← Chapters

ထန်တိုက်လင်နှင့် ပြန်လည်တွေ့ဆုံခြင်း

Vol. 43 Ch. 600

ထန်တိုက်လင်နှင့် ပြန်လည်တွေ့ဆုံခြင်း

Vol. 43 Ch. 600

ယဲ့ကျောက်ကျန်းသည် ယဲ့ချန်လက်ဆောင်ပေးလိုက်သော သစ်သီးများက အမှန်တကယ် သူတော်စင်သစ်သီးများဖြစ်ကြောင်း သိလိုက်ရသောအခါ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်သွားခဲ့သည်။ ယဲ့ချန်က သူ့ကို လျစ်လျူရှုထားခြင်းမှာ အဆန်းမဟုတ်တော့ဘဲ တစ်ဖက်လူက သူ့ကို ပမွှားအဖြစ်သာ ရှုမြင်ခြင်းဖြစ်သည်။ ကောင်းကင်မူလတိုက်ကြီးပေါ်တွင် အဆင့်အတန်းကို ကျင့်ကြံဆင့်နှင့် ပိုက်ဆံဟူသည့် အရာနှစ်ခုဖြင့်ဆုံးဖြတ်ပြီး တစ်ခုရှိလျှင်ပင် သာမန်လူများထက် ခေါင်းတစ်လုံး ပိုသာပေလိမ့်မည်။ မီးတောက်နီဂိုဏ်းဝင်များသည် ဘိုးဘေးနှင့်အတူ ကောင်းကင်မူလတိုက်ကြီးသို့ ရောက်ရှိလာကြသော်လည်း လူအဖွဲ့အစည်း၏အောက်ခြေတွင်သာ နေထိုင်ကြရသည်။ ကျန်တစ်ဖက်တွင် အရှေ့ပိုင်းတိုက်ကြီးမှလာသူဖြစ်သော ယဲ့ချန်ကမူ သူတို့အားလုံးထက် သာလွန်နေခဲ့သည်။

မီးတောက်နီဂိုဏ်း၏ ဘိုးဘေးမှာ မီးဧကရာဇ်ဟူသော စစ်ဧကရာဇ်တစ်ယောက်ဖြစ်ကာ အထွတ်အမြတ်လသိုင်းဒေသ၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။ မူလတွင် မီးတောက်နီဂိုဏ်းဝင်ပေါင်းနှစ်ထောင်ကျော်မှာ ကောင်းကင်မူလတိုက်ကြီးသို့ ဝင်ရောက်နိုင်သော အခွင့်အရေး မရှိချေ။ ဘိုးဘေးက ကယ်တင်မည်ဆိုလျှင် ရာချီသောပမာဏကိုသာ ကယ်တင်ပေးပေလိမ့်မည်။ သူက မီးတောက်နီးဂိုဏ်း၏တည်ထောင်သူဖြစ်ကာ ဆန်းကျယ်လကန့်သတ်နယ်မြေအတွင်း တံခါးပိတ်ကျင့်ကြံရန် ရောက်ရှိနေခြင်းဖြစ်သည်။ ယဲ့လော့၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ခုနစ်ဆယ်ကျော်ကြောင်း သိလိုက်ရသောအခါ သူမကို အရှေ့ပိုင်းတိုက်ကြီး၌ သေဆုံးခွင့်မပြုခဲ့ပေ။ မီးဧကရာဇ်သည် သူမကိုခေါ်ဆောင်လိုလျှင် ရှီဝူယဲ့မျိုးနွယ်နှင့် မီးတောက်နီဂိုဏ်းဝင်များကို ကယ်တင်ပေးရမည်ဟု သူမက တောင်းဆိုခဲ့သည်။ သို့သော် သူက မီးတောက်နီဂိုဏ်းကိုသာ ကယ်တင်ရန် သဘောတူခဲ့ပြီး ရှီဝူယဲ့မျိုးနွယ်ကိုကယ်တင်ရန်အတွက် ယဲ့လော့ကိုယ်တိုင် ကြိုးစားရမည်ဟု ဆုံးဖြတ်ခဲ့သည်။

