← Chapters

အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာတပ်မဟာ၏တာဝန်

Vol. 87 Ch. 1212

အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာတပ်မဟာ၏တာဝန်

Vol. 87 Ch. 1212

“ကျောင်းအုပ် ဘာလို့ အဲ့လိုကြီး ကြည့်နေရတာလဲ။ ကျွန်တော်တို့က သာမန်ကျောင်းသားတွေပါ။”

အန်လင်း မျက်နှာပျက်နေသည်။

ကောင်းကင်အရှင်သခင်သည်ပင် ထွက်ပြေးသွားသောကြောင့် ကျောင်းအုပ်၏ အတွေးအား ခန့်မှန်းရန် မခက်ခဲလှပေ။

ကျောင်းအုပ်ကပ်စေးသည် ချစ်စဖွယ် ကျောင်းသားလေးများအား မိစ္ဆာလက်သည်းဖြင့် ကုပ်ဆွဲရန် ပြင်နေသည်ပင်။

ဝေလငါးပြုံးကာ အလုံးတစ်လုံး မှုတ်ထုတ်လိုက်သည်။

မင်းက သာမန်ကျောင်းသား မဟုတ်ပါဘူး.... မင်းက အင်ပါယာမိသားစု ကိုးခုကိုတောင် ယှဥ်နိုင်တဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်ပဲ... အရမ်းချမ်းသာမှာပေါ့.... ဟုတ်တယ်မလား....

အန်လင်း : “......”

ဝေလငါးမှာ အလုံးများ ဆက်လက်မှုတ်ထုတ်နေသည်။

အဓိက အကြောင်းပဲ ပြောရအောင်... ငါငွေချေးချင်တယ်.... အတိုးကောင်းကောင်း ပေးမှာပါ.... အဲ့ဒါကြောင့် မင်းအတွက် အဆင်ပြေတယ်မလား.... အများကြီးလည်း မချေးပါဘူး....

“ဘယ်လောက်လိုချင်တာလဲ။”

အန်လင်း မေးမြန်းလိုက်သည်။

သိပ်မများပါက အန်လင်း မှုနေမည် မဟုတ်ပေ။

ဝေလငါး တုံ့ပြန်လာသည်။

သွေးမျိုးဆက် ခွဲခြားပေးတဲ့ဆေးက စိတ်ဝိဥာဥ်ကျောက်တုံး သန်းသုံးရာလောက် ရှိတယ်... အခု ငါ့မှာ ဆယ်သန်းရှိတယ်ဆိုတော့ သန်းနှစ်ရာ့ကိုးဆယ်ပဲ လိုမှာပါ.....

အန်လင်း : “.....”

စုရှောင်လန်၊ ရွှမ်းယွမ်ချန်၊ စုချန်းရန် : “.....”

“ဟာ.... ငါတို့ အတန်းတက်ရဦးမယ်မလား။”

အန်လင်း ရုတ်တရက် ပြောလာသည်။

“ဟုတ်သားပဲ။ နောက်ကျနေတော့မယ်။”

စုရှောင်လန် ထောက်ခံပေးလိုက်သည်။

ရွှမ်းယွမ်ချန် လေးလေးနက်နက် စကားဆိုလာသည်။

“အတန်းခေါင်းဆောင်အနေနဲ့ ပြောရရင် လုံးဝမဖြစ်သင့်ဘူး။ ဒါအရေးကြီးတယ်။”

စုချန်းရန် လောဆော်လိုက်သည်။

“အဲ့ဒါဆိုလည်း မြန်မြန်သွားကြရအောင်။”

၎င်းတို့လေးဦးမှာ အလျင်စလို ထွက်ခွာသွားကြသည်။

ဝေလငါးမှ အလုံးများမှုတ်ကာ တားဆီးပါသော်လည်း မမြင်ကြတော့ပေ။ ၎င်းတို့အတွက် ပညာရေးနှင့် ဗဟုသုတကသာ အရေးအပါဆုံး ဖြစ်နေခဲ့သည်။

ဒုကျောင်းအုပ် ယွီဟွား : “.....”

ဝမ်ရှန်းယွီ : “...”

“ကျောင်းအုပ်အနေနဲ့ ကျောင်းသားတွေ တက်ကြွနေတာ ဝမ်းသာသင့်တယ်။”

ဒုကျောင်းအုပ် ယွီဟွား သက်ပြင်းချလိုက်သည်။

ဝမ်ရှန်းယွီ အလုံးတစ်လုံး မှုတ်ထုတ်လိုက်သည်။

ငါဘာလုပ်ရမလဲ... တကယ်ကြီး ငါးဖြစ်လာတော့မှာလား.....

