လေလံအိမ်မှခက်ထန်သောအခြေအနေ
Vol. 87 Ch. 1214
“ရန်သူက အံဖွယ်ကြေးမုံပြင်တပ်မဟာနှစ် တစ်ခုလုံးကိုတောင် ဖျက်စီးပစ်နိုင်တယ်ဆိုတော့ အနည်းဆုံး ဟင်းလင်းပြင်သို့အပြန် အဆင့်ရှိမှာပေါ့။”
အန်လင်း ဒေါသထွက်နေသည်။
“ဟင်းလင်းပြင်သို့အပြန် အဆင့်ကြီးက မဟူရာအဆီအနှစ် သလင်းကျောက်ကို ခိုးရုံမရဘူး။ ကျွန်တော်တို့ အဖွဲ့ကိုတောင် သတ်ပစ်သေးတယ်ပေါ့လေ။”
“ရန်သူက ဘယ်လိုတွေတွေးလဲ မသိတော့ပါဘူး။”
ပိုင်လင် အေးစက်စက် ပြောလာသည်။
“ငါ့အထင်တော့ ဟင်းလင်းပြင်သို့အပြန်အဆင့် မဟုတ်လောက်ဘူး။ နည်းလမ်းတစ်ခုခု သုံးထားတာ ဖြစ်ရမယ်။”
“ခြေရာခံ လိုက်နိုင်လား။”
အန်လင်း မေးမြန်းလိုက်သည်။
“အဖွဲ့သားတစ်ယောက်က ရန်သူပေါ်မှာ ခြေရာခံတဲ့ဟာ တပ်ခဲ့တယ်။”
ပိုင်လင် တုံ့ပြန်လာသည်။
“မိုးကြိုးပြည်နယ်ကို ရောက်နေပြီလို့ ပြနေတာ။”
အန်လင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
“အဲ့ဒါကြောင့် ကျွန်တော့်ကို ဆက်သွယ်တာကိုး... ကောင်းပြီလေ... ကျွန်တော် ဖြေရှင်းလိုက်မယ်။”
မိုးကြိုးပြည်နယ်သည် ကိုးပြည်ထောင်၏ အလယ်ဗဟိုနှင့် နီးစပ်သည်။ ကောင်းကင်ဘုံခုံရုံးသည် မိုးကြိုးပြည်နယ်၏ အထက်တွင် တည်ရှိ၏။
ပိုင်လင် သက်တောင့်သက်သာ စကားဆိုလိုက်သည်။
“ခြေရာခံတာက မလွယ်တော့ အတိအကျကြီးတော့ မပြောနိုင်ဘူး။”
“အခု သူက ဟွမ်းကျီမြို့တော်က ကောင်းကင်ရတနာဘုရားကျောင်းမှာ ရှိတယ်ဆိုတာပဲ ပြောနိုင်တယ်။ ဘယ်သူလဲ၊ ဘယ်မှာလဲ မပြောနိုင်ဘူး။ အဲ့ဒါကြောင့် နင်ကိုယ်တိုင် ရှာရလိမ့်မယ်။”
“နင်ကိုယ်တိုင် သွားမယ်ဆိုရင်တော့ ဟင်းလင်းပြင်သို့အပြန်အဆင့်တွေ ပို့မနေတော့ဘူး။”
အန်လင်း သဘောတူလိုက်သည်။
“စိတ်မပူပါနဲ့။”
အချိန်ဖြုန်းနေ၍ မရသောကြောင့် အန်လင်းသည် ကိုယ်ပျောက်မန္တာန်အားသုံးကာ အတန်းထဲမှ ပျောက်ကွယ်သွားတော့သည်။
ပေါ်ပေါ်ထင်ထင် အတန်းလစ်ရသည်မှာ သိပ်အဆင်မပြေသဖြင့် ထိုသို့လုပ်ရခြင်းပင်။
ဟွမ်းကျီမြို့တော်သည် ကောင်းကင်ဘုံခုံရုံးနှင့် မဝေးလှသောကြောင့် ဓားပျံခရီးစဥ်ပင် နေရာရွှေ့ပြောင်းရေး အစီအရင်ထက် မြန်ဆန်သည်။
အန်လင်းမှာ ကုန်းမြေအစွန်းမှ တိမ်တိုက်များပေါ် ခုန်ဆင်းလိုက်သည်။
အနက်ရောင် အုတ်ခဲတစ်ခုမှာ ဆယ်ပေခန့် ပြန့်ကားသွားလေသည်။
ထိုသို့ဖြင့် သူသည် မိုးကြိုးပြည်နယ်ထဲ ဆင်းသက်လာခဲ့သည်။
......