မီးတောက်နီဂိုဏ်းဝင်များကို ခေါ်ဆောင်ခအဖြစ် သူက ဆည်းဆာရွှေဘီလီယံနှစ်ဆယ်အထိ အသုံးပြုခဲ့ရသောကြောင့် ရှီဝူယဲ့မျိုးနွယ်အတွက် ငွေတစ်ပြားပင် အကုန်မခံလိုပေ။ မီးတောက်နီဂိုဏ်းဝင်များက သူ၏ယုံကြည်ရသော နောက်လိုက်များဖြစ်သောကြောင့် သူ၏နယ်မြေအတွင်း နေထိုင်ခွင့်ပေးရန် စိတ်ချသည်။ ကျန်တစ်ဖက်တွင် သူ့အတွက် အပြင်လူများဖြစ်သော ရှီဝူယဲ့မျိုးနွယ်ကိုမကယ်လိုခြင်းက သဘာဝသာဖြစ်သည်။ ထို့ကြောင့် ယဲ့လော့သည် ရွေးချယ်စရာမရှိဘဲ ကောင်းကင်မူလတိုက်ကြီးသို့ လိုက်လာခဲ့ရပြီး အထွတ်အမြတ်လသိုင်းဒေသ၏ တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။ သူမက ရှီဝူယဲ့မျိုးနွယ်ကို ကယ်တင်ရန်အတွက် နည်းလမ်းရှာဖွေနေစဥ် ယဲ့ချန်လည်း ကောင်းကင်မူလတိုက်သို့ရောက်လာပြီး အစစအရာရာအဆင်ပြေကြောင်း မီးဧကရာဇ်က သတင်းပို့ခဲ့သည်။ ထို့ကြောင့် သူမက စိတ်အေးသွားကာ ကျင့်ကြံခြင်းတွင် အာရုံစိုက်ထားခဲ့သည်။ ယဲ့ကုန်းနှင့် မီးတောက်နီဂိုဏ်းဝင်များက ဘိုးဘေး၏နယ်မြေတွင် အလုပ်လုပ်ရပြီး ဤတစ်ခေါက်တွင် တော်ဝင်မြို့ရှိလေလံပွဲ၌ ပစ္စည်းအချို့ဝယ်ယူရန် စေလွှတ်ခံခဲ့ရသည်။ သူတို့အားလုံးတွင် ပေါင်းစပ်နှုန်းအမြင့်ဆုံးက ခြောက်သာဖြစ်သောကြောင့် အလုပ်တစ်ခုရှိနေခြင်းကပင် ကံကောင်းသည်ဟု ဆိုနိုင်သည်။ သူတို့က ကောင်းကင်မူလတိုက်ကြီးတွင် ရှင်သန်ခွင့်ရခြင်းမှာ ပါရမီရှင်ဖြစ်သော ယဲ့လော့၏မျက်နှာကြောင့်သာ ဖြစ်သည်။

ယဲ့ချန်သည် လေလံအိမ်များကို တစ်ခုပြီးတစ်ခုသွားရောက်ခဲ့သော်လည်း မျက်စိကျသည့် ရတနာမျိုး ရှာမတွေ့ခဲ့ပေ။ သူက ယဲ့လော့နှင့် နောက်တစ်ကြိမ် ပြန်ဆုံနိုင်မည့်အချိန်ကို မသိသော်လည်း ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်သည့်အတွက် သူမ၏အခြေအနေက သိုင်းဒေသကြီးတွင် အလေးပေးခံရမည်ဖြစ်ကာ စိုးရိမ်စရာမရှိချေ။ သူက ရင်းနှီးသောအရှိန်အဝါတစ်ခုကို ရုတ်တရက်ခံစားလိုက်ရပြီး အသွေးအသားထဲမှ ထွက်ပေါ်လာသော ခံစားမှုကြောင့် ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သောအခါ ရင်းနှီးသည့်မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ သူ၏ဇနီးသည်ဖြစ်သော ထန်တိုက်လင်က အပြာရောင်ဖျော့ဖျော့ဝတ်ရုံကို ဝတ်ဆင်ထားကာ ပေါ်လွင်ထင်ရှားသော ကောက်ကြောင်းများနှင့် သူမ၏အလှကြောင့် လူအများကြားတွင် ရပ်နေသော်လည်း အကြည့်တစ်ချက်ဖြင့် သတိထားမိလိုက်သည်။ သူမ၏ပြိုင်ဘက်ကင်းအလှကြောင့် သွားလာနေသူအားလုံးမှာ နေရာတွင် ခြေလှမ်းများရပ်တန့်၍ လည်ပြန်ကြည့်သွားသည်ချည်းသာ ဖြစ်သည်။

