← Chapters

ငါးမျှားခြင်း

Vol. 82 Ch. 1138

ငါးမျှားခြင်း

Vol. 82 Ch. 1138

ထိုအသံ ထွက်ပေါ်လာသည်နှင့် မြည်းလေး၏ ဦးခေါင်းမှာ ဝမ်ပေါင်လဲ့၏ သိုလှောင်အိတ်အပြင်ဘက်၌ ပေါ်ပေါက်လာ၏။ ၎င်းမှာ အိပ်ပျော်နေသည့်အလား မျက်လုံးများ မှိတ်နေဆဲပင်။ သို့သော်လည်း ၎င်းမှာ နှာခေါင်း တရှုံ့ရှုံ့လုပ်ကာ ဝမ်ပေါင်လဲ့၏ နောက်ရှိ ဟင်းလင်းပြင်ကြီးအား ခုန်အုပ်၍ လှမ်းကိုက်လိုက်၏။

၎င်း ကိုက်လိုက်သည့်အရာအား အတိအကျဖော်ပြရန်မှာ မဖြစ်နိုင်ပါသော်လည်း ၎င်း၏ သွားများမှာ တစ်စစီကြေမွသွားပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်မှာလည်း ပေါက်ကွဲသွား၏။ ထို့နောက် ၎င်းမှာ သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်းကာ သိုလှောင်အိတ်ထဲသို့ ပြန်ဝင်သွားသည်။

၎င်း၏ အော်ဟစ်သံကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြန်ပွင့်လာ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ခပ်လှမ်းလှမ်းတွင် ပြန်လည်ပေါ်ပေါက်လာသည်။ သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ မယုံသင်္ကာဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူသည် သူ၏ နတ်ဘုရားအာရုံအား ဖြန့်ကြက်လိုက်ပါသော်လည်း သူ၏ ဘေးနားတစ်ဝိုက်တွင် မည်သည့်အရာကိုမှ ရှာမတွေ့ပေ။

" ဘာဖြစ်တာလဲဟ... " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် အမျှင်အတန်းများကို ဆက်လက်စုပ်ယူနေရင်း သူ၏ နတ်ဘုရားအာရုံအား သိုလှောင်အိတ်ထဲသို့ စေလွှတ်လိုက်သည်။ ထိုအခါ သူသည် ခန္ဓာကိုယ်တစ်ပိုင်းသာ ကျန်တော့သည့် မြည်းလေးအား မြင်လိုက်ရတော့သည်။

မြည်းလေးမှာ အိမ်မောကျနေဆဲပင်.... ၎င်း၏ ဝမ်းဗိုက်မှာ ပေါက်ကွဲသွားပြီဖြစ်သည့်တိုင်အောင် ၎င်းမှာ အိပ်ရာမှ နိုးမလာသေးပေ။

သို့သော် ဝမ်ပေါင်လဲ့မှာ အနက်ရောင်နှင့် အစိမ်းရောင်များ ရောယှက်နေသည့် အငွေ့အသက်တစ်မျိုးအား မြင်လိုက်ရ၏။ ၎င်းမှာ မြည်းလေး၏ ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေပြီး ၎င်းအား အကောင်းအတိုင်း ပြန်ဖြစ်လာအောင် ပြန်လည် ကုသပေးနေ၏။ အချိန်ထဲမှာပင် ထို အငွေ့အသက်များမှာ ၎င်းအား အသွင်ပြောင်းလဲပေးနေသကဲ့သို့ပင်။

ဝူလေးမှာလည်း... အိပ်ပျော်နေဆဲဖြစ်ပြီး မည်သည့်အရာကိုမှ သတိမထားမိသည့်ပုံပင်။

" မြည်းလေးက ဘာစားလိုက်တာတုန်းဟ။ သေမင်းအငွေ့အသက်တွေနဲ့ တူသလို အစိမ်းရောင် အမျှင်အတန်းတွေနဲ့လည်း တူနေတာ... " ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွား၏။ သို့သော် သူသည် အဆုံးမဲ့မိုးကောင်းကင်တာအို အငွေ့အသက်များအား စုပ်ယူနေရသဖြင့် သိုလှောင်အိတ်ထဲ၌ အကြာကြီးနေ၍ မဖြစ်ပေ။ ထို့ကြောင့် သူသည် သူ၏ နတ်ဘုရားအာရုံအား ပြန်လည်ရုပ်သိမ်းကာ အာရုံစိုက်၍ အစိမ်းရောင်အမျှင်အတန်းများအား ပြန်လည် စုပ်ယူနေလိုက်ပြီး သူ၏ အပြင်ခန္ဓာကိုယ်အား အားဖြည့်ပေးနေလိုက်တော့သည်။

