အရာရှိမင်းနှင့် ပြန်ဆုံခြင်း
Vol. 50 Ch. 679
“လယ်ထွန်တဲ့ သိုင်းပညာကောင်းကင်ဆရာသခင်တဲ့လား”
ချင်မူမှာ သိုင်းပညာကောင်းကင်ဆရာသခင်နှင့် တွေ့ရန် မစောင့်နိုင်တော့ပေ။ ရုတ်တရက် တစ်ခု သတိရလိုက်၏။ “တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကိုယ်သူ တန်ခိုးရှင်လို့ ပြောတယ်... ကောင်းကင်ဆရာသခင်အားလုံး တန်ခိုးရှင်တွေလား”
“မဟုတ်ဘူး”
တံငါသည်အဘိုးအိုက ခေါင်းယမ်းကာ ပြော၏။ “ကောင်းကင်ဆရာသခင်လေးဦးထဲမှာ သူတစ်ယောက်ပဲ တန်ခိုးရှင်လို့ ခေါ်နိုင်တယ်”
ချင်မူ အတန်ငယ် မှင်သက်သွားသည်။ “ဒါပေမဲ့ ကောင်းကင်ဆရာသခင်လေးဦးထဲမှာ ဆရာသစ်ခုတ်သမားရဲ့ သိုင်းအဆင့်က အားအနည်းဆုံးမဟုတ်လား”
တံငါသည်အဘိုးအိုသည် ပြုံးနေသလို၊ မပြုံးနေသလို ထင်ရ၏။ “သူတော်စင်တန်ခိုးရှင်တစ်ယောက်ကို သိုင်းအဆင့် ပေတံနဲ့ တိုင်းတာနေရင် ခိုင်ဧကရာဇ်ခေတ်မှာ တန်ခိုးရှင်တွေ မှိုလိုပေါက်နေမှာပေါ့... သစ်ခုတ်သမားက သိုင်းအဆင့်ကြောင့် တန်ခိုးရှင်သစ်ခုတ်သမား ဖြစ်လာတာမဟုတ်ဘူး... သူ့ရဲ့ ထူးခြားကောင်းမွန်တဲ့ လုပ်ရပ်တွေ၊ အကြံအစည်တွေကြောင့်ပဲ... သူက ခိုင်ဧကရာဇ်ခေတ်ရဲ့ အခြေခံကို နှစ်နှစ်သောင်း ခိုင်မြဲအောင် စွမ်းဆောင်ပေးခဲ့တယ်... ကောင်းကင်ဆရာသခင်လေးယောက်ရဲ့ ခေါင်းဆောင်ကလည်း သူပဲ... နှစ်နှစ်သောင်းပဲ ကြာခဲ့တာတော့ နှမြောစရာကောင်းတယ်”
ချင်မူ ထပ်မေးရန် ပြင်လိုက်သော်လည်း တံငါသည်အဘိုးအိုက ငါးမျှားရာတွင်သာ အာရုံစိုက်နေပြီး ကျန်ကောင်းကင်ဆရာသခင်များအကြောင်း မပြောတော့ပေ။
‘ဆရာသစ်ခုတ်သမားက ဘယ်လိုလုပ်ပြီး ကောင်းကင်ဆရာသခင်လေးဦးရဲ့ ခေါင်းဆောင်ဖြစ်လာတာလဲ... ကျန်တဲ့ ကောင်းကင်ဆရာသခင်က ဘယ်သူများလဲ’
ချင်မူ ရင်ထဲရှိ သံသယများကို မြိုသိပ်၍ ဝိညာဉ်လမ်းညွှန်အစီအရင်ဖြင့် လထိန်းကျောင်းသူတို့၏ ဝိညာဉ်များကို ယိုတုမှ ပြန်ခေါ်လိုက်သည်။ လထိန်းကျောင်းသူအရိုးစု တစ်စုပြီးတစ်စု ထရပ်ကြ၏။
နဂါးချီလင်မှာ တဆတ်ဆတ် တုန်နေပြီး မြေကြီးထဲ ခေါင်းထည့်ကာ မကြည့်ရဲပေ။
ယန်ကျင့်ကျင့်က သူ့ကို နှစ်သိမ့်ပေးသည်။ “ခွေးကြီး မကြောက်ပါနဲ့... သူတို့က သေလူတွေလေ... နင့်ကို ဘာမှမလုပ်ပါဘူး”
