အမှောင်ချထားသည့်သမိုင်းကြောင်း
Vol. 80 Ch. 1115
အခန်း (၁၁၁၅) အမှောင်ချထားသည့်သမိုင်းကြောင်း
ရှောက်ပိုင်တောင်ထွတ်သို့ရောက်တော့ ကောင်းရွှယ်ပေါ်ကိုတွေ့သည်နှင့် ဝန်တိုက်ဟုန်က စိတ်ရင်းဖြင့် တောင်းပန်စကားဆိုသည်။
သူက စိတ်ထားရိုးရှင်းပြီး လောကီလှည့်ကွက်များကို နားမလည်သော်လည်း ငတုံးငအတစ်ယောက် မဟုတ်ပေ။
ဝမ်ရွှင့်တို့အုပ်စုကိုတွေ့ကတည်းက တစ်ခုခုမှားနေပြီဖြစ်ကြောင်း ယောင်ဝါးဝါးခံစားမိသည်။ ရန်ကျောက်ကဲအား တိုက်ခိုက်ရန် စိန်ခေါ်ပြီးချိန်မှာတော့ ထိုခံစားချက် ပိုမိုအားကောင်းလာသည်။
ခဏမျှ စကားစမြည်ပြောဆိုကြပြီးနောက် ကောင်းရွှယ်ပေါ်ကလည်း ဝန်တိုက်ဟုန်ကို အပြစ်မတင်ခဲ့ပေ။
အဖြစ်အပျက်များ သိရှိသွားပြီးနောက် လုန်ရွှယ်ကျီးမျက်ဝန်းထဲတွင် အေးစက်သောအလင်းတန်းတစ်ခု တောက်ပသွားသည်။
နဂိုကပင် အေးစက်တင်းမာသောမျက်ဝန်းက ယခုအချိန်တွင် စူးရှလွန်းသဖြင့် ရန်ကျောက်ကဲနှင့် ကောင်းရွှမ်ပေါ်တို့သည်ပင် သူ့ကို စေ့စေ့မကြည့်ဝံ့ ဖြစ်သွားကြသည်။
လုန်ရွှယ်ကျီးက အေးစက်စွာဖြင့်...
“ကျွန်တော် ဟွေလင်တောင်ကြားကို သွားလိုက်ရမလား”
ကောင်းရွှယ်ပေါ်က ခေါင်းခါယမ်းရင်း...
"မလိုပါဘူး... ဒီကိစ္စကို ကျောက်ကဲက အကောင်းဆုံးကိုင်တွယ်ခဲ့ပြီးပြီပဲ”
အစ်ကိုဖြစ်သူကို စူးစိုက်ကြည့်လိုက်ပြီးနောက် လုန်ရွှယ်ကျီးမျက်ဝန်းများက အေးစက်နေသေးသည့်တိုင် စူးရှသောရောင်ဝါက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“စောစောက ဂိုဏ်းတူအစ်ကို’လုန်’ ပြောတာ... ဆရာဦးလေးတို့နှစ်ယောက် ကျွန်တော့်ကို ရှာနေတယ်ဆို... ဘာကိစ္စများ ရှိလို့လဲ”
ကောင်းရွှယ်ပေါ်က ဖြည်းညင်းစွာဖြင့်...
“ဒီကိစ္စက မင်း ဆုံးဖြတ်ချက်ချရမယ့်ကိစ္စပဲ ၊ ဒါက ကံကြမ္မာရိုက်ချက်တစ်ခုလည်း ဖြစ်နိုင်တယ် ၊ မင်းကိုလည်း ထိခိုက်စေနိုင်တယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ အံ့အားသင့်သွားသည်။
ကောင်းရွှယ်ပေါ်လိုအဆင့်ရှိသော လူတစ်ယောက်အတွက် အနည်းငယ်ရှုတ်ထွေးဟန်ရှိနေသောကိစ္စတစ်ခုက အရေးကြီးကိစ္စတစ်ခု ဖြစ်ပေမည်။
ရန်ကျောက်ကဲက လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...
“ကျေးဇူးပြုပြီး အလင်းပြပေးပါ ဆရာဦးလေး’ကောင်း’”
ကောင်းရွှယ်ပေါ်က ဖြည်းညင်းသည့်လေသံဖြင့်...