“လက်မလျှော့သရွေ့ နည်းလမ်းတစ်ခုတော့ ရှာတွေ့မှာပါ။”

ဒုကျောင်းအုပ် ယွီဟွား နှစ်သိမ့်ပေးလာသည်။

ဝမ်ရှန်းယွီ ကောင်းကင်အင်မော်တယ် ယွီဟွားအား ကြည့်ရှုလိုက်သည်။

ငါ့ကိုယ်ငါ သနားလွန်းလို့ ငိုတောင်ငိုချင်တယ်.... ဒီလောက်ရက်စက်တဲ့ လောကကြီးမှာ နှစ်သိမ့်ပေးမယ့်သူ မင်းပဲရှိတယ်.... ငါတို့တူတူ ငွေလိုက်ချေးရအောင်ကွာ....

ဒုကျောင်းအုပ် ယွီဟွား : “......”

အန်လင်းတို့မှာ အတန်းထဲ ရောက်လာကြသည်။ ကျောင်းအုပ်အား မြင်တွေ့ဖူးသွားသောကြောင့် နောင်တတရားများ မရှိတော့ပေ။

သို့သော် ထိုကိစ္စနှင့်ပက်သတ်၍ ခံစားချက်များ ရောထွေးနေသည်။

၎င်းတို့သည် ချောမောခန့်ညားသော အမျိုးသားတစ်ယောက်ကိုသာ စိတ်ကူးထားခဲ့ပြီး အထင်နှင့်အမြင် တလွဲစီ ဖြစ်နေခဲ့သည်။

အတန်းထဲ ထိုင်နေသော အန်လင်းနှင့် စုရှောင်လန်မှာ ယခုထိတိုင် အံ့အားသင့်နေမိသည်။

အခြားကျောင်းသားများမှာလည်း ထို့အတူပင်ဖြစ်ကာ သင်ခန်းစာအား အာရုံမစိုက်နိုင်ကြပေ။

“အန်လင်း ငါတို့ ကျောင်းအုပ်က ဘယ်လိုလုပ် ကျောင်းအုပ်ဖြစ်လာတာလဲ။”

စုရှောင်လန် တိုးညင်းစွာ မေးလိုက်သည်။

သူမ ဆိုလိုရင်းအား အန်လင်း သဘောပေါက်သည်။ တံထွေးတဗျစ်ဗျစ်ထွေးကာ ကျောင်းသားများထံမှပင် ငွေပြန်ချေးနေသော ဝေလငါးသည် ကျောင်းအုပ် ဖြစ်မနေသင့်ပေ။

“ကျိန်စာကြောင့် အပြုအမူတွေပါ ပြောင်းသွားတာနေမှာပါ။ အဲ့ပြဿနာ ဖြေရှင်းပြီးရင်တော့ အရင်လို ကိုယ်လူချော ပြန်ဖြစ်သွားပါလိမ့်မယ်။”

အန်လင်း နှစ်သိမ့်ပေးလိုက်သည်။

စုရှောင်လန် နှုတ်ခမ်းစူကာ ဘာမှပြောမလာတော့ပေ။

“ကောင်းကင်ဘုံ မက်မွန်ပွဲတော်က ရောက်လာတော့မယ်ဆိုတော့ ကောင်းကင်ဘုံခုံရုံးအတွက် လက်ဆောင်တစ်ခုခု ပြင်ပေးသင့်တယ်။”

အန်လင်း ရုတ်တရက် ပြောလာသည်။

“ဟုတ်တယ်။ ကောင်းကင်ဘုံ မက်မွန်ပွဲတော်က ရံပုံငွေပွဲ မဟုတ်ပေမယ့် လက်ဆောင်တော့ ပေးသင့်တယ်။”

စုရှောင်လန် ခေါင်းညိတ်လိုက်သည်။

“ဂိုဏ်းက စစ်သင်္ဘော ပြင်နေတုန်းဆိုတော့ စိတ်ဝိဥာဥ်ကျောက်တုံး ဆယ်သန်းတောင် ရှိမနေဘူး။ စိတ်ဝိဥာဥ်ဆေးလုံးနဲ့ လက်နက်တွေကလည်း တပည့်တွေအတွက် ထားပေးရမှာ။ ဘယ်လိုလုပ်ကြမလဲ။”