ရုတ်တရက် မရဏတမန်တော်တစ်ယောက်က စက္ကူလှေတစ်စင်းဖြင့် ရောက်လာ၍ ခပ်စိမ့်စိမ့် လေအေးတစ်ချက် တိုက်ခတ်သွားသည်။ သူ ကောင်းကင်အလိုတော်မုခ်ဝဆီ ရောက်လာသော်လည်း မုခ်ဝမှဖြတ်ပြီး သက်ရှိကမ္ဘာသို့ ဝင်မလာပေ။ သူက ကျယ်လောင်စွာ အော်လိုက်သည်။ “ဒီတစ်ခေါက် ဘာပြဿနာရှာနေတာလဲ... ငါ ခဏလောက် အေးအေးချမ်းချမ်း နေလို့မရဘူးလား”
ချင်မူ အလျင်အမြန် နှုတ်ဆက်ကာ ပြောလိုက်သည်။ “အရာရှိမင်း၊ တောထဲမှာ အပြစ်မဲ့လူအလောင်းတွေ ပြန့်ကြဲနေတာ မကြည့်ရက်လို့ပါ... ဒါကြောင့် မြေမြှုပ်ပေးမလို့ သူတို့ ဝိညာဉ်တွေကို ပြန်ခေါ်လိုက်တာပါဗျ... မြေမြှုပ်ပြီးသွားတာနဲ့ ယိုတုဆီ ပြန်လွှတ်လိုက်ပါ့မယ်... ခွင့်လွှတ်ပါ ခွင့်လွှတ်ပါ”
မရဏတမန်တော်၏အမူအရာ ပျော့ပျောင်းသွားပြီး လမျှားနေသော တံငါသည်အဘိုးအိုဆီသို့ ကြည့်လိုက်သည်။ သူ့ကြည့်ရသည်မှာ ကြောက်လန့်နေပုံရ၏။ “ချင်ဖုန်းကျင့်၊ ငါက သဘောထားသေးသိမ်တဲ့ လူတစ်ယောက်တော့ မဟုတ်ပေမယ့် မင်း အားတိုင်း ငါတို့ ယိုတုကနေ ဝိညာဉ်တွေ ခေါ်နေလို့မရဘူး... မင်း ဒီတိုင်း ဆက်လုပ်နေရင် မြေအောက်ဘုံအရှင်သခင်ကို ငါ ဘယ်လိုဖြေရမလဲ... ဒီလူတွေရဲ့ ဝိညာဉ်တွေကို ပြီးတာနဲ့ မြန်မြန် ပြန်လွှတ်လိုက်... မြေအောက်ဘုံအရှင်သခင် မင့်ခေါင်းဖြတ်မယ့်အကြောင်း မှတ်ထားလိမ့်မယ်”
ချင်မူ လထိန်းကျောင်းသူတို့အား ဂူများ တူးစေရင်း ကောင်းကင်အလိုတော်မုခ်ဝ၏ တစ်ဖက်ရှိ မရဏတမန်တော်ဆီသို့ လှမ်းပြောလိုက်သည်။ “ဧကရာဇ်ယန်ဖုန်းမှာလည်း ခေါင်းဖြတ်မယ့် စာရင်း မှတ်ထားတဲ့ စာအုပ်လေးတစ်အုပ် ရှိတယ်... မြေအောက်ဘုံအရှင်သခင်မှာလည်း အဲဒီလိုစာအုပ်မျိုး ရှိတာလား ... အရာရှိမင်း၊ မြေအောက်ဘုံအရှင်သခင်ရဲ့ စာအုပ်မှာ တာလီဘယ်နှခု မှတ်ထားလဲ”
မရဏတမန်တော်က သရော်တော်တော် ပြောသည်။ “တခြားသူတွေတော့ မသိဘူး... ဒါပေမဲ့ မင့်ဟာကတော့ စာအုပ်အသေးလေးမဟုတ်ဘူး... ဟော့ဒီလောက် ထူတယ်”
သူက လက်ဟန်ဖြင့် ပြသည်။
ချင်မူ့မျက်နှာ မည်းမှောင်သွား၏။
လထိန်းကျောင်းသူများက အုတ်ဂူများ တူးပြီး၍ ကမ္ဗည်းကျောက်စာတိုင်များ ရေးထိုးနေကြသည်။ ထို့နောက် မိမိ၏အုတ်ဂူတွင် ထိုင်ကာ ချင်မူ့ကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြလေသည်။ “ကျေးဇူးတင်ပါတယ် လူသားဧကရာဇ်”