သူ သူ၏ နတ်ဘုရားအာရုံအား ပြန်လည်ရုပ်သိမ်းလိုက်သည်နှင့် အိပ်ပျော်နေသည့် ဝူလေးမှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာ၏။ မြည်းလေးမှာလည်း ထိုနည်းတူပင်။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

" ငါ မင်းကို သင်ပေးလိုက်တဲ့ နည်းလမ်း တော်တော်လေး အသုံးဝင်တယ်မလား။ ဪ... ဒါနဲ့... အဲဒီငါးလေးက စားကောင်းလား " ဝူလေးမှာ သူ၏ ဗိုက်အား လက်ဖြင့်ပွတ်ရင်း လေသံတိုးတိုးဖြင့် မေးလိုက်၏။

" သား " မြည်းလေးမှာမူ ၎င်း၏ ဝမ်းဗိုက် ပေါက်နေသည်ကိုပင် ဂရုမစိုက်ဘဲ ပျင်းရိပျင်းတွဲဖြစ်နေသည့် လေသံဖြင့် အော်လိုက်၏။ ထို့နောက် ၎င်းမှာ လျှာထုတ်ကာ နှုတ်ခမ်းအား လျက်နေလိုက်သည်။

ဝူလေးမှာမူ မြည်းလေး၏ ဗိုက်အား ကြည့်လိုက်ပြီးနောက် ၎င်း နှုတ်ခမ်းအား လျှာဖြင့်လျက်နေသည့် မြင်ကွင်းကိုကြည့်ရင်း နှုတ်ဆိတ်သွားပြီး တွေးလိုက်၏ " ဒီကောင်က တော်တော် သတ္တိကောင်းတဲ့ကောင်ပဲ။ ဘယ်လို သတ္တဝါမျိုးလဲဟ။ မိုးကောင်းကင်တာအိုကိုတောင် စားရဲနေတာ... "

သူသည် စိတ်ထဲတွင် ထိုသို့ ရေရွတ်လိုက်ပြီး သူ၏ ဗိုက်အား နောက်ထပ်တစ်ကြိမ် ထပ်ပွတ်လိုက်ပြန်သည်။ သူသည်လည်း ဗိုက်ဆာနေပြီဖြစ်သည်။

" မဟုတ်မှလွဲရော။ အဲတာ မိုးကောင်းကင်တာအို မဟုတ်ဘဲ တခြားတစ်ခုခုများ ဖြစ်နေတာလား။ တကယ်ရော စားလို့ရပါ့မလား... " အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝူလေးမှာ မယုံသင်္ကာဖြစ်နေသည့် မျက်ဝန်းများဖြင့် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သူ၏ အကြည့်မှာ သိုလှောင်အိတ်အား ထိုးဖောက်သွားသဖြင့် သူသည် အပြင်ဘက်တွင် အဝေးသို့ ထွက်ပြေးသွားနေသည့် မှုန်ဝါးဝါး အရာတစ်ခုအား လှမ်းမြင်လိုက်ရသည်။ ထို့ကြောင့် သူသည်လည်း သူ၏ နှုတ်ခမ်းအား လျှာဖြင့်လျက်မိသွား၏။

ထိုအချိန်တွင် ဝူလေး လှမ်းကြည့်နေသည့် နေရာ၌ အနက်ရောင်ငါးလေးမှာ နာကျင်စွာ အော်ဟစ်မြည်တမ်းရင်း အဝေးသို့ ထွက်ပြေးသွားနေ၏။ သေသေချာချာ ကြည့်လိုက်မည်ဆိုလျှင် ၎င်း၏ အမြီးမှာ အနည်းငယ် ပဲ့နေသည်ကို မြင်နိုင်မည်ဖြစ်သည်...

