← Chapters

ယဲ့ချီ သူကဘယ်သူများလဲ

Vol. 29 Ch. 573

ယဲ့ချီ သူကဘယ်သူများလဲ

Vol. 29 Ch. 573

ဝိညာဉ်အငွေ့အသက်သည် လက်ဖက်ရည်ပန်းကန်လုံးမှထွက်လာကာ ပေထင်းဟွမ်၏ နှာခေါင်းတွင် တွဲလဲခိုနေရာ တုန်ယင်နေသော သူမ၏ဝိညာဉ် နှင့် ခံစားချက်များကို တဖြည်းဖြည်းငြိမ်ကျသွားစေသည်။ ပေထင်းဟွမ်သည် လက်ဖက်ရည်ပန်းကန်လုံးကိုကောက်ယူကာ မွှေးပျံ့ပြီး ဝိညာဉ်ပေါကြွယ်ဝ သည့် လက်ဖက်ရည်ကို တစ်ဆွတ်သောက်လိုက်သည်။ သူမ မေးလိုက်၏ “အားလုံးပေါင်း သုံးယောက်မလား နောက်တစ်ယောက်ကရော သူက ကောင်းကင်ကျောင်းရဲ့ ပထမလား”

ပေထင်းဟွမ်စကားဆုံးသောအခါ မှောင်မိုက်သောမျက်လုံးတစ်စုံသည် ဂရုမစိုက်သလိုနှင့်ရောက်လာသည်။ ယဲ့ချီလှမ်းကြည့်ရာ အကြည့်ချင်းဆုံသွား လေသည်။ သူတို့မျက်လုံးများတွင် တောက်ပသောအလင်းများလက်သွားပြီး ပြုံးကာ တခြားသို့ကြည့်လိုက်ကြသည်။

“အင်ပါယာကျောင်းတော်ရဲ့ ကောင်းကင်အဆင့်ပထမက ပေါ်မလာတာ နှစ်တေါအများကြီးကြာနေပြီ.. သူပေါ်လာရင်တောင် မင်းဆီက ကျောင်းပြိုင်ပွဲ ပထမနေရာကို လုနိုင်မှာမဟုတ်ပါဘူး.. မင်း သူ့ကိုဂရုစိုက်ဖို့မလိုဘူး.. တတိယ တစ်ယောက်က ပင်မတိုက်ကြီးဝိညာဉ်ကျောင်းရဲ့ လော်ရှောက်မိုပဲ.. ဒီလူရဲ့ ခွန်အားက မင်းထက် ဓား ၁ လက်နိမ့်တဲ့ ဓား ၇ လက် ကြယ်ဝိညာဉ်သခင်ပဲ.. ဒါပေမဲ့ သူ့မှာ ရှေးခေတ်တွေက ဆင်းသက်လာတဲ့ အဆင့်နိမ့်ဝိညာဉ်လက်နက် ကောင်းကင်ပိုက်ကွန်ထီးရှိတယ်.. အဲဒါက နယ်ရှင်ဘုံအောက်က လူတွေရဲ့ တိုက်ခိုက်မှုတိုင်းကို ခံနိုင်ရည်ရှိတယ်” ယဲ့ချီသည် ပေထင်းဟွမ်အား စိုးရိမ်တကြီးကြည့်လေသည်။ သူ့မျက်လုံးများထဲမှ တောက်လောင်သည့် အကြည့်ကို ဖုံးဖိ၍ရသော်လည်း သတိပြုမိရန်မခက်လှပေ။

နယ်ရှင်ဘုံအောက်ရှိတဲ့ တိုက်ခိုက်မှုတိုင်းကို ခံနိုင်ရည်ရှိတယ်ဟုတ်လား။

ဤတိုက်ကြီးပေါ်တွင် အားအကောင်းဆုံးလူမှာ ယန်းမြို့မှဖြစ်ပြီး သူသည် နတ်ဘုံအဆင့်သာရှိသည်။ နယ်ရှင်ဘုံအဆင့်သည် နတ်ဘုံထက်ပင် မြင့်သည်။

ဒါဆို ပင်မတိုက်ကြီးမှာ အဲလူကိုယှဉ်နိုင်တဲ့သူမရှိဘူးလို့ ဆိုလိုတာမလား။ ပေထင်းဟွမ်သည် ဆွံ့အမိသည်။ ဤလူသည် လိပ်ခွံကိုကိုင်ဆောင်ထားသည်။ ဒါဆို သူမ သူ့ကိုဘယ်လိုတိုက်ခိုက်ရမှာလဲ။

သူမကို ခက်ခဲအောင်လုပ်နေတာမလား။ ပေထင်းဟွမ်သည် လက်မြှောက်ကာ ခါးမှဓားပျော့ကိုကိုင်လိုက်သည်။ သူမ၏ဓားပျော့သာ နယ်ရှင်ဘုံအဆင့်ရောက်လျှင် တိုက်ခိုက်မှုကို တွန်းလှန်နိုင်မည်လား။

သူမ၏အကြည့်သည် ယဲ့ချီ၏မျက်နှာပေါ်ရောက်သွားသည်။ သူသည် မျက်နှာဖုံးဝတ်ဆင်ထားသော်လည်း ပေထင်းဟွမ်သည် သူ့မျက်နှာကို မြင်နေရ သလိုပင်။