ချင်မူက ပြန်နှုတ်ဆက်ကာ ပြောလိုက်သည်။ “သစ္စာရှိစစ်သည်တော်အားလုံး ငြိမ်းချမ်းစွာ အနားယူပါတော့”
လထိန်းကျောင်းသူအရိုးစုများက လှဲလိုက်ပြီး ဝိညာဉ်များ ပျံထွက်လာကြသည်။ ဝိညာဉ်တို့က ကောင်းကင်အလိုတော်မုခ်ဝကို ဖြတ်ကာ ယိုတုထဲ ပြန်ဝင်သွားကြ၏။ ချင်မူလည်း နောက်ဆုံးအကြိမ် နှုတ်ဆက်ပြီး လက်ဝှေ့ယမ်းကာ အုတ်ဂူများပိတ်လိုက်သည်။
မရဏတမန်တော်က ပြောသည်။ “ဒီနေ့ ကိစ္စကတော့ ရှိစေတော့... အမှားတစ်ခုလို့ပဲ သဘောထားလိုက်မယ်”
ချင်မူ သင်္ချိုင်းအုတ်ဂူများအကြား လျှောက်ရင်း ကမ္ဗည်းကျောက်စာတိုင်များအပေါ်ရှိ နာမည်များအား ဖတ်နေသည်။ မရဏတမန်တော်၏ စကားကို ကြားလျှင် သူက လှည့်ဖြေသည်။ “ထိုက်ဧကရာဇ်ကောင်ကင်ဘုံရဲ့ စစ်ပွဲမှာတုန်းက မင်တုက ဧည့်သည်တွေ သေခြင်းရှင်ခြင်းစာအုပ် သုံးပြီး မရေမတွက်နိုင်တဲ့ မိစ္ဆာနတ်ဘုရားဝိညာဉ်တွေ ပြန်ခေါ်ခဲ့တယ်... အဲဒီအမှားက ဘယ်လောက်ကြီးလဲ... မြေအောက်ဘုံအရှင်သခင် မှတ်ထားလား”
မရဏတမန်တော် ဆွံ့အသွားပြီး မပြောတတ်တော့ပေ။
ချင်မူက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “မြေအောက်ဘုံအရှင်သခင်တောင် မင်တုရဲ့ မဟူရာနတ်မင်းကို ကြောက်တယ်လား... မင်တုက ယိုတုရဲ့ တစ်စိတ်တစ်ပိုင်းလေးပဲ မဟုတ်ဘူးလား... မဟူရာနတ်မင်း အဲဒီအစိတ်အပိုင်းကို မင်တုအတွက် ယူသွားတုန်းက မြေအောက်ဘုံအရှင်သခင် အီးတောင် မပေါက်ရဲဘူးမလား... မင်တုရဲ့ ဧည့်သည်တွေက သေခြင်းရှင်ခြင်းစာအုပ်နဲ့ မိစ္ဆာဝိညာဉ်တွေကို ဆင့်ခေါ်ပြီး လော့ဖူကောင်းကင်ဘုံနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဖျက်စီးခဲ့တယ်... မြေအောက်ဘုံအရှင်သခင် အီးတစ်ချက်တောင် ပေါက်ရဲလို့လား”
မရဏတမန်တော် ဒေါသထွက်သွားသည်။ “အီးတစ်ချက်တောင် ပေါက်ရဲလို့လားက ဘာစကားတုန်းကွ”
တံငါသည်အဘိုးအို၏ နားရွက်များ လှုပ်သွားသည်။ သူက ငါးမျှားတံကို တင်းတင်းဆုပ်၍ ချင်မူ့ကို အချိန်မရွေး ကယ်တင်ရန် အသင့်ပြင်ထား၏။ သူက သူ့ဘာသာသူ တွေးနေသည်။ ‘ချင်သားတော်က မချင့်ချိန်တတ်ဘူး... ဒီမရဏတမန်တော်က တျန်းချိကျွင်းအရာရှိမင်းရဲ့ ကိုယ်ပွားပဲ... သူ့ကို ရိုင်းပျနေတဲ့အပြင် မြေအောက်ဘုံအရှင်သခင်ကိုတောင် ရိုင်းပျနေတယ်... တျန်းချိကျွင်းအရာရှိမင်း သူ့ကို လွှတ်ပေးတော့မှာ မဟုတ်ဘူး....’
