← Chapters

အိမ်အပြန်

Vol. 57 Ch. 785

အိမ်အပြန်

Vol. 57 Ch. 785

ရောင်စုံ ဟင်းလင်းပြင် အလင်းတန်းများနှင့် အတူ ဝေ့ဝူယင် တစ်ယောက် အိမ်ကို ပြန်လာခဲ့ပြီ ဖြစ်လေသည်။ မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့တာ အနည်းငယ် ရှိသည့်တိုင် ထိုခရီးစဥ်က အတော်လေး ကျေနပ်စရာတော့ ကောင်းခဲ့ပေသည်။ သူ့အတွက် အဖိုးအတန်ဆုံး အကျိုးအမြတ်က လျှို့ဝှက်အဆင့် ဟင်းလင်းပြင် လက်စွပ်များပင် ဖြစ်သည်။ ဝူယု၏ အဆိုအရဆိုလျှင်... လျှို့ဝှက်အဆင့် လက်စွပ်များကို မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် တွေ့ရလေ့ မရှိဟု သိရသည်။

သူ ရရှိခဲ့သည့် ဒုတိယမြောက် အကျိုးအမြတ်ကတော့ ဗဟုသုတများပင် ဖြစ်လေသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် တစ်ခါမှ မကြားခဲ့ဖူးသည့် ကြယ်တာရာ ဆင်းတုများ အကြောင်း သိရှိခဲ့ရသည့် အပြင် လျှို့ဝှက် အာဏာရှင် အဆင့် အတွက် လိုအပ်ချက်များကိုပါ သိုမှီးနိုင်ခဲ့သည်။

လောကရှန့်ထို အဆင့်အတွက် အဓိက လိုအပ်ချက်များထဲမှ တစ်ခုက လောကနှလုံးသား ရည်ရွယ်ချက်ပင် ဖြစ်သည်။ ကောင်းကင်ရှန့်ထို အဆင့်အတွက် ကတော့ မူလ အဆင့် ဖြစ်သည်။

ထို့အပြင်... စစ်ဝိညာဥ် ဖလှယ်မှုမှ နေ၍ မရေမတွက်နိုင်သည့် လျှို့ဝှက် နည်းလမ်းများ၊ ကျင့်စဥ်များကို သူ လဲလှယ် ရယူ ခဲ့သေးသည်။ သို့သော်လည်း ၎င်းတို့ကို လျှို့ဝှက် ဘာသာစကားဖြင့် ရေးသားထားလေရာ လျှို့ဝှက် အာဏာရှင် အဆင့်များသာ အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။ လျှို့ဝှက် ဘာသာစကား အကြောင်း အဘယ်ကြောင့် ဝူယုနှင့် ဝမ်ယုထျန်းတို့ မပြောခဲ့ဖူးသည်ကို သူ တွေးလိုက်မိ၏။

နောက်ဆုံး အကျိုးအမြတ်ကတော့ စစ်ဝိညာဥ်များ အပါအဝင် ရတနာများ၊ ပစ္စည်းများပင် ဖြစ်သည်။ မဲမဲမြင်သမျှ လက်ညိုးထိုး ဝယ်ပြီးနောက်တွင် စစ်ဝိညာဥ် နှစ်သန်းကျော်ကို ဝေ့ဝူယင် ကိုယ်ပိုင် အသုံးပြုရန် အတွက် ချန်ထားခဲ့သည်။

စစ်ဝိညာဥ်များ၏ အသုံးဝင်ပုံကလည်း အံ့မခန်းပင်။ အင်အားစု တစ်ခုကို တိုးတက်အောင်လုပ်ဖို့နှင့် ပါရမီရှင်များကို ပျိုးထောင်ပေးဖို့ အတွက် ၎င်းတို့က အလွန် အသုံးဝင်ပေသည်။ မည်သို့ပင် ဆိုစေ... ၎င်းတို့မှာ ထာဝရ ခြေချခြင်း ဆေးလုံးများ အဖိုးတန်လှကာ ကျင့်ကြံသူ တစ်ယောက်၏ သေမျိုး အဆင့်ကို မြှင့်တင် ပေးနိုင်သည်။ ထို့အပြင် ၎င်းတို့ကို ပန်းပဲလုပ်ငန်း၊ အဂ္ဂိရတ် လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်သေးသည်။ ထို့အပြင်... ၎င်းတို့ ကိုယ်တိုင်က အရေးအကြီးဆုံး ဖြစ်သည့် ဝိညာဥ်ပျိုးထောင်ခြင်း ရင်းမြစ်များ ဖြစ်နေသည်ကိုလည်း မမေ့သင့်ပါချေ။

