← Chapters

ခွေးပျံနှင့်ဓားပျံ

Vol. 87 Ch. 1220

ခွေးပျံနှင့်ဓားပျံ

Vol. 87 Ch. 1220

“အစ်ကိုကြီးအန် ခရီးသွားဖို့က ရှားပါးအခွင့်အရေးလေးကို မရဏဝိဥာဥ်မိစ္ဆာမြေကို ရွေးတယ်ပေါ့လေ။”

တပိုင် မကျေမနပ် ဖြစ်နေသည်။

မရဏဝိဥာဥ်မိစ္ဆာမြေသည် ရှေးဦးအာကာပြင်ပြည်နယ်တွင် တည်ရှိသည်။

ရှေးယခင်က မရဏဝိဥာဥ်မိစ္ဆာမြေသည် စည်ကားသိုက်ဝန်းသော နေရာတစ်ခု ဖြစ်ခဲ့ဖူးသည်။ သို့သော် အမှောင်ထုတာအိုဂိုဏ်း ကြီးထွားလာပြီးနောက် အမှောင်ထုသွေးဧကရာဇ်မှာ ကျယ်ပြန့်သော ကုန်းမြေတစ်ခုလုံးကို သွေးပင်လယ် ဝေစေခဲ့သောကြောင့် အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရသည်။

ထို့ကြောင့် မရဏဝိဥာဥ်မိစ္ဆာမြေသည် ဒေါသတရားများ ဖုံးလွှမ်းနေသော နေရာတစ်ခု ဖြစ်လာခဲ့သည်။ နှစ်ပေါင်းသောင်းနှင့်ချီပြီးနောက် ထိုနေရာသည် ထူးခြားလာကာ ကြောက်မက်ဖွယ် လောကနိယာမများ မွေးဖွားလာသည်။

ကိုးပြည်ထောင်တွင်လည်း စွန့်ပစ်နေရာတစ်ခု ဖြစ်လာပြီး သေမျိုးများကို မဆိုထားနှင့် ကျင့်ကြံသူများအတွက်ပင် အသက်အန္တရာယ် ရှိစေနိုင်သည်။

ထို့ကြောင့်ပင် တပိုင်မှာ ကြောက်ရွံ့နေရသည်။

“တပိုင် မင်းကိုငါ ကာကွယ်ထားတယ်လေ။ ဘာတွေကြောက်နေတာလဲ။”

အန်လင်း ပြုံးကာပြောလိုက်သည်။

“ဘာအန္တရာယ်ပဲရှိရှိ မင်းလုံခြုံစေရမယ်။”

တပိုင် မျက်နှာနီသွားသည်။

“အစ်ကိုကြီးအန်က နှစ်သိမ့်တာ တော်လာတာပဲ.... ဝုတ်။”

အန်လင်း တိတ်ဆိတ်စွာသာ နေလိုက်သည်။

မဟုတ်ရင် မင်းကို အေးအေးဆေးဆေး စီးရမှာမှ မဟုတ်တာ....

လူနှင့်ခွေးမှာ နေရာရွှေ့ပြောင်းရေး အစီအရင်နှင့် ရှေးဦးအာကာပြင်ပြည်နယ်သို့ ရောက်လာပြီးနောက် မရဏဝိဥာဥ်မိစ္ဆာမြေထံ ခရီးဆက်ခဲ့ကြသည်။ လမ်းတလျှောက်တွင် ဓားပျံစီးနေသော ကျင့်ကြံသူများစွာကို တွေ့နိုင်သည်။

“အစ်ကိုကြီးအတ် ဒီမှာ ဓားပျံစီးတဲ့ကောင်တွေ များလိုက်တာ။ မောက်လည်း မောက်မာကြတဲ့ပုံပဲ။”

တပိုင် မဲ့ရွဲ့ကာ ပြောလာသည်။

အန်လင်း ပြုံးကာရှင်းပြလိုက်သည်။

“ကောင်းကင်ဓားဂိုဏ်းက ရှေးဦးအာကာပြင်ပြည်နယ်မှာ ရှိတာလေ။ အဲ့ဒါကြောင့် ဓားကျင့်စဥ်နောက် လိုက်တဲ့သူများတာ မဆန်းပါဘူး။ အားလုံးက လွတ်လပ်တဲ့ ဓားအင်မော်တယ်တွေဆိုတော့ နည်းနည်းပိုပြီး မောက်မာကြမှာပေါ့။”

“မမောက်မာရင် ဓားတာအိုရဲ့ စစ်မှန်မှုကို နားမလည်နိုင်ဘူးလေ။ ဓားဆိုတဲ့ လက်နက်က တင့်တင့်တယ်တယ် သတ်ဖြတ်နိုင်ဖို့ပဲ။ ကြွားလုံးထုတ်ဖို့ဆိုလည်း ဟုတ်တယ်။”

တပိုင် သဘောပေါက်သွားသည်။

“အစ်ကိုကြီးအန် ရှင်းပြတာ အရမ်းမိုက်တာပဲ..... ဝုတ်။”

ထိုအချိန်တွင် လက်ပိုက်ထားသော ဓားပျံစီးသူမှာ အန်လင်းတို့အား အထင်သေးစွာ ကြည့်ရှုလာသည်။

ဒီပုံစံက.....

