Chapters

မှော်စွမ်းအားပေါ်လာခြင်း၊ ယန်ယဲ့၏စောင့်ရှောက်မှု

Vol. 29 Ch. 563

မှော်စွမ်းအားပေါ်လာခြင်း၊ ယန်ယဲ့၏စောင့်ရှောက်မှု

Vol. 29 Ch. 563

ဓားသွားအလင်းသည် လေထဲတွင် သွေးနီရောင်လကဲ့သို့ တဖြည်းဖြည်း ကြီးလာသည်။ ၎င်းသည် ထူးဆန်းသောအလင်းဖြင့် လင်းလက်နေသည်။ ကျယ်ပြန့်သောစွမ်းအားသည် ဗုဒ္ဓ၏လက်ဖဝါးတော်ကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို တဖြည်းဖြည်းလှုပ်ရှားစေကာ နေနှင့်လကို လှည့်ပတ်စေကာ ကမ္ဘာ ကြီးကို ဖျက်ဆီးလေသည်။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းမှ ထုတ်လွှတ် သော စွမ်းအင်အတားအဆီးသည် စခန်းတွင် မုန်တိုင်းတစ်ခုမွှေနေလေသည်။

စခန်းကို ဟာရီကိန်းမုန်တိုင်းတိုက်သကဲ့သို့ တဲများသည် လေနှင့်အတူ လွင့်ပါသွားကြလေသည်။ စွမ်းအင်အတားအဆီးအထက်တွင် ခရုပတ်ပုံစံ ဟာရီကိန်းသည် ကောင်းကင်ဆီသို့ တည့်တည့်ထိုးတက်လေသည်။ အဆုံးမရှိ သော မှောင်မိုက်သောလေဟာသည် စကြာဝဠာအတွင်းမှ တွင်းနက်ကြီးတစ်ခု ကဲ့သို့ အမည်မသိမိုးကုပ်စက်ဝိုင်းနှင့် ဆက်သွားသလိုပင်။ ထိုအရာကို ကြည့်လိုက်လျှင် တစ်ကိုယ်လုံးအေးစက်ကာ ဆံပင်များပင်ထောင်သွားစေနိုင် သည်။

“မိုးနတ်မင်းရေ ဒါဘယ်လို ပညာမျိုးလဲ... အရမ်းကြောက်ဖို့ကောင်းတာပဲ”

“မြန်မြန် နောက်မြန်မြန်ဆုတ်ကြ.. စွမ်းအင်အတားအဆီး ပေါက်ကွဲတော့ မှာလား.. သူက ဓား ၈ လက်ကြယ်ဝိညာဉ်သခင်မဟုတ်ဘူးလား”

“ပြေးတော့ မိုးနတ်မင်းရေ.. ပေထင်းဟွမ်က ဘယ်လိုလုပ် သာမန်လူပဲ ဖြစ်နေသေးတာလဲ.. သူ့မှာ မှော်သားရဲလေးကောင်ရှိတာ မြင်လိုက်တယ်မလား၊ တကယ်ရူးလောက်တယ်”

လူအုပ်ကြီးသည် ဒီရေကဲ့သို့ လှိုင်းထသွား၏။ ကောင်းကင်အဆင့်တွင် ထိပ်တန်းအဆင့်ရှိသော ကျွမ်းကျင်သူများပင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း ၏ စွမ်းအားကို မည်မျှပင် ယုံကြည်စေကာမူ ထိုအခိုက်အတန့်တွင် ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်ရတော့သည်။ သူတို့၏မျက်လုံးများသည် စစ်မြေပြင်ရှိ စွမ်းအင်အတားအဆီးကို စိုက်ကြည့်နေကြသည်။ သူတို့သည် စီရင်ချက်လှံတံသည် ရွှေရောင်နေ,ကဲ့သို့ ရွှေသွေးလရောင်ဓားသွားကို ပြင်းထန်စွာခုတ်ရန် ထပ်မံတောက်ပသွားသည်ကို မြင်လိုက်ရသည်။

