← Chapters

ဝေ့ဝူယင် (၂)

Vol. 57 Ch. 787

ဝေ့ဝူယင် (၂)

Vol. 57 Ch. 787

ဘုန်း... ဘုန်း...

ကြယ်သင်္ဘောကြီး၏ ဝင်္ကပါများမှာ နောက်တစ်ကြိမ် ပြင်းထန်သည့် သက်ရောက်မှုကို ခံလိုက်ရပြန်၏။ သင်္ဘောထက်၌ မဟာ အကြီးအကဲများနှင့် သင်္ဘောသားများကတော့ ဆံပင်မွေးများပင် ထောင်နေကြပြီ ဖြစ်လေသည်။

“အဲဒါက ဝိညာဥ် ဆင်းတုလား...”

လျူရှောင်ခွန်းက အော်ဟစ်လိုက်၏။ ထိုအရာက သူ့ဘဝ တစ်လျှောက်လုံးတွင် တွေ့ဖူးသမျှ အကြီးမားဆုံးနှင့် ယုတ္တိအရှိဆုံး ဝိညာဥ် ဆင်းတုပင် ဖြစ်သည်။ ဝိညာဥ် ဆင်းတု ဖြစ်ကြောင်း သိသာစေသည့် တစ်ခုတည်းသော အချက်က ၎င်းကို ဝန်းရံနေသည့် ကွင်းကိုးကွင်းပင် ဖြစ်လေသည်။

“ကွင်းဆယ်ကွင်း ဝိညာဥ်ဆင်းတု...”

လျူမူလန်က မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။ ကွင်းဆယ်ကွင်း ဝိညာဥ်ဆင်းတုကို ပိုင်ဆိုင်ဖို့ အတွက် ဆိုလျှင်... ကြယ်တာရာ အမြုတေ အဆင့်သုံး၌ ဝိညာဥ်နတ်ဘုရား ခြေချခြင်း ဆေးရည်ကို သောက်သုံးရသည်။ ထို့အပြင်... ဆေးရည်မှာ အထွတ်အထိပ် အရည်အသွေး ဖြစ်ဖို့ လိုအပ်သေးသည်။ အဆင့်ကိုး ဆေးလုံးများကို အထွတ်အထိပ် အရည်အသွေး အထိ ရရှိအောင် ဖော်စပ်ရန်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှ အဂ္ဂိရတ် ရှန့်ထိုများ အတွက်ပင် ခက်ခဲလှသည်။ နောက်ခံအားဖြင့် အလွန်အမင်း မြင့်မားသူများသာလျှင် ကွင်းဆယ်ကွင်း ဝိညာဥ်ဆင်းတုကို ရရှိရန် စိတ်ကူးယဥ်နိုင်ကြသည်။

လျူပိုင်လီကတော့ ဆွံအ နေ၏။ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း သူ နားမလည်နိုင်ချေ။ ဝိညာဥ် ဆင်းတု တစ်ခုက အဘယ်ကြောင့် အမှောင် ဟင်းလင်းပြင်ထဲတွင် ပေါ်လာသနည်း။ ၎င်းကို မည်သူ ပိုင်ဆိုင်သနည်း။

“ဟိုကိုကြည့်ဦး...”

အသံတစ်ခုမှာ ကြယ်သင်္ဘော အတွင်းမှ ထွက်ပေါ်လာကာ အားလုံး၏ အာရုံများကို ဖမ်းစား သွား၏။ မဟာ အကြီးအကဲများမှာ ချက်ချင်းပင် သင်္ဘောသား ညွှန်ပြသည့် နေရာကို ကြည့်လိုက်ကြ၏။

“ဘာလဲ...”