အန်လင်း စိတ်ပျက်သွားသည်။

စုရှောင်လန်၏ မျက်ဝန်းများ ရုတ်တရက် တောက်ပလာသည်။

“ထူးရှယ်ဟင်းလျာ ပေးလိုက်ရင်ရော... ကောင်းကင်အရှင်သခင်နဲ့ သူ့ဇနီးက အကြော်ဒယ်အိုး ဟင်းလျာတွေ မမြည်းဖူးသေးဘူးမလား”

အန်လင် လက်ခုပ်တီးလိုက်သည်။

“ရှောင်လန်က ကိုယ့်ကိုအရမ်းနားလည်တာပဲ။ တန်ဖိုးနည်းပြီး အဖိုးတန်မယ့် လက်ဆောင်မျိုး ကိုယ်ပေးချင်နေတာ။”

......

ကိုးပြည်ထောင်၏ အရှေ့တောင်ဘက် မဟူရာမိုင်းတွင်းတောင်တန်းထဲ၌

အရွယ်အစားစုံနှင့် အဖွဲ့တစ်ဖွဲ့မှာ တစ်စုံတစ်ခုအား ရှာဖွေနေကြသည်။

ထိုအဖွဲ့တွင် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ငါးဦးနှင့် စိတ်ဝိဥာဥ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ အယောက်ငါးဆယ် ပါဝင်ကာ တာဝန်ပေးအပ်ခံထားရကြောင်း သိသာလှသည်။

တောင်ပံနက်မျိုးနွယ်စုနှင့် ဗာမီလီယမ်ငှက်မျိုးနွယ်စုသည် ကောင်းကင်ကင်းထောက်အဖြစ် တာဝန်ယူကာ မြွေဝိဥာဥ်ကလန်နှင့် ကျောက်တုံးမျိုးနွယ်စုမှာ မြေပြင်အား ရှင်းလင်းနေကြသည်။ ဝိဥာဥ်ငါးကလန်နှင့် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုသည် နက္ခတ်တာရာနှင့် လမ်းပြခြင်းအား ထမ်းရွက်ကာ တော်ဝင်သိုင်းကလန်နှင့် စစ်မှန်မိစ္ဆာမျိုးနွယ်စုတို့မှာမူ လက်နက်များအလား သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ထုတ်လွှတ်ထားကြသည်။

လူသားများသည် ပတ်ဝန်းကျင်အား စူးစမ်းကာ ဆန်းကြယ်သော လက်နက်များ ကိုင်ဆောင်ထားကြ၏။

နဂါးမျိုးနွယ်စုများလည်း ပါနေသေးသည်။

“ဝေါင်း....”

ထိုအချိန်တွင် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

သလင်းကျောက်များဖြင့် တည်ဆောက်ထားသော စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် သန္ဓေပြောင်း ဖွတ်နဂါးတစ်ကောင်သည် ၎င်း၏နယ်ပယ်ဖြစ်သော လျှပ်စီးသလင်းများ ထုတ်ဖော်လာသည်။

“မိုင်းတောင်တန်းရဲ့ အစောင့်အရှောက်သားရဲတော့ ပေါ်လာပြီ။ မဟူရာအဆီအနှစ်မိုင်းတွင်းက ဒီနားမှာပဲ ရှိလိမ့်မယ်။”

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် တောင်ပံနက်မျိုးနွယ်စုဝင်မှ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“တာဝန်ပြီးတော့မယ်ကွ။ ဖွဲ့စည်းပုံအတိုင်းနေကြ။”

တစ်ဖွဲ့လုံးမှာ စီစဥ်ထားသော ဖွဲ့စည်းပုံအတိုင်း နေရာယူလိုက်ကြသည်။

လျှပ်စီးသလင်းများမှာ ၎င်းတို့ထံ ရောက်လာနေလေပြီ။

“ဒိုင်းကာ....”

၎င်းတို့အားလုံး အတူတကွ ဟစ်ကြွေးလိုက်ကြသည်။

ဝိဥာဥ်ငါးကလန်နှင့် ကောင်းကင်ဘုံလိပ်မျိုးနွယ်စုတို့ အတူတကွ ပူးပေါင်းကာ ရေလွှာလိပ်ခွံ အကာအကွယ်အား ဖန်တီးလိုက်ကြသည်။

ဝုန်း.... ဝုန်း.... ဝုန်း.....