ရွှေရောင်နေသည် အရာအားလုံးကို ဖျက်ဆီးနိုင်သည်။ ၎င်းသည် ထန်းယန်၏ စစ်မှန်သောခွန်အားမဟုတ်ဘဲ စီရင်ချက်လှံတံထဲတွင် ချိတ်ပိတ် ထားသည့် နတ်ဘုံကျွမ်းကျင်သူ၏ နတ်စွမ်းအားဖြစ်သည်။ ပေထင်းဟွမ် အတွက် ယန်ယဲ့ နှင်းဖြူကိုသန့်စင်စဉ်ကတုန်းကလိုပင် အရေးကြီးသော အခိုက်အတန့်တွင် ချောင်းမြောင်းတိုက်ခိုက်သော လန်ချန်ဖုန်းကို သတ်နိုင်သည့် နတ်စွမ်းအားကို နှင်းဖြူထဲတွင်ထည့်ထားခဲ့သည်။

ဤအခိုက်အတန့်တွင် သွေးလရောင်ဓားကို ထိုးဖောက်ရန် ကြိုးစားစဉ် စီရင်ချက် လှံတံဆီမှထွက်လာပြီး တောက်ပသောရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။

အားလုံးတွေးထင်ထားသကဲ့သို့ ပြင်းထန်သော ထိတွေ့မှုဖြစ်မလာပေ။ ပြိုးပြိုးပြက်ပြက်လင်းနေသော ရွှေရောင်အလင်းတန်းသည် ရှေးခေတ်ကမ္ဘာမှ ဆင်းသက်လာသည့် စွမ်းအားတစ်ခုကဲ့သို့ သွေးလရောင်ဓားသွားကို ထိုးဖောက်ဝင်ရောက်လေသည်။ တည်ငြိမ်လွန်းသည့်မြင်ကွင်းသည် အလွန် ကြောက်စရာကောင်းသည်။

စွမ်းအင်အတားအဆီးအတွင်းနှင့်အပြင်တွင် အားလုံးသည် ရင်သပ်ရှုမော ဖြစ်နေရသည်။ ရွှေရောင်အလင်းတန်းမှ သွေးလရောင်ဓားသွားကို စူးဝင်သွား ပုံကို စိုက်ကြည့်ရင်း မျက်လုံးအပြူးသားဖြစ်နေကြသည်။ သူတို့သည် ကောင်းကင်ကွဲပြီး မြေကြီးပြိုကျတော့မည့်အခိုက်အတန့်ကို စောင့်နေရသည်။

သွေးလရောင်ဓားသွားသည် အမှန်တကယ်ပင် ထိုးဖောက်ဝင်သွားသလို ပင်။ မှောင်မိုက်သောရွှေရောင်အလင်းတန်း တစ်ခုထွက်လာပြီး ဤအခိုက်အတန့်တွင် ပေါင်းစပ်ဓာတ်အားတစ်ခုထွက်ပေါ်လာသည်။ အလင်း ရောင်ပေါက်ကွဲသွားသကဲ့သို့ အားလုံး ခံစားလိုက်ရ၏။ ထို့နောက် သွေးလရောင်ဓားမှ မြူခိုးမည်းများ ထွက်လာပြီး ဖုံးလွှမ်းသွားသည်။ အနက်ရောင်သည် ဆောင်းည၏ ကြယ်ကောင်းကင်ထက်ပင် ပိုမည်းနက်၏။ ဤကဲ့သို့ မည်းနက်မှုမျိုးကို ဖော်ပြရန်စကားလုံးပင်မရှိတော့ပေ။ ၎င်းသည် စကြာဝဠာမဖြစ်တည်ခင် အမှောင်ကဲ့သို့ ပိန်းပိတ်စွာမှောင်မည်းနေသည်။

“ဒါက...”

လျှိုရွှီ၏အကြည့်သည် သွေးလရောင်ဓား၏ အမှောင်ထုဆီမှ ပေထင်းဟွမ် ဆီသို့ ပြောင်းလဲသွားလေသည်။ ဤအခိုက်အတန့်တွင် သူမလက်ထဲမှ ဓားရှည်သည် တစ်စုံတစ်ခုကို ထုတ်လွှတ်လိုက်သလိုပင်။ ဤလူငယ်သည် ထိုလူ၏မျက်လုံးထဲထိ ရောက်သွားလိမ့်မည်ဟု လျှိုရွှီထင်မထားပေ။ သူသည် ထိုလူသန့်စင်ထားသော လက်နက်ကိုသုံးရုံတင်မကဘဲ ဤဓားပျော့ထဲသို့ ထည့်ထားသည့် အားကောင်းသည့်အင်အားနှင့် ထိုလူ၏ ကာကွယ်မှုကိုပင် ရထားသည်...