" ငါ သရဲတစ်ကောင် မြင်ခဲ့ရတာပဲဖြစ်မှာ။ အဲတာ ဘာကောင်ကြီးလဲဟ။ ငါ့ကို မြင်နေရတဲ့အပြင် ကိုက်ပါကိုက်စားခဲ့ရတယ်လို့။ အားး... သူ ဗိုက်ပေါက်ပြီး သေသွားမှာ မကြောက်ဘူးလားမသိဘူး " အနက်ရောင်ငါးလေးမှာ အလွန်အင်မတန်မှ နာကျင်နေသောကြောင့် ငိုမဲ့မဲ့ဖြစ်နေ၏။ ထို့နောက် ၎င်းမှာ ဗဟိုမီးဖိုကြီးထဲသို့ ပြန်ဝင်သွားပြီး ပူဆွေးသောကရောက်နေသည့် အသံဖြင့် အော်ဟစ်မြည်တမ်းလိုက်သည်။ သို့သော်လည်း ချန်ရှင်းမှာ စကားတစ်ခွန်းမှ ပြန်မပြောသဖြင့် ၎င်းမှာ မတရားခံနေရသည့်အလား ခံစားလိုက်ရပြီး လေထဲ၌ အကြိမ်ရေအနည်းငယ်ခန့် စက်ဝိုင်းပုံသဏ္ဍာန် ရစ်ဝဲနေလိုက်၏။ နောက်ဆုံးတွင် ၎င်းမှာ ထိုနေရာမှ ထွက်ခွာသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ ပြန်ရောက်သွားတော့သည်။

သို့သော် ယခုအကြိမ်တွင်မူ ၎င်းမှာ သူ၏ အနီးသို့ မကပ်ရဲပေ။ ၎င်းမှာ မကြာသေးမီတုန်းက အကိုက်ခံခဲ့ရသည့်အပြင် ယခုတွင်လည်း တစ်စုံတစ်ယောက်မှာ သူ့အား မျှော်လင့်တကြီးနှင့် စောင့်ဆိုင်းနေသည်ဟု ခံစားနေရသည်မဟုတ်ပါလော။

ထို့ကြောင့် ၎င်းမှာ အပြင်ဘက်တွင်သာ နေ၍ အစိမ်းရောင်အမျှင်အတန်းများကို စုပ်ယူရင်း ၎င်း၏ ဒေါသများနှင့် မကျေနပ်ချက်များအား ထို အမျှင်အတန်းများပေါ်သို့ ပုံချနေတော့သည်။ ခဏအကြာတွင် ဝမ်ပေါင်လဲ့နှင့် ငါးလေးတို့မှာ အမျှင်အတန်းများ အားလုံးနီးပါးကို စုပ်ယူပြီးသွားပြီ ဖြစ်သည်။

" နောက်တစ်နေရာ ဆက်သွားမယ်ဟေ့ " ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ အလွန်အင်မတန်မှ ကျေနပ်အားရသွား၏။ ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ အဝေးသို့ ပြေးထွက်သွားသည်။ သို့သော်လည်း သူသည် သတိဝီရိယအပြည့် ရှိနေဆဲပင်။ သူ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကြောင့် သူသည် တစ်စုံတစ်ခုမှာ သူ့အား အနီးကပ် စောင့်ကြည့်နေသည်ဟု ခံစားနေရ၏။

" ကြည့်ရတာ အင်အားကြီးအဖွဲ့အစည်းတွေထဲက ပါရမီရှင်တွေကို လျှော့တွက်လို့ မဖြစ်ဘူးထင်တယ် .... သေမင်းချီတွေကို ဖြည်းဖြည်းချင်းပဲ စုပ်ယူမှဖြစ်မယ်။ တကယ်လို့ ငါ အဲဒီလို စုပ်ယူနေတုန်း တစ်ယောက်ယောက်သာ ငါ့ကို မြင်သွားရင် ပြဿနာတက်နိုင်တယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် အရှိန်မြှင့်တင်လိုက်၏။

ထိုသို့ဖြင့် နောက်လေးနာရီအတွင်းတွင် ဝမ်ပေါင်လဲ့မှာ ဧရာမဝဲကြီးများအား တစ်ခုပြီးတစ်ခု အဝင်အထွက် လုပ်နေတော့သည်။ သူ ရောက်သွားသည့် ဝဲကြီးများထဲ၌ ရှိနေသမျှ ပါရမီရှင်တိုင်းမှာ သတ်ဖြတ်ခံရလျှင်ခံရ သို့မဟုတ် အတင်းအဓမ္မ နှင်ထုတ်ခံလိုက်ရသည်သာ ဖြစ်သည်။ ထို ကျင့်ကြံသူများမှာလည်း အဝေးသို့ ထွက်ပြေးသွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ထိုသို့ဖြင့် သိပ်မကြာခင်တွင် သူ၏ နာမည်မှာ အင်အားကြီးအဖွဲ့အစည်းများထဲမှ ပါရမီရှင်များ၏ နှုတ်ဖျား၌ နေရာယူလာတော့သည်။