ယဲ့ချန်က သူမကို ဤနေရာ၌ ပြန်တွေ့ခွင့်ရမည်ဟု မျှော်လင့်မထားပေ။ သူမသည်လည်း သူ့ကို သတိထားမိလိုက်သောကြောင့် ချစ်မြတ်နိုးစွာဖြင့် ပြန်ကြည့်လာသည်။ သူမ၏မျက်လုံးများတွင် ဇနီးသည်မှ ခင်ပွန်းကိုချစ်ခင်သော အရိပ်အယောင်များ ထင်ဟပ်နေကာ အလွန်သိမ်မွေ့နေသည်။ လူများစွာရှုပ်ထွေးနေသော လမ်းမထက်တွင် သူတို့က တစ်ယောက်ကိုတစ်ယောက် အချိန်ကြာမြင့်စွာ အကြည့်ချင်းဆုံနေခဲ့ကြသည်။ ဤအချိန်တွင် သူတို့၏အချစ်အတွက် စကားလုံးများမလိုအပ်ဘဲ ယဲ့ချန်မည်မျှဝမ်းသာနေကြောင်းကို မည်သည့်စကားလုံးမှ အပြည့်အဝ ဖော်ပြနိုင်မည်မဟုတ်ပေ။

ထန်တိုက်လင်က ယဲ့ချန်ကိုကြည့်နေရင်း ပြုံးလိုက်သောအခါ တစ်လောကလုံး လင်းလက်သွားသယောင် ထင်မှတ်ရသည်။ သူ၏ဘေးတွင် လူငယ်သုံးယောက်နှင့် မိန်းမပျိုနှစ်ယောက်ရှိနေပြီး ငယ်ရွယ်ချောမောကြသဖြင့် တစ်ချက်ကြည့်ရုံနှင့် ပါရမီရှင်များဖြစ်ကြောင်း ပြောနိုင်သည်။ သို့သော် ထန်တိုက်လင်၏အလှနှင့်ယှဥ်လျှင် မိန်းမပျိုနှစ်ယောက်၏အလှက မှေးမှိန်ကွယ်ပျောက်နေရသည်။ လူငယ်သုံးယောက်က ထန်တိုက်လင်ကို အချိန်တိုင်းကြည့်နေကြပြီး သူမ၏အလှကြောင့် ဖမ်းစားခံထားရမှန်း သိသာသည်။ သူမ၏ပြိုင်ဘက်ကင်းအလှနှင့် ပါရမီကြောင့် သာမန်လူများက မော့ကြည့်နေရုံသာ တတ်နိုင်သည်။ သူမက ရှင်းဟိုင်ဒေသ ခေါ် ကြယ်ပင်လယ်ဒေသ၏ တပည့်တစ်ယောက်ဖြစ်လာပြီးနောက် မည်သူနှင့်မှ အဆက်အဆံမရှိဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားသည်။