ချင်မူက ပြုံးလိုက်သည်။ “ကျွန်တော့်စကားက မြေအောက်ဘုံအရှင်သခင်က ကြောက်တတ်လွန်းလို့ စကားတစ်ခွန်းတောင် မဟဘူးလို့ ပြောချင်တာ”
“ကြောက်တတ်တယ်က ဘာစကားလဲကွ” မရဏတမန်တော် ဒေါသထွက်နေသေးသည်။
ချင်မူ တွန့်ဆုတ်သွားပြီး တိတ်ဆိတ်သွား၏။
တံငါသည်အဘိုးအိုမှာ အလွန်စိတ်ပူလာပြီး သူ့နောက်ကျောရှိ ကြွက်သားအားလုံး တောင့်တင်းနေသည်။ သူ၏အာရုံများလည်း လေးကြိုးပမာ တင်းနေ၏။ ‘ဒုတိယအကြိမ် မြေအောက်ဘုံအရှင်သခင်အပေါ် ရိုင်းပျပြန်ပြီ.... တျန်းချိကျွင်းအရာရှိမင်း သူ့ကို လွှတ်ပေးတော့မှာမဟုတ်ဘူး’
တခဏကြာသော် မရဏတမန်တော်က သက်ပြင်းချလိုက်သည်။ “ဒါက မြေအောက်ဘုံအရှင်သခင်ရဲ့ အစွမ်းအစနဲ့မဆိုင်ဘူး... အခြေအနေနဲ့ ဆိုင်တယ်.... မင်တုရဲ့ အင်အားက မြေအောက်ဘုံအရှင်သခင်နဲ့ မယှဉ်နိုင်ပေမယ့် ကောင်းကင်ဘုံနတ်ဘုံရဲ့ အင်အားက ကြီးမားလွန်းတယ်လေ”
ချင်မူ နှုတ်ခမ်းဆူသွားသည်။ “အရာရှိမင်း ကျွန်တော့်ကို အနိုင်ကျင့်နေသေးတာပဲ မဟုတ်လား... ကျွန်တော့်အမှားတွေကျ စာအုပ်အထူကြီးနဲ့ မှတ်ထားတယ်.. မင်တုအမှားတွေကရော... မြေအောက်ဘုံအရှင်သခင် အားနည်းသူကို ညှင်းပန်းပြီး အားကြီးသူကျတော့ ကြောက်တတ်တာလား”
မရဏတမန်တော်မှာ ဒေါသထွက်လွန်း၍ ပြောစရာစကားပင် ရှာမတွေ့တော့ပေ။ တခဏကြာသော် သူ တဟားဟား အော်ရယ်သည်။ “ငါ မင်းနဲ့ ရန်မဖြစ်တော့ဘူး... မြေအောက်ဘုံအရှင်သခင်က တရားမျှတတယ်... ကောင်းကင်နတ်ဘုံ အင်အားကြီးတာကြောင့်နဲ့ သူ့စာအုပ်မှာ မမှတ်မှာ မဟုတ်ဘူး.. အဲဒီလိုပဲ မင်းမှာ နောက်ခံမရှိလို့ မင်းရဲ့စာအုပ်ကို ထူလာအောင် လုပ်မှာမဟုတ်ဘူး... မင်းစာအုပ် သိပ်ထူနေရတဲ့ အကြောင်းရင်းက မင်းလုပ်ခဲ့တဲ့ မကောင်းမှုတွေက များလွန်းအားကြီးလို့ကွ”
“ကျွန်တော့်အစ်ကို လုပ်ခဲ့တာကို ဘာလို့ ကျွန်တော့်အပေါ် ပုံချနေတာလဲ”