" ဝမ်ပေါင်လဲ့ ဟုတ်လား "

" တကယ်ကို ကျပ်မပြည့်တဲ့ အရူးကောင်ပဲ။ သူက သူ့ရဲ့ တာအိုဂြိုဟ်ကို တာအိုထာဝရကြယ်ဖြစ်အောင် အဆင့်မြှင့်တင်နိုင်ခဲ့တဲ့အပြင် ချုံးရိကျစ်ကိုလည်း ချေမှုန်းခဲ့တာလေ။ အဲတာကို သူက ဘာလို့ ငါတို့ကိုပါ အနိုင်ကျင့်နေရတာလည်း "

" ဝဲကြီးတွေကို သူတစ်ယောက်ပဲ ပိုင်တယ် ဆိုပြီးတော့ သူက ခဏခဏ ပြောနေတာ။ အဲတာများ နတ်ဧကရာဇ်ကြီးနဲ့ ချန်ရှင်းက သူ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးတွေပါလို့ပဲ ပြောလိုက်ပါတော့လား "

" တောက်ကွာ။ သူ ထပ်ပြီးတော့ ရောက်လာပြန်ပြီ။ ပြေးကြတော့ဟေ့ "

ဝမ်ပေါင်လဲ့၏ သောင်းကျန်းမှုများကြောင့် မီးခိုးရောင်အာကာသကောင်းကင်ကြီးမှာ ပရမ်းပတာဖြစ်နေတော့သည်။ သူသည် ဝဲပေါင်းမြောက်မြားစွာအား သိမ်းပိုက်ခဲ့ပြီး အစိမ်းရောင်အမျှင်အတန်းများအား သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စုပ်ယူခဲ့၏။ သူသည် အပေါ်ယံတွင် လက်လွတ်စပယ် ပြုမူနေသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ ထို အမျှင်အတန်းများအား စုပ်ယူရာ၌ သတိဝီရိယအပြည့် ရှိနေခဲ့သည်သာဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် သူသည် ဒုတိယအဆင့် ပါရမီရှင်များဆီမှ အလွယ်တကူ ပုန်းကွယ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ သို့သော် လိပ်ကြီးနှင့် ခန္ဓာကိုယ်နှစ်ခြမ်း ပေါင်းထားသည့် ကျင့်ကြံသူများကဲ့သို့ သဲလွန်စအချို့အား ရိပ်မိကြသည့် ကျင့်ကြံသူအချို့တော့ ရှိနေဆဲပင်။

ဝမ်ပေါင်လဲ့မှာ ထို အခြင်းအရာများကို အထူးတလည် ဂရုစိုက်နေခြင်းမရှိပေ။ ဤ ကိစ္စကြီးအား လျှို့ဝှက်ချက်တစ်ခုအဖြစ် ဖုံးကွယ်ထားနိုင်ရန်မှာ အလွန်ခဲယဉ်းနေမည်ဖြစ်သည်။ ထို့အပြင် ယခုလို အထူးအခွင့်အရေးမျိုးမှာ အလွန်အင်မတန်မှ ရှားပါးသည်မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ နောက်တွင် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း ရှိနေသည်ဟု မှတ်ယူလိုက်ပြီးနောက် အတွေးလွန်နေခြင်းမရှိတော့ပေ။

စိုးရိမ်ပူပန်ကာ ချီတုံချတုံဖြစ်နေခြင်းထက် သေမင်းချီများအား စိတ်တိုင်းကျ စုပ်ယူရသည်မှာ ပိုကောင်းပေလိမ့်မည်။ သူသည် ထာဝရကြယ်အဆင့်မှ ဖောက်ထွက်ကာ ကြယ်နယ်မြေအဆင့်သို့ တက်လှမ်းချင်နေ၏။

