← Chapters

နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်း

Vol. 29 Ch. 566

နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်း

Vol. 29 Ch. 566

သူမသည် ယန်းမြို့နှင့် တစ်နည်းတစ်ဖုံပတ်သက်နေလိမ့်မည်ဟု လျိုရွှီ ခန့်မှန်းမိသည်မှာကြာပြီဖြစ်သော်လည်း ယန်းမြို့တွင် ဤမျှရာထူးကြီးမားလိမ့် မည်ဟုထင်မထားပေ။

ရှန်းယန်ပိုနှင့်တခြားသူများသည် သူမဘေးတွင်ရှိနေဆဲဖြစ်ပြီး သူတို့၏ စိတ်လှုပ်ရှားမှုများသည် မတည်ငြိမ်သေးပေ။ တဲထဲတွင် စကားဝိုင်းများသည် ထင်ထားသည့်အတိုင်းပင် လှုပ်လှုပ်ရှားရှားနှင့် ကျယ်လောင်လှ၏။ အကြောင်းအရင်းတချို့ကြောင့် စစ်ပွဲပြီးသည့်နောက်၌ပင် ပေထင်းဟွမ်သည် သူမ၏ နတ်သားရဲသုံးကောင်ကို နေရာထဲပြန်မထည့်ပေ။ ထိုအခိုက်အတန့်တွင် လူသားအသွင်ရှိသော ရွှေရောင်ရှေးမျောက်ဝံသည် သူမကိုစောင့်ကြပ်လျက်ရှိ သည်။ မိုးကြိုးသွားသည် ကြောင်လေးအဖြစ်ပြောင်းကာ သူမပခုံးပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက်ရှိ၏။ ထိုအချိန်တွင် လျှပ်စီးသည် ခွေးလေးတစ် ကောင်ကဲ့သို့ သူမ၏ခြေထောက်ကိုမှီထားသည်။ သူမသည် မျက်လုံးများကို ကျဉ်းမြောင်းထားကာ အေးစက်ပြီး ထောင်လွှားသည့်အမူအရာသည် လူအများ ကို ချောင်းကြည့်စေ၏။

“ညီလေးပေထင်းဟွမ်.. ဝူမင်သေသွာပြီ.. ဝူယွဲ့တိုက်ခိုက်ရေးအဖွဲ့မှာ ဘယ်သူမှမကျန်တေ့ဘူး.. ပြီးခဲ့တာတွေက ပြီးသွားပြီ.. ကျောင်းတော်က အမြဲ တမ်း ဒီလိုပဲ.. စွမ်းအားရှင်အသစ်ကို အဘက်ဘက်ကနေ စိန်ခေါ်မှုဝင်လာမှာပဲ အအဲတုန်က ငါနဲ့အတူကျောင်းကိုဝင်ခဲ့တဲ့ ငါ့ညီအစ်ကိုလည်း ထန်းယန်နဲ့ တိုက်ပွဲမှာ သေသွားခဲ့တာ.. ဒီနှစ်တွေမှာ ငါက လက်တုံ့ပြန်ဖို့ ထန်းယန်ကို သတ်မလို့ အကောင်းဆုံးကြိုစားခဲ့တယ်.. ညီလေးပေထင်းဟွမ်က ငါ့ကို ကူညီ လိမ့်မယ်လို့ ထင်မထားဘူး” လျိုရွှီသည် ပေထင်းဟွမ်အား စိုးရိမ်တကြီးကြည့် လေသည်။ ပေထင်းဟွမ်သည် သတ္တိကြောင်သူမဟုတ်သည်ကို သူ ယုံကြည်၏။ သူ၏သူငယ်ချင်းဖြစ်သူ သေဆုံးခြင်းကြောင့် သူ့စိတ်တွင် အထုံးဖြစ်သွားကာ နောက်ဆုံးတွင် ကျင့်ကြံရေးကို သက်ရောက်မှုရှိလာသည်။

သေချာပေါက်ပင် ပေထင်းဟွမ်သည် သူ၏စေတနာကောင်းကို ခံစားမိ သည်။ မီးပုံသည် ပိုပိုပြီးတောက်ပလာကာ သူမ၏မျက်နှာကို ရောင်ပြန်ဟပ် လေသည်။ သူမ၏ ထင်ရှားသည့်မေးရိုးသည် ကျောက်စိမ်းကဲ့သို့တောက်ပပြီး မီးတောက်များသည် မျက်နှာကို ရောင်ပြန်ဟပ်ပြီး ကခုန်လျက်ရှိ၏။ သူမ၏ မည်းနက်သောမျက်လုံးများသည် ဆောင်းတွင်းည ကြယ်များကဲ့သို့ မီးတောက် များကို စိုက်ကြည့်နေသည်။ “မဟုတ်ဘူး ဝူယွဲ့အဖွဲ့က သေဆုံးသွားပြီ.. သူတို့နဲ့ ပတ်သက်ပြီး ဘခံစားချက်မှမရှိတော့ဘူး.. ကျွန်တော်နဲ့ စိန်ခေါ်ချင်တဲ့သူတွေ ကိုလည်း နာကြည်းချက်မရှိပါဘူး.. လာခဲ့ ကျွန်တော် ပေထင်းဟွမ်က ခင်ဗျား ကို နောက်ဆုံးထိ အဖော်ပြုပေးမယ်.. နန်ကုန်ချန်းမိုရဲ့ သေဆုံးမှာက ဘယ်သူနဲ့ မှမဆိုင်တော့ဘူး.. ကျွန်တော်လည်း သူငယ်ချင်းတွေကို ထိုးဖောက်မြင်ရတာ မဟုတ်ဘူး.. ကျွန်တော့်ဝှက်ဖဲကိုလည်း သူတို့ကိုမပြဘူး.. အဲဒါကြောင့် သူတို့ တွေလည်း ကျွန်တော့်ကို စိတ်ပူပေးကြတာပဲ”

