← Chapters

ကောင်းကင်အဆင့် ပထမ

Vol. 29 Ch. 580

ကောင်းကင်အဆင့် ပထမ

Vol. 29 Ch. 580

နောက်တစ်ခုအနေနှင့် ဖူခန်းသည် တစ်လအကြာတွင် ကျင်းပတော့မည့် ကျောင်းပြိုင်ပွဲအကြောင်းကို မိတ်ဆက်ပေးလေသည်။ ပေထင်းဟွမ်ကဲ့သို့ ကျောင်းသားသစ်ရှိနေသဖြင့် ဖူခန်းသည် ပြိုင်ပွဲ၏စည်းကမ်းအသေးစိတ် အကြောင်းကို ရှင်းပြရတော့သည်။ “အဲဒီကစည်းမျဉ်းက စည်းမျဉ်းမရှိတာပဲ.. ဒီတိုက်ကြီးက ကျောင်းပေါင်းတစ်ရာကျော်ပါဝင်ယှဉ်ပြိုင်မယ်.. ကျောင်းတစ် ကျောင်းက ယှဉ်ပြိုင်သူ ၁၀ ယောက်ရှီလိမ့်မယ်.. အားလုံးပေါင်း အယောက် တစ်ထောင်ကျော်မှာပေါ့.. ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ကျင်းပရင် မင်းတို့လုပ်ရမှာ က စင်ပေါ်ကနေ ပြိုင်ဘက်ကိုကျသွားအောင်လုပ်ရမှာ.. အဆုံးထိ စင်ပေါ်မှာ နေနိုင်တဲ့သူတွေက နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကိုသွားခွင့်ရှိမယ်”

“မှတ်ထား.. ၁၀ နှစ်တိုင်းမှာ ပြန်သုံးသပ်တယ်.. အဲလိုမျိုး ကျောင်းတစ် ရာကျော်က ပါဝင်ရမယ့်သူတွေကိုပြန်စစ်မှာက ယန်းမြို့တော်ကလူတွေပဲ.. ပြီးတော့ ပြန်သုံးသပ်မှာက ၁၀ ယောက်မဟုတ်ဘူး ပြိုင်ပွဲမှာနောက်ဆုံးကျန်ခဲ့ တဲ့သူတွေကိုပဲ.. စည်းမျဉ်းအကုန်လုံးကို ယန်းမြို့တော်ကပဲချတယ်.. ဒါပေမဲ့ ခွန်အားက အရေးအကြီးဆုံးဆိုတာကို ဘယ်သူမှသံသယမရှိဘူး”

ယန်းမြို့က သူတို့ကိုစစ်ဖို့လူလွှတ်လိုက်တာလား။ ပေထင်းဟွမ်သည် နားမလည်ပေ။ သို့သော် ထိုကိစ္စကို စိတ်ထဲထည့်စရာမလိုပေ။ ယန်းမြို့သာ ရှိ လျှင် သူမဘက်တွင် ပိုအရေးသာမည်ဟု ယုံကြည်သည်။ သူမသည် ဘေးမှ ယဲ့ချီကို စောင်းကြည့်လိုက်သည်။

“အဲတော့ ဒီမှာ သခင်ကြီးပေထင်းဟွမ် ငါတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်ပြီး စိတ်ရင်းနဲ့အတူအလုပ်လုပ်ရမယ်.. နောက်ဆုံးထိ အသက်ရှင်ပြီး နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းကိုသွားရမှဖြစ်မယ်” ဖူခန်းမှ ပြိုင်ပွဲ စည်းမျဉ်းများကို မိတ်ဆက်ပေးပြီးနောက် ယဲ့ချီသည် ပေထင်းဟွမ်အား ပြောလိုက်သည်။

သူသည် ပေထင်းဟွမ်၏ ခိုးကြောင်ခိုးဝှက်အကြည့်ကို လက်လွှတ်မခံပေ။ အပြုံးတစ်ခုသည် သူ့မျက်နှာပေါ်တွင်ပေါ်လာသည်။

ပေထင်းဟွမ်သည် ဘာမှမပြောပေ။ ဖူခန်း မိတ်ဆက်ပြီးနောက် အစည်းအဝေးကို ရပ်ဆိုင်းလိုက်သည်။ ပေထင်းဟွမ်သည် ကောင်းကင်ခြံဝင်း ၏ အဖွဲ့ဝင်ဖြစ်နေပြီဖြစ်၏။ ဖူခန်းသည် သူမကို မစ်းသပ်ရဲသဖြင့် တခြားသော စာသင်သားများကိုသာ လွှတ်ပေးလိုက်ရသည်။ ဖူခန်းသည် သူမအား ကိုယ်ပိုင်ကျင့်ကြံရေးအခန်းကောင်းကင်ခြံဝင်း၏မြေအောက်ခန်းသို့ခေါ်သွားလေသည်။ အခန်းရှေ့တွင် "နံပါတ် ၂" ဟု ချိတ်ဆွဲထားသည်။ ဤကျင့်ကြံရေး အခန်းအတွက် မည်သူကမှ ပေထင်းဟွမ်နှင့် အသက်နှင့်ရင်းပြီး တိုက်ခိုက်ချင် မည်မဟုတ်ပေ။