အန်လင်း ပေါက်ကွဲသွားသည်။

“ယီးကြည့်တာလား။ မင်းက ခွေးပျံစီးတဲ့သူကို သောက်ထင်သေးနေတာလား။”

ဓားပျံစီးသူမှာ အန်လင်းသည် မတူမတန်သည့်အလား ပျံသန်းနေသော အရှိန်ကို မြှင့်တင်လိုက်သည်။

အန်လင်း မျက်နှာပျက်သွားသည်။

“တပိုင်....”

“တချို့က သည်းခံနိုင်ပေမယ့် ဒီခွေးက သည်းမခံနိုင်ဘူး။”

တပိုင်လည်း ဒေါသထွက်နေသောကြောင့် အရှိန်အား ကြောက်မက်ဖွယ် မြှင့်တင်လိုက်သည်။

ဝုန်း.....

တပိုင်မှာ အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားလေသည်။

ဓားပျံစီးသူမှာ ထိတ်လန့်သွားပုံရသည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းသည် တိုက်ပွဲစိတ်ဆန္ဒများ ထကြွလာပြီးနောက် လက်သင်္ကေတများ ပြောင်းလဲကာ အရှိန်အား ပိုမိုမြှင့်တင်လာသည်။

၎င်းသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ဖြစ်သောကြောင့် အထင်သေး၍ မရပေ။

“ဟမ့် ငါ့ကိုများ စိန်ခေါ်ရဲတယ်ပေါ့။ ဒီသခင်ကြီးက မင်းကိုပြပေးမယ်.... ဝုတ်....”

တပိုင်မှာ လျှာထုတ်ကာ ယမ်းနေလျက် အမြှီးကိုလည်း လေဒလက်သဖွယ်လှည့်ကာ အရှိန်မြှင့်လိုက်သည်။

ဝှစ်.....

၎င်းတို့နှစ်ဦး နီးကပ်နေလေပြီ။

ဓားပျံစီးသူမှာ အမူအရာ ပြောင်းလဲကာ အရှိန်တင်ပါသော်လည်း အကန့်အသတ် ရောက်နေပြီ ဖြစ်သောကြောင့် အဆုံးတွင် တပိုင်ကသာ ကျော်တက်သွားတော့သည်။

“ဟားဟားဟား အသုံးမကျပဲ စိန်ခေါ်ရဲသေးတယ်။ ငါ့ရဲ့ လေဟုန်ခွင်းခွေးပျံပုံစံကို ကြောက်သွားပြီမလား။”

တပိုင် ဖင်ခါကာ ပြောလိုက်သည်။

“မင်း....”

ဓားပျံစီးသူမှာ ဒေါသကြောင့် နဖူးသွေးကြောများပင် ထောင်ထနေရသည်။

ထို့နောက် ပိုအရှက်ကွဲရမည့်ကိစ္စ ဖြစ်ပေါ်လာသည်။

“ဘူ....”

တပိုင် အီးပေါက်လိုက်သောကြောင့် သူသေပါသေချင်သွားလေသည်။

ဓားအင်မော်တယ် ဖြစ်သောကြောင့် မာနတရားနှင့် စိတ်ဓာတ်ပြတ်သားမှုများ ရှိနေပါသော်လည်း အရှက်ကွဲ၊ ဖိနှိပ်ခံရကာ အီးပါပေါက်ခံရသည့် ခံစားချက်မှာ ဆိုးရွားလွန်းလှသည်။

သူသည် ထိုသို့မဟုတ်ကြောင်း သက်သေပြလိုပါသော်လည်း ထိုခွေးနှင့် ကွာခြားချက်မှာ ကြီးမားနေသည်။

တပိုင်အား မယှဥ်နိုင်ကြောင်း သိနေပါသော်လည်း လက်မလျှော့လိုသောကြောင့် အရှက်ကွဲခြင်းကိုသာ ခံစားခဲ့ရသည်။

“ငါတို့က တစ်ယောက်ကိုတစ်ယောက် ရန်စရုံလေးပဲဟာ။ သူတို့ ခဏနေ ထွက်သွားလောက်ပါပြီ။ ငါနည်းနည်းပဲ သည်းခံရမှာ။”

တပိုင်တို့သည် နီးသည်လည်းမဟုတ်၊ ဝေးသည်လည်းမဟုတ် သင့်တင့်သော အကွာအဝေးတွင်နေကာ ဓားပျံစီးသူအား အီးနံ့ လက်ဆောင်ပေးနေသည်။

ဆယ့်ငါးမိနစ် ကြာပြီးနောက်....