သူသည် နာမည်ဆိုးနှင့် ကျော်ကြားနေသောကြောင့် ဝဲကြီးများ၏ အနီးသို့ရောက်သွားတိုင်း ထိုဝဲများထဲ၌ ရှိနေကြသည့် ကျင့်ကြံသူများမှာ လူစုခွဲကာ ထွက်ပြေးသွားကြသည်သာဖြစ်သည်။ ထို့ကြောင့် သူ၏ စုပ်ယူမှုနှုန်းမှာလည်း ပိုမိုမြန်ဆန်လာ၏။

ထို့ကြောင့်လည်း သူ၏ အပြင်ခန္ဓာကိုယ်မှာ အဆက်မပြတ် တိုးတက်သွားပြီး နှောင်းပိုင်း ထာဝရကြယ်အဆင့်မှ ထာဝရကြယ်ထိပ်ဆုံးအဆင့်သို့ ဖောက်ထွက်သွားတော့မည်ဆဲဆဲ ဖြစ်နေတော့သည်။

အကယ်၍ အခြားတစ်ယောက်ယောက်သာ ဆိုပါက ထိုကဲ့သို့ ဖောက်ထွက်သွားသည်မှာ အချိန်အတော်အတန် ကြာမြင့်နေလောက်ပြီဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ မည်သည့်ကြယ်ကိုမဆို သူ၏ ကိုယ်ပိုင်ကြယ်အဖြစ် ပြောင်းလဲဖြစ်နိုင်သော ကြယ်အမှတ်ပညာရပ်အား လေ့ကျင့်ထားသည် မဟုတ်ပါလော။ ထို ကြယ်တစ်လုံးချင်းစီတိုင်းမှာ သူ၏ ကိုယ်ပွားတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအား တိုးတက်မှုနှုန်းမှာလည်း နှေးကွေးနေရခြင်းဖြစ်သည်။ သို့သော် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများ အနည်းငယ်မျှ တိုးတက်သွားရုံနှင့် အံ့သြမှင်တက်တက်ဖွယ်ရာ အကျိုးကျေးဇူးများကို ရရှိလိုက်ည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ မထိန်းနိုင်သဖြင့် သေမင်းချီများကိုလည်း အနည်းငယ်ခန့်ထပ်၍ စုပ်ယူမိခဲ့သေးသည်။ ထို့ကြောင့် သူ၏ ဝိညာဉ်မှာ အားအင်များ ပြည့်ဖြိုးလာရသလို အနက်ရောင်ငါးလေးမှာလည်း ပို၍ပင် ရူးသွပ်လုမတတ် ခံစားလာရတော့သည်။

သို့သော် အများဆုံး တိုးတက်သွားခဲ့သည့်အရာမှာ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများ မဟုတ်သလို ဝိညာဉ်စွမ်းအားများလည်း မဟုတ်ပေ။ ၎င်းမှာ သူ၏ ဓားအိမ်လေးဖြစ်ပေသည်။ ထိုဓားအိမ်လေးမှာ အနီရောင်ပင်မဟုတ်တော့ပေ။ ၎င်းမှာ နီမြန်းလွန်းနေသောကြောင့် ခရမ်းရင့်ရောင် အရောင်တစ်မျိုးကိုပင် ထုတ်လွှတ်နေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ၎င်းဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များကို တစ်ခဏမျှ အာရုံခံမိလိုက်ရုံနှင့် ကြောက်ရွံ့တုန်လှုပ်သွားရ၏။ သို့ဖြစ်ရာ ၎င်းမှာ အလွန်အင်မတန်မှ အစွမ်းထက်ရပေမည်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ မြည်းလေးနှင့် ဝူလေးတို့ နိုးလာကြသည်ကိုလည်း သတိထားမိလိုက်သေးသည်။ သူ ဝဲကြီးများအား တစ်ခုပြီးတစ်ခု လိုက်လံစုပ်ယူနေခဲ့စဉ်ကတည်းက သူတို့နှစ်ယောက်မှာ သိုလှောင်အိတ်ထဲ၌ အဆက်မပြတ် အငြင်ပွားနေခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ စကားသံများမှာ အလွန်အင်မတန်မှ ကျယ်လွန်သောကြောင့် ဝမ်ပေါင်လဲ့ပင်လျှင် ၎င်းတို့အား ကြားနေခဲ့ရသည့်အထိပင်။