တစ်နှစ်ဆိုသော အချိန်တိုအတွင်း သူမက ရွှမ်အဆင့်တစ်ဆယ်သို့ ရောက်ရှိနေပြီး ဤအမြန်နှုန်းက အံ့လောက်ဖွယ်ဖြစ်သောကြောင့် သိုင်းဒေသကြီး၏အကြီးအကဲများကိုပင် အံ့သြစေခဲ့သည်။ သူမကိုပိုးပန်းလိုသော လူငယ်ပါရမီရှင်များစွာရှိနေပြီး ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ခြောက်ဆယ်ကျော်ရှိသော ကောင်းရန်လည်း အပါအဝင်ဖြစ်ပြီး သူက ထန်တိုက်လင်နှင့် သက်တူရွယ်တူဖြစ်ကာ တာအိုနတ်အဆင့်ငါး ကျင့်ကြံသူဖြစ်သည်။ သူက ထန်တိုက်လင်နှင့် လိုက်ဖက်ညီနိုင်သူဖြစ်သော်လည်း သူမ၏အေးစက်မှုများကိုသာ ရင်ဆိုင်ခဲ့ရသည်။ ကြယ်ပင်လယ်ဒေသရှိ လူတိုင်း၏အမြင်တွင် သူမသည် ကျင့်ကြံခြင်းမှလွဲလျှင် မည်သည်ကိုမှ ဂရုမစိုက်တတ်သူဖြစ်သည်။ အမြဲတမ်းအေးစက်စက်ဖြစ်နေသော ထန်တိုက်လင်သည် ကြယ်ပင်လယ်သိုင်းဒေသမှ ကျစ်ဟွာတော်ဝင်မြို့သို့ ပါရမီရှင်အချို့စေလွှတ်ရန် စီစဥ်နေချိန်တွင် လိုက်ပါခွင့်တောင်းခဲ့သည်။ အကြီးအကဲများက သူမ၏တောင်းဆိုချက်ကို ငြင်းပယ်ရန် အကြောင်းမရှိသောကြောင့် ပါရမီရှင်အချို့နှင့်အတူ စေလွှတ်လိုက်ခြင်းဖြစ်သည်။

ထိုအဖွဲ့တွင် ထန်တိုက်လင်ကိုပိုးပန်းနေသော စစ်ဧကရာဇ်တစ်ယောက်၏သားဖြစ်သော ကောင်းရန်လည်း ပါဝင်နေသည်။ သူက အစွမ်းထက်မျိုးနွယ်တစ်ခုမှလာသူဖြစ်ကာ လူငယ်မျိုးဆက်၏ပါရမီရှင်များအနက်မှ တစ်ယောက်ဖြစ်ကာ အသက်လေးဆယ်မတိုင်ခင် စစ်ဧကရာဇ်အဆင့်သို့ရောက်မည်ဟု ထင်ကြေးပေးခံထားရသူဖြစ်သည်။ လမ်းတလျှောက်တွင် သူက ထန်တိုက်လင်ကို မရေမတွက်နိုင်သောနည်းလမ်းများဖြင့် ပိုးပန်းခဲ့သော်လည်း ကျရှုံးခဲ့ရသည်။ သူက ထန်တိုက်လင်နှင့် တစ်မီတာအကွာ၌ ရပ်နေလျှင်ပင် အရိုးကွဲလောက်သော အေးစက်မှုကို ခံစားနေရသည်။ ထို့ကြောင့် ဤအချက်မှာ ထန်တိုက်လင်၏သဘာဝဖြစ်မည်ဟု သူက ထင်ထားသော်လည်း လက်ရှိတွင် သူမက ထူးထူးဆန်းဆန်း ပြုံးနေခဲ့သည်။ ထိုအပြုံးက လှပလွန်းသောကြောင့် သူက အသက်ရှူရပ်မတတ်ဖြစ်သွားသော်လည်း ၎င်း၏ဦးတည်ရာမှာ ယဲ့ချန်ဖြစ်ကြောင်း သိလိုက်ရသည်။

"ထန်တိုက်လင်က ဒီကောင့်ကို သဘောကျလို့လား။ မဟုတ်လောက်ပါဘူး"

ကောင်းရန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်ရင်း ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည်။ ရုပ်ရည်သွင်ပြင်အရာ၌ သူက ယဲ့ချန်ကိုယှဥ်နိုင်ပြီး ကျင့်ကြံဆင့်အရာတွင်လည်း တစ်ဖက်လူက ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ မျိုးနွယ်နောက်ခံချင်းယှဥ်လျှင်လည်း အဓိကသိုင်းဒေသကြီးများနှင့် တာအိုအိမ်တော်၏ မဟာမျိုးနွယ်ကြီးများမဟုတ်လျှင် သူ၏မျိုးနွယ်ကို ယှဥ်နိုင်မည်မဟုတ်ပေ။