“မင်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုရောက်လာတဲ့သတင်းက ဖုံးကွယ်လို့မရနိုင်ဘူး ၊ အဲဒီသတင်းက လူတစ်ယောက်နားထဲကိုရောက်သွားတယ် ၊ မင်း အထက်ဘုံကမ္ဘာကိုပြန်တဲ့အခါ အဲဒီလူက သူ့အတွက် စာတစ်စောင် ယူသွားပေးဖို့ တောင်းဆိုချင်နေတယ်”
သူက ဆက်ပြောသည်။
“အဲဒီ ဧကရာဇ်က အထက်ဘုံကမ္ဘာဇာတိဖြစ်တယ် ၊ နောက်ပိုင်းမှ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုရောက်လာပြီး အခြေချနေထိုင်နေတာ”
ထိုးစကားကြားတော့ ရန်ကျောက်ကဲ အံ့အားသင့်သွားသည်။
“ဆရာဘိုးဘိုး ‘လုန်’ အပြင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ အခြေချနေထိုင်တဲ့ အထက်ဘုံကမ္ဘာက ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တွေ ရှိနေသေးတာလား”
ကောင်းရွှယ်ပေါ်က ထိုပုဂ္ဂိုလ်အား ‘အဲဒီ ဧကရာဇ်’ ဟု အသုံးပြုပြောဆိုခဲ့သည်။
ဆိုလိုသည်မှာ ထိုပုဂ္ဂိုလ်သည် အနည်းဆုံး နတ်ဘုရားတံခါးကိုဖွင့်လှစ်ထားသည့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်ရပေမည်။
ရန်ကျောက်ကဲက...
“ဒါဖြင့် ဆရာဦးလေး’လုန်’ နတ်ဘုရားတံခါးကို ဖွင့်လှစ်ပြီးတဲ့နောက်မှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ အနည်းဆုံး အစစ်အမှန်နတ်ဘုရား (၆)ယောက် ရှိနေပြီလို့ ဆိုရမှာပေါ့”
ကောင်းရွှယ်ပေါ်က...
“သူ့ကို အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကလူလို့ပြောရင်လည်း နည်းနည်းတော့ မသင့်တော်ဘူး ၊ ဒီလူက အချိန်အများစုမှာ တံခါးပိတ်ကျင့်ကြံနေတာချည်းပဲ”
သူက ဆက်ပြောသည်။
“ပြီးတော့ သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံရဲ့ ကိစ္စရပ်တွေကို ဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်း ဘယ်တော့မှ မပါဝင်ခဲ့ဘူး ၊ အဲဒီကိစ္စတွေကို သိအောင်တောင် မကြိုးစားခဲ့ဘူး”
“ဒီတော့ သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံရဲ့ တခြားကိစ္စတွေကို ဝင်မစွက်ဘဲ ဒီမှာပဲ သီးသန့်နေထိုင်တယ်လို့ ပြောလို့ရတယ်”
မည်သို့ပင်ဖြစ်စေ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် နေထိုင်သည်ဖြစ်ရာ အမှန်တကယ်လိုအပ်လာပါက ကိုယ်နေထိုင်ရာနေရာ၏ အခြေအနေကို လုံးဝ လျစ်လျူရှုရန် မဖြစ်နိုင်ပေ။
သို့ပေသိ သူမကိုယ်တိုင်ကတော့ မည်သည့်အရာကိုမှ အစပြုလုပ်ဆောင်မည် မဟုတ်ပေ။
ကောင်းရွှမ်ပေါ်ပြောသည့်စကားကိုနားထောင်ရင်း ရန်ကျောက်ကဲ ခေါင်းတစ်ချက် ကုတ်လိုက်သည်။
“ဆရာဦးလေး’ကောင်း’ ပြောတဲ့သူက... အဲဒီလူများဖြစ်...”