ချင်မူ ခေါင်းယမ်းကာ ပြောလိုက်၏။ “မင်တုရဲ့ ဧည့်သည်တွေ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ လာပြီး သေခြင်းရှင်ခြင်းစာအုပ်နဲ့ သေသူတွေကို နိုးလိုက်ရင် ယိုတု ဘာလုပ်ပေးနိုင်မှာလဲ... မြေအောက်ဘုံအရှင်သခင် ဘာလုပ်ပေးနိုင်မှာလဲ.. မြေအောက်ဘုံအရှင်သခင် အီးတောင် ပေါက်ရဲမှာမလို့လား”
မရဏတမန်တော် အမျက်တစ်ချောင်းချောင်း ထွက်နေသည်။ “မင်း ပေါက်ကရတွေ ပြောရဲသေးတယ်”
ချင်မူက နာကျင်နေသောအမူအရာဖြင့် စိတ်ပျက်လက်ပျက် ပြောသည်။ “မြေအောက်ဘုံအရှင်သခင်က နည်းနည်းမရက်စက်လွန်းဘူးလား... တရားမျှတတယ်ဆိုလည်း ဘာလို့ ကျွန်တော့်အပေါ် ရက်စက်တာလဲ... အစ်ကိုကြီးကို ယိုတုထဲ ပြန်ပို့ပေးလိုက်တာပဲ ကောင်းမယ်ထင်တယ်...”
မရဏတမန်တော်က သူ့အမူအရာကို ကြည့်ကာ ပြုံးလိုက်သည်။ “ကောင်းကင်နယ်စားမင်းက မင်းကို အတားအဆီးအစီအရင်တစ်ခု ပေးထားတယ်... မင်း သူ့ကို လွှတ်ပေးလို့မရဘူး... ငါ့ကို လှည့်စားမနေနဲ့”
ချင်မူက မိုးမခသစ်ရွက်ကို ခွာကာ တတိယမျက်လုံးအား ဖော်လိုက်သည်။ သူ၏တတိယမျက်လုံး၏ သူငယ်အိမ်ထဲ၌ သူငယ်အိမ်နောက်တစ်ခု ရှိနေကြောင်း မရဏတမန်တော် မြင်လိုက်ရ၏။ ထိုမျက်လုံးက စပ်စပ်စုစု ချောင်းကြည့်နေသော လူတစ်ယောက်၏ မျက်လုံးဖြစ်သည်။
တံငါသည်အဘိုးအိုလည်း လှည့်လာပြီး ချင်မူ၏တတိယမျက်လုံးကို စပ်စုသည်။ သူ့မှာ ငါးမျှားကြိုး ပြန်ရစ်ရန်ပင် မေ့နေ၏။
မြေအောက်ဘုံအရှင်သခင်၏ အတားအဆီးအစီအရင်၊ ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွား၊ ချိဧကရာဇ်၏ အသိစိတ်အလျဉ်နှင့် ဗြဟ္မဗုဒ္ဓတို့ အမှန်တကယ် ရှိနေလား သူ မြင်ချင်မိသည်။
မရဏတမန်တော်သာ မရှိလျှင် ချင်မူ၏ တတိယမျက်လုံးထဲသို့ပင် ဝင်၍ ထိုဝါစဉ်ကြီးနောင်တော်ကြီးများအား ဂရုပြုချင်မိ၏။
မရဏတမန်တော်၏ အမူအရာမှာတော့ အကြီးအကျယ် ပြောင်းလဲသွားသည်။ “ဖုံးထား၊ ပြန်ဖုံးထား... ငါ မင်းကို ကြောက်တယ်လို့ပဲ ထားလိုက်တော့... အရင်ဆုံး ငါ စဉ်းစားပါရစေဦး...”