" မြည်းစုတ်။ လောဘကို ထိန်းပါဦးကွ။ အဲလိုမှမဟုတ်ရင် သူက ထပ်ပြီးတော့ ပေါ်လာရဲမှာ မဟုတ်ဘူး "

ဝမ်ပေါင်လဲ့မှာ သူတို့၏ အပြန်အလှန်ပြောစကားများကို နားထောင်ရင်း သူတို့မှာ အစိမ်းရောင်အမျှင်အတန်းများအား တိတ်တဆိတ်စုပ်ယူနေကြသည်ကိုလည်း အာရုံခံမိလိုက်သည်။ သို့သော် သူသည် သူတို့အား ဂရုစိုက်နေခြင်းမရှိပေ။ သူ မေ့မေ့ပျောက်ပျောက်နှင့် သူတို့အား အငတ်ထားထားခဲ့သည်မှာ အချိန်အကြာကြီး ရှိနေပြီ မဟုတ်ပါလော။

ထို့ကြောင့် သူသည် အစိမ်းရောင်အမျှင်အတန်းများအား ဆက်လက်စုပ်ယူရန် ဆုံးဖြတ်လိုက်သည်။ ၎င်းတို့မှာ အမြောက်အမြား ရှိနေသည်ဖြစ်ရာ သူသည် ၎င်းတို့အား ကုန်းအောင်စုပ်ယူနိုင်မည် မဟုတ်ပေ။ သို့သော် သူသည် ထိုနှစ်ယောက်ပြောနေသည့် ' သူ ' ဆိုသည့်သူမှာ မည်သူမည်ဝါဖြစ်ကြောင်း သိချင်နေသည်... ထို့ကြောင့် သူသည် မနေနိုင်တော့သဖြင့် မေးမိလိုက်၏။

" မင်းတို့တွေ ဘာလုပ်နေကြတာလဲ။ ဘယ်သူ့အကြောင်း ပြောနေကြတာလဲ "

ဝမ်ပေါင်လဲ့ ထိုသို့မေးလိုက်သည်နှင့် မြည်းလေးနှင့် ဝူလေးတို့မှာ ကြက်သေသေသွားကြ၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ မြည်းလေးမှာ သတိကြီးကြီးထား၍ အသံလွှင့် အကြောင်းကြားစားတစ်စောင် ပေးပို့လိုက်သည်။

" သား "

" အရမ်းကိုမှ အရသာရှိတဲ့ ငါးတစ်ကောင် ဟုတ်လား " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလတ်ပေကလတ် ဖြစ်သွားပြီး သူ၏ နတ်ဘုရားအာရုံအား ဝူလေးဆီသို့ စေလွှတ်လိုက်သည်။ ထိုအခါ ဝူလေးမှာ တစ်ကိုယ်လုံးတုန်ရီသွားပြီး မျက်နှာချိုသွေးသည့် အပြုံးဖြင့် ပြန်ဖြေလိုက်၏။

" ဖေကြီး၊ သားတို့တွေ ငါးမျှားနေတာပါ... "

ထိုအခါ ဝမ်ပေါင်လဲ့မှာ အတွေးမျာထဲ၌ နစ်မျောသွားပြီး မျက်လုံးများ မှေးသွားသည်။ ထို့နောက် သူသည် မြည်းလေး ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီးနောက် ၎င်း၏ ဝမ်းဗိုက် ပေါက်ကွဲသွားခဲ့သည်ကို ပြန်သတိရသွား၏။ ထို့ကြောင့် သူသည် ငါးတစ်ကောင်မှာ တစ်ချိန်လုံး သူ၏ နောက်မှ လိုက်ကာ သူ့အား အန္တရာယ်ပြုနိုင်ရန် ကြိုးစားနေသည်လောဟု တွေးမိလိုက်သည်။

" မင်းတို့တွေ ငါ့ အကူအညီ လိုသေးလား " ဝမ်ပေါင်လဲ့မှာ ရုတ်တရက် မေးမြန်းလိုက်၏။

ထိုအခါ ဝူလေးမှာ ဝမ်းသာအားရဖြစ်သွားပြီး ချက်ချင်းပြန်ဖြေလိုက်၏ " ဖေကြီး ဒီနေရာမှာ ရှိတဲ့ သေမင်းချီတွေကို ထပ်ပြီးတော့စုပ်ယူလိုက်။ သားရဲ့အထင်တော့ ဖေကြီး အဲလို စုပ်ယူလိုက်ရင် ဟို ငါးစုတ် သည်းခံနိုင်မှာ မဟုတ်လောက်ဘူး "

