ယန်းမြို့၊ ပင့်ကူနှင်းပန်းရဲရဲ ပွင့်ဖတ် ၉ ခု
Vol. 29 Ch. 565
ဘယ်သူ ရှေ့ထွက်ရဲမှာလဲ။
ပေထင်းဟွမ်၏အကြည့်သည် ထန်းယန်နှင့်အတူလာခဲ့သော ကောင်းကင်အဆင့်ကျွမ်းကျင်သူများဆီသို့ စူးစူးဝါးဝါးကျရောက်သွားသည်။ သူမ၏ မည်းနက်သောမျက်လုံးများသည် လူတိုင်း၏ခေါင်းပေါ်တွင် တွဲလောင်း ကျနေသည့် ချွန်ထက်သောဓားသွားကဲ့သို့ပင်။ သူမလက်ထဲမှဓားပျော့သည် သူမအား မြင့်မြတ်သောနတ်ဘုရားတစ်ပါးကဲ့သို့ လှည့်ကာ လွှမ်းမိုးထားည်။
မည်သူမှ သူမကို မဆန့်ကျင်ရဲကြပေ။ မည်သူကမှ ဤဖိအားကို ခံနိုင်ရည် မရှိကြပေ။ သူမခန္ဓာကိုယ်မှ လူသတ်မည့်အကြည့်သည် ကိုယ်လုံးကိုယ်ထည် ပေါ်လာပြီး ကောင်းကင်ပေါ်သို့ တက်သွားသလိုပင်။ မိုးပေါ်တွင် ကြီးမားသော တွင်းနက်ကြီးသည် သူမအား သေဆုံးခြင်းနတ်ဘုရားကဲ့သို့ စိုက်ကြည့်လေ၏။ သူတို့ အစောကမြင်ခဲ့သည့်အတိုင်းပင် ပေထင်းဟွမ်၏ဓားပျော့မှ အနက်ရောင် စွမ်းအင်လုံးထွက်ပေါ်လာသည်။
“ဘယ်သူရှိသေးလဲ လာလေ”
သူမ၏ကြည်လင်သောအသံသည် လူသတ်နိုင်သည့်ရည်ရွယ်ချက်ဖြင့် ခန္ဓာကိုယ်မှထွက်လာပြီး အဝေးထိပဲ့တင်ထပ်သွားလေသည်။ သူမ၏အသံ ပိုကျယ်သွားသည်နှင့် အဝတ်အစားများလွင့်သွားလေသည်။ အားလုံးသည် ထို အေးစက်သောလူသတ်မည့်ရည်ရွယ်ချက်ကြောင့် အုတ်အော်သောင်းတင်းဖြစ် ကာ တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်ကြလေသည်။ ပေထင်းဟွမ် သည် ငရဲမှလွတ်မြောက်လာသည့် သေဆုံးခြင်းနတ်ဘုရားအလားပင်။ သူမ၏ လက်ထဲမှ ဓားပျော့သည် အားလုံး၏အမြင်တွင် တံစဉ်ကဲ့သို့ဖြစ်နေသည်။
“သခင်ကြီးပေထင်းဟွမ် ကျုပ်တို့က စစ်နတ်ဘုရားသခင်ကြီးထန်းယန်နဲ့ အဖွဲ့ဖွဲ့ခဲ့ပေမဲ့ မစ်ရှင်တွေလုပ်ဖို့ ယာယီဖွဲ့ခဲ့တာပါ.. တိုက်ခိုက်ရေးအဖွဲ့အနေနဲ့ ဖွဲ့ခဲ့တာမဟုတ်ဘူး.. မဟုတ်ရင် သခင်ကြီးထန်းယန်က ခုနကလို ပေထင်းဟွမ် နဲ့ နှစ်ယောက်တည်းတိုက်ခိုက်မှာမဟုတ်ဘူးလေ” ပေထင်းဟွမ်၏ဖိအား အောက်တွင် ထန်းယန်နှင့်လာသောလူများထဲမှ တစ်ယောက်သည် ရွေးချယ် စရာမရှိတော့ဘဲ ထရပ်လေသည်။
“ဟင်း.. ခင်ဗျားတို့အဖွဲ့နဲ့ဆိုလည်း ကျုပ်တို့သတ်လို့ရမယ်ထင်လား” ပေထင်းဟွမ်သည် နှာမှုတ်လေသည်။ သူမ၏မည်းနက်သောမျက်လုံးများသည် လေလုံးနက်ထက်ပင် ပို၍ကြောက်ဖို့ကောင်းသည်။ သူမ၏နှုတ်ခမ်းများသည် အေးစက်စွာပြုံးလိုက်၏ “ကျုပ်သူငယ်ချင်းက ခင်ဗျားတို့လို စိန်ခေါ်သူတွေရဲ့ လက်ထဲမှာသေသွားခဲ့တာ.. အခုကစပြီး အင်ပါယာကျောင်းတော်မှာ ကျုပ်ကို ရန်စရဲတဲ့သူက ရက်ရက်စက်စက်အသတ်ခံရမယ်”
