← Chapters

ကောင်းကင်အဆင့် အဆင့် ၂၊ အန္တရာယ်တွေကြား

Vol. 29 Ch. 569

ကောင်းကင်အဆင့် အဆင့် ၂၊ အန္တရာယ်တွေကြား

Vol. 29 Ch. 569

လေ့ကျင့်ရေးကွင်းထွက်ပေါက်သည် အင်ပါယာကျောင်းတော်၏ မြေကြီး အဆင့်ကျောင်းဝင်ပေါက်ဖြစ်သည်။ ထိုအချိန်တွင် နည်းပြများအားလုံးသည် စုဝေးကာ ကျောင်း၏ကျောင်းသားသစ်အဖွဲ့ကို ကြိုဆိုနေကြသည်။

အားလုံးထွက်လာသည်နှင့် ရှေးခေတ်များဆီမှ နတ်ဘုရားနှင့်တူသော အသံတစ်သံသည် အားလုံး၏စိတ်နှလုံးတွင် ပဲ့တင်ထပ်သွားလေသည်။ “အန္တရာယ်များတဲ့နေရာကနေထွက်လာနိုင်ပြီး အင်ပါယာကျောင်းတော်ရဲ့ ကျောင်းသားဖြစ်လာတဲ့ ကျောင်းသားသစ်တိုင်းကို ဂုဏ်ပြုပါတယ်”

အဘောက် ၂,၀၀၀ နီးပါးရှိသောကျောင်းသားသစ်များသည် မြေကြီး ကျောင်း၏ ကွင်းတွင်ပြည့်သွားလေသည်။ ထိုမြင်ကွင်းသည် အရင်ကမမြင်ဖူး သည့် အခမ်းအနားကြီးတစ်ခုလိုဖြစ်နေသည်။ ယခုနှစ်တွင် ကျောင်းသားသစ် များစွာ ရှင်သန်နိုင်ခဲ့သည်။ နည်းပြများအားလုံးသည် ပေထင်းဟွမ်အား ကြည့် ကြလေသည်။ ကောင်းကင်အဆင့်နည်းပြများ၏ စိုက်ကြည့်ခြင်းကိုခံရသော အခါ ပေထင်းဟွမ်သည် နှာခေါင်းကိုပွတ်မိသည်။ ဘာတွေဖြစ်နေတာလဲ။ သူမ က ထန်းယန်တို့ကိုသတ်လိုက်တော့ ဒီနည်းပြတွေက သူမကိုမေးခွန်းထုတ်ချင် တာလား။

ဒါပေမဲ့ အဲဒါက သူမနဲ့ဘာဆိုင်လို့လဲ။ ကောင်းကင်တောင်မှ သေရေးရှင်ရေးတိုက်ပွဲကို မတားနိုင်ဘူးလေ။

“အားလုံးသိကြတဲ့အတိုင်းပဲ အင်ပါယာကျောင်းတော်က နှစ်တိုင်း အနည်းဆုံး ကျောင်းသား ၁,၀၀၀ ကိုလက်ခံခဲ့တယ်.. ဒီနှစ်ကိုပါ ထည့်တွက်ကြ တာပေါ့.. ဒီကွင်းထဲမှာ ကျောင်းသားသစ်ဘယ်လောက်ရှိလဲ.. ၁,၈၃၇ ယောက်” ကျန်းယန်၏အသံသည် မှန်းမဆနိုင်လောက်အောင် ရှုပ်ထွေးနေသည်။ “အင်ပါယာကျောင်းတော်ရဲ့ကိုယ်စား အားလုံးကိုကြိုဆိုခွင့်ပြုပါ.. ကျောင်းတော်ရဲ့စည်းမျဉ်း အသေးစိတ်ကို နောက်မှ ဆရာတစ်ယောက်က အားလုံးကို ဖတ်ပြပါလိမ့်မယ်

ဒီနေရာမှာ ကြေညာချင်တဲ့အရေးကြီးသတင်းတစ်ခုရှိတယ်.. အင်ပါယာ ကျောင်းတော်က ပြိုင်ပွဲက ရက်စက်တယ်လို့ပြောလို့ရတယ်.. ကျောင်းသား အသစ်ဖြစ်စေ အဟောင်းဖြစ်စေ. မင်းတို့ကျောက်စိမ်းဝိညာဉ်တံဆိပ်ပြားထဲက ဝိညာဉ်အမှတ်က သုညဆိုရင် မင်းတို့က ကျောင်းတော်ကနေ အလိုလိုဖယ်ရှားခံ ရမှာဖြစ်တယ်.. ကျေးဇူးပြုပြီး ဒါကိုမှတ်ထားကြပါ”

ရင်ပြင်တစ်ခုလုံးသည် တိတ်ဆိတ်သွားကြ၏။ ကျောင်းသားသစ်များ အားလုံး ကြက်သေသေနေကြသည်။ ထို့ကြောင့်ပင် အင်ပါယာကျောင်းတော်မှ ကျောင်းပြီးသည်နှင့် သူတို့အတွက် တိုက်ကြီးပေါ်မှ အင်အားစုများသည် အပြိုင်အဆိုင်ဖြစ်နေကြခြင်းပင်။ ဤမျှရက်စက်ပြီး ယှဉ်ပြိုင်မှုများသည့် ပတ်ဝန်းကျင်တွင် ရှင်သန်လာနိုင်ခဲ့သည့် ကျောင်းသားများ၏ ခွန်အားသည် မေးခွန်းထုတ်စရာပင်မလိုတော့ပေ။