အောက်အထပ်ကို ယဲ့ချီပြောသည့် မူလကျောက်စိမ်းပေါ်တွင် တည်ဆောက်ခဲ့သည်။ အဝိုင်းပုံစံဖြင့် တိုက်ခိုက်ရေးအခန်း စုစုပေါင်း ၁၀ ခန်းရှိ သည်။ ထိုထဲတွင် ပထမဆုံတိုက်ခိုက်ရေးအခန်းသည် တခြားသော တိုက်ခိုက် ရေးအခန်းအလယ်တွင်တည်ရှိသည်။ ဝိညာဉ်စွမ်းအင်၏ သိပ်သည်းဆသည် ပထမအခန်းမှ ၁၀ ခန်းမြောက် တိုက်ခိုက်ရေးအခန်းထိ တဖြည်းဖြည်း ပါးလွှာ လာသည်။

မြေကြီးခြံဝင်းတွင်လည်း ယခုကဲ့သို့ တိုက်ခိုက်ရေးအခန်း ၁၀ ခန်းရှိ၏။ ဝိညာဉ်စွမ်းအင်ပါဝင်နှုန်းသည် ကောင်းကင်ခြံဝန်း၏ခန်းမနှင့် တူညီသလောက် ရှိသော်လည်း ကောင်းကင်ခြံဝင်း၏ တိုက်ခိုက်ရေး ၁၀ ခန်းထက် အနည်းငယ် လျော့သည်။ ထို့ကြောင့် မြေကြီးခြံဝင်းဖြစ်စေ သို့မဟုတ် ကောင်းကင်ခြံဝင်း ဖြစ်စေ အဆင့်အတွက်သာ တိုက်ခိုက်နေခြင်းမဟုတ်ဘဲ သူတို့ကိုယ်တိုင် အတွက် ကျင့်ကြံရေးအရင်းအမြစ်များပိုရရန်အတွက်တိုက်ခိုက်ခြင်းပင်။

ထန်းယန်သည် ဒုတိယမြောက်တိုက်ခိုက်ရေးအခန်းကို သုံးနေကျဖြစ် သည်။ နေရာသည်ကျဉ်းမြောင်းကာ အလယ်တွင် ပထမအထပ်ခန်းမနှင့်တူညီ သည့် ၁၀ ထောင့်ကြယ်ပုံစံအစီအရင်ရှိသည်။ သို့သော် ဤခန်းမှကြယ်သည် ပို သေးသည်။ ၎င်းသည် တိုက်ခိုက်ရေးအခန်းမှ ကျင့်ကြံသူ ဝိညာဉ်သခင်များကို ပိုပြီးတက်ကြွစေရန်သုံးသည့်ပုံပင်။ သို့သော် ဝိညာဉ်စွမ်းအင်စုစည်းနိုင်သည့် ထူးဆန်းသည့် အစီအရင်ပုံစံပေါက်နေသည်။

တံခါးကို ကျွီခနဲမြည်အောင်ဖွင့်လိုက်သောအခါ အထဲမှ နို့နှစ်အဖြူရောင် ဝိညာဉ်စွမ်းအင်သည် တစ်ခန်းလုံးတွင်ပြည့်နေသည်။ တိုက်ခိုက်ရေးအခန်း ပတ်ပတ်လည်တွင် ကန့်သတ်ချက်များရှိကာ တံခါးနားတွင် ဝိညာဉ်စွမ်းအင် သည် ပျောက်ကွယ်သွားခြင်းမရှိပေ။ ပေထင်းဟွမ်သည် ချက်ချင်းပင် အံ့ဩ သွားကာ သူမကိုယ်သူမ မထိန်းချုပ်နိုင်လောက်အောင် စိတ်လှုပ်ရှားသွားလေ သည်။

ထန်းယန်သည် ဤတိုက်ခိုက်ရေးအခန်းကို ပိုင်ဆိုင်ပြီးနောက် မြေကြီး နှင့်ခြေထောက်မထိနိုင်လောက်အောင် မြောက်သွားခဲ့သည်။ ပုံမှန်အားဖြင့် ဤအခန်းနားသို့ ကပ်လာသူမှန်သမျှကို သူသည် ဆွဲရိုက်နှက်ခဲ့သည်။ မည်သူမှ နံပါတ် ၂ အခန်းနားသို့ ဖြတ်မသွားရဲကြပေ။ ထိုအခိုက်အတန့်တွင် လျိုရွှီနှင့် တခြားသောကျွမ်းကျင်သူများသည် ဆွံ့အမိကြသည်။ သူတို့သည် မျက်လုံးထဲမှ အားကျမှုများကို မဖုံးနိုင်ကြပေ။

ထိုလူများ ပေထင်းဟွမ်ကို အားကျနေချိန်တွင် ပေထင်းဟွမ်သည် ကောင်းကင်အဆင့် အခန်းနံပါတ် ၁ ကို စိတ်ဝင်စားနေသည်။ သူမသည် ဘာမှမရှိသည့် မေးစေ့ကိုပွတ်ပြီး နံပါတ် ၁ ဟုချိတ်ဆွဲထားသော အခန်းကို ကြည့်လိုက်သည်...

All Chapters