← Chapters

သခိုးမှ လူပြန်ဟစ်ခြင်း

Vol. 87 Ch. 1217

သခိုးမှ လူပြန်ဟစ်ခြင်း

Vol. 87 Ch. 1217

ဟွမ်ဖုဝမ်သည် အန်လင်းအား အာရုံခံလိုက်ပြီးနောက် ထွက်မသွားကြောင်း သေချာမှသာ သက်ပြင်းချလျက် သွမ့်ဖေးရန်ထံ လှည့်ကြည့်လာသည်။

“ငါဘယ်သူလဲ မသိဘူးလား။”

သွမ့်ဖေးရန် အေးစက်စက် ရယ်မောလိုက်သည်။

“ငါက အံ့ဖွယ်ငှက်မွှေးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်ပဲ။ ငါ့ကို ပစ်မှတ်ထားနေတာဆိုတော့ အသက်မရှင်ချင်တော့ဘူးလား။”

ဟွမ်ဖုဝမ်၏ အမူအရာမှာ မထီမဲ့မြင် ရှိလွန်းလှသည်။

“ဘာကို အံ့ဖွယ်ငှက်မွှေးဂိုဏ်းလဲ။ ငါက စုကျိုးအင်မော်တယ်ဂိုဏ်းကိုတောင် ဖြုံတာမဟုတ်ဘူး။ မင်းတို့ကို ဂိုဏ်းသေးသေးလေးကို ဂရုစိုက်နေစရာလား။ ငါဆိုတဲ့ ဟွမ်ဖုဝမ်က အနည်းဆုံး မင်းလိုအမှိုက်ကောင်ကို မကြောက်ဘူး။”

အန်လင်း အမူအရာ ပြောင်းလဲသွားသည်။

ဘာကိစ္စနဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းက ပါလာရတာလဲ.....

နှစ်ကောင်လုံးက မြောက်ကြွမြောက်ကြွနဲ့.....

“ဟားဟားဟား လေကြီးလေကျယ်နဲ့.... မင်းလို စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်ကများ ငါ့လို အထွဋ်အထိပ် အဆင့်ကို ပြောရဲဆိုရဲတယ်ပေါ့။”

“မင်းက အမှိုက်ကောင် နှစ်ကောင်ကို သတ်နိုင်တာနဲ့ပဲ ငါ့ကိုပါ သတ်ရလွယ်တယ် ထင်နေလား။ ငါတို့ကြားက ကွာခြားချက်ကို မသိသေးပုံပဲ။ မင်းက ငါ့အတွက်တော့ ပုရွက်ဆိတ်သာသာသာပါပဲ။”

သွမ့်ဖေးရန်မှာ စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ်အဆင့် အရှိန်အဝါများ ထုတ်လွှတ်လိုက်သည်။

ဟွမ်ဖုဝမ် ဒေါသထွက်လာသည်။

“ငါ့ကို စော်ကားတဲ့သူ မှန်သမျှ အသက်ဆက်ရှင်ခွင့် မရှိဘူး။”

“သွမ့်ဖေးရန်....”

ဟွမ်ဖုဝမ် လက်ညှိုးငေါက်ငေါက် ထိုးလိုက်သည်။

“တိုက်ပွဲတစ်ခုမှာ မင်းတို့ဂိုဏ်းရဲ့ တပည့်က အပြစ်မရှိတဲ့ သေမျိုးလူသား သုံးယောက်ကို သတ်ခဲ့တယ်။ သူတို့တွေအတွက် ငါကိုယ်တိုင် လက်စားချေပေးမယ်။ မင်းသေလိုက်တော့။”

သွမ့်ဖေးရန် ကြောင်တောင်တောင် ဖြစ်သွားသည်။

“ဘာလဲဟ...”

ဝုန်း.....

ဟွမ်ဖုဝမ်သည် လက်များအား ဓားသွားအဖြစ် ပြောင်းလဲကာ ထက်ရှလှသော အမှောင်ထု စွမ်းအင်နှင့်အတူ ရှေ့တက်လာလေပြီ။

အမှောင်ထုကောင်းကင်ဖျက်စီးခြင်းခုတ်ချက်....

ဟွမ်ဖုဝမ် လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။

သွမ့်ဖေးရန်သည် အဆင့်မြင့် စိတ်ဝိဥာဥ်လက်နက် လက်အိတ်များ ဝတ်ဆင်ကာ ကြောက်ရွံ့မှု မရှိပဲ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ဝုန်း....

ဟွမ်ဖုဝမ်၏ လက်ဓားနှင့် သွမ့်ဖေးရန် လက်သီးတို့ ထိပ်တိုက်တွေ့ဆုံသွားလေသည်။

စွမ်းအင်လှိုင်းဂယက်များ မီတာထောင်နှင့်ချီ ပြန့်ကားကုန်သည်။

သွမ့်ဖေးရန်၏ လက်သီးမှ အက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ သွေးများပန်းထွက်လာ၏။

“အား.....”