အားလုံး၏ မျက်လုံးများက ပြူးကျယ်သွား၏။ သူတို့ မြင်တွေ့လိုက်ရသည့် အရာက ကြယ်သင်္ဘော၏ ပဲ့ကို ကိုင်ထားသည့် မီးခိုးရောင် အကြေးခွံများနှင့် တောင်ပံပါ သားရဲ တစ်ကောင်ပင်။ ၎င်းက မျက်နှာ တစ်ခြမ်းနှင့် အတောင်ပံ တစ်ဖက်မျှသာ ကျန်တော့ကာ ညာဘက်လက်မှာ အရိုးများ အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ၎င်း၏ မီးခိုးရောင် အကြေးခွံ အများစုမှာလည်း ဖျက်ဆီး ခံထားရသည့်ဟန် ရ၏။ လတ်လတ်ဆတ်ဆတ် မီးခိုးရောင် သွေးများက သူ့ခန္ဓာကိုယ် နေရာ အနှံ့အပြားမှ စိမ့်ထွက်နေသည်။ ၎င်းက အော့နှလုံး နာလောက်အောင် ကြောက်စရာ ကောင်းလွန်းလှသည့် အသွင်အပြင်ပင်။

ဘုန်း...

ချက်ချင်းဆိုသလိုပင် သူတို့ ခန္ဓာကိုယ်ကို နားမလည်နိုင်သည့် စွမ်းအား တစ်ခုက လွှမ်းခြုံ သွားသလို ခံစားလိုက်ရ၏။

ဝေ့ဝူယင် အေးစက်စက် ပြုံးရင်း ပဲ့တင်ကို ပြင်းထန်စွာ လှုပ်ယမ်းလိုက်၏။ ဒဏ်ရာကုသရန် အတွက်တော့ သူ ဧဒင်ကို လက်လွှဲ ထားခဲ့လိုက်ပြီ ဖြစ်သည်။ လက်ရှိ သူ လုပ်ရမည့် အရာက တစ်ခုသာ ရှိသည်။ ကြယ်သင်္ဘောကို အရယူဖို့ပင်။

ဧဒင်၏ နည်းလမ်းများမှာ အလွန်ပင် မြန်ဆန်လွန်းလှ၏။ စက္ကန့်ပိုင်း အတွင်းမှာပင် ကောင်းကင်မျက်လုံး အမှန်တရား မျက်လုံးများဖြင့် ကြယ်သင်္ဘော၏ အကာအကွယ်များကို ကျော်ဖြတ်နိုင်သည့် နေရာအား ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်သည်။

၎င်းတို့ကို ဖျက်ဆီးရန် အတွက်လား... ခရာတို၏ ဝိညာဥ်ဆင်းတု ရှိနေပေသည်။ အမှောင် ဟင်းလင်းပြင်ထဲတွင် ဝိညာဥ်ဆင်းတု ဖော်ထုတ်ရန်မှာ အခြားလူများ အတွက် ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း ခရာတိုမှာ ဟင်းလင်းပြင် နဂါး ဖြစ်သည်။ အမှောင် ဟင်းလင်းပြင်က သူ့အိမ်ပင်။

ကြယ်သင်္ဘောထက်ရှိ လူများကို ဝေ့ဝူယင် မသိသော်လည်း မဟာ အကြီးအကဲများ၏ ကြယ်အမြုတေများကိုတော့ ခံစားမိပေသည်။ သူတို့က ကြယ်တာရာ အမြုတေ အဆင့်ကိုးတွင်သာ ရှိနေပေသည်။

“ငါ့သင်္ဘောပေါ်ကနေ ထွက်သွားကြစမ်း...”

"ဒီခွေးကောင်...”

လီရှောင်ခွန်းက ဒေါသတကြီးဖြင့် အော်ဟစ်ရင်း တိုက်ခိုက်ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း သူ မလှုပ်ရှား ရသေးခင်မှာပင်

ဘုန်း...