သူမ၏ကြည်လင်သောအသံသည် အလွန်အားကောင်းရာ နားကန်းသွား စေလောက်သည်အထိ အားလုံး၏ နားစည်ကို တုန်ခါသွားစေ၏။ ပေထင်းဟွမ် သည် သေဆုံးခြင်းနတ်ဘုရားကဲ့သို့ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားကြ ပေ။ အနာဂတ်တွင် သူ့ကို ရန်စရဲသူရှိလျှင် သူသည် အားလုံးကိုသတ်ပစ်မည် ဖြစ်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းလှသည်။
“သခင်ကြီးပေထင်းဟွမ် မင်းက ငါ့စံပြပုဂ္ဂိုလ်ပဲ.. အနာဂတ်မှာ ငါ မင်းကို ပြစ်မှားမိတယ်ဆိုရင် တမင်တကာပြစ်မှားတာမဟုတ်ပါဘူး.. ငါ့ကိုခွင့်လွှတ်ပေး ပါ”
“ဟုတ်တယ် ဟုတ်တယ် ငါရောပဲ.. ငါလည်းကျိန်းသေပေါက် လုပ်မှာ မဟုတ်ဘူး.. မဟုတ်သေးဘူး အဲလိုမဟုတ်ဘူး.. မင်းကို ရန်စဖို့ ငါ့မှာ သတ္တိရော ခွန်အားရောမရှိဘူး”
“သခင်ကြီးပေထင်းဟွမ် ငါက ဘာမှမဟုတ်ပါဘူး.. အနာဂတ်မှာ ငါ မင်းကို မတော်တဆပြစ်မှားမိရင် ရန်စတယ်လို့ မတွေးလိုက်ပါနဲ့...”
အသံများသည် ပေထင်းဟွမ်၏ အနောက်တွင် တိုးတိုးသွား၏။ သူငယ်ချင်းများဝန်းရံလျက် ပေထင်းဟွမ်သည် တိုင်သုံးလုံးထိပ်၏ အတွင်းဘက်အကျဆုံး တဲဆီသို့လျှောက်သွားလိုက်ပြီဖြစ်သည်။ လျိုရွှီသည် သူ့ အတွက် တဲဆောက်ခိုင်းပြီးသားဖြစ်သည်။ ထိုအချိန်တွင် သူသည် ပေထင်းဟွမ် နှင့် ပခုံးချင်းယှဉ်ပြီး လျှောက်လာသည်။ လျိုရွှီသည် ပေထင်းဟွမ်၏ ပခုံးကို ပုတ်ပြီးပြောလိုက်သည် “ဘာလို့ ယမမင်းလို လုပ်နေတာလဲ.. နောက်ဆိုရင် ကျောင်းမှာ ဘယ်သူကမှ မင်းနဲ့ သုံးပေအတွင်း ကပ်ရဲတော့မှာမဟုတ်ဘူး”
“အဲဒါပိုမကောင်းဘူးလား” ပေထင်းဟွမ် ပြုံးလိုက်သည်။ သူမသည် တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာကို ချွတ်ပြီးနောက် သူမ၏ပြောင်မြောက်သော အနက်ရောင်ဝတ်ရုံသည် မီးရောင်နှင့် နူညံ့စွာလှုပ်ခတ်နေသည်။ ငွေရောင်ချည် ဖြင့် ပန်းထိုးထားသော ပင့်ကူနှင်းပန်းများသည် မီးရောင်အောက်တွင် ငွေရောင် တောက်ပနေသည်။
လျိုရွှီသည် သူမ၏ဝတ်ရုံကိုကြည့်ပြီး တိတ်တိတ်လေး ထိတ်လန့်မိ၏။ သူမခန္ဓာကိုယ်ပေါ်မှ ပင့်ကူနှင်းပန်းသည် အမှန်တကယ်ပင် ဖွင့်ဖတ် ၉ ဖတ်ရှိ သည်။ သူမရဲ့ သရုပ်မှန်ကဘာလဲ။ ပင့်ကူနှင်းပန်းက ယန်းမြို့ကလူတွေရဲ့ သင်္ကေတလေ။ ပွင့်ဖတ် ၉ ချပ်က အဆင့်မြင့်အဆင့်ကို ကိုယ်စားပြုတာဆို တော့ သူမက အဲလူနဲ့အဆင့်တူတယ်လို့ ဆိုလိုတာပဲ။
နှစ်ပေါင်းများစွာအတွင်းတွင် ထိုလူမှလွဲပြီး ပွင့်ဖတ် ၉ ချပ် ပင့်ကူနှင်းပန်း ကို မည်သူကမှ မသုံးရဲသလောက်ပင်...