← Chapters

မရဏဝိဥာဥ်မိစ္ဆာမြေ

Vol. 87 Ch. 1222

မရဏဝိဥာဥ်မိစ္ဆာမြေ

Vol. 87 Ch. 1222

ထိုသို့ဖြင့် ၎င်းတို့မှာ အဖွဲ့ဖြစ်သွားကြသည်။

“ဓားအင်မော်တယ် အန်လင်း ဒါက မရဏဝိဥာဥ်မိစ္ဆာမြေ မြေပုံပါ။”

စွန်းယွီလော့ မြေပုံအား ထုတ်ပေးလာသည်။

မြေပုံတွင် အမှတ်အသားများစွာ ရှိနေပြီး အန္တရာယ်ရှိသော တည်နေရာများပါ ရေးမှတ်ထားပါသော်လည်း သွေးထွက်သောတောင်အကြောင်း မပါဝင်ပေ။

“ဒီနေရာ သွားကြည့်ရအောင်။”

အန်လင်း စကားဆိုလိုက်သည်။

“ဟုတ်ကဲ့ပါ။”

စွန်းယွီလော့ ခေါင်းညိတ်ပြလာသည်။

အန်လင်းသည် စွန်းယွီလော့အား လက်ခံလိုက်ရသော အကြောင်းအရင်း နှစ်ခု ရှိသည်။ ပထမ တစ်ခုသည် မြေပုံကြောင့်ဖြစ်ကာ ဒုတိယ တစ်ခုသည် နားဝင်ပီယံ ရှိလှသည့် “ဓားအင်မော်တယ် အန်လင်း”ဟူသော အခေါ်ကြောင့်ပင်။

သို့သော် မကြာမီပင် နားကလောလာသည်။

စွန်းယွီလော့မှာ ပါးစပ်မပိတ်နိုင်ပေ။

“ဓားအင်မော်တယ် အန်လင်း ဓားအင်မော်တယ် အန်လင်း ဓားလမ်းစဥ်နောက် စလိုက်တုန်းက အသက်ဘယ်လောက်လဲ။”

“ဆယ့်ကိုး...”

“ဘုရားရေ ငယ်ငယ်တည်းက ကျင့်လာတာ မဟုတ်ဘူးပေါ့။ တကယ်ထူးခြားတာပဲ။”

“ငါ့ကျင့်ကြံရေးတောင် ဘယ်လောက်မှ မကြာသေးဘူး။”

“ဝါး... ထိုက်ချူကုန်းမြေရဲ့ နံပါတ်တစ် ဓားအင်မော်တယ်လို့ မပြောရဘူး။ ပါရမီက အံ့မခမ်းပဲ။”

“ကြင်နာလွန်းနေပါပြီ။”

“ဓားအင်မော်တယ် အန်လင်းရဲ့ ဆရာကရော ဘယ်သူလဲဟင်။”

“မင်းတော်တော် စကားများတာပဲ။ ငါ့ဆရာက အီချီကို ကုရိုဆကိ။”

(အီချီကို ကုရိုဆကိက Bleachထဲက ဇာတ်ဆောင်ပါ။)

“အီချီကို ကုရိုဆကိတဲ့လား။ နာမည်က ထူးခြားလိုက်တာ။ အရမ်းတော်တဲ့ ဓားအင်မော်တယ်လားဟင်။”

“ဟုတ်တယ်။ အရမ်းတော်တာ။ ဘာပဲဖြစ်ဖြစ် မင်းပါးစပ်ပိတ်လို့ ရပြီလား။”

“ဒါပေါ့။”

စွန်းယွီလော့ ခေါင်းညိတ်ပြကာ စကားဆိုလာသည်။

“ဓားအင်မော်တယ် အန်လင်းက ဓားဘယ်လိုကျင့်တာလဲဟင်။”

အန်လင်း တုံ့ပြန်လိုက်သည်။

“ငါ့ဓားကို မီးဖိုချောင်ဓားလုပ်ပြီးကျင့်တာ။”

စွန်းယွီလော့ အံ့သြသွားသည်။

“မီးဖိုချောင်ဓားလုပ်ပြီး ကျင့်တာလား။ အခြေခံ သဘောတရပေါ့။ သာမန်အကျဆုံး နည်းလမ်းတွေက ကောင်းကင်နဲ့မြေပြင်ကို ပိုနားလည်သဘောပေါက်ပြီး တာအိုတရားကို ပိုသိလာစေတယ်ထင်တယ်။”

အန်လင်း နှုတ်ခမ်းမဲ့သွားသည်။

“စွန်းလေး မင်းကတော့ တကယ့်စံပါပဲ။”

“ဓားအင်မော်တယ် အန်လင်း ခင်ဗျားဓားနာမည်က ဘာလဲဟင်။ ဘာလို့လွယ်ထားတာလဲ။ ဆက်နွယ်မှု ပိုရအောင်လို့လား။”

စွန်းယွီလော့ အဆက်မပြတ် မေးမြန်းနေသည်။

အန်လင်း မျက်နှာပျက်လာသည်။

“သောက်ပေါက်ကို ပိတ်ထားပါဆိုနေမှ....”