ချင်မူ မိုးမခသစ်ရွက်ကို ပြန်ကပ်လိုက်၏။
မရဏတမန်တော်မှာ လှေလေးအပေါ်တွင် ရှေ့လျှောက်နောက်လျှောက် လျှောက်ရင်း အခက်တွေ့နေပုံရသည်။ စကားပြောရန် သက်ရှိကမ္ဘာသို့ ဝင်ချင်သော်လည်း ညအချိန်မဟုတ်၍ မသင့်တော်ပြန်ပေ။
ချင်မူက တိတ်ဆိတ်စွာ စောင့်နေပြီး တအောင့်ကြာသည့်အခါ မရဏတမန်တော် သက်ပြင်းချကာ ပြောလိုက်သည်။ “ကောင်းပြီ... မင်းရဲ့ သေခြင်းရှင်ခြင်းစာအုပ်ကို ငါ့ခဏပေး... တစ်ဖက်လူရဲ့ သေခြင်းရှင်ခြင်းစာအုပ်ကို ဖိနှိပ်နိုင်တဲ့ ကောင်ကင်နတ်သိုင်းတစ်ခု ထည့်ပေးမယ်... ဒါဆို ဖြစ်လား”
ချင်မူ အလေးအနက် ပြောလိုက်သည်။ “အရာရှိမင်း၊ လူတစ်ယောက်ကို ငါးတစ်ကောင် ပေးမယ့်အစား ငါးမျှားတတ်အောင် သင်ပေးတာက ပိုမကောင်းဘူးလား... ကျွန်တော့်ကို ကောင်းကင်နတ်သိုင်း သင်ပေးလိုက်တာ ပိုအဆင်မပြေဘူးလား”
မရဏတမန်တော်က ခေါင်းယမ်းကာ ပြောသည်။ “ခွေးကောင်လေး၊ မင်းက ငါ ခုန်ဝင်လာအောင် ထောင်ချောက်ဆင်နေတာပဲ... မင်းကို ယုံလိုက်ရင် ငါ အရူးဖြစ်သွားမှာပေါ့.... ကောင်းကင်နတ်သိုင်းကိုသာ သင်ပေးလိုက်ရင် မင်းက အဲဒါနဲ့ မင်တုကကောင်တွေကို ပညာပေးရုံတင်မကဘူး.... မင်းရဲ့အကျင့်နဲ့ဆို လူတိုင်း တတ်သွားတဲ့အထိ ဖြန့်ဝေပေးဦးမှာမဟုတ်လား... အဲဒီအချိန်ကျလာရင် ငါ့ယိုတု ကောင်းကင်နတ်သိုင်းတွေက လမ်းဘေးက ဟင်းရွက်ကန်စွန်းတွေနဲ့ ဘာထူးတော့မှာလဲ”
ချင်မူ ရှက်သွားသည်။ သူက သေခြင်းရှင်ခြင်းစာအုပ် ထုတ်၍ ပေးလိုက်၏။ “အရာရှိမင်းက အမြော်အမြင်ကြီးမားပါပေတယ်”
“သိပ်ကြီးတာပေါ့ကွာ”
မရဏတမန်တော်က တစ်ဖက်လှည့်ပြီး ကောင်းကင်နတ်သိုင်း ထုတ်ဖော်ကာ သေခြင်းရှင်ခြင်းစာအုပ်အပေါ် ခတ်နှိပ်လိုက်သည်။ ထို့နောက် ပြန်လှည့်လာပြီး စာအုပ်ပြန်ပေး၏။ “အရေးမကြီးရင် ယိုတုရဲ့ ဝိညာဉ်တွေကို မဆင့်ခေါ်နဲ့ ... ငါ့အတွက် ကြောက်စရာကောင်းတယ်ကွ... မင်းခေါ်နေတာလား... မင့်အစ်ကိုကြီး ဝိညာဉ်တွေ စားချင်လို့ ခေါ်နေတာလား ငါမှ မသိနိုင်တာ.... ပြီးတော့ လမျှားနေတဲ့တစ်ယောက်၊ မင်းရဲ့အတွေးက သိပ်အန္တရာယ်များတယ်... ခေါင်းထဲက ထုတ်လိုက်တာ အကောင်းဆုံးပဲ.. မဟုတ်ရင် သူ့အစ်ကိုကြီး မင့်ခေါင်းကို ဖြုတ်စားပစ်လိမ့်မယ်”
သူက လှေလေးကို လှည့်ကာ ထွက်သွားသည်။