မမြင်နိုင်သည့် အင်အား တစ်ခုက တွန်းထုတ်လိုက်သလို သူ့ခန္ဓာကိုယ်မှာ အရုပ်ကြိုးပြတ်ဖြင့် သင်္ဘော အပြင်ဘက်သို့ လွင့်စဥ် သွားခဲ့၏။

ဝေ့ဝူယင်မှာ ကြယ်သင်္ဘော၏ အတွင်းပိုင်း ဝင်္ကပါများကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ စက္ကန့်ပိုင်း အတွင်းမှာပင် မဟာ အကြီးအကဲများ အပါအဝင် သင်္ဘောထက်ရှိ လူအားလုံးကို သူ အမှောင် ဟင်းလင်းပြင် အတွင်းသို့ တွန်းထုတ် ပစ်လိုက်၏။

ထို့နောက်... သူက ကျောက်ချထားသည်ကို ပြန်လည် ရုတ်သိမ်းကာ ရွေ့လျားခြင်း ဝင်္ကပါများကို အသက်သွင်းလိုက်သည်။ မကြာခင်မှာပင် သင်္ဘောကြီးမှာ အမှောင် ဟင်းလင်းပြင် အတွင်း တိုးဝင်ကာ ပျောက်ကွယ် သွားခဲ့လေတော့သည်။

“သောက်ချီးပဲ...”

လျူပိုင်လီ၊ လျူမူလန်နှင့် လျူရှောင်ခွန်းတို့မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည် ကြယ်သင်္ဘောကို ကြည့်ကာ အံ့တကြိတ်ကြိတ်ဖြင့် ကျန်ရစ်ခဲ့၏။

ကံကောင်းထောက်မစွာပင်... ကြယ်အမြုတေ အဆင့်များ အနေဖြင့် မဟာ အကြီးအကဲများမှာ အလွန် အားကောင်းသည့် ကိုယ်ပိုင် နယ်မြေများကို ပိုင်ဆိုင်ထားကြပေသည်။ သူတို့က လျှင်မြန်စွာပင် အခြားလူများကို နယ်မြေများ အတွင်း ဆွဲခေါ်လိုက်ကြ၏။ အမှောင် ဟင်းလင်းပြင်ထဲ၌ မသန့်စင်ရသေးသည့် လျှို့ဝှက် အော်ရာများကို သူတို့ ခုခံနိုင်သည့်တိုင် အေးစက်မှု အော်ရာက အဓိက ခြိမ်းခြောက်မှု ဖြစ်သည်။

လျူပိုင်လီက ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ သတင်း ပို့လွှတ်လိုက်၏။ အကူအညီများ ရောက်ရှိလာသည် အထိ သူတို့ တောင့်ခံ ရမည် ဖြစ်ပေတော့သည်။

ထိုအချိန် ကြယ်သင်္ဘောထက်၌...

“မင်း အားလုံး ရခဲ့ရဲ့လားကွ...”

ဝေ့ဝူယင်က စိုးရိမ်ပူပန်စွာဖြင့် ခရာတိုကို မေးလိုက်၏။ သူ တစ်နာရီ နီးပါးခန့် အချိန်ဖြုန်းကာ ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ အမြုတေကို ဖျက်ဆီးခဲ့သည်။ အကျိုးဆက် အနေဖြင့် ပေါက်ကွဲသော အချိန်၌ ကြီးမားသော အတွင်းအပြင် ဒဏ်ရာများ ရရှိခဲ့သည်။ သူ့မျက်နှာတစ်ခြမ်းနှင့် ညာဘက်လက်ရှိ အကြေးခွံ၊ အသွေး၊ အသား အားလုံး ပျက်စီးခဲ့ရကာ အရိုးများသာလျှင် ကျန်ရစ်ခဲ့၏။ ပြောရလျှင်... သူ့ အတောင်ပံများပင်လျှင် တစ်ဖက်သာ ကျန်ရစ်ခဲ့ပေသည်။ ရလဒ်က ထိုပေးဆပ်မှု အားလုံးနှင့် ထိုက်တန်လေမလား သူ သိချင်မိသည်။

“အားလုံးပဲ...”