အနန္တ စစ်တာအို နန်းတော်တွင် ဝမ်ယုထျန်းထံမှ လက်ခံ ရရှိခဲ့ပြီး ကတည်းက အခြေတည် ဆေဘာဝိညာဥ်ကို သူ မသန့်စင်ရသေးချေ။ ဝိညာဥ်ပျိုးထောင်ခြင်း ရင်းမြစ်များ ရှားပါးခြင်းက သူ့ကို ခေါင်းကိုက်စေသည့် ပြဿနာ တစ်ခုပင်။ ထာဝရ ကြယ်တာရာ နယ်မြေတွင် သူ တစ်ခုမှပင် ရှာမတွေ့ခဲ့ချေ။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် တစ်ချို့တစ်လေ ရှိနိုင်သည့်တိုင် ၎င်းတို့က စစ်ဝိညာဥ်နှစ်သန်းလောက်တော့ အကျိုးရှိလိမ့်မည် မထင်ချေ။

“စစ်အမတေတွေကလည်း တကယ့် ရတနာတွေပဲ...”

ဝေ့ဝူယင် ဝတ်စုံနှင့် ခါးရှိ ဆေဘာတို့ကို အနည်းငယ် ပွတ်သပ်လိုက်မိသည်။ ထိုနှစ်ခုစလုံးကို သူ အပိုင်ရခဲ့ချေပြီ။ အလွန် ပြောင်းလွယ်ပြင်လွယ် ရှိသည့် အဆင့်မြင့် အမတေများကို ထိုကဲ့သို့ စျေးနှုန်း သက်သက်သာသာဖြင့် ရရှိလိမ့်မည်ဟု သူ မျှော်လင့်၍ပင် မထားခဲ့ချေ။

ထိုအရာများက ကျင့်ကြံခြင်း လမ်းစဥ် အတွက် သက်ရောက်မှု ကြီးမားသည့်တိုင် ဝေ့ဝူယင် အတွက် အကြီးမားဆုံး အကျိုးအမြတ်ကတော့ ဆက်စပ်မှု စစ်မြေပြင်၏ ပြိုင်စံရှား စွမ်းအားဖြင် ရုပ်ခန္ဓာ သန့်စင် ပေးခဲ့မှုပင် ဖြစ်သည်။ ၎င်းက အနာဂတ်တွင် ဖြစ်လာနိုင်ချေ ရှိသည့် အလားအလာနှင့် နီးစပ်မှု မရှိသေးသည့်တိုင် ယာယီအားဖြင့် အမြင့်ဆုံး အဆင့်အတန်းကို ပေးစွမ်း နိုင်ခဲ့သည်။ စစ်ပွဲအတွက် ကမ္မတန်ဖိုး ဖြတ်တောက်မှုက ထိုက်တန်သည်ထက် ပိုသေးသည်ဟုပင် ဝေ့ဝူယင် တွေးလိုက်မိသည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... အလင်းပြာဂြိုဟ်သို့ ပြန်နေပြီ ဖြစ်လေရာ အကောင်းဖက်မှ တွေးရန် ဝေ့ဝူယင် ဆုံးဖြတ် လိုက်၏။ ကန့်သတ်ချက်များ ရှိသည့် နေရာ၌ ဆက်နေစရာ မလိုတော့လေရာ သူ ဝိညာဥ်အာရုံကို လွတ်လပ်စွာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ ထို့အပြင် သူ ချစ်ခင်ရသူများနှင့် ပြန်လည်ကာ တွေ့ဆုံရပေတော့မည်။