ဟွမ်းကျီမြို့တော်သည် မိုးကြိုးပြည်နယ်၏ ဒုတိယ အကြီးဆုံးမြို့တော် ဖြစ်သည်။ အကြီးဆုံးမြို့တော်တွင် ရွှေလွှာပျံဝဲအင်ပါယာမိသားစု အခြေချ နေထိုင်သည်။ ဟွမ်းကျီမြို့တော်တွင် မြင့်မားသော အဆောက်အဦးများနှင့် ဘုရားကျောင်းများအား မျက်စိတဆုံး မြင်တွေ့နိုင်သည်။
ဟွမ်းကျီမြို့တော်သည် မိုးကြိုးပြည်နယ်၏ စီးပွားရေး အချက်အချာ နေရာလည်း ဖြစ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ရောင်းဝယ်ဖောက်ကားရေးအတွက် ဤနေရာသို့ လာလေ့ရှိကြသည်။
“ဟွမ်းကျီမြို့တော်ရဲ့ ကောင်းကင်ရတနာဘုရားကျောင်း မှတ်မိတာ မမှားရင် အဲ့နေရာက တန်ဖိုးကြီး ပစ္စည်းတွေ လေလံတင်တဲ့ နေရာပဲ။ အဲ့ကောင်က မဟူရာအဆီအနှစ် သလင်းကျောက်ကို လေလံတင်ချင်နေတာလား။”
အန်လင်း ဒေါသထွက်သွားသည်။
သူသည် အရှိန်အဝါအား ဖုံးကွယကာ ရုပ်ရည်ကိုပါ ပြောင်းလဲလိုက်သည်။ တာအိုပေါင်းစည်းခြင်း အဆင့်သာ မဟုတ်ပါက သူ၏ ကျင့်ကြံရေးအား ခန့်မှန်းနိုင်မည် မဟုတ်ပေ။
မကြာမီပင် ကြီးမားလှသော ဘုရားကျောင်းတစ်ခုရှေ့ ရောက်ရှိလာသည်။
“လေလံပွဲက စနေပြီ။ ဘယ်သူမှ ဝင်ခွင့်မရှိတော့ဘူး။”
အားကောင်းမောင်းသန် အစောင့်နှစ်ဦးမှ အန်လင်းအား တားဆီးလာသည်။
အန်လင်း တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။
ထို့နောက် ရေကိုယ်ပွားအား အသက်သွင်းကာ မည်သူမှ မမြင်နိုင်သော ခြုံထည်အား လွှမ်းလိုက်သည်။
“ဟမ့် ငါ့ကိုတားချင်တယ်ပေါ့။”
အန်လင်း၏ မျက်ဝန်းများတွင် အဖြူရောင် အလင်းတစ်ချက် တောက်ပသွားပြီးနောက် တဟုန်ထိုး ပြေးဝင်သွားသည်။ ဝင်္ကပါတစ်ခု ပေါ်ထွက်လာပါသော်လည်း သူသည် တစ်နေရာအား လက်ဖြင့်ထောက်လိုက်သည်။
ထို့နောက် လေလံအိမ်ထဲ ဝင်ရောက်သွားလေသည်။
လေလံပွဲသည် အထွဋ်အထိပ် အနေအထားသို့ ရောက်ရှိနေပုံပေါ်သည်။
“အဲ့လောက်လူများနေတာ။ ငါက ဘယ်လိုသွားရှာရမှာလဲ။”
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
ထားလိုက်ပါတော့..... သဲလွန်စတော့ ရှိလောက်မှာပါ....
