သည်။

ဟန်မူယဲ့က အဆုံးမဲ့ပင်လယ်မှ ရတနာအမျိုးမျိုးကို ပြန်ယူလာခဲ့သည်။ ထိုရတနာများက ခြံဝိုင်းကို လူတစ်ယောက်၏ ခါးတစ်ဝက်အထိ ပြည့်သွားစေသည်။

ထိုရတနာများက နတ်ဘုရားခုံရုံး၏ ရတနာတိုက်ကို မယှဉ်နိုင်ပေ။ သို့သော် အရေအတွက် ပိုများသည်။

ဝိညာဉ်ပုလဲလုံးများနှင့် ဝိညာဉ်သတ္တုများက ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည်။

ဟန်မူယဲ့ထုတ်ပြလိုက်သော ရတနာများကို ပြန့်ကျဲကြယ်ကျွန်း၏ အင်အားစုများအားလုံးက လိုချင်ကြသည်။

သူက ရေဝိညာဉ်နန်းတော်သို့သွားပြီး ဝိညာဉ်ပုလဲလုံးသန်းရှစ်ဆယ်နှင့် ရေဝိညာဉ်ကျောက်စိမ်းကို ဝယ်ယူခဲ့သည်။

ဟန်မူယဲ့က အသင်္ချေကျောက်တုံးဝါကို ထုတ်ပြလိုက်သောကြောင့် ရေဝိညာဉ်နန်းတော်က လုယူရန်အတွက် တိုက်ခိုက်လုနီးပါး ဖြစ်သွားခဲ့ရသည်။

အဆုံးတွင် သူက ထိုကျောက်တုံးကို ဆဌမအဆင့်ဆေးလုံး သုံးသန်းနှင့် လဲလှယ်ခဲ့သည်။

ရတနာများသည် ဟန်မူယဲ့အတွက် သိပ်အရေးမပါပေ။ သူ့အတွက် အရေးအကြီးဆုံးအရာသည် သတင်းအချက်အလက်များပင် ဖြစ်ကြသည်။

ဆည်အတွင်းနှင့် ဆည်ပြင်ပတွင် ရန်သူက မည်သူနည်း။

ထိုအချက်သည် စိုးရိမ်ရသည်။

နတ်ဘုရားဘုရင်တစ်ပါးသည် တာအိုပြိုင်ပွဲ၏နောက်ကွယ်တွင် ရှိနေသည်။ ဆည်ပြင်ပနှင့် အထက်ဘုံသုံးပါးတွင် လူအများအပြားသည် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်ချင်နေကြသည်။

ရန်သူက အမှောင်ထဲတွင် ပုန်းအောင်းနေသည်။

သူက ရန်သူကို မသိပေ။

ဟန်မူယဲ့က ရတနာများကို စုစည်းပြီး နန်းတော်သို့သွား၍ ယွင်သွမ့်နှင့် တွေ့လိုက်သည်။ သူက ရတနာများကို လက်လွှဲပေးပြီး လူတိုင်း၏ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းကို တိုးတက်လာစေရန်အတွက် ခွဲဝေပေးရန် ညွှန်ကြားလိုက်သည်။

သူက နန်းတော်မှထွက်ပြီး အာခီမီကံကြမ္မာစံအိမ်သို့ ရောက်လာသောအခါတွင် အနက်ရောင်ချပ်ဝတ်နှင့် ခန္ဓာကိုယ်တောင့်တင်းသောလူတစ်ယောက်ကို မြင်လိုက်ရသည်။

“လေ့ကျင့်ရေးမှူးလင်း”

ဟန်မူယဲ့က ပြုံးသည်။

လင်းရှန်က ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။

“ဂိုဏ်းတူအစ်ကိုဟန်”

အမတ်ချုပ်ကြီးဟန်မဟုတ်ဘဲ ဂိုဏ်းတူအစ်ကိုဟန် ဖြစ်သည်။

ဟန်မူယဲ့က ရယ်လိုက်ပြီး လင်းရှန်၏လက်ကိုဆွဲ၍ အာခီမီကံကြမ္မာစံအိမ်ထဲသို့ ဝင်သွားကြသည်။

ဇူအော်ယုထင်နှင့် ဇူအော်လင်းတို့သည် ဆိုင်ထဲတွင် ရှိနေကြသည်။ သူတို့က ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် လျင်မြန်စွာ ဦးညွှတ်ကြသည်။