ချင်မူ ကောင်းကင်အလိုတော်မုခ်ဝကို ဖယ်ရှားပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် သေခြင်းရှင်ခြင်းစာအုပ်ကို လှန်လှောကြည့်ရှုကာ မရဏတမန်တော်၏ ကောင်းကင်နတ်သိုင်းအား စစ်ဆေးလိုက်၏။
တံငါသည်အဘိုးအိုက ခပ်တိုးတိုး ပြောသည်။ “တျန်းချိကျွင်းအရာရှိမင်းက စကားကို ဒဲ့ပြောတတ်တာလား.... ငါ့ခေါင်းကို ဖြုတ်ပြီး စားလိမ့်မယ်ဆိုတာလေ.... မင့်အစ်ကိုကြီးက အဲဒီလောက် ကြမ်းတယ်လား”
ချင်မူ ခေါင်းညိတ်ပြလိုက်၏။ “မတရားကြမ်းတယ်... ဆရာဦးလေး သူ့ကို ဘယ်တော့မှ ရန်သွားမစနဲ့”
တံငါသည်အဘိုးအိုက လတစ်စင်း ဆွဲတင်လိုက်ပြီး သူ၏မူလဝိညာဉ်သည် လကို လက်ဝါးထဲ၌ ပွတ်သပ်နေ၏။ မကြာမီ လကား ပန်းကန်ပြားအရွယ်သာ ရှိတော့သည်။ “တစ်ချက်ကြည့်လိုက်... ငါ့ခွန်အားက ဘယ်လိုလဲ”
ချင်မူ ချီးကျူးလိုက်သည်။ “ကောင်းကင်ဆရာသခင်ရဲ့ ခွန်အားက ပြိုင်ဘက်ကင်းတဲ့အပြင် သိုင်းစွမ်းရည်ကလည်း သိပ်ပြင်းထန်ပါတယ်... ဆရာသစ်ခုတ်သမားထက်လည်း အများကြီး သန်မာအားကောင်းတယ်”
တံငါသည်အဘိုးအို မေးလိုက်သည်။ “ငါ မင်းအစ်ကိုကြီးကို ရန်သွားစလို့ရလောက်လား”
ချင်မူမှာ ခေါင်းကုတ်ရင်း ပြောလိုက်၏။ “ကျွန်တော် အစ်ကိုကြီးကြောင့် မျက်လုံးထဲ ရောက်သွားတုန်းက ကောင်းကင်နယ်စားမင်းနဲ့ ချိဧကရာဇ်ရဲ့ ကိုယ်ပွားတွေ ကြက်ကလေးငှက်ကလေးလို ရိုက်ပုတ်ခံနေရတာ တွေ့ခဲ့ရတယ်”
တံငါသည်အဘိုးအို၏မျက်နှာ ဖြူဆုပ်သွားပြီး စကားထပ်မပြောတော့ပေ။ သူက လများကိုသာ အာရုံစိုက် မျှားနေသော်လည်း တုနှိုင်းမဲ့ပြိုင်ဘက်ကင်းအောင် သန်မာသော သူ၏လက်မှာ အနည်းငယ် တုန်ရီနေ၏။
ချင်မူက သေခြင်းရှင်ခြင်းစာအုပ်အပေါ်ရှိ ကောင်းကင်နတ်သိုင်းကို ဆက်လက်လေ့လာနေသည်။ စာအုပ်သည် မှန်တစ်ချပ်ပမာ ပြောင်လက်နေခဲ့သော်လည်း ယခုတွင် သင်္ကေတအမှတ်အသားတစ်စုက ရောထွေးစွာ ဖုံးလွှမ်းထားသည်။
သင်္ကေတအမှတ်အသားအားလုံး အလွန်ရှုပ်ထွေးပြီး ဖတ်မရသော လက်ရေးသဖွယ် ရှိနေသည်။ သို့သော် ကြည့်လိုက်လျှင် တစ်စုံတစ်ခုအား မြင်ရနိုင်၏။