လေလံအိမ်တွင် နေရာထိုင်ခင်းများအား ကောင်းကင်၊ ကမ္ဘာမြေနှင့် သေမျိုးဟူ၍ အဆင့်ခွဲထားသည်။
ရန်သူက မဟူရာအဆီအနှစ် သလင်းကျောက်ကိုခိုးပြီး လေလံတင်တာဆိုတော့ နှိမ့်နှိမ့်ချချ နေနေလောက်တယ်.... သေမျိုးအဆင့်မှာ ရှိမလား မသိဘူး.....
အန်လင်းမှာ သေမျိုးအဆင့်အား လှမ်းကြည့်လိုက်သည်။
.......
ထိုအချိန်တွင် ကောင်းကင်အဆင့်ခုံတန်း၌
ဟွမ်ဖုဝမ်မှာ ရနံ့မွှေးသော လက်ဖက်ရည်ကြမ်းအား အေးအေးဆေးဆေး သောက်နေသည်။
သူသည် ကောင်းကင်အဆင့် ခုံတန်းတလျှောက် ကြည့်ရှုလိုက်ပြီးနောက် လှပသော လေလံမယ်လေးများအား အကြည်စိုက်တော့သည်။
ရတနာများအား အပြိုင်အဆိုင် လေလံဆွဲကာ လေလံမယ်လေးများနှင့် ကြာပစ်ရသည်မှာ လေလံပွဲ၏ အစစ်အမှန် အနှစ်သာရပင်။
ဟွမ်ဖုဝမ် လေလံစင်မြင့်အား လှမ်းကြည့်လိုက်သည်။
“လေလံပွဲရဲ့ နောက်ဆုံးရတနာက အင်မော်တယ် ရတနာ မှော်နှင်းစက် နတ်ရေခဲမြစ်ပဲ။ မဟူရာအဆီအနှစ် သလင်းကျောက်ကို စုပ်ယူပြီးရင် အဲ့ဒါကို လိုလာမှာ။ ရကိုရမှဖြစ်မယ်။”
“မဟူရာအဆီအနှစ် သလင်းကျောက်ရဲ့ စွမ်းအင်အပြည့်အဝသာ စုပ်ယူနိုင်ခဲ့ရင် ငါ့ရဲ့ကျင့်ကြံရေးက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်အဆင့် ရောက်သွားမှာ။ အဲ့အချိန်ကြရင် စုကျိုးအင်မော်တယ်ဂိုဏ်းချုပ် လာရင်တောင် နှစ်ယောက်ပေါင်းပြီး ကိုင်တွယ်နိုင်လိမ့်မယ်။”
ဟွမ်ဖုဝမ် အနက်ရောင် ပုတီးစေ့အား ကြည့်ရှုလိုက်သည်။
အကြီးအကဲမင်၏ စကားသံ ထွက်ပေါ်လာသည်။
“အရမ်းမာနမကြီးနဲ့။ ဘာပဲဖြစ်ဖြစ် မင်းက ဇွဲလုံ့လရှိပြီး ပါရမီလည်းကောင်းတော့ အချိန်တန်ရင် အန်လင်းကို ကျော်သွားလိမ့်မယ်။ ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး။ လောလောဆယ် နှိမ့်ချပြီးနေဦး။”
ဟွမ်ဖုဝမ် လက်သီးဆုပ်လိုက်သည်။
“စုကျိုးအင်မော်တယ်ဂိုဏ်းကြောင့် ခင်ဗျားရဲ့ အံ့ဖွယ်အာရုံ အစွမ်းတွေ သုံးလိုက်ရတာ။ ကျွန်တော် သေချာပေါက် လက်စားချေပေးမယ်။”
......
ထိုအချိန်၌....
အန်လင်းမှာ ရန်သူရှာရင်း သက်ပြင်းချလိုက်သည်။
တော်တော်အပုန်းကောင်းတာပဲ....
သေမျိုးအဆင့်က လူတွေအားလုံး သာမန်ချည်းပဲ....