စွန်းယွီလော့ ငြိမ်သက်သွားသည်။

“အိုး...”

ခေတ္တကြာပြီးနောက်....

“ဓားအင်မော်တယ် အန်လင်း....”

“လစ်စမ်း...”

......

၎င်းတို့သုံးဦးမှာ အသက်စွမ်းအင် ကင်းမဲ့နေသော နေရာသို့ ရောက်လာကြသည်။

မြေပြင်သည် နက်မှောင်ကာ ကောင်းကင်မှာ အသက်မဲ့လှသည်။ အရိုးအေးစေသော ခံစားချက်နှင့်အတူ အပြာရောင် အရိပ်အချို့အား တွေ့နိုင်သည်။

“မရဏဝိဥာဥ်မိစ္ဆာမြေ ရောက်လာပြီဆိုတော့ သတိထားကြ။”

အန်လင်း သတိပေးလိုက်သည်။

မရဏဝိဥာဥ်မိစ္ဆာမြေသည် ရှေးဦးအာကာပြင်ပြည်နယ်၏ အန္တရာယ် အများဆုံး နေရာတစ်ခုပင်။

စွန်းယွီလော့မှာ အန်လင်းအနား ကပ်ပါလာသည်။

မရဏဝိဥာဥ်မိစ္ဆာမြေအား ခြေချလိုက်သည်နှင့် ခဲတော့မတက် အေးသွားရသည်။

ယင်းစွမ်းအင် ထုတ်လွှတ်နေသော အပြာရောင် အရိုးခေါင်းများမှာလည်း ၎င်းတို့ထံ ဦးတည်လာသည်။

“အား....”

စွန်းယွီလော့ ဓားပေါ်မှ ပြုတ်ကျမလို ဖြစ်သွားရသည်။

“ငါ့ကို စားချင်တာလား။ သေလိုက်လေ... ဝုတ်။”

တပိုင်မှာ လေဓားဖြင့် အရိုးခေါင်းအား ဖျက်စီးလိုက်သည်။

“အ... အရမ်းအစွမ်းကြီးတာပဲ။”

စွန်းယွီလော့ ချီးကျူးလာသည်။

“ရန်သူရဲ့ အသိစိတ်ကိုပါ ဖျက်စီးပစ်နိုင်တဲ့ တိုက်ခိုက်မှုပဲ။”

တပိုင် အမြှီးယမ်းလိုက်သည်။

“ငါ့နယ်ပယ်က ခန္ဓာရော၊ စိတ်ရော တပြိုင်တည်း တိုက်ခိုက်နိုင်တယ်လေ။ ဒီလောက်ကတော့ ပါမွှားလေးပါ။”

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။ ထို့ကြောင့်ပင် သူသည် တပိုင်အား ခေါ်ဆောင်လာခြင်း ဖြစ့သည်။ တပိုင်သည် ၎င်းတို့အား အမဲလိုက်နိုင်ရုံသာမက တစ္ဆေများအပေါ် ခံစားနိုင်စွမ်းလည်း မြင့်၏။

“အစ်ကိုကြီးခွေးက သောက်ကြမ်းကြီးပဲဗျာ။”

စွန်းယွီလော့ ချီးကျူးလိုက်သည်။

မရဏဝိဥာဥ်မိစ္ဆာမြေထဲ ရောက်လာသည်နှင့် ကောင်းကင်မှာ ပိုမိုမည်းမှောင်လာသည်။

တောင်ကုန်းတစ်ခုပေါ် ရောက်သောအခါ အမျိုးသမီးတစ်ဦး၏ရယ်သံအား ကြားလိုက်ရသည်။

“ဟီးဟီးဟီး....”

“ဟီးဟီးဟီး....”