ယန်ယဲ့သည် နယ်ရှင်အဆင့်လက်နက်ကို သန့်စင်နိုင်မည်လား သူမ သိချင်မိသည်။ မဟုတ်သေးပေ သူမသည် ယနေ့ညတွင် ညအရှင်အိမ်တော်ကို ခရီးတစ်ခေါက်သွားရပေတော့မည်။

ပေထင်းဟွမ်၏မျက်နှာမှ အမူအရာမျိုးစုံကို မြင်ပြီးနောက် သူမ ဆုံးဖြတ် ချက်မခိုင်မာခင်တွင် ယဲ့ချီသည် မျက်လုံးများကိုကျဉ်းမြောင်းကာ ပြုံးလေ၏။

ငါးရောင်စုံသမင် ခြေလှမ်းများရပ်လိုက်၏။ ယဲ့ချီသည် ရထားလုံး၏ ကန့်လန့်ကာကိုမ,ကာ အပြင်သို့ကြည့်လေသည်။ ၎င်းသည် အပြာနုရောင် အလင်းအလွှာဖြင့် ဖုံးအုပ်ထားသည့် မြင့်မားသောအဆောက်အဦးဖြစ်သည်။ သူတို့မျက်လုံးထဲတွင် အစိတ်အပိုင်းတစ်ခုသာ မြင်နေရသည်။ သူတို့သည် ကောင်းကင်ခြံဝင်းသို့ရောက်ချေပြီ။

ယဲ့ချီ၏ရထားလုံးသည် မျက်စိဖမ်းစားနိုင်၍ဖြစ်မည်။ ကောင်းကင်ခြံဝင်း ဝင်ပေါက်သို့ ကျောင်းသားသစ်များ၊ အကြီးတန်းကျောင်းသားများ၊ ဆရာများ အပါအဝင် လူများစုဝေးလာကြသည်။ ပေထင်းဟွမ်နှင့်ယဲ့ချီတို့ ထွက်လာကြ သည်ကိုမြင်သောအခါ အားလုံးနီးပါးမျက်လုံးပြူးကျယ်သွားကြသည်။

ကောင်းကင်ခြံဝင်းကို တာဝန်ယူထားသည့်ဆရာသည် ဝိညာဉ်ဓားဂိုဏ်း ၂ မှဖြစ်သည်။ သူသည် အသက် ၅၀ အရွယ်ရှိကာ ကျန်းမာသန်စွမ်းသော ဝိညာဉ် ရှိသည်။ ထိုအချိန်တွင် သူသည် ရှေ့တိုးကာ နှင်းဖြူရောင်အမတဝတ်စုံဝတ် ထားသည့် လူကိုမယုံကြည်နိုင်စွာဖြင့်ကြည့်လေသည် “သခင်ကြီး.. ယဲ့ချီ.. မင်းလား”

“ဆရာဖူခန်း မတွေ့ရတာကြာပြီ”

ယဲ့ချီသည် ကောင်းကင်ကျောင်းဆီ၏ လှေကားများဆီသို့ နတ်ဘုရားကဲ့သို့ လျှောက်လှမ်းသွားသည်။ သူလှမ်းလိုက်တိုင်းတွင် သူ့ခြေထောက်အောက်၌ နှင်းဖြူရောင်ကြာပန်းများပွင့်သွားသလိုပင်။ ထူးဆန်း သောရနံ့ထွက်လာသဖြင့် လူများကို အံ့အားသင့်စေသည်။ ဤလူသည် မျက်နှာ အစိတ်အပိုင်းများကို မျက်နှာဖုံးဖြင့်ဖုံးအုပ်ထားသော်လည်း သူ၏ကောင်းကင် ဘုံအသွင်အပြင်ကို မည်သူကမှ သံသယမဝင်ပေ။

ပေထင်းဟွမ်သည် သူ့ဘေးမှ ဖြည်းဖြည်းချင်းလျှောက်သွားသည်။ သူ၏ အနက်ရောင်ဝတ်ရုံသည် လေနှင့်အတူလွင့်ပါနေသည်။ လူငယ်၏ မှင်တက် လောက်သည့်အသွင်အပြင်ကို ကမ္ဘာကြီးမှ သိထားပြီးဖြစ်သည်။ သူ၏ အေးစက်သည့်စရိုက်သည် ယဲ့ချီ၏ အမတရောင်ဝါထက်မလျော့ပေ။ သူတို့ နှစ်ယောက်အတူလျှောက်လာသည်မှာ လှပသောမြင်ကွင်းတစ်ခုပင်။

“သခင်ကြီးပေထင်းဟွမ်နဲ့ ယဲ့ချီ... သခင်ကြီးယဲ့ချီဆိုတာဘယ်သူလဲ” လူအုပ်ကြားထဲတွင် ဆွေးနွေးချက်များ စီကနဲထွက်လာသည်။ ကောင်းကင် ကျောင်း၏ ကျွမ်းကျင်သူထိပ်တန်း ၁၀ ယောက်ပင်လျှင် နှင်းဖြူရောင် အမတ ဝတ်စုံနှင့်လူကို ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်နေကြသည်။ သူတို့၏ စိတ်ထဲတွင် တူညီသော မေးခွန်းများရှိနေကြသည်... ဒီလူကဘယ်သူလဲ။

All Chapters