ပေထင်းဟွမ်သည်လည်း ချွင်းချက်မရှိ အံ့ဩမိသည်။ တင်းကြပ်လှသည့် ရွေးချယ်မှုနှင့် ရက်စက်သည့် ယှဉ်ပြိုင်ရေးပတ်ဝန်းကျင်ပင်။ ယန်ကျင်းကသာ လျှင် အင်ပါယာကျောင်းတော်၏ ဂုဏ်သတင်းကို နှစ်ပေါင်းများစွာ ဖြည့်ဆည်း နိုင်ခဲ့သည်။

ပေထင်းဟွမ်သည် ကျောင်းသားသစ်သာဖြစ်သည်။ မူလက ကျောင်းပြိုင်ပွဲသည် သူမနှင့်မဆိုင်ပေ။ မည်သည့်ကျောင်းသားသစ်ကမှ ကျောင်းတော်ပြိုင်ပွဲသို့ တိုက်ရိုက်မတက်နိုင်ပေ။ သို့သော် သူမသည် လေ့ကျင့်ရေးလုပ်ငန်းစဉ်တွင် ကောင်းကင်အဆင့် ဒုတိယရခဲ့သည်။ သည်တစ် ခေါက်ကျောင်းတော်ပြိုင်ပွဲတွင် သူမ သေချာပေါက် ပါဝင်ရမည်ဖြစ်သည်။

ပေထင်းဟွမ်သည် ဧရိယာဒီရှိ အခန်းနံပါတ် ၅၀၂ တွင်နေရန် အစီအစဉ် မရှိပေ။ သူမ ထန်းယန်ဆီမှရလာသော အမှတ် ၁၇ သန်းနှင့် ကျောင်းတော်၏ အကောင်းဆုံးအဆောင်ဧရိယာဖြစ်သည့် ဧရိယာအက်စ်ကို ငှားရမ်းပြီးနောက် ထိုနေရာတွင်နေရန် ပေထင်းဟွမ်သည် သံမဏိသွေးအဖွဲ့ကို ဦးဆောင်ခဲ့သည်။

အနောက်တိုင်းစတိုင်အဆောက်အဦးတွင် အားလုံးပေါင်း အထပ် ၁၃ ထပ် ပါဝင်သည်။ ပထမအထပ်သည် အခြေခံဧရိယာဖြစ်သည်။ ထိုအထပ်တွင် ဧည့်ခန်း၊ ထမင်းစားခန်း၊ ဧည့်သည်အခန်းအစရှိသဖြင့် ရှိသည်။ ဒုတိယထပ်နှင့် တတိယထပ်တွင် အခန်းလေးခန်း အသီးသီးရှိကြသည်။ အဆင်ပြေစေရန် ဒုတိယအထပ်သည် ယောက်ျားလေးများကိုပေးကာ တတိယအထိပ်ကို မိန်းကလေးများအတွက် စီစဉ်လိုက်သည်။ ပိုနေသည့်အခန်းကို ပေထင်းဟွမ် သည် သန့်စင်သည့်အခန်းအဖြစ်သုံးရန်ထားသည်။ ထိုညတွင် သူမသည် အခန်း သို့ပြန်မလာပေ။ ထိုအစား သန့်စင်သည့်အခန်းသို့ဝင်သွားကာ ပြန်ထွက်မလာ တော့ပေ။

မနက်ခင်းနေရောင်သည် တောက်ပနေသည်။ နွေရာသီဦးပိုင်းတွင် ငှက်များသည် သစ်ကိုင်းများပေါ်တွင် ကျီကျီကျာကျာမြည်တမ်းနေကြသည်။ မနက်ခင်းအလင်းရောင်သည် သစ်ရွက်များပေါ်တွင်ထွန်းလင်းကာ စိမ်းဖန့်ဖန့် အရောင်များ ရောင်ပြန်ဟပ်နေသည်။ ကျောင်းတော်၏ပင်မလမ်းဘေးတွင် တတိုင်းမွှေးသစ်ပင်ရှည်ကြီးတစ်ပင်ရှိသည်။ ကြီးမားသောသစ်ရွက်ကြီးများ သည် မြေပေါ်တွင် အရိပ်ကျလျက်ရှိသည်။

အဝေးတွင် တောင်များရှိသည်။ နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းသည် တောင် များအကြားမှ ချိုင့်ထဲတွင်ရှိသည်ဟု ဆိုကြသည်။ ၎င်းကို တစ်နှစ်ပတ်လုံး မြူခိုးမည်းများဖြင့် ဖုံးလွှမ်းထားသည်။ ထိုအရာမပွင့်လျှင် ချည်းကပ်သွားသူများ သည် လွင့်စင်သွားနိုင်သည်။ အကယ်၍ ဝင်ရန်ကြိုးစားလျှင် မြူခိုးမည်းများ၏ စုပ်ယူခြင်းကိုခံရပြီး ပြအဖြစ်ပြောင်းသွားနိုင်သည်။

သို့သော် ဤအခိုက်အတန့်တွင် နေရောင်သည် တောင်များအကြားမှ နှင်းမှုန်တို့ကို ရောင်ပြန်ဟပ်နေသည်။ နေရောင်သည် ကျောင်းတော်ရှိ လှပသောအဆောက်အဦးများကို ရောင်ပြန်ဟပ်ရာ ကျောင်းတော်ကို ပို၍ပင် ခမ်းနားသွားစေသည်...

All Chapters