ထိုရယ်သံမှာ ကျောချမ်းချင်စဖွယ်ပင်။

စွန်းယွီလော့ ကြက်သီးထသွားရသည်။

“အစ်... အစ်ကိုကြီးခွေး ကြားလိုက်လား။”

တပိုင် ပြုံးကာပြောလာသည်။

“မကြောက်ပါနဲ့ ငါရှိတယ်။”

တပိုင်သည် လေဓားနှင့်အတူ ကျောက်တုံးအားခွဲကာ ပစ်လိုက်သည်နှင့် အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

ရယ်သံ ပျောက်ကွယ်သွားလေပြီ။

“အစ်ကိုကြီးခွေးက အရမ်းတော်တာပဲ။”

စွန်းယွီလော့ လေးစားသွားသည်။

“မမြင်ရတဲ့ တစ္ဆေတွေကို မြင်နိုင်တာလား။”

တပိုင် မာန်ချီကာ ပြောလာသည်။

“ငါ့နယ်ပယ်က သိနိုင်တယ်။”

စွန်းယွီလော့ နှလုံးသားထဲမှ လေးစားသွားသည်။

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။

“မင်းက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်လေ။ ကြောက်ပဲကြောက်နေတော့မှာလား။”

“ကျွန်တော်က ကလေးတည်းက သရဲကြောက်တတ်တာ။”

စွန်းယွီလော့ ရှက်ရွံ့စွာ ဝန်ခံလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ အစ်ကိုကြီးခွေးက ကာကွယ်ပေးမယ်။”

တပိုင် ခေါင်းပုတ်ကာ နှစ်သိမ့်လိုက်သည်။

စွန်းယွီလော့ ကျေးဇူးတင်မိသွားသည်။

အန်လင်း : “.....”

စွန်းယွီလော့သည် အပြာရောင်ဝတ်စုံနှင့် တက်ကြွသော လူငယ်လေးဖြစ်ကာ မျက်ဝန်းများမှာ တောက်ပနေသည်။ သူသည် အသက်ငယ်ပုံ ရပါသော်လည်း စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ဖြစ်နေလေပြီ။

လူငယ်ပါရမီရှင်ဖြစ်ပြီးတော့ သရဲကြောက်စရာလား....

၎င်းတို့မှာ တောင်တန်းရာချီ တွေ့ခဲ့ပါသော်လည်း သွေးထွက်သောတောင်နှင့် ရှေးဟောင်းဓားအား မတွေ့ရသေးပေ။ သရဲအချို့ တွေ့ခဲ့ရပါသော်လည်း အေးအေးဆေးဆေးပင် ကိုင်တွယ်နိုင်ခဲ့သည်။

“ဟိုမှာ မြို့အကြီးကြီးပဲ။”

စွန်းယွီလော့ စိတ်လှုပ်ရှားသွားသည်။

အန်လင်း မြေပုံအား ကြည့်ရှုလိုက်သည်။

“မြေပုံထဲမှာ မပါနေဘူး။”

“မရောက်ဖူးသေးတဲ့ နေရာဖြစ်မှာပေါ့။”

တပိုင် မျက်ဝန်းများ တောက်ပလာသည်။

“မြို့က မရဏဝိဥာဥ်မိစ္ဆာမြေ ဗဟိုဒေသနဲ့ နီးတာပဲ။ သွားကြည့်ကြတာပေါ့။”

အန်လင်း ပြုံးကာပြောလိုက်သည်။

“တကယ်သွားမလို့လား။ ကြောက်ဖို့ကောင်းသလိုပဲ။”

စွန်းယွီလော့ ကြောက်ရွံ့နေမိသည်။

ထိုနေရာတွင် ကောင်းကင်မှာ အလုံးစုံ မည်းမှောင်နေ၏။

ညအချိန်ထက်ပင် ဆိုးရွားနေသေးသည်။

လေများမှာလည်း ခက်ထန်လွန်းလှ၏။

အန်လင်းသည် တပိုင်အားစီးကာ ရှေ့ဆက်လိုက်သည်။

မြို့ထဲရှိ အဆောက်အဦးများမှာ ပျက်စီးနေလေသည်။

တပိုင်မှာ ဟိုဟိုသည်သည် လိုက်ကြည့်ရင်း မျက်မှောင်ကျုံ့လိုက်သည်။

အနက်ရောင် ပုံရိပ်တစ်ခုမှာ ၎င်းတို့ရှေ့ ရောက်ရှိလာသည်။

၎င်း၏ ခန္ဓာကိုယ် အပေါ်ပိုင်းတွင် သွေးကွက်များ ရှိနေပြီး အသားအရေ ဆုတ်ပြဲကာ ကိုယ်တွင်းအင်္ဂါများပါ မြင်နေရသည်။ ၎င်းသည် သားသတ်ဓားအား ကိုင်ထားကာ ခေါင်းပြတ်တစ်ခုလည်း ကိုင်ဆောင်ထားသည်။

ခေါင်းပြတ်ကြီး စကားဆိုလာသည်။

“ခေါင်း... ဘယ်.... မှာ... လဲ တွေ့မိကြသေးလား။”

All Chapters