ဇူအော်ယုလုံက ဒေသတစ်ခုတွင် တာဝန်ထမ်းဆောင်နေပြီး ရာထူးတိုးသွားခဲ့သည်။

ဇူအော်ယုထင်နှင့် ဇူအော်လင်းတို့က အာခီမီကံကြမ္မာစံအိမ်ကိုသာ စောင့်ကြပ်နေကြသည်။

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းပြလိုက်ပြီး လင်းရှန်ကို ခြံဝိုင်းထဲသို့ ခေါ်သွားလိုက်သည်။

“ဘယ်တုန်းက ပြန်ရောက်လာတာလဲ”

ဟန်မူယဲ့က ကျောက်သားစားပွဲတွင် ထိုင်လိုက်ပြီး ပြောသည်။

“နည်းနည်းတော့ ကြာနေပြီ။ ရှေ့တန်းမှာ တိုက်ပွဲပြီးသွားတော့ စစ်တပ်က အနားယူဖို့အတွက် ပြန်လာခဲ့တာ”

လင်းရှန်က ဟန်မူယဲ့၏ရှေ့တွင် ထိုင်လိုက်ပြီး ပြောသည်။

သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ကျွန်တော်က ပိညီအစ်ကိုနဲ့ တွေ့ချင်တယ်”

ပိဝူဟယ်၏ သားနှစ်ယောက်သည် ယခုအချိန်တွင် ဆယ်ကျော်သက်ကလေးများ ဖြစ်နေကြသည်။

“ဂိုဏ်းတူအစ်ကိုဟန်၊ ကျွန်တော်က ကျောက်စိမ်းအရိုးကို အကြီးအကဲချုံးယွင်ဆီ ပြန်ပေးချင်တယ်”

လင်းရှန်က ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူပြီး ပြောသည်။

“ဒါက လေဟာနယ်ဝိညာဉ်သူငယ်ဆေးလုံးပဲ။ ဒီဆေးလုံးနဲ့ဆိုရင် အကြီးအကဲချုံးယွင်က အရင်ဘဝရဲ့ ကျင့်ကြံဆင့်ကို မြန်မြန်ပြန်ရသွားမှာပါ”

လင်းရှန်၏ လက်ရှိကျင့်ကြံခြင်းသည် အလွန်တည်ငြိမ်ပြီး ဝိညာဉ်သူငယ် အဌမအဆင့်တွင် ရှိနေသည်။

သို့သော် ကျောက်စိမ်းအရိုးကို ထုတ်ယူလိုက်လျှင် သူက ကောင်းကင်အဆင့်၏အောက်သို့ ပြန်ကျသွားလိမ့်မည်။

လင်းရှန်အတွက် ကျင့်ကြံခြင်းသည် ဦးစားပေးမဟုတ်ပေ။ သူက နှလုံးသားထဲတွင်ရှိသော အတားအဆီးကို အရင်ကျော်ဖြတ်ရမည်။

လင်းရှန်က ဝိညာဉ်သူငယ် အဌမအဆင့်တွင် အချိန်အတိုင်းအတာတစ်ခုအထိ ရပ်တန့်နေခဲ့ပုံပေါ်သည်။

“ကောင်းပြီလေ”

ဟန်မူယဲ့က ခေါင်းညိတ်သည်။ လင်းရှန်က ကျောက်စိမ်းအရိုးကို ပြန်ပေးချင်လျှင် ပြန်ပေးလိုက်မည်။

ယခင်ကဆိုလျှင် သူက လင်းရှန်၏ ကျင့်ကြံခြင်းကို ပြန်လည်ကောင်းမွန်လာအောင် ဆောင်ရွက်ပေးနိုင်မည်မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် နတ်ဘုရားခုံရုံး၏ ရတနာတိုက်ကို ရထားသောကြောင့် စိတ်ပူရန် မလိုတော့ပေ။

ဟန်မူယဲ့က သဘောတူလိုက်သည်။ လင်းရှန်က အပြုံးတစ်ခုနှင့်အတူ ထရပ်သည်။

“သွားကြည့်ကြရအောင်လေ”

“အဲဒီကောင်စုတ်လေးနှစ်ယောက်က အခု ဘယ်မှာလဲမသိဘူး။ ကုန်းစွန်းအိမ်တော်မှာလား၊ ချီယန်ဓားဂိုဏ်းမှာလား”