ဝေ့ဝူယင် အချိန်ရှိခိုက် လုံလစိုက်ဖို့ ဆုံးဖြတ်လိုက်ကာ အာရုံခွင်း ဆေဘာအလင်း နည်းလမ်းကို စတင် ဖတ်ရှု လိုက်၏။ တစ်ခဏ ကြာပြီးနောက်၌ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဒီနည်းလမ်းက သူ့(မ)အတွက် သင့်တော်တယ်... အရမ်း အသေးစိတ် ကျတယ်... ဒါပေမဲ့ သင်္ကေတ မျိုးစေ့ ခုနစ်ခု ဆိုတာက ဒီနည်းလမ်းရဲ့ အကန့်အသတ်လား... ထပ်တိုးလို့ ရနိုင်သေးလား... အဂ္ဂိရတ် ထုတ်ကုန်တွေကရော အခွင့်အလမ်းကို တိုးမြှင့်ပေးနိုင်မှာလား... မဟာစက်ဝန်း ကြယ်တာရာ ကွင်းပြင်မှာရော ဘယ်လို အဂ္ဂိရတ် ထုတ်ကုန်မျိုးတွေ ရှိနေမလဲ ငါတကယ် သိချင်နေပြီ”

...

ဟူး... ဟူး...

ရောင်စုံအလင်းတန်း တစ်ခုမှာ ကောင်းကင်မှ နေ၍ အလင်းပြာဂြိုဟ်၏ မျက်နှာပြင်ထက်သို့ ကျဆင်း လာခဲ့၏။ ၎င်း၏ အရှိန်အဟုန်ကြောင့် ဂြိုဟ်ထက်၌ ငလျင် အသေးစား တစ်ခု ဖြစ်ပွား သွားခဲ့သည်။

တစ်ခဏ ကြာပြီးနောက် အလင်းတန်းများက ကျဲပါးသွားကာ အဖြူရောင် ဝတ်စုံဝတ် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ အလွန် အစွမ်းထက်သည့် ဝိညာဥ်အာရုံမှာ သူ့ထံမှ ပျံ့လွင့်လာကာ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဂြိုဟ်တစ်ခုလုံးကို ဖုံးလွှမ်း သွား၏။

“ဟမ်...”

ဝေ့ဝူယင်၏ နှလုံးသားက အနည်းငယ် လှုပ်ရှားသွား၏။ ယခု မြင်တွေ့နေရသည့် အလင်းပြာဂြိုဟ်က နောက်ဆုံး အကြိမ် မြင်တွေ့ခဲ့ရသည့် အလင်းပြာဂြိုဟ်နှင့် မတူတော့ချေ။ မျက်နှာပြင် တစ်ခုလုံး၌ အသက် လက္ခဏာ တစ်ခုပင် မရှိတော့ချေ။ လေထုက စိုစွတ်ကာ လုံးဝ ပျက်စီးနေ၏။ ၎င်းက သက်ရှိများကို လက်ခံနိုင်စွမ်း မရှိတော့ချေ။

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။

“ပိုင်လင် ဘယ်ရောက်နေလဲ...”

ရုတ်ချည်း ဆိုသလိုပင် ဂြိုဟ်အောက်ဆီမှ တုန်ခါမှ တုန်ခါမှု တစ်ခုကို ဝေ့ဝူယင် ခံစားလိုက်ရ၏။ ထို့နောက် မြေကြီးထက်၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာကာ ကျောက်တုံး အပိုင်းအစများမှာ ဖွာလန်ကြဲ ထွက်သွားတော့သည်။ မကြာခင်မှာပင် ရှင်းလင်း ကြည်လင်သည့် ငှက်အော်သံမှာ ဟင်းလင်းပြင် တစ်ခုလုံးကို တုန်ခါ သွားစေခဲ့တော့၏။

ဂီး...

...

