← Chapters

မင်းက ဒီကမ္ဘာမှာမဖြစ်သင့်ဘူး

Vol. 29 Ch. 561

မင်းက ဒီကမ္ဘာမှာမဖြစ်သင့်ဘူး

Vol. 29 Ch. 561

ထန်းယန်သည် ပြေးနေစဉ်အတွင်းတွင် မမြင်နိုင်သောစွမ်းအားမှ လမ်း တစ်ဝက်တစ်ပြတ်တွင် သူ့ကို ပိတ်ပင်ထားဆီးလိမ့်မည်ဟု ထင်မထားပေ။ ထိုကဲ့သို့သော မထင်မှတ်ထားသည့်တိုက်ခိုက်မှုသည် ချက်ချင်းပင် သူ့ခန္ဓာ ကိုယ်ထဲမှသွေးများကို ပြောင်းပြန်စီးသွားစေသည်။ စီရင်ချက်လှံတံကိုကိုင်ထား သည့်သူ့လက်များသည် ထုံကျဉ်လာသည်။ သူ၏ ခွန်အားကြောင့်သာမဟုတ် လျှင် စီရင်ချက်လှံတံသည် သူ့လက်ထဲမှပြုတ်ကျသွားနိုင်သည်။

အဲကောင်လေးရဲ့လက်ထဲက ဓားပျော့က တကယ်ကြီး နတ်ဧကရာဇ် အဆင့်ရှိတာလား။ ထန်းယန်သည် ပေထင်းဟွမ်၏လက်ထဲမှ ဓားပျော့ကို အန္တရာယ်ပြုမည့်အကြည့်ဖြင့် ကြည့်လေသည်။ တစ်ချိန်တည်းမှာပင် သူမဘေး တွင် ဓားပျော့တစ်ချောင်း ဖြည်းဖြည်းချင်းပေါ်လာသည်ကို တွေ့လိုက်ရသည်။ အမှန်တကယ်ပင် မမြင်နိုင်သည့်လုပ်ဆောင်ချက်တစ်ခုရှိနေခဲ့သည်။

ဓားပျော့ ၁၈ ချောင်းသည် ပေထင်းဟွမ်အား ခါးပတ်ကဲ့သို့ ဝန်းရံထားကာ ဝိညာဉ်လက်နက်သည် သူမကို တင်းကြပ်စွာကာကွယ်ထားခဲ့သည်။ ငွေရောင် ဓားပျော့များသည် အပြာနုရောင်ဒြပ်စင်စွမ်းအင် ဖြာထွက်နေပြီး ပေထင်းဟွမ် သည် ရွှေရောင်ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားကာ ခမ်းနားကြီးမားသည့် အတောင်ပံသည် သူမ၏ကျောပြင်တွင်ရှိနေ၍ စစ်ဖိနပ်အစုံသည် ငွေရောင် တောက်နေသည်။ သူမသည် လက်ကိုခပ်ကြမ်းကြမ်းခါလိုက်ရာ အပြာနုရောင် ဒြပ်စင်စွမ်းအင်သည် ဓားပျော့ကိုရစ်ပတ်သွားကာ မျဉ်းဖြောင့်ကို ဖြစ်ပေါ်စေ သည်။ သူမ၏အေးစက်သောအသံသည် မှောင်မိုက်သောကောင်းကင်ကဲ့သို့ အားလုံး၏နှလုံးသားထဲသို့ ထိုးဝင်သွားလေသည် “ထန်းယန်.. တခြားဘာမှ ပြောဖို့မလိုတော့ဘူး.. ထပ်ပြီးတိုက်ခိုက်ကြတာပေါ့.. ဒီနေ့ ကျောင်းစည်းကမ်း ကိုမလိုက်နာတဲ့မင်းကို သတ်ပြီး အင်ပါယာကျောင်းတော်ကို လက်ဆောင်ပေး လိုက်မယ်”

အသေအကြေတိုက်ပွဲတွင် တစ်ယောက်သည် သေရမည်ဖြစ်သည်။ ပေထင်းဟွမ်သည် ညှာတာနေစရာမလိုပေ။

“ဟင်း ပေထင်းဟွမ် ငါ ထန်းယန်သာရှိရင် မင်းက ဒီကမ္ဘာမှာရှိစရာကို မလိုဘူး” ထန်းယန်သည် လက်ထဲမှစီရင်ချက်လှံတံကို မြင့်မြင့်မြှောက်လိုက်ရာ ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအင်သည် ထိုးတက်လာသည်။ သူသည် အေးစက်စွာ အော်လိုက်သည် “ခြင်္သေ့မာန်ဟိန်း”

ထန်းယန် စကားဆုံးသည်နှင့် ကြီးမားသောမီးခြင်္သေ့သည် သူ့အနောက် တွင်ပေါ်လာသည်။ ခြင်္သေ့သည် ပါးစပ်ဟကာ မာန်ဟိန်းလေသည်။ ခက်ထန် သောလေလှိုင်းသည် ပေထင်းဟွမ်ဆီသို့ မုန်တိုင်းတစ်ခုသဖွယ် တိုက်ခတ်လေ သည်။

