← Chapters

ရင်းနှီးခြင်း၊ ထူးဆန်းခြင်း၊ တိုင်းတစ်ပါးသား

Vol. 29 Ch. 572

ရင်းနှီးခြင်း၊ ထူးဆန်းခြင်း၊ တိုင်းတစ်ပါးသား

Vol. 29 Ch. 572

ယဲ့ချီသည် အလွန်ရင်းနှီးသောခံစားချက်ကို ပေးစွမ်းသည်။ သို့သော် ထိုလူသည် အေးဆေးတည်ငြိမ်လွန်းသည်။ သူ ပေထင်းဟွမ်အတွက် လက်ဖက် ရည်ငှဲ့ထည့်ပေးနေပုံမှာ အထူးသဖြင့် အတွေ့အကြုံရင့်သန်ပုံပေါ်သည်။ သူ၏ ဟိတ်ဟန်သည် ပညာသင်ရောင်ဝါခပ်ဖျော့ဖျော့ထွက်နေသည်။

ပေထင်းဟွမ်သည် မျက်မှောင်အသာကြုတ်လိုက်သည်။ သူမ သူ့ကို သံသယမရှိခြင်းမဟုတ်သော်လည်း ဤလူ၏ကိုယ်ရည်ကိုယ်သွေးသည် ယန်ယဲ့နှင့် ကွာခြားလှသည်။

ယန်ယဲ့သည် ကမ္ဘာပေါ်သို့ လုယက်သတ်ဖြတ်ရန် မတော်တဆဝင်လာမိ ပြီး သူ၏ဂုဏ်ကိုပြစ်မှား၍မရသောလူမျိုးဖြစ်လျှင် ယဲ့ချီသည် လူသားလောက သို့ ရှုခင်းများကြည့်ရန် ရံဖန်ရံခါလာတတ်သူမျိုးဖြစ်သည်။ သူ၏ သာမန်ကာ လျှံကာနှင့်တည်ငြိမ်ပုံတို့သည် တောင်နှင့်မြစ်များကို ဖြတ်သွားသလိုပင်။

ယဲ့ချီသည် သူ၏ခွက်နှင့်ဆင်တူသည့် ဝိညာဉ်ကျောက်လက်ဖက်ရည် ပန်းကန်လုံးထဲသို့ လက်ဖက်ရည်ကြမ်းထည့်ပြီး ပေထင်းဟွမ်၏လက်ထဲသို့ ထည့်ပေးလေသည်။ သူသည် မျက်မှောင်အနည်းငယ်ကြုတ်နေကာ သူ၏လှပ သော ဇာမဏီမျက်လုံးများတွင် ပြုံးသည့်အရိပ်အယောင် ခပ်ပါးပါးရှိနေသည်။ သူသည် စားပွဲပေါ်မှ ပန်းကန်ပြားလေးကို နူးညံ့စွာတွန်းလိုက်သည်။ “ကျုပ် ဒီမနက်က ထွက်မလာခင် ကျောင်းတော်ကိုဝင်လာရင် ညီလေးကို သိအောင် ဘယ်လိုလုပ်ရမလဲလို့ တွေးနေတာ.. ရေစက်ကိုပါတာပဲ.. ကျုပ်ဆန္ဒက တကယ်ဖြစ်လာလိမ့်မယ်လို့ထင်မထားဘူး”

ဤလူ၏လှုပ်ရှားမှုတိုင်းသည် စက်ဆုပ်ဖွယ်မကောင်းပေ။ ထိုအစား သူ့ခန္ဓာကိုယ်တွင် အကြာကြီးစိုက်ကြည့်ချင်လောက်သည်အထိ မှော်ဆန်သည့် ဆွဲဆောင်မှုမျိုးရှိနေသည်။ သူလုပ်ဆောင်လိုက်သော အပြုအမူတိုင်းသည် နွေဦးစမ်းချောင်းတွင် ရေချိုးလိုက်ရသလို ခံစားရစေသည်။ အထူးသဖြင့် သက်တောင့်သက်သာရှိလှသည်။