ကုန်းစွန်းရှုက ပိချုံးနှင့် ပိယွင်ကို တပည့်အဖြစ် လက်ခံထားခဲ့သည်။ သူတို့နှစ်ယောက်က များသောအားဖြင့် ကုန်းစွန်းအိမ်တော်တွင် ကျင့်ကြံလေ့ရှိကြသည်။

သို့သော် ယခုအချိန်တွင် ကုန်းစွန်းမိသားစု၏ တပည့်အများအပြားသည် ပြင်ပဘုံသို့ ရောက်နေကြသည်။ ကုန်းစွန်းရှုကလည်း ပြန်မလာသေးပေ။ ထို့ကြောင့် ထိုကလေးနှစ်ယောက်က ကုန်းစွန်းအိမ်တော်တွင် ရှိနေရန် မသေချာပေ။

“သူတို့က ချီယန်ဓားဂိုဏ်းမှာပါ။ ပိဝူဟယ်က ကောင်းကင်တစ်ဝက်အဆင့်ကို ရောက်နေပြီ။ ချီယန်ဓားဂိုဏ်းက ထူးခြားတဲ့ဂုဏ်သတင်းကို ပိုင်ဆိုင်ထားတယ်”

လင်းရှန်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။

ကောင်းကင်အဆင့် ကျင့်ကြံသူအများအပြားသည် ပြင်ပဘုံတွင် အကျိုးအမြတ်များကို ရရှိခဲ့သော်လည်း ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဂိုဏ်းဆယ်ဂိုဏ်းတွင် ဂိုဏ်းတစ်ဂိုဏ်းကသာ ကောင်းကင်အဆင့် ကျင့်ကြံသူကို ပိုင်ဆိုင်ထားသည်။

ဂိုဏ်းတစ်ဂိုဏ်းအတွက် အဆင့်မြင့်ကျင့်ကြံသူများကို မွေးထုတ်ပေးရန် မလွယ်ကူပေ။

ပိဝူဟယ်က ကောင်းကင်တစ်ဝက်အဆင့်သို့ ရောက်လာနိုင်သည့်အတွက် ထူးခြားသည်ဟု ပြောနိုင်သည်။

သူတို့က ဆိုင်ထဲမှ ထွက်လာသောအခါတွင် ဇူအော်လင်းက မြင်းလှည်းနှင့် အသင့်စောင့်နေသည်။

“အမတ်ချုပ်ကြီးဟန်က ဒီမြင်းလှည်းကိုမစီးတာ အတော်ကြာပြီ”

ဇူအော်လင်းက ခံစားချက်များနှင့်အတူ ပြောသည်။

ဟန်မူယဲ့က မြင်းလှည်းကို အချိန်ကြာမြင့်စွာ မစီးခဲ့ပေ။ တောင်ပိုင်းကုန်းမြေ စားသောက်ဆိုင်၏ ပေါက်စီများကိုလည်း အချိန်ကြာမြင့်စွာ မစားခဲ့ပေ။

သူက ဘေးတွင်ရှိနေသော ဆိုင်သို့ သွားလိုက်သည်။ စွေ့စွေ့က လျင်မြန်စွာဦးညွတ်လိုက်သည်။

ရှောက်တထျန်းက ငါဖမ်းထွက်သွားသည်။ ကလေးတချို့က လိုက်သွားကြသည်။ စွေ့စွေ့က ဆိုင်ကိုစောင့်ကြည့်ရန် ကျန်ရစ်ခဲ့သည်။

“ကလေးတွေကြီးလာရင် ကျောင်းထားပေးရမယ်”

ဟန်မူယဲ့က ပေါက်စီကို ယူပြီး တံခါးဝတွင် ဆော့ကစားနေသော ကလေးများကို ကြည့်လိုက်သည်။

“ကျစ်ဟူက စီစဉ်ပေးထားပါတယ်။ ကလေးတွေအားလုံးက ပညာတတ်ကြပါတယ်’

စွေ့စွေ့က အပြုံးတစ်ခုနှင့် ပြောသည်။

ဟွမ်ကျစ်ဟူက အာခီမီကံကြမ္မာစံအိမ်သို့ မကြာခဏ ပြန်လာလေ့ရှိသည်။ သူမက တော်ဝင်ကျောင်းတော်တွင် ပညာသင်ကြားနေသောအချိန်၌ စွေ့စွေ့၏ဆိုင်တွင် စားသောက်လေ့ရှိသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လင်းရှန်နှင့်အတူ မြင်းလှည်းအတွင်းသို့ ဝင်သွားခဲ့သည်။ သူတို့က ချီယန်ဓားဂိုဏ်းသို့ ဦးတည်လိုက်ကြသည်။