သွမ့်ဖေးရန် နောက်သို့ဆုတ်သွားရသည်။

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူသည် ထိုသို့ကျင့်စဥ်မျိုး ပိုင်ဆိုင်ထားမည်ဟု ထင်မှတ်မထားခဲ့ပေ။

ဟွမ်ဖုဝမ်သည် အခွင့်အရေးအား အမိအရယူကာ အားပါးတရ သမတော့သည်။

သွမ့်ဖေးရန်မှာ သေလောက်အောင် ထောင်းခံနေရသည်။

“ငါ့ပါရမီက တိုက်ခိုက်ရေးစွမ်းရည် ဒီလောက်ကောင်းတာကို မင်းက ဘာလို့ အဲ့လောက်တောင် ကြမ်းနေရတာလဲ။”

သွမ့်ဖေးရန် အံ့အားသင့်ကာ လေတောင်ပံအား ထုတ်လိုက်သည်။

အန်လင်းသည်လည်း ကြောင်တောင်တောင် ဖြစ်နေသည်။

သွမ့်ဖေးရန်က လျှို့ဝှက်ကျင့်စဥ်သုံးပြီး ဟွမ်ဖုဝမ်ကို မသတ်သေးဘူးလားဟ....

သွမ့်ဖေးရန်မှာ လေတောင်ပံနှင့်အတူ စတင်ထွက်ပြေးတော့သည်။

“လွတ်မယ်မထင်နဲ့။”

ဟွမ်ဖုဝမ်မှာ အဆောင်တစ်ခုအား ပစ်လွှတ်လိုက်သည်။

ဝှစ်....

အပြာရောင်သင်္ကေတနှင့်အတူ စွမ်းအင်များ ဖြာထွက်ကာ လေထုမှာ အေးခဲသွားသည်။

သွမ့်ဖေးရန် ထိတ်လန့်နေလေပြီ။

ဟွမ်ဖုဝမ်မှာ ၎င်းနားရောက်ရှိသွားသည်။

“မင်း.... မင်းငါ့ကို သတ်လို့မရဘူး။”

သွမ့်ဖေးရန် အော်ဟစ်လိုက်သည်။

“ငါသာသေသွားရင် အံ့ဖွယ်ငှက်မွှေးဂိုဏ်းက မင်းကိုခွင့်လွှတ်မယ် မထင်နဲ့။”

“အံ့ဖွယ်ငှက်မွှေးဂိုဏ်းကို မျက်စိထဲကို မထည့်တာ။ တစ်နေ့ကြရင် ငါကိုယ်တိုင် ဖျက်စီးပစ်ဦးမှာ။”

ရွှပ်.....

သွေးများပန်းထွက်လာ၏။

သွမ့်ဖေးရန်၏ အသက်စွမ်းအင်မှာ ပျောက်ကွယ်သွားလေပြီ။

အံ့ဖွယ်ငှက်မွှေးဂိုဏ်း၏ ဂိုဏ်းချုပ်ငယ်လေးမှာ ထိုသို့နှင့်ပင် အဆုံးသတ်သွားရသည်။

ဟွမ်ဖုဝမ်မှာ ရတနာများ ရယူရင်း ရယ်မောနေမိသည်။

“သွမ့်ဖေးရန်က မောက်မာတဲ့ကောင်ပဲ။ မိန်းကလေးတွေကိုလည်း စော်ကားသေးတယ်။ အားနည်းတဲ့ ကျင့်ကြံသူတွေကိုလည်း ပုရွက်ဆိတ်သာသာပဲ သဘောထားတာ။ အဲ့ဒါကြောင့် အဲ့လို မိစ္ဆာကောင်ကို သတ်သင့်တယ်။ ငါက ကောင်းကင်ဘုံအစား တရားမျှတမှု ယူဆောင်ပေးတာပဲ။”

ဟွမ်ဖုဝမ် ရေရွတ်လိုက်သည်။

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

သွမ့်ဖေးရန်က ဟင်းလင်းပြင်သို့အပြန် အဆင့်ထိတောင် တက်နိုင်တယ် မဟုတ်ဘူးလား.... ဘာတွေဖြစ်နေတာလဲ.....

ဒါက လုံးဝအဓိပ္ပါယ် မရှိဘူး....