"ဂိုဏ်းတူအစ်ကိုကောင်း ဒီလူက ဘယ်သူလဲ"

ကောင်းရန်၏ဘေးတွင်ရပ်နေသော လူငယ်တစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်။ သူကလည်း ကြယ်ပင်လယ်ဒေသ၏ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ကျိရှန်းဟု ခေါ်သည်။

"ငါလည်း ဘယ်သိမလဲ"

ကောင်းရန်က ခေါင်းယမ်းပြလိုက်သည်။ ထိုအချိန်တွင် ထန်တိုက်လင်ထံ လမ်းလျှောက်လာနေသော ယဲ့ချန်က သူတို့ကို သတိထားမိသွားခဲ့သည်။

"နင်ပြန်လာပြီလား"

ယဲ့ချန်သည် ဇနီးသည်နှင့် ပြန်လည်တွေ့ဆုံရသောအခါ ဝမ်းသာမှုကြောင့် ပြောစရာစကားများ ပျောက်ကွယ်နေသည်။ ထန်တိုက်လင်၏အကြည့်က သူ၏နှလုံးသားကို နူးညံ့နွေးထွေးစေသည်။ ထန်တိုင်လင်က ယဲ့ချန်၏အမေးကို ခေါင်းညိတ်၍ ဖြေလိုက်သည်။ သူမက အရင်အတိုင်းလှပနေဆဲဖြစ်ကာ အချိန်ကြာမြင့်စွာ ခွဲခွာခဲ့ရသောကြောင့် ယဲ့ချန်မှာ အလွန်ပျော်ရွှင်နေခဲ့သည်။

"ဒီမိတ်ဆွေက"

ယဲ့ချန်နှင့် ထန်တိုက်လင် အကြည့်ချင်းဆုံနေသောအခါ ကောင်းရန်က မနှစ်မြို့ဟန်ဖြင့် ဖြတ်ပြောလိုက်ခြင်းဖြစ်သည်။

"ငါက ယဲ့ချန်ပါ"

သူက ကောင်းရန်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

"ငါက ကြယ်ပင်လယ်သိုင်းဒေသရဲ့ တပည့် ကောင်းရန်ပါ"

ကောင်းရန်က သူ့သိက္ခာသူထိန်းသည့်အနေဖြင့် မကျေနပ်သောအမူအရာမျိုး ထုတ်ဖော်မထားပေ။ သူက ထန်တိုက်လင် စိတ်ကွက်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

"ငါက ကျိရှန်းပါ"

"ငါက ကျိရွှယ်ပါ"

နောက်ထပ်လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်ကလည်း ဝင်ရောက်မိတ်ဆက်လိုက်ကြသည်။ ကျိရွှယ်သည် တစ်ချက်ကြည့်ရုံဖြင့် ထန်တိုက်လင်နှင့် ယဲ့ချန်ကြားတွင် ဆက်ဆံရေးတစ်ခုရှိကြောင်း သတိထားမိလိုက်သည်။ ရေခဲနတ်ဘုရားမ နှစ်သက်လာစေရန် စွမ်းဆောင်နိုင်သူက ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိနိုင်သည်ဟု သူမက ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ယဲ့ချန်သည် ချီပင်လယ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သာမန်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်နိုင်သောကြောင့် ထန်တိုက်လင် မည်သည့်အရာကို မျက်စိကျနေကြောင်း သူမက စဥ်းစားမရပေ။ ကျန်ပါရမီရှင်နှစ်ယောက်ကလည်း သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်ကြသည်။

"မင်းတို့အားလုံးက လင်အာနဲ့ ဂိုဏ်းတူမောင်နှမတွေပေါ့။ ဒါဆိုရင် ဧည့်သည်တွေကို အိမ်ရှင်ဖြစ်တဲ့ငါက ကောင်းကောင်းမွန်မွန် ဧည့်ခံရမှာပေါ့။ တစ်ခုခု ကျွေးပါရစေ"