ပေထင်းဟွမ်သည် မျက်လုံးများကို ပင့်မြှောက်ကာ တဲထဲမှလူများကို ဖြည်းဖြည်းချင်းကြည့်လိုက်သည်။ တဲထဲတွင် လျိုရွှီ၊ ရှန်းယန်ပိုဦးဆောင်သော သံမဏိသွေးအဖွဲ့၊ မူချင်းလင်တို့ရှိကြသည် “မင်းတို့လည်း ငါ့ကိုစိတ်ပူရုံပဲတတ် နိုင်မယ်ဆိုတာ ငါသိတယ်.. ဒါပေမဲ့ ငါ့ကိုကာကွယ်နေတဲ့သူတွေက ဘယ်လောက်အားကောင်းလဲဆိုတာ မင်းတို့လည်းမြင်ကြပါတယ်.. ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ကိုယ်ငါ အန္တရာယ်ဖြစ်အောင်မလုပ်ပါဘူးလို့ မင်းတို့ကို ကတိပေး တယ်”

ရှန်းယန်ပိုနှင့်တခြားသူများသည် ရင်ထဲထိမိကြသည်။ ပေထင်းဟွမ်ကို ကြည့်ကြသော သူတို့၏မျက်လုံးများသည် ကြောက်ရွံ့လေးစားမှုများဖြင့် ပြည့် နေကြသည်။ ပေထင်းဟွမ်သည် သူမကိုစိတ်မပူရန် သူတို့ကို ပြောနေကြသော် လည်း သူတို့မျက်လုံးများထဲတွင် စိုးရိမ်မှုများရှိနေကြတုန်းပင်။

ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်ကို စိတ်ပူပေးသည့် သူငယ်ချင်း များစွာရှိရသည့်အကြောင်းအရင်းကို နောက်ဆုံး၌ လျိုရွှီ နားလည်သွားသည်။ သူမသည် အေးစက်သော်လည်း သူမကို အလေးအနက်ထားဆက်ဆံပါက သူမသည်လည်း သူတို့ကို စိတ်ရင်းနှင့်ဆက်ဆံပေးသည်။

လျိုရွှီသည် ဤကဲ့သို့လူမျိုးနှင့် အစကတည်းက ဆက်ဆံရေးကောင်းရှိ သည်ကို ဝမ်းသာမိသည်။ သူသည် သူမကို သူငယ်ချင်အဖြစ် ဆက်ဆံရန် စိတ်ပိုင်းဖြတ်ပြီးသားဖြစ်လေသည်။

“ဟုတ်ပြီ ညီလေးပေထင်းဟွမ် သူငယ်ချင်းဆိုတာ တစ်ယောက်နဲ့တစ် ဘောက် ဂရုစိုက်သင့်ပါတယ်.. အခုတော့ အဲအကြောင်းတွေမပြောနဲ့ဦး.. တောင်သုံးလုံးထိပ်ကနေ ထွက်ဖို့ သုံးရက်လိုသေးတယ်.. လေ့ကျင့်ရေးက အတိအကျ ၇ ရက်ပေးတယ်.. ဒီလေ့ကျင့်ရေးကပြီးတော့မယ်.. ငါ့အထင် ညီလေး ပေထင်းဟွမ်က ကျောင်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ပြင်ဆင်နေတာမလား” သူငယ်ချင်းကို ဆုံးရှုံးလိုက်ရသည့်အတွက် ဝမ်းနည်းနေပုံများကို မမြင်ရက်သဖြင့် လျိုရွှီသည် စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ဟုတ်တယ် ဝင်ပြိုင်မှဖြစ်မယ်” ပေထင်းဟွမ်သည် ယန်ယဲ့ပြောခဲ့သည့် စကားကို ပြန်တွေးမိသည်။ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းသည် သူရဲကောင်းများ ကျဆုံးရာနေရာဖြစ်သည်။ ထိုနေရာတွင် ဤတိုက်ကြီးရှိ တိုက်ပွဲတိုင်းကို မှတ်တမ်းတင်ထားသည်။ သူမ ဝင်သွားပြီး ထိုစစ်ပွဲအတွေ့အကြုံများကို ခံစား ချင်သည်။ ထိုအရာသည် သူမ၏ ကျင့်ကြံရေးကို အလွန်အကျိုးရှိစေမည်ဖြစ်၏။

အရေးအကြီးဆုံးမှာ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းသည် ရှေးခေတ်နတ်ဘုရား သုံးပါးကြား စစ်ပွဲကိုမှတ်တမ်းတင်ထားသည်။ ထိုစစ်ပွဲတွင် ကမ္ဘာမြေကြီးမိခင် ၏ ကစဥ့်ကလျားနတ်အရင်းအမြစ်ကျင့်သုံးမှုရှိသည်။ သူမသည် ကစဥ့်ကလျား နတ်ပညာကို အစပိုင်းနားလည်မှုပင်မရှိသေးပေ။ ၎င်းသည် သူမအလိုအပ်ဆုံး အရာဖြစ်သည်။

“ညီအစ်ကိုလျိုရွှီ ပြောပြပါဦး နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းမှာ ဘာတွေဖြစ် နေတာလဲ”

All Chapters