ခရာတိုက ဖြေလိုက်၏။ ၎င်း၏ လေသံက ကျေနပ်နေဟန် ရကာ သက်တောင့်သက်သာ ရှိမှု၊ စိတ်အပန်းပြေမှုတို့နှင့် ပြည့်နှက်နေသည်။

ကြယ်သင်္ဘောတစ်စင်းနှင့် လျှို့ဝှက် ကျောက်တုံး သိမ်းချီ... ထို့အပြင် အားလုံးက အဆင့်မြင့် အရည်အသွေးတွင် ရှိသည်။ ထိုအရာက သူ လက်ခံ ရရှိဖူးသမျှထဲ၌ အကြီးမားဆုံးသော ကမ္မ အခွင့်အရေးပင်။

ကောင်းကင်တာအိုက သူ့ကို ဒါဇင်ဂဏန်းမျှသာ ပေးချင်သလော... အိပ်မက်ထဲတွင်သာ ဖြစ်နိုင်ပေလိမ့်မည်။ အမြတ်ထုတ် ကောင်းချီးခံ တစ်ယောက် အနေဖြင့် သူက အကုန်လုံးကို ယူပစ်မည် ဖြစ်သည်။

ဟား... ဟား... ဟား...

ဝေ့ဝူယင်၏ အရူးတစ်ယောက်လို အားရပါးရ ရယ်မောသံက ကြယ်သင်္ဘောတစ်ခုလုံးကို ပျံ့လွင့် သွားခဲ့လေတော့၏။

ဘုန်း...

ဂြိုဟ်သိမ်ဂြိုဟ်မွှားကား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

ဟား... ဟား... ဟား...

ဟား... ဟား... ဟား...

***

လွင်ထီးခေါင် မြေပြင်၊ လောင်မြိုက်နေသည့် လေထုနှင့် အဆုံးမဲ့ တိတ်ဆိတ်မှုတို့ကို ကြည့်ရင်း ဝေ့ဝူယင်၏ နှလုံးသားက အမျိုးမျိုးသော ခံစားချက်တို့ဖြင့် ရှုပ်ထွေးလာ၏။ ကြောက်မက်ဖွယ် ပတ်ဝန်းကျင်နှင့် အသက်ဓာတ်တို့ ကင်းမဲ့နေသည့် အလင်းပြာက သူ့ထံ မေးခွန်းတစ်ခုကို ပေါက်ဖွားလာစေသည်။

“ပိုင်လင် ဘယ်မှာလဲ...”

စစ်မြေပြင်ကို မထွက်ခွာခင်က ပိုင်လင်မှာ အလင်းပြာကို သူနှင့် အတူ ပါလာခဲ့သည်။ သို့သော်လည်း... စစ်မြေပြင်ကို သားရဲများ ခေါ်ဆောင်လာ၍ မရကြောင်း နောက်ပိုင်းတွင်မှ ကျင်းကျူး၏ မှတ်ဉာဏ်များထဲမှ တစ်ဆင့် သူ သိခဲ့ရသည်။ ဝိညာဥ်သားရဲ ကျင့်စဥ်ဟု ခေါ်သည့် နည်းလမ်းဖြင့် သန့်စင်ထားသည့် ဝိညာဥ်သားရဲများကိုတော့ ခြွင်းချက် အနေဖြင့် ခေါ်ခွင့် ပြုထား၏။ သို့သော်လည်း... ထိုနည်းလမ်းဖြင့် သားရဲများကို သန့်စင် ပိုင်ဆိုင်နိုင်သူများမှာလည်း အလွန်အမင်း အားကောင်းသည့် ဝိညာဥ်သခင်များသာ ဖြစ်ပေသည်။

ဝေ့ဝူယင် ခေါင်းကို မော့ကာ ဝိညာဥ်အာရုံကို ကောင်းကင်ထံ ပို့လွှတ်လိုက်၏။ သူ အမြင်အာရုံကို အမှောင် ဟင်းလင်းပြင်၏ အကန့်အသတ် ရောက်သည် အထိ ချဲ့ထွင်ရန် ရည်ရွယ်ထားသည်။ လက်ရှိ၌ ကြယ်တာရာ ဝိညာဥ်လေးခုကို ချိတ်ပိတ်ထားစရာ မလိုတော့ရာ သူ့ဝိညာဥ်အင်အားက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။

ဘုန်း...