“အစ်ကိုကြီးအန် အဲ့ကောင် အခုထိ လက်မလျှော့သေးဘူးပဲ..... ဝုတ်။”

တပိုင် အသိအမှတ် ပြုလိုက်မိသည်။

အန်လင်း လှည်ကြည့်ကာ အံ့အားသင့်သွားမိသည်။

မမှီနိုင်တာ သိနေရက်နဲ့ ဓားအင်မော်တယ် သိက္ခာကြောင့်များလား.....

“စိတ်ထဲမထားနဲ့။ အီးသာပေါက်နေ။”

အန်လင်း စကားဆိုလိုက်သည်။

တပိုင် ရယ်မောလာသည်။

“မသိရင် ဆူနေသလိုပဲ။”

(ခွေးအီးပေါက်တာက တရုတ်မှာဆို ဆဲဆိုတဲ့ ဗန်းစကားတစ်ခုလိုပါ။)

တပိုင်မှာ အီးတစ်လုံး ထပ်ပေါက်လိုက်သည်။

“အရမ်းတရားလွန်သွားပြီ။”

ဓားပျံစီးသူမှာ အလွန်ဒေါသထွက်နေသည်။

ဒင်းတို့ရူးနေတာလား... ဘာလို့ ထွက်မသွားကြသေးတာလဲ.....

ငါတို့ တစ်နေရာတည်း သွားနေတာမှ မဟုတ်တာကို.....

ဓားပျံစီးသူမှာ ငိုမိမတက် ဖြစ်နေရသည်။

ဒီခွေးသာ ထွက်သွားရင် ငါလည်း လိုက်နေစရာ မလိုတော့ဘူး..... အဲ့ဒါမှ ငါ့တာအိုနှလုံးသား မထိခိုက်မှာ.....

ဘာလို့ ငါ့ကို အနိုင်ကျင့်နေရတာလဲ.....

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်.....

တပိုင် အသိအမှတ်ပြုစွာ ပြောလာသည်။

“မင်းရဲ့ စိတ်ဓာတ်ကိုတော့ လေးစားတယ်။ အရှုံးပေးလိုက်ပါလား။ အဲ့လိုဆို အီးမပေါက်တော့ဘူး.... ဝုတ်။”

စင်စစ်တွင်မူ ၎င်းတွင်ပေါက်စရာအီးလည်း မကျန်တော့ပေ။

ဓားပျံစီးသူ အံကြိတ်လိုက်သည်။

“မင်းက ငါ့ကို အရှက်ခွဲဖို့သက်သက် အချိန်ဖြုန်းနေတာပဲ။ အရမ်းကို ကြီးကျယ်မြင့်မြတ်လှပါတယ်။”

တပိုင် ကြောင်တောင်တောင် ဖြစ်သွားသည်။

“လာနောက်နေတာလား။ မင်းကမှ လက်မလျှော့ပဲ နောက်ကလိုက်နေတာလေ... ဝုတ်။”

ဓားပျံစီးသူ ပေါက်ကွဲသွားသည်။

“ခွေးချီး...” (ဆဲရေးလိုက်ခြင်းဖြစ်သည်။)

“မင်းတောင်းဆိုတာ များလွန်းတယ်။”

“အီးတွေပေါက်ပေးပြီးပြီလေ။ ပါစရာ မကျန်တော့ဘူး.... ဝုတ်။”

တပိုင် ရွံရှာစွာ ပြောလိုက်သည်။

ဓားပျံစီးသူ : “.....”

၎င်းမှာ နှလုံးဖောက်တော့မလိုပင် ခံစားနေရသည်။

ထို့နောက် တည်ငြိမ်အောင်ထိန်းကာ မေးလာသည်။

“ငါက နောက်ကလိုက်နေတာဆိုတော့ မင်းတို့က ဘယ်သွားမလို့လဲ။”

“မရဏဝိဥာဥ်မိစ္ဆာမြေလေ.... ဝုတ်။”

တပိုင် ရိုးရိုးသားသား ဖြေလိုက်သည်။

ဓားပျံစီးသူ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

“သောက်.... သောက်ကျိုးနည်း ငါလည်းတူတူပဲ။”

All Chapters