သူသည် ကျောက်စိမ်းကဲ့သို့ နူးညံ့သော လမ်းပေါ်မှ လူကြီးလူကောင်းမျိုး ဖြစ်သည်။ ဤသည်မှာ သူသည် ထိုကဲ့သို့လူမျိုးဖြစ်သည်ကို ဖော်ပြချက်ဖြစ်၏။ သူသည် လူများကို နွေဦးလေပြေကဲ့သို့ နွေးထွေးစွာဆက်ဆံသည်။ သို့သော် အကွာအဝေးကို ပြီးပြည့်စုံအောင် ထိန်းထားနိုင်ရာ စိတ်အနှောင့်အယှက်မဖြစ် စေပေ။

ပေထင်းဟွမ်သည် ခပ်သဲ့သဲ့ပြုံးကာ ယဲ့ချီအား အဓိပ္ပာယ်ပါပါကြည့်လိုက် ၏။ သူသည် ခေါင်းညိတ်ကာ ပြောလိုက်သည် “ကျွန်တော်တို့တွေ့တော ရေစက်ပါပဲ.. သခင်ကြီးယဲ့ချီကလည်း အင်ပါယာကျောင်းတော်က ကျောင်းသားဖြစ်ပြီး ကျွန်တော့်စီနီယာဆိုတော့ ဒါလည်းရေစက်ပါပဲ”

ယဲ့ချီသည် ပေထင်းဟွမ်၏အပြုံးထဲမှ လန်းဆန်းမှုနှင့် ထူးဆန်းမှုတို့ကို တွေ့လိုက်သည်။ သို့သော် စိတ်ထဲထည့်မထားပေ။ သူသည် ပေထင်းဟွမ်အား ကျောင်းတော်ပြိုင်ပွဲကဲ့သို့ တခြားကိစ္စများကို စကားလမ်းကြောင်းလွှဲလေ၏။ “မင်းက ကောင်းကင်အဆင့်ဒုတိယဖြစ်တဲ့ သခင်ကြီးထန်းယန်ကိုသတ်ခဲ့တယ် လို့ကြားတယ်.. အခု မင်းက ကောင်းကင်အဆင့် အဆင့် ၂ ဖြစ်သွားပြီ.. ကျောင်းပြိုင်ပွဲမှာ ပထမရပြီး အဲဒီနတ်လက်နက်လိုချင်ရင် လူသုံးယောက်ကို အာရုံစိုက်ထားရမယ်”

“ဘယ်သုံးယောက်လဲ”

ယဲ့ချီသည် ကျောင်းပြိုင်ပွဲအကြောင်းကို အလုံးစံသိသည့်အလား ပြောနေ သည်ကိုကြားသဖြင့် ပေထင်းဟွမ်သည် ကျောင်းတော်ပြိုင်ပွဲကို အာရုံစိုက်ထား သည်။ ၎င်းသည် ဈေးကွက်ကို တစ်စုံတစ်ယောက်မှ မိတ်ဆက်ပေးသဖြင့် သူမ ကို အားထုတ်မှုများစွာ သက်သာစေခဲ့သည်။

ကျောင်းတော်ပြိုင်ပွဲကို ၁၀ နှစ် ၁ ကြိမ်ကျင်းပသည်။ ရှန်းယန်ပိုနှင့် တခြားသူများသည် ထိုအကြောင်းကို အလုံးစုံမသိကြပေ။ သူမတွင် ထိုသတင်း လိုအပ်နေသည်။