ဝေ့ဝူယင်၏ အမူအရာက ပြောင်းလဲ သွား၏။ နက်ရှိုင်းသော အသံ တစ်ခု ထွက်ပေါ်လာကာ ခဲလုံး တစ်ခု ရေမျက်နှာပြင်ပေါ် ကျသွားသလို ကောင်းကင်က တုန်ခါသွားသည်။

“အလုံပိတ် အစီအရင်လား...”

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ လက်ရှိ၌ အလင်းပြာဂြိုဟ် တစ်ခုလုံးကို အလွန် ထူထပ်သည့် အစီအရင်ကြီး တစ်ခုဖြင့် ကာရံထားကြောင်း သူ သဘောပေါက် သွားသည်။ သူတွေ့ရှိရသလောက် ထိုအစီအရင်က အတော်လေး ရှုပ်ထွေးသည့် အပြင် လျှို့ဝှက် အဆင့် ဖြစ်သည်။ ထို့ကြောင့်ပင် သူ ချက်ချင်း အာရုံမခံနိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ကောင်းကင်ဘုံ နတ်မျက်လုံးများကို သုံးနိုင်ပါက ဂြိုဟ်တစ်ခုလုံးကို ဖြန့်ကျက်နေသည့် ရွှေရောင် အလင်းကွန်ယက်ကြီးကို တွေ့မြင်ရပေလိမ့်မည် ဖြစ်သည်။

ဂီး...

ဝေ့ဝူယင် စမ်းသပ်ရန် ဟန်ပြင်လိုက်စဥ်မှာပင် ကြည်လင် ရှင်းလင်းသည့် အသံ တစ်ခုမှာ မြေကြီးအောက်မှ ထွက်ပေါ်လာခဲ့၏။ အင်အားပြင်း ငလျင် တစ်ခု လှုပ်သွားသည့် အလား အလင်းပြာ တစ်ခုလုံးမှာ မထိန်းချုပ်နိုင်အောင် တုန်ရီသွားသည်။

“ပိုင်လင်...”

ဝေ့ဝူယင်၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ သူက အောက်သို့ ငုံ့ကြည့်ကာ ပိုင်လင်၏ တည်ရှိမှုကို ခံစားလိုက်ရသည်။ သူမ၏ အော်ရာက ညကောင်းကင်ရှိ ကြယ်များလိုပင် ထင်ရှားလှ၏။ ပိုင်လင်မှာ မိမိ ခြေထောက်အောက်တွင်ပင် ရှိနေပါလျှက် အစောပိုင်းက အဘယ်ကြောင့် အာရုံ မခံစားနိုင်ခဲ့သည်ကို ဝေ့ဝူယင် အံ့သြတကြီး တွေးလိုက်မိသည်။ အလင်းပြာတွင် စောင့်နေခိုင်းခဲ့သည့် သူ့ ဆုံးဖြတ်ချက်ကြောင့် ပိုင်လင် တစ်ခုခုများ ဖြစ်သွားခဲ့သည်လား...။

ဘုန်း... ဘုန်း...

ဝေ့ဝူယင် ရပ်နေစဥ်မှာပင် မြေကြီးမှာ အက်ကွဲလာကာ ရွှေသွေးရောင် မီးတောက်များမှာ အပေါ်သို့ တိုးထွက် လာခဲ့၏။ ၎င်းတို့က နိဗာန မီးတောက်များပင်။

တစ်ခဏ အတွင်းမှာပင် မီးတောက်များမှာ ဝေ့ဝူယင်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။ သို့သော်လည်း မည်သည့် ပူလောင်မှုကိုမှ သူ မခံစားရပါချေ။ ထို့အစား...ရင်းနှီးပြီးသား ဖြစ်သည့် နွေးထွေးမှုနှင့် သက်တောင့်သက်သာ ရှိမှုတို့ကိုသာ ခံစားရ၏။

ဂီး...