ဟွမ်ဖုဝမ်သည် သွမ့်ဖေးရန်အား အေးအေးဆေးဆေး သတ်ဖြတ်သွားခဲ့သည်။

ဟွမ်ဖုဝမ် စကားဆိုလာသည်။

“ပုန်းမနေနဲ့တော့။ မင်းရှိနေတာ ငါသိတယ်။”

အန်လင်း ထိတ်လန့်သွားသည်။

သွမ့်ဖေးရန်သည်ပင် အာရုံမခံနိုင်ပါသော်လည်း စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်မှ သိနေလေသည်။

အန်လင်း ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။

“မင်းက သိနေတာပဲ။”

သူစကားဆက်လိုက်သည်။

“မင်းကို အထင်သေးမိသွားတယ်။”

ဟွမ်ဖုဝမ် ခပ်ဖွဖွ ပြုံးလိုက်သည်။

“ငါ့မှာ အမှောင်ထုဧကရာဇ် အမှန်တရားမျက်လုံးတွေ ရှိတယ်။ မင်းက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အထွဋ်အထိပ် အဆင့်ဆိုပေမယ့် သွမ့်ဖေးရန်ထက် ပိုသာတာပဲ။”

သူသည် အနည်းငယ်ပင် ကြောက်ပုံမရပေ။

“ဘာပဲဖြစ်ဖြစ် ငါနဲ့တွေ့ရတာ ကံဆိုးတာပဲ။”

ဟွမ်ဖုဝမ် ရယ်မောလိုက်သည်။

“ငါ့အမြင်မှာတော့ မင်းက နည်းနည်းပိုကြီးတဲ့ ပုရွက်ဆိတ်ပါပဲ။ အပြစ်မရှိတဲ့သူကို မသတ်ချင်ဘူး။ မင်းခိုးထားတာတွေ ငါ့ကိုပေးစမ်း။”

အန်လင်း အံ့အားသင့်သွားသည်။

“ငါ့ပိုက်ဆံနဲ့ငါ ဝယ်ထားတာလေ။”

“ငါ့စကားကို နားမလည်တာလား။”

ဟွမ်ဖုဝမ်၏ အရှိန်အဝါများ ခက်ထန်လာသည်။

အန်လင်း အမူအရာ ပြောင်းလဲသွားသည်။

“မင်းက သောက်ရူးလား။”

သူသည် ဟွမ်ဖုဝမ်အား အရူးတစ်ယောက်လို ကြည့်လိုက်သည်။

“အရင်တစ်ခါကလည်း မဟူရာအဆီအနှစ် သလင်းကျောက်ကို ငါရခဲ့ပေမယ့် ငါ့ဆီက ခိုးချင်တဲ့ အရူးတစ်သိုက် ရှိခဲ့တယ်။ အခုမင်းလိုပေါ့။ အဲ့ပစ္စည်းက ငါ့ဟာပဲ။ ဘာလို့နားမလည်ရတာလဲ။”

“ငါ့ကို အညံ့ခံရင် အသက်ရှင်မယ်။ ငြင်းဆန်ရင်တော့ သုတ်သင်ခံရမယ်။ ငါက စကြာဝဠာရဲ့ အထွဋ်အထိပ်ကို ရောက်မယ့်သူပဲ။ မင်းက ခေါင်းမာနေမှတော့ သေခိုင်းရတော့မှာပေါ့။”

ဟွမ်ဖုဝမ် အန်လင်းထံ လျှောက်လှမ်းလာသည်။

အန်လင်း ကြောင်တောင်တောင် ဖြစ်နေမိသည်။

အဲ့လိုကိုး... သွမ့်ဖေးရန်ကိုသတ်ပြီး ငါ့ကိုလည်း မြင်နိုင်တယ်... အဲ့ဒါကြောင့် ပိုင်လင်ကလည်း တောင်ပိုင်းကို သွားနေတယ် ပြောတာကိုး.....

အားလုံးက အဓိပ္ပါယ် ရှိသွားပြီ....

သောက်ကျိုးနည်း .... ဒင်းကိုယ်တိုင် ထုတ်ပြောလာလို့ တော်သေးတယ်...

“ကြောက်လွန်းလို့ မလှုပ်နိုင်တော့ဘူးလား။ နောင်တရဖို့ နောက်ကျသွားပြီကွ။ ပုရွက်ဆိတ်တွေဆိုတာ ကိုယ့်အဆင့်ကိုယ် သိသင့်တယ်။ မင်းက သေလမ်းရှာနေတာပဲ။”

ဟွမ်ဖုဝမ် တိုက်ခိုက်လာသည်။

ဝှစ်.....

အန်လင်း ပျောက်ကွယ်သွားလေသည်။

ဟွမ်ဖုဝမ် မျက်မှောင်ကျုံ့လိုက်သည်။

သူမတုံ့ပြန်နိုင်ခင်မှာပင် ရွှေလက်သီးတစ်လုံး ပျံဝဲလာတော့သည်။

ထိုးနှက်မှုမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် လျင်မြန်လှ၏။

ဝုန်း.....

ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

စွမ်းအင်လှိုင်းဂယက်များ ပြန့်ကားသွားသည်။

ဟွမ်ဖုဝမ် မျက်နှာပြားဝင်ကာ သွားများကျွတ်ထွက်ကုန်သည်။

“ဖူး....”

သူသွေးပွက်ပွက်အန်ကာ အရိုးကြိုးပြတ် လဲကျသွားရသည်။

All Chapters