လက်ရေးစာသား၏ အောက်တွင် မယှဉ်သာအောင် ရှုပ်ထွေးလှသော သင်္ကေတဖွဲ့စည်းပုံများ ငုပ်လျှိုးနေသယောင် ထင်ရသည်။ တချို့သင်္ကေတအမှတ်အသားများက တိုင်လုံးသဏ္ဍာန်ဖြင့် အပေါ်မှ အောက်သို့ သွယ်တန်းနေဟန် ရှိ၏။ တခြားအမှတ်အသားများက ပင့်ကူအိမ်သဖွယ် ရှုပ်ထွေးရောယှက်နေသည်။ အရောင်မျိုးစုံဖြင့် တဖျတ်ဖျတ် လင်းလက်လျက် ရွေ့လျားပြောင်းလဲနေသော သင်္ကေတအမှတ်အသားတစ်ချို့ပင် ရှိနေသည်။
ထိုမျှလှပပြီး ရှုပ်ထွေးသော ကောင်းကင်နတ်သိုင်းမျိုး ချင်မူ တစ်ခါမှ မမြင်ခဲ့ဖူး၍ စိတ်ဝင်စားလာသည်။ သူ့ခေါင်းက သေခြင်းရှင်ခြင်းစာအုပ်အနား တဖြည်းဖြည်း တိုးကပ်သွားပြီး အတွင်းထဲရှိ ဖွဲ့စည်းပုံကို မြင်အောင် ကြည့်ကာ ကောင်းကင်နတ်သိုင်းအား လေ့လာဆန်းစစ်နေ၏။
ယန်ကျင့်ကျင့်မှာ မြေကြီးထဲမှ နဂါးချီလင်၏ ခေါင်းကို ဆွဲထုတ်မရသောကြောင့် ချင်မူ့ဆီသို့ လျှောက်လာသည်။ “နွားကျောင်းတဲ့ အစ်ကိုလေး... နင့်ရဲ့ ခွေးကြီးက...”
ချင်မူ့ခေါင်းအား မတွေ့တော့၍ ယန်ကျင့်ကျင့် အကြောင်သားဖြစ်သွားသည်။
ထိုအခိုက်အတန့်တွင် ချင်မူ့ခေါင်းက သေခြင်းရှင်ခြင်းစာအုပ်ထဲ ရောက်သွားပြီဖြစ်ပြီး စာအုပ်သည် ရွှေရောင်စာရွက်လေးတစ်ရွက်သာ ဖြစ်ချေသည်။ ချင်မူ့ခေါင်းသည် စာရွက်လေးထဲ ဝင်နေသော်လည်း နောက်ကျောမှ မည်သည့်အရာမှ ထွက်မလာပေ။ ပျောက်ချင်းမလှ ပျောက်နေ၏။
ယန်ကျင့်ကျင့် အလန့်တကြား ထခုန်ပြီး ချင်မူ့အင်္ကျီလက်အိုးကို အလျင်အမြန် ဆွဲလိုက်သည်။ ချင်မူက သေခြင်းရှင်ခြင်းစာအုပ်ထဲမှ ခေါင်းပြန်ထွက်လာကာ ဇဝေဇဝါ မေးလေသည်။ “ကျင့်ကျင့်၊ ဘာဖြစ်လို့လဲ”
သူ မည်သို့မျှမဖြစ်ကြောင်း မြင်မျှ ယန်ကျင့်ကျင့် စိတ်သက်သာရာရသွားသည်။ “ခွေးကြီးက ထွက်မလာရဲသေးဘူး”
ချင်မူ လှမ်းကြည့်လိုက်ရာ နဂါးချီလင် မြေကြီးထဲ ခေါင်းဖွက်ထားပြီး ဖင်ဘူးထောင်နေကြောင်း မြင်လိုက်ရသည်။ သူ့မှာ ကြောက်လွန်း၍ တဆတ်ဆတ် တုန်နေ၏။
“ဖက်တီးနဂါး အစာစားဖို့ အချိန်ကျပြီ” ချင်မူ ပြောလိုက်သည်။
နဂါးချီလင်က ကပျာကယာ ခေါင်းပြန်ထုတ်ကာ လျှပ်စီးတန်းလို ပြေးလာသည်။ ထို့နောက် ဇလုံကြီးတစ်လုံး ထုတ်၍ ချင်မူ့အရှေ့၌ ဆောင့်ကြောင့်ထိုင်ရင်း ဇလုံကြီးအား လိမ်လိမ်မာမာ စိုက်ကြည့်နေ၏။
အတန်ကြာသည်အထိ ဇလုံထဲသို့ စွမ်းအင်ဆေးလုံးများ ကျမလာသည်ကို မြင်လျှင် သူက ချင်မူ့ကို အူကြောင်ကြောင် မော့ကြည့်ပြီး အမြီးလုံးလုံးကြီးအား ယမ်းနေတော့သည်။
၎
င
၎
၎