အစပိုင်းတွင် ချီယန်ဓားဂိုဏ်းက မြို့ထဲတွင် ရှိခဲ့သည်။ နောက်ပိုင်းတွင် ပိဝူဟယ်က ဂိုဏ်းကို မြို့ပြင်သို့ ရွေ့လိုက်သည်။

သူက ကုန်းစွန်းမိသားစု၏ လက်အောက်ခံအဖြစ် အထင်မခံလိုပေ။

“သခင်မလေးကျစ်ဟူကလည်း ချီယန်ဓားဂိုဏ်းကို မကြာခဏ သွားခဲ့တယ်။ သူမက ဂိုဏ်းတပည့်တွေကို အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့ထဲမှာ ထည့်သွင်းပေးဖို့ လုပ်ခဲ့သေးတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်ပိက ကိုယ်ပိုင်အကန့်အသတ်ကို နားလည်တယ်လို့ ပြောခဲ့တယ်။ တပည့်တွေက လိုအပ်နေသေးတယ်တဲ့”

ဇူအော်လင်းက ပြောလိုက်သည်။

ပိဝူဟယ်က သတိကြီးသည်။ သူက ဆေးလုံးဝယ်ယူရန်အတွက် အာခီမီကံကြမ္မာစံအိမ်သို့ ရောက်လာသောအခါတွင် အစွမ်းကုန်ထုတ်သုံးခဲ့သည်။

မြင်းလှည်းက ဆယ်မိုင်ခန့်အထိ ခရီးရောက်လာပြီး ဆူညံသံများကို ကြားလိုက်ရသည်။

မြင်းလှည်းထဲတွင် ထိုင်နေသော ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။

လင်းရှန်က အပြင်ဘက်သို့ ထွက်သွားသည်။

ထိုအချိန်တွင် ကျင့်ကြံသူတစ်ရာကျော်သည် ချီယန်ဓားဂိုဏ်း၏ အပြင်ဘက်တွင် စုဝေးနေကြသည်။ အများစုက ဓားရှည်များကို လွယ်ထားသော ဓားကျင့်ကြံသူများပင် ဖြစ်ကြသည်။

“တူမယွင်မိန်၊ ငါက နင်ကောင်းဖို့အတွက် ပြောနေတာပါ”

“ချီယန်ဓားဂိုဏ်းက ဂိုဏ်းတူအစ်ကိုကြီးရဲ့ ကြိုးစားအားထုတ်မှုပဲ။ ငါက ချီယန်ဓားဂိုဏ်းကို တိုးတက်အောင်လုပ်ပေးဖို့အတွက် တာဝန်ရှိတယ်”

ရှေ့ဆုံးတွင် လူအိုကြီးတစ်ယောက်က ပြောလိုက်သည်။

“ပိဝူဟယ်၊ နားထောင်စမ်း။ ချီယန်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို လက်လျော့လိုက်။ ငါက ဂိုဏ်းသားတွေအားလုံးကို ဝိညာဉ်ကျောက်တုံး သုံးသန်းစီ ပေးမယ်”

“အစေခံတွေကတောင် ဝိညာဉ်ကျောက်တုံးတစ်သန်းကို ရလိမ့်မယ်”

အံ့အားသင့်သွားသောအသံများသည် ထိုစကားသံကြောင့် ပေါ်ထွက်လာခဲ့ကြသည်။

မြင်းလှည်းထဲတွင်ထိုင်နေသော ဟန်မူယဲ့က ခပ်ဟဟရယ်သည်။

သူက ထိုလူမျိုးကို သိထားသည်။

သူနှင့်အတူ ပြင်ပဘုံသို့လိုက်လာသော ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်လိမ့်မည်။

သူက ဆင်းရဲနေသော ဆွေမျိုးများကို ကူညီ‌ပေးရန်အတွက် ရောက်လာသည်။

သာမန်ဂိုဏ်းများသည် ထိုလှုပ်ရှားမှုမျိုးကို မငြင်းပယ်နိုင်ကြပေ။

အလယ်ပိုင်းကုန်းမြေ၏ ဂိုဏ်းအသေးလေးများသည် ထိုသို့ ပိုက်ဆံဖြင့်ပေါက်၍ အနိုင်ကျင့်ခံနေရသည်။

ဟန်မူယဲ့က ပိဝူဟယ်၏တုံ့ပြန်မှုကို သိချင်မိသည်။

All Chapters