" သား " မြည်းလေးမှာလည်း မျက်ဝန်းများ အရောင်တောက်ပသွားပြီး ချက်ချင်းသဘောတူလိုက်၏။

" မင်းတို့ အဲဒီ ငါးကို ဖမ်းမိရင် တစ်ယောက်ကို ဆယ်ရာခိုင်နှုန်းစီရမယ်။ ကျန်တဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို ငါ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဆက်သရမယ် " ဝမ်ပေါင်လဲ့မှာမူ ပြတ်သားမှုအပြည့်ရှိသော လေသံဖြင့် ချက်ခြင်းပြန်ပြောလိုက်၏။

"... " ထို့ကြောင့် မြည်းလေးနှင့် ဝူလေးတို့မှာ မတရားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် နှုတ်ဆိတ်သွားကြ၏။ တစ်အောင့်ခန့်ကြာမှ သူတို့မှာ ခေါင်းညိတ်ပြလိုက်သည်။

ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ မှေးသွား၏။ သူသည် မည်ကဲ့သို့သော ငါးမျိုးမှာ သူ၏နောက်မှ လိုက်ကာ သူ့အား အန္တရာယ်ပြုရန် ကြိုးစားရဲလောက်သည့်အထိ ရဲတင်းနေသနည်းဟု သိချင်နေသည်။ တစ်ချိန်ထဲမှာပင် သူသည် မကြာသေးမီတုန်းက သူ၏ အနီးတစ်ဝိုက်တွင် ရှိနေခဲ့သည့် အစိမ်းရောင်အမျှင်အတန်းများထဲမှ အချို့အား မစုပ်ယူနိုင်ခဲ့ရသည့် အကြောင်းရင်းကို နားလည်သွားသည်။ သူသည် ၎င်းတို့မှာ အလိုလို လွင့်ပါးပျောက်ကွယ်သွားခြင်း ဖြစ်လိမ့်မည်ဟု တွေးနေခဲ့ပါသော်လည်း... ယခုတွင်မူ ထို ငါးလေးမှာ ၎င်းတို့အား သူ သတိမထားမိအောင် တိတ်တိတ်ကလေး ဝါးမျိုစားသုံးပစ်ခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ယုံကြည်သွားတော့သည်။

" သူက ငါ့ရဲ့ အထူးအခွင့်အရေးတွေကို စားသုံးဖို့ကြံစည်နေတာလား "

ဝမ်ပေါင်လဲ့မှာ မကျေမနပ်ဖြစ်ကာ မျက်လုံးများပြူးသွား၏။ သို့သော် သူသည် ငါးမျှားရန် ကြိုးစားနေသည်ဖြစ်ရာ အမူအရာ ပျက်သွား၍ မဖြစ်ပေ။ ထို့ကြောင့် သူသည် မည်သည့်အရာကိုမှ သတိမထားမိသည့်ပုံစံ ဟန်ဆောင်နေလိုက်ပြီးနောက် မီးခိုးရောင်အာကာသကောင်းကင်ကြီးထဲ၌ ဆက်လက်ပျံသန်းကာ အဆက်မပြတ် စုပ်ယူရင်း သူ့ကိုယ်သူ ပို၍ အစွမ်းထက်လာအောင်သာ လုပ်နေလိုက်တော့သည်။ ထိုသို့ဖြင့် ဧရာမ ဝဲကြီးများမှာ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြ၏။ ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် လိုက်လံရှာဖွေခဲ့ပါသော်လည်း ဝဲတစ်ခုမှ ရှာမတွေ့တော့ပေ။ ထို့ကြောင့် နောက်ဆုံးတွင် သူသည် ဗိုက်ဝသွားသည့် လူတစ်ယောက် ရေသောက်ရန် ပြင်နေသည့်ပုံ ဟန်ဆောင်လိုက်သည်။ ထို့နောက် သူသည် ပါးစပ်ဟကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထိုအခါ ဘေးနားတစ်ဝိုက်တွင် ရှိနေသည့် သေမင်းချီများ အားလုံးမှာ သူ့ဆီသို့ အလုံးအရင်းနှင့် ဦးတည်လာကြတော့သည်။

All Chapters