မူယင်း စာရေးဆရာရဲ့ အဆိုအရ ဒီနေရာမှာ Volume 5 ပြီးသွားပါတယ်။ Kevin Ascending က Volume 6 ကိုတော့ “ရွေးချယ်ခံ ဧကရာဇ် မြင့်တက်လာခြင်း” လို့ နာမည် ပေးထားပါတယ်။

အားလုံးပဲ...

Volume 6 ကို မသွားခင် အပိုင်း (၅၇၅) မှာ ကျွန်တော်ရော ခင်ဗျားတို့ရော အူကြောင်ကြောင်နဲ့ မြင်ခဲ့ဖူးတဲ့ ဂလာစီယွန်ဂြိုဟ်ပေါ်က ဇာတ်ကောင် တစ်ခုနဲ့ ပြန်ပြီး မိတ်ဆက်ပေးပါရစေ။

အိပ်မပျော်တဲ့ ညတွေမှာ အပြိုင် စကြဝဠာတွေ အကြောင်း ခင်ဗျားတို့ လျှောက်တွေးဖူးလား။ လောကကြီးရဲ့ တစ်ထောင့် တစ်နေရာမှာ ရှိနေမယ့် အခြား ခင်ဗျားတို့ ကိုယ်တိုင်ရဲ့ အကြောင်းပေါ့လေ။ အဲဒီ နေရာမှာတွေမှာ ခင်ဗျားတို့ ဘာတွေ လုပ်နေမယ် ထင်လဲ။

အိပ်မက်တွေနောက်ကို တစိုက်မတ်မတ် လိုက်နေမှာလား။ ဒီထက် ပိုအထိ နာတဲ့ ရှုံးနိမ့်ခြင်းတွေနဲ့ ကြုံတွေ့ နေရမှာလး။ နောက်ပြီး... ကျွန်တော်တို့ ပတ်ဝန်းကျင်ကရော ဒီထက် ပိုငြိမ်းချမ်းပြီး တိုးတက်နေမှာလား။

ကျွန်တော်တို့ အားလုံးရဲ့ ယုံကြည်ချက်တွေ အယူအတွေကရော တူမှာလား။ ကျွန်တော်ကတော့ မထင်ဘူးဗျ။ လူဆိုတာက အတွေ့အကြုံနဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု အပေါ် မူတည်ပြီး ပြောင်းလဲ တတ်ကြတာ မလား။ ဒီတော့ အနည်းနဲ့ အများ ပြောင်းလဲမှာပဲ။

ထားပါတော့လေ.... လိုရင်းကို ပြန်သွားရအောင်။ ဂလာစီယွန် ဂြိုဟ်ပေါ်မှာ ခင်ဗျားတို့ တွေ့ခဲ့ရတဲ့ ဝေ့ဝူယင်က ကျွန်တော်တို့ သိတဲ့ ဝေ့ဝူယင် မဟုတ်ပါဘူး...။ စကြဝဠာကြီးရဲ့ တစ်ထောင့် တစ်နေရာမှာ ရှိနေတဲ့ အခြား ဝေ့ဝူယင် တစ်ယောက်ပေါ့လေ။

ခုအချိန်မှာ သူကလည်း သူတို့ စကြဝဠာမှာ ရှိတဲ့ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို ရောက်နေပါပြီ။ ရောက်ပြီးလို့ မကြာခင်မှာပဲ သူက တော်ဝင်ကလန် ရှစ်ခုထဲက တစ်ခု ဖြစ်တဲ့ လျူကလန်နဲ့ တွေ့ပါတယ်။ ထပ်တူပဲ ကမ္မ ဖြတ်တောက်မှုနဲ့ ကြုံခဲ့ရပါတယ်။ အခု သူ့ရည်ရွယ်ချက်ကတော့ ဟင်းလင်းပြင်ထဲမှာ လွင့်မြောနေတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုကို ရဖို့ပါပဲ။

ကဲ... အခု အဲဒီ ဝေ့ဝူယင်ရဲ့ အပိုင်းအစ တစ်ချို့ကို နည်းနည်းလောက် မြည်းစမ်းလိုက်ရအောင်ဗျာ။

***

All Chapters