ယဲ့ချီသည် နွေးထွေးစွာပြုံးလိုက်ရာ ခရမ်းရင့်ရောင်မျက်လုံးများမှ ထူးဆန်းသောအလင်းထွက်လာလေသည် “ကောင်းကင်ကိုယ်ခံပညာကျောင်း ဓားဂိုဏ်းက လုံယွိ.. ဝိညာဉ်သခင်နဲ့ ဓားသခင်တို့က မြေကြီးအဆင့်နဲ့ ကောင်းကင်အဆင့်ကနဦးပိုင်းတို့ရောက်ရင် ခွန်အားကွာခြားချက်က ကြီးချင် ကြီးလိမ့်မယ်.. ဒါပေမဲ့ ဓားဂိုဏ်းကိုရောက်ပြီး နယ်ပယ်ကိုဖန်တီးနိုင်သွားရင် ဝိညာဉ်သခင်နဲ့ ဓားသခင်တို့ကြားကကွာခြားချက်က နည်းသွားပြီ.. လုံယွိက ဂရုစိုက်ရမယ့်ပြိုင်ဘက်ပဲ”

“သူက ဓားသခင်ဖြစ်နေပြီပဲ ဘာလို့ဒီမှာ ရှိနေသေးတာလဲ” ပေထင်းဟွမ် သည် ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။ အင်ပါယာကျောင်းတော်သည် တိုက်ကြီး တွင် အားကောင်းသောဝိညာဉ်သခင်များ ကျင့်ကြံရန်အတွက် ပုခက်တစ်ခုဖြစ် ခဲ့လျှင် ကောင်းကင်ကိုယ်ခံပညာကျောင်းသည် ဓားသခင်တို့အတွက် သန့်စင် သောနယ်မြေဖြစ်မည်မှာ သေချာသည်။

“သူက ပါရမီရှင်လို့ပြောလို့ရတယ်.. အသက်က ၄၀ မပြည့်သေးပေမဲ့ ဓားဂိုဏ်းကို ဖြတ်ကျော်နိုင်နေပြီ.. အားကောင်းတဲ့ ဓားသခင်တွေက လှုပ်ရှားမှု တိုင်းကို ဖန်တီးနိုင်ကြတယ်.. နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းထဲမှာ နားလည်တာက အကောင်းဆုံးရွေးချယ်မှုပဲ” ယန်ယဲ့သည် စိတ်ရှည်ရှည်နှင့် ရှင်းပြလေသည် “နောက်တစ်ဘောက်က လရောင်တော်ဝင်ကျောင်းက ချူဖုန်းပဲ.. သူက မင်း ဝမ်းကွဲအစ်ကိုပဲ. အဲတုန်းက ငွေလရောင်အင်ပါယာရဲ့ ဧကရာဇ်ပြိုလဲသွားပြီး အင်ပါယာတစ်ခုလုံး ပြောင်းလဲသွားတယ်.. ချူဖုန်းရဲ့အဖေက ချူဖုန်းရဲ့အစ်ကို ကို ထောက်ပံ့ပေးပြီး ပုလ္လင်ပေါ်တင်ပေးခဲ့တယ်.. သူအင်ပါယာမှာရတဲ့ အကျိုး အမြတ်ဆိုလို့ အထွတ်အမြတ်သားရဲတစ်ကောင်ပဲရှိတယ်.. အဲဒါက ချူဖုန်းရဲ့ စာချုပ်သားရဲဖြစ်လာခဲ့တယ်.. ချူဖုန်းက ကြယ် ၉ ပွင့် ကာကွယ်ရေး အမျိုးအစားနတ်သားရဲ လအရိပ်ဇီးကွက်ဝံပုလွေရှိတဲ့ ဓား ၉ လက်ကြယ်ဝိညာဉ်သခင်ပဲ.. သူလည်း လျှော့တွက်လို့မရတဲ့လူပဲ”

ယဲ့ချီစကားပြောပြီးသာအေခါ ပေထင်းဟွမ်သည် ခံစားချက်များနှင့် ရှုပ်ထွေးသွားသည်ဟု ခံစားရသည်။ သူသည် ပေထင်းဟွမ်၏ လက်ဖက်ရည် ပန်းကန်ထဲသို့ တိတ်တိတ်လေး ထပ်ဖြည့်ပေးလိုက်သည်....

All Chapters