ရန်ကျောက်ကဲစကားမဆုံးခင် ကောင်းရွှယ်ပေါ်က ခေါင်းခါယမ်းလိုက်၏။
“သူက ထုန်းမင်ဧကရာဇ် ‘ဟူယွဲ့ရှင်း’ မဟုတ်ဘူး ၊ အရင်တုန်းက ဟူယွဲ့ရှင်း ဘယ်ရောက်သွားလဲဆိုတာ ငါတို့လိုက်စုံစမ်းခဲ့ပေမယ့် ဘာသဲလွန်စမှ မရခဲ့ဘူး”
“အိုး ဟုတ်လား...”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ရင်း စူးစမ်းချင်စိတ် ပိုတိုးလာသည်။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် အမှန်တကယ်ပင် အမှောင်ချထားသည့် သတင်းများဖြင့် ပြည့်နက်နေဟန်ပင်။
အတိတ်တစ်ချိန်က ပျောက်ဆုံးသွားခဲ့သော ဆဋ္ဌမမြောက်အုပ်စိုးရှင် ထုန်းမင်ဧကရာဇ် ‘ဟူယွဲ့ရှင်း’ သာမကဘဲ အထက်ဘုံကမ္ဘာမှ ပျောက်ဆုံးသွားသည့် အခြားသော ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ အမှန်တကယ် ရှိနေလေသည်လား။
ကောင်းရွှယ်ပေါ်က...
“အဲဒီ ဧကရာဇ် အထက်ဘုံကမ္ဘာက ထွက်ခွာလာတုန်းက နတ်ဘုရားတစ်ပါး မဟုတ်သေးဘူး”
သူက ဆက်ပြောသည်။
“ငါတို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုရောက်တော့မှ နတ်ဘုရားတံခါးကို ဖွင့်နိုင်ခဲ့တာ...”
ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...
“ဒါပေမဲ့ ကျွန်တော်တို့ မသိနိုင်တဲ့လူတော့ မဟုတ်လောက်ဘူး မဟုတ်လား”
ကောင်းရွှယ်ပေါ်က ခေါင်းခါယမ်းရင်း...
“အထက်ဘုံကမ္ဘာမှာတုန်းကလည်း သူက တံခါးပိတ်ကျင့်ကြံနေတာများတယ် ၊ ဒါကြောင့် သူ့ကို သိတဲ့သူ ခပ်ရှားရှားပဲ ၊ ဒါပေမဲ့ သူနဲ့ဆက်နွယ်နေတဲ့လူတွေကိုတော့ မင်း ကြားဖူးနေမှာ အမှန်ပါပဲ”
ခဏစဉ်းစားပြီးမှ ကောင်းရွှယ်ပေါ်က ဆက်ပြောသည်။
“အထက်ဘုံကမ္ဘာက ဧကရာဇ် (၃)ပါးမှာ မင်းအဘိုးရဲ့တပည့် ကျန့်ဟွမ်ဓားဧကရာဇ် ယွဲ့ကျန့်ပေက မူလဧကရာဇ် (၃)ယောက်ထဲကတစ်ယောက်မဟုတ်ဘူးလေ ၊ ဟုတ်တယ်မလား”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဟုတ်ပါတယ်... အဲဒီအကြောင်းကို ကျွန်တော် ကြားဖူးတယ်”
အထက်ဘုံကမ္ဘာတွင် ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါး ၊ နယ်မြေ (၁၀)ခုအရှင်သခင်များ ရှိကြသော်လည်း နှစ်ပေါင်းများစွာကြာလွန်ချိန် ရံဖန်ရံခါ အပြောင်းအလဲများ ရှိခဲ့သည်။
အထူးသဖြင့် ထိပ်တန်းအရှင်သခင် (၁၀)ပါးတွင် မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ မှလွဲပြီး ကျန်သည့် ထိပ်တန်းအရှင်သခင် (၉)ပါးက အကြိမ်ပေါင်းများစွာ ပြောင်းလဲခဲ့ကြသည်။
ရှေးယခင်အချိန်က ကွယ်လွန်သွားခဲ့သော ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ သည်လည်း ပြောင်းလဲသွားသော အုပ်စိုးရှင် (၅)ပါး၏ ဥပမာတစ်ခု ဖြစ်သည်။