ထန်တိုက်လင်သည် ကြယ်ပင်လယ်ဒေသတွင် နေထိုင်ရဦးမည်ဖြစ်သောကြောင့် ယဲ့ချန်က သူတို့နှင့်ပြဿနာမဖြစ်လိုသဖြင့် ယဥ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။ သို့သော် သူက လင်အာဟု တမင်သက်သက် သုံးနှုန်းလိုက်ခြင်းဖြစ်သည်။ ထိုစကားကိုကြားသောအခါ ကောင်းရန်က ထန်တိုက်လင်ကို အကဲခတ်လိုက်ပြီး သူမက မငြင်းဆန်သည့်အပြင် ပြုံးပါပြုံးနေသောကြောင့် သူရော ကျိရှန်းပါ မကျေမနပ်ဖြစ်သွားကြသည်။

သူတို့နှစ်ဦးက ထန်တိုက်လင်ကို ပိုးပန်းနေသူများဖြစ်ပြီး တစ်ယောက်က သူမကိုပိုင်ဆိုင်သွားလျှင် လက်ခံနိုင်ပေသည်။ သူတို့က ကြယ်ပင်လယ်ဒေသ၏ပါရမီရှင်များဖြစ်ကာ တစ်ယောက်၏နောက်ခံကို တစ်ယောက်က ကောင်းစွာသိရှိထားသည်။ သို့သော်လည်း မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရသော ယဲ့ချန်ကို အရှုံးပေးလိုက်ရခြင်းအပေါ် လက်မခံနိုင်ကြပေ။

"လောလောဆယ်တော့ သွားလို့မရသေးဘူး။ ငါတို့က လေလံပွဲတစ်ခုတက်ရောက်ဖို့ ထွက်လာတာပါ။ ပင်လယ်ပန်းပွားလို့ခေါ်တဲ့ တာအိုလက်နက်တစ်ခု ရောင်းချလိမ့်မယ်။ ဒါက ရေချီကျင့်ကြံခြင်းအတွက် အလွန်အသုံးဝင်တဲ့အတွက် ဂိုဏ်းတူညီမလေးအတွက် ငါတို့က လက်ဆောင်အဖြစ် ဝယ်ပေးမလို့ပဲ"

ယဲ့ချန်၏ဖိတ်ခေါ်မှုကို ကျိရှန်းက ငြင်းဆန်လိုက်သည်။ သူ၏လေသံနှင့် အမူအရာက ဝံ့ကြွားနေပြီး ယဲ့ချန်ကို ငွေဖြင့် ဖိအားပေးလိုခြင်းဖြစ်သည်။ ယဲ့ချန်က ထန်တိုက်လင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမက မငြင်းဆန်သောအခါ ထိုရတနာက အမှန်တကယ်အသုံးဝင်ကြောင်း သိလိုက်ရသည်။

"ကျုပ်က မင်းတို့ကို ပိုက်ဆံကုန်စေလို့ ဘယ်ဖြစ်ပါ့မလဲ"

ယဲ့ချန်၏စကားကြောင့် ကောင်းရန်နှင့် ကျိရှန်း၏စိတ်ထဲတွင် ဒေါသများ ပေါက်ကွဲကုန်သည်။ ယဲ့ချန်က ထန်တိုက်လင်ကို သူ၏ဇနီးပမာသဘောထား၍ ပိုင်စိုးပိုင်နင်းပြောလိုက်ခြင်းအပေါ် သူတို့က လက်မခံနိုင်ကြပေ။ သို့သော် ယဲ့ချန်က သူတို့ကို လျစ်လျူရှုထားပြီး ထန်တိုက်လင်က တစ်ခွန်းမှဝင်မပြောဘဲ တိတ်ဆိတ်နေခဲ့သည်။ ထိုအစား သူမ၏မျက်နှာထက်တွင် စိတ်ဝင်စားစရာတစ်ခု တွေ့လိုက်ဟန်ဖြင့် အပြုံးတစ်ခု ရှားရှားပါးပါး ဖြစ်ပေါ်လာလေသည်။

All Chapters