လျှပ်စီးသလင်းများ ရောက်လာပါသော်လည်း အကာအကွယ်မှာ ခြစ်ရာကလေးမျှ မထင်ပေ။

ဖွတ်နဂါးမှာ အတောင်များဖြန့်ကာ ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်သည်။

“မိစ္ဆာနတ်ဘုရား သတ်ဖြတ်ခြင်းလှံသွား....”

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် စစ်မှန်မိစ္ဆာ အော်ဟစ်လိုက်သည်။

စစ်မှန်မိစ္ဆာ ဆယ်ဦးသည် စွမ်းအင်များ စုစည်းကာ မိစ္ဆာလှံသွားတစ်ခု ဖြစ်ပေါ်စေလိုက်သည်။ တော်ဝင်သိုင်းကလန်မှ လှံသွားအား ထက်ရှစေကာ နဂါးမျိုးနွယ်စုမှလည်း လျှပ်စီးအစွမ်းများ ပေါင်းထည့်ပေးလိုက်သည်။

လှံသွားမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသောကြောင့် လေထုသည်ပင် တုန်ယင်လာသည်။

“သွားတော့။”

ဝှစ်....

လှံသွားသည် လျှပ်စီးအလား ဖွတ်နဂါး၏ ရင်ဘတ်ထံ ဦးတည်သွားသည်။ ဖွတ်နဂါး၏ သွေးပျက်မတက် အော်ဟစ်သံနှင့်အတူ လှံသွားသည် ခန္ဓာကိုယ်ထဲ ထိုးစိုက်ဝင်ရောက်ကာ အဖျက်စွမ်းအင်များ ထုတ်လွှတ်တော့သည်။

ဝုန်း.....

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ဖွတ်နဂါးမှာ တစ်ချက်တည်းဖြင့် သတ်ခံလိုက်ရသည်။

လူသားတစ်ဦးမှ အသံဖြင့် ဆက်သွယ်လိုက်သည်။

“အရှင်မ ပိုင်လင် အံ့ဖွယ်ကြေးမုံပြင်တပ်မဟာနှစ်ခုက အစောင့်အရှောက်သားရဲကိုသတ်ပြီး မဟူရာအဆီအနှစ်မိုင်းတွင်းကိုရှာဖို့ ပြင်နေပါပြီ။”

အမျိုးသမီးတစ်ဦး၏ စကားသံ ထွက်ပေါ်လာသည်။

“အရမ်းကောင်းတယ်။ တာဝန်ပြီးမြောက်ဖို့ မျှော်နေမယ်။”

၎င်းတို့သည် စုကျိုးအင်မော်တယ်ဂိုဏ်း၏ အံ့ဖွယ်ကြေးမုံပြင်တပ်မဟာများ ဖြစ်သည်။

လက်ရှိအချိန်တွင် ကြယ်စင်မီးလျှံစစ်သင်္ဘောအတွက် အရေးပါသော မဟူရာအဆီအနှစ် သတ္ထုရိုင်းအား ရှာဖွေနေကြခြင်း ဖြစ်သည်။ မဟူရာအဆီအနှစ် သတ္ထုရိုင်းသာ ရှိပါက အံ့ဖွယ်တာအို မရှိလျှင်ပင် ကြယ်စင်မီးလျှံစစ်သင်္ဘောအား မောင်းနှင်နိုင်ပေလိမ့်မည်။

“ရတနာအနံ့ရတယ်။ ဂူက ဟိုနားမှာပဲ။”

နဂါးမျိုးနွယ်စုဝင်တစ်ဦး ဂူရှိရာထံ ပျံသန်းသွားသည်။

အခြားသူများလည်း လျင်မြန်စွာ လိုက်ပါသွားကြသည်။

ဂူထဲတွင် ကျောက်သားစင်မြင့်တစ်ခု ရှိနေပြီး တလက်လက် တောက်ပနေသော မဟူရာ သလင်းကျောက်အလွှာမှာ ပိုင်းဖြတ်ခံထားရသောကြောင့် ခပ်ပါးပါးသာ ရှိတော့သည်။

နဂါးမျိုးနွယ်စုဝင် မျက်နှာပျက်သွားသည်။

“တစ်ယောက်ယောက် လက်ဦးသွားပြီ။”

“ဘယ်သူလဲ။”

စစ်မှန်မိစ္ဆာ ဒေါသထွက်သွားရသည်။

မြွေဝိဥာဥ်ကလန်မှ အမျိုးသမီးမှာ လျှာထုတ်ကာ အာရုံခံလိုက်သည်။

“သိပ်မဝေးသေးဘူး။ လိုက်ခဲ့ကြ။”

All Chapters