ဧကရာဇ် (၃)ပါးကတော့ ပြောင်းလဲမှုအနည်းဆုံးနှင့်အတည်ငြိမ်ဆုံး ဖြစ်သော်လည်း အချိန်ကာလတစ်လျှောက်တွင် (၁)ကြိမ် အပြောင်းအလဲ ဖြစ်ခဲ့ဖူးသည်။
ယခင်တစ်ချိန်က ယခု ဧကရာဇ် (၃)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ‘ယွဲ့ကျန့်ပေ’ က အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ သူ ကျင့်ကြံခြင်းအဆင့်မြင့်တက်သွားပြီးနောက် ဧကရာဇ် (၃)ပါး နေရာတွင် တစ်နေရာ ရရှိခဲ့ခြင်း ဖြစ်၏။
ယွဲ့ကျန့်ပေမတိုင်ခင်က ဧကရာဇ် (၃)ပါး ရာထူး ရယူထားသူများမှာ -
တိဟွမ်မြေကမ္ဘာဧကရာဇ် ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နှင့် နက္ခတ်ဧကရာဇ်တို့ ဖြစ်၏။
‘နက္ခတ်ဧကရာဇ်’ ဆိုသောအမည်ကို ပထမဆုံးကြားလိုက်ရသောအခါ လူတစ်ယောက်၏အသွင်အပြင်က ယန်ကျောက်ကဲစိတ်ထဲ ထွက်ပေါ်လာသည်။
ယခင်က ခွန်လွန်အထက်ကရ (၉)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ‘ရေစင်ထက်ယံအရှင်သခင်’။
နက္ခတ်ဧကရာဇ်ဆိုသည်မှာ ရေစင်ထက်ယံအရှင်သခင်မှလွဲပြီး အခြားသူမဟုတ်သဖြင့် သူ၏ခန့်မှန်းချက် တကယ်ပင် မှန်ကန်ခဲ့သည်။
အထက်ဘုံကမ္ဘာ၏ အစောဆုံး ကနဦး ဧကရာဇ် (၃)ပါးမှာ တိဟွမ်မြေကမ္ဘာဧကရာဇ် ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နှင့် နက္ခတ်ဧကရာဇ်တို့ ဖြစ်ကြသည်။ သူတို့က ခွန်လွန်အထင်ကရ (၉)ပါးမှ မြေကမ္ဘာထက်ယံအရှင်သခင် ၊ လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်နှင့် ရေစင်ထက်ယံအရှင်သခင်တို့သာပင်။
ထို့နောက်မှာတော့ နက္ခတ်ဧကရာဇ်က အမျိုးအမည်မသိသော အကြောင်းတစ်ခုဖြင့် ပျောက်ကွယ်သွားခဲ့ပြီး အထက်ဘုံကမ္ဘာတွင် ထွက်ပေါ်လာခြင်း မရှိတော့ပေ။
ယွဲ့ကျန့်ပေ ကျင့်ကြံခြင်းအဆင့်မြင့်တက်လာပြီးနောက် လစ်လပ်နေသော နက္ခတ်ဧကရာဇ်နေရာကို ရယူပြီး ကျန့်ဟွမ်ဓားဧကရာဇ် ဖြစ်လာခဲ့သည်။
အတိတ်တစ်ချိန်က ခွန်လွန်အထင်ကရ (၉)ပါးတွင် ရေစင်ထက်ယံအရှင်သခင်က ရန်ကျောက်ကဲ၏အဘိုး ‘ရွှေစင်ထက်ယံအရှင်သခင်’ နှင့်အတော်လေး ခင်မင်ရင်းနှီးသည်ဟု မှတ်သားရသည်။
ဝမ်ဖူ ပြောပြဖူးသည်မှာ နက္ခတ်ဧကရာဇ်က ရန်ကျောက်ကဲ၏အဖေ ရန်တိ၏ ထူးခြားသောအခြေအနေကိုပင် သိရှိထားသည်ဟု ဆိုသည်။
ရန်တိ အန္တရယ်ကင်းစေရန်အတွက် နက္ခတ်ဧကရာဇ်က ခွန်လွန်အထင်ကရ (၉)ပါး၏ အဖြစ်အပျက်များကိုပင် လျှို့ဝှက်ပေးထားခဲ့သည်။
စိတ်မကောင်းစရာမှာ ရန်တိမမွေးခင်မှာပင် နက္ခတ်ဧကရာဇ်က အထက်ဘုံကမ္ဘာမှ ပျောက်ကွယ်သွားခဲ့ခြင်းပင်။
ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ သည်ပင် ဤအဖြစ်အပျက်နှင့်ပတ်သက်ပြီး အသေးစိတ် ရှင်းရှင်းလင်းလင်း မသိရှိခဲ့ပေ။ တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့ကတော့ ထိုအကြောင်း သိရှိကောင်း သိရှိပေမည်။
ရေစင်ထက်ယံအရှင်သခင်၏ တပည့်ရင်းဖြစ်သော မိန်းမပျိုဧကရာဇ် ‘ကျဲ့ခုန်မင်’ ကတော့ ဤအကြောင်းအရာများနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရှိသော တစ်ယောက်တည်းသောသူ ဖြစ်နိုင်သည်။
နက္ခတ်ဧကရာဇ်၏တည်ရှိမှုက ထုန်းမင်ဧကရာဇ်ကဲ့သို့ အထက်ဘုံကမ္ဘာတွင် အမှောင်ချထားခြင်းမရှိဘဲ လူအတော်များများ သိရှိသော ဇာတ်လမ်း ဖြစ်သည်။
သူ ရုတ်တရက် ပျောက်ဆုံးသွားသည်မှာ နှစ်ပေါင်းတစ်ထောင်ကျော်ပြီးဖြစ်ပြီး ထိုကိစ္စက အလွန်တရာ လျှို့ဝှက်ဆန်းကျယ်သည့်ကိစ္စဖြစ်ကြောင်း အထက်ဘုံကမ္ဘာမှလူများက ရှုမြင်ကြ၏။
ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များ တရားဝင်ထုတ်ပြန်ကြေညာသည်ကတော့ ‘နက္ခတ်ဧကရာဇ်’ က အထက်ဘုံကမ္ဘာနှင့်ဝေးရာအရပ်သို့ ထွက်ခွာသွားသည်ဟုဆိုကြပြီး လူအများစုက ယင်းနှင့်ပတ်သက်ပြီး သံသယ ရှိကြသည်။
ရန်ကျောက်ကဲက စိတ်ဝင်တစားဖြင့်...
“အဲဒီလူက နက္ခတ်ဧကရာဇ်များလား...”
ကောင်းရွှယ်ပေါ်က ခေါင်းခါယမ်းရင်း...
“မဟုတ်ဘူး... အဲဒီလူက နက္ခတ်ဧကရာဇ်မဟုတ်ဘူး ၊ ဒါပေမဲ့ သူ့တပည့်ပဲ”
ရန်ကျောက်ကဲ မျက်လုံးပြူးသွားပြီး...
“သူ့တပည့် ဟုတ်လား... နက္ခတ်ဧကရာဇ်မှာ တပည့်နှစ်ယောက် ရှိတာလား”
အထက်ဘုံကမ္ဘာတွင် သိရှိထားသည်မှာ ရေစင်ထက်ယံအရှင်သခင်တွင် တပည့်တစ်ယောက်သာလျှင် ရှိပေသည်။
သူ၏တပည့်များ သေဆုံးသွားကြခြင်းမျိုး မဟုတ်ပေ။ သူကိုယ်တိုင်က တပည့်တစ်ယောက်သာလျှင် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုတပည့်မှာ လက်ရှိ အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော မိန်းမပျိုဧကရာဇ် ‘ကျဲ့ခုန်မင်’ ဖြစ်သည်။
ကောင်းရွှယ်ပေါ်က ခေါင်းညိတ်ရင်း...
“ဟုတ်တယ် ၊ နက္ခတ်ဧကရာဇ်ရဲ့တပည့်ပဲ...”
သူက ဆက်ပြောသည်။
“အဖေရော အမေရော နှစ်ယောက်လုံး စစ်ဆေးပြီးပြီ... သူက တကယ်ပဲ နက္ခတ်ဧကရာဇ်အဆက်အနွယ်က ဆင်းသက်လာတာ ၊ သူ့လက်အောက်မှာ တရားဝင်ပညာသင်ခဲ့တဲ့ တပည့်တစ်ယောက်ပဲ”
ရန်ကျောက်ကဲက ခေါင်းကိုလက်ဖြင့်ပွတ်ရင်း...
“ရေပြင်က အတော်နက်ရှိုင်းတာပဲ...”
သူက ကောင်းရွှယ်ပေါ်နှင့် အခြားလူများကို ကြိုးစားပြီး ပြုံးပြလိုက်ရင်း...
“ဒါနဲ့... ကျွန်တော်က အဲဒီစာကို ဘယ်သူ့ဆီယူသွားပေးရမှာလဲ”