ပေထင်းဟွမ်သည် ခိုင်မာသောပိုက်ကွန်ကဲ့သို့ ထိုအသံတိုက်ခိုက်မှုကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ အေးစက်သောအပြုံးတစ်ခုသည် ပေထင်းဟွမ်၏မျက်လုံးထဲတွင်ပေါ်လာသည်။ သူမသည် ဤကဲ့သို့ တိုက်ခိုက်မှု မျိုးကို အရင်ကမတွေ့ဖူးပေ။ အသံတိုက်ခိုက်မှုသို့ ပြောင်းသွားသော စွမ်းအား သည် တခြားသောတိုက်ခိုက်မှုများထက်ပိုသန်မာသည်မှာ ထင်ရှားသည်။ ဒါပေမဲ့ သူမ ကြောက်နေရမှာလား။

စခန်းတစ်ခုလုံးသည် အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်သွား ၏။ အားလုံးသည် သူတို့၏နားများကို ကာလိုက်ကြသည်။ ကောင်းကင်နှင့် မြေကြီးစည်းမျဉ်း၏ စွမ်းအင်ဒိုင်းကာသည် အထဲမှတိုက်ခိုက်မှုအားလုံးကိုပိတ် ထားကာ နည်းနည်းမှအပြင်မထွက်စေပေ။ သို့သော် ထိုမြေကြီးလှုပ်ခါစေသည့် မာန်ဟိန်းသံသည် နားကိုစူးသွားကာ အားလုံး၏နားစည်ကို ကွဲသွားစေလောက် သည်။

“မိုးနတ်မင်းရေ သခင်ကြီးထန်းယန်ရဲ့ တိုက်ခိုက်မှုက အားကောင်းလိုက် တာ”

“ဟုတ်တယ်.. ဒါကသခင်ကြီးထန်းယန်ရဲ့ ဝှက်ဖဲပဲ... အရင်အင်ပါယာ ကျောင်းတော် ကောင်းကင်အဆင့် အဆင့် ၂ ကို သခင်ကြီးထန်းယန်က ဒီအကွက်နဲ့သတ်လိုက်တယ်လို့ ငါကြားခဲ့တာ”

“ကောင်းကင်အဆင့် အဆင့် ၁ ကဘယ်သူလဲမသိဘူး.. သူဆိုရင် သခင်ကြီးထန်းယန်ရဲ့ ဒီအကွက်ကို ခံနိုင်ရည်ရှိမှာလားပဲ”

“ကောင်းကင်အဆင့်ရဲ့ ပထမက နှစ်တွေအများကြီးပုန်းအောင်နေတာ.. သူလည်း သခင်ကြီးထန်းယန်ရဲ့တိုက်ကွက်ကို ကြောက်လို့များလား”

လျိုရွှီနှင့်တခြားသူများသည် စွမ်းအင်အတားအဆီးအတွင်းမှ ကမ္ဘာကြီး ကို စိုက်ကြည့်ရင်း လည်ချောင်းတွင်တစ်လာသည်။ မျက်လုံးဖြင့်မြင်နိုင်သော အသံတိုက်ခိုက်မှုလှိုင်းများသည် ပေထင်းဟွမ်အား မရပ်တန့်သည့်ရောင်ဝါဖြင့် တိုက်ခိုက်လေသည်။ ပေထင်းဟွမ်သည် တည်ငြိမ်နေဆဲဖြစ်ကာ ချုပ်တည်းနေ တုန်းပင်။ သို့သော် သူမမျက်လုံးထဲမှ အမူအရာသည် အရာအားလုံးကို ဝါးမျို တော့မည့် စကြာဝဠာအတွင်းထဲမှ တွင်းနက်ကဲ့သို့ မှောင်မိုက်လေသည်။

“ကင်းကောင် - ဗောဓိဒေါသ”

“မိုးကြိုးသွား - ဓားသွားတစ်သောင်း”

အားလုံး အံ့ဩထိတ်လန့်သွားမှုနှင့်အတူ နတ်သားရဲနှစ်ကောင်၏ အရိပ်အယောင်သည် ပေထင်းဟွမ်၏အနောက်တွင် ပေါ်လာသည်။ တစ်ကောင်သည် ကြီးမားသောနတ်သားရဲ ရွှေရောင်ရှေးမျောက်ဝံဖြစ်ကာ တခြားတစ်ကောင်သည် မိုးကြိုးသွားဖြစ်သည်.. စိတ်ခွန်အားနဲ့ ဒြပ်စင်စွမ်းအား တွေ ဘယ်လောက်တောင် သန်မာလို့ နတ်သားရဲနှစ်ကောင်လုံးကို တစ်ပြိုင်နက်တိုက်ခိုက်ဖို့ ထုတ်နိုင်ရတာလဲ...

All Chapters