“ရန်သူက သေသေချာချာ ပုန်းနေနိုင်တာပဲ။ တကယ် ရန်သူကောင်းပဲ။”
အန်လင်း ကူကယ်ရာမဲ့စွာ ချီးကျူးလိုက်သည်။
လေလံပွဲအား ဆက်လက်ကျင်းပနေလေသည်။
ရန်သူအား ရှာမတွေ့သေးပါသော်လည်း ကောင်းကင်အဆင့်မှ ကျင့်ကြံသူများ၏ အပြိုင်အဆိုင် လေလံဆွဲမှုကြောင့် ခန်းမတစ်ခုလုံး ဆူညံနေသည်။
ဟွမ်ဖုဝမ်သည် မောက်မာစွာပြုံးကာ အခြားသော လေလံသမားများအား လိုက်နှောင့်ယှက်နေသောကြောင့် အန်လင်းသည်ပင် ထရိုက်ချင်လာသည်။
တော်တော် စိတ်ရှုပ်ဖို့ ကောင်းတဲ့ကောင်.....
မည်သို့ပင်ဆိုစေကာမူ ရန်သူအား ရှာရဦးမည် ဖြစ်သောကြောင့် ထိုသည်ကို အလေးမထားနိုင်ပေ။
“အခုကတော့ မှော်ရတနာကို လေလံတင်မှာ ဖြစ်ပါတယ်။ ကောင်းကင်ရတနာဘုရားကျောင်းအရှင်က ရှေးဟောင်းလက်မှုပညာစျေးမှာ တွေ့ခဲ့တဲ့ မဟူရာသစ်သားပါ။ မူလရင်းမြစ်ကို မသိရပေမယ့် တော်တော်အားကောင်းတဲ့ စွမ်းအင်စီးဆင်းမှု ရှိနေပါတယ်။ အနိမ့်ဆုံး အင်မော်တယ်ရတနာ ဖြစ်တာကြောင့် ကြမ်းခင်းစျေးက စိတ်ဝိဥာဥ်ကျောက်တုံး ငါးသိန်းပါ။”
လေလံမယ်လေး ပြုံးကာပြောလိုက်သည်။
ခန်းမတစ်ခုလုံး အံ့သြသွားရသည်။
ဟွမ်ဖုဝမ်မှာမူ စိတ်ဝင်စားပုံ မရပေ။
သို့သော် အကြီးအကဲမင် စကားဆိုလာသည်။
“နတ်မတာပဲ။ အဲ့ဒါက တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နဂါးရဲ့ ရိုးတွင်းခြင်ဆီ အဆီအနှစ်ပဲ။ မင်းသာရခဲ့ရင် လက်နက်ကောင်းကောင်းတစ်ခု လုပ်ပေးနိုင်တယ်။”
ဟွမ်ဖုဝမ်၏ အကြည့်များ ပြောင်းလဲသွားသည်။
ဒီရိုးတွင်းခြင်ဆီ အဆီအနှစ်က ငါ့ဟာပဲ ဖြစ်ရမယ်....
အဖိုးကြီးနဲ့ နေရတာ ကောင်းတော့ကောင်းသားပဲ... တန်ဖိုးရှိတာ မှန်သမျှ အကုန်သိနေတယ်.....
အန်လင်း၏ မျက်ဝန်းများတွင်လည်း အဖြူရောင် အလင်းများ ဖြတ်ပြေးသွားသည်။
နတ်ဘုရားစစ်ဆေးမှုနည်းစနစ် လက်အောက်မှ မည်သည်မှ မလွတ်မြောက်နိုင်ပေ။
သူ၏စိတ်ထဲသို့ သတင်းအချက်အလက်များ စီးဝင်လာသည်။
(ရိုးတွင်းခြင်ဆီ အဆီအနှစ် : ရှေးဟောင်းနဂါးမျိုးနွယ်စုမှ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ရဲ့စွန်းထျန်၏ ရိုးတွင်းခြင်ဆီ အဆီအနှစ် ဖြစ်သည်။ ဆေးလုံးနှင့် လက်နက်များ ပြုလုပ်ရန် အထူးသင့်လျော်သည်။ တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နဂါး၏ အစစ်အမှန် စိတ်ဆန္ဒကိုလည်း ဉာဏ်အလင်းပွင့်နိုင်ခြေ ရှိသည်။ နတ်အဆင့် ရတနာ ဖြစ်၏။)
အန်လင်း ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။
အနက်ရောင် သစ်သားတဲ့လား.....
အရိုးကြီးဟာကို......
တုံးလိုက်တဲ့လူတွေ....
အဲ့အရိုးက ငါ့အတွက်ပဲ.....