ပိုင်လင်၏ အော်သံက ပိုမို၍ နီးကပ်လာသည်။ ၎င်းက ပျော်ရွှင်သည့် စိတ်ခံစားချက်တို့ဖြင့် ပြည့်နှက် နေသော်လည်း မောပန်း နွမ်းနယ်မှု အငွေ့အသက် အချို့လည်း ပါဝင်နေပေသည်။ ထိုအခြင်းအရာက ဝေ့ဝူယင်ကို မျက်မှောင်ကြုတ် သွားစေခဲ့သည်။ သို့သော်လည်း... ပိုင်လင်၏ ပုံရိပ်ကို တွေ့မြင်လိုက်ရသော အခိုက်၌ သူ့မျက်နှာထက်၌ အပြုံးပန်းများ ပြန်လည် ဝေလာခဲ့တော့၏။

ဘုန်း...

ပိုင်လင်မှာ ဝေ့ဝူယင် အရှေ့ ဆယ်မီတာခန့် အကွာ မြေကြီးအောက်မှ တိုးထွက်လာခဲ့၏။ မီးတောက်များမှာ လျှင်မြန်စွာပင် ပြန်လည် စုစည်းသွားကာ အဖြူရောင် ရွှေရောင် ရောနှောထားသည့် အမွေးအတောင်များ ပေါ်လာခဲ့သည်။ အလွန် အစွမ်းထက်သည့် ဝိညာဥ်အာရုံဖြင့်ပင် ပိုင်လင်၏ မီးဖီးနစ် အသွင်ကို တိတိကျကျ မြင်နိုင်စွမ်း မရှိရာ ဝေ့ဝူယင် အံ့အားသင့် သွားခဲ့၏။ ထိုအရာက ပထမဆုံး အကြိမ် အဖြစ် ထိုကဲ့သို့ တွေ့ကြုံရခြင်းပင် ဖြစ်သည်။

ခလုတ်ထိမှ အမိတ ဆိုသလိုပင် ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ ကျင့်ကြံခြင်း လမ်းစဥ် အတွက် မည်မျှ အရေးပါကြောင်း ဝေ့ဝူယင် နောက်တစ်ကြိမ် တမ်းတလိုက်မိသည်။ ထိုမျက်လုံးများဖြင့် ဆိုပါက နတ်ဘုရားများ ပင်လျှင် သူ့အမြင်အာရုံမှ ပြေးမလွတ်ပါချေ။

ဟူး...

ပိုင်လင်၏ နှစ်ဆယ့်နှစ်မီတာ မြင့်သည့် ခန္ဓာကိုယ်က ဝေ့ဝူယင် အရှေ့တွင် ဖြည်းညင်းစွာပင် ပေါ်လာခဲ့၏။

“သခင် ပြန်လာပြီလား...”

သူမက ဝေ့ဝူယင်ထံ အသံ ပို့လွှတ်လိုက်သည်။ မြေပြင်ပေါ်ကို ခြေချစဥ်၌ သူမ၏ ရှည်လျားသော ခြေထောက်များက အနည်းငယ် တည်ငြိမ်ခြင်း မရှိသည်ကို ဝေ့ဝူယင် သတိထားမိလိုက်၏။ သို့တိုင်အောင် ပိုင်လင်က သူမ၏ ခေါင်းကို ဝေ့ဝူယင်ထံ ပျော်ရွှင်စွာဖြင့် တွန်းပို့ကာ ပွတ်သပ်ခံရရန် ကြိုးပမ်း လိုက်သည်။

ဝေ့ဝူယင် နွေးထွေးသည့် အပြုံးတစ်ခုနှင့် ရှေ့သို့ လျှောက်သွားကာ ပိုင်လင်၏ လည်ပင်းကို ပွတ်သပ် ပေးလိုက်၏။ ထိုအခါ... သူမ၏ သာမွေးများက အထိအတွေ့တွင် အနည်းငယ် ကွာခြား နေကြောင်း သတိပြုမိလိုက်သည်။ ဝေ့ဝူယင် ဝိညာဥ်အာရုံကို ချက်ချင်းပင် ထုတ်လွှတ်လိုက်ကာ သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စူးစမ်းလိုက်သည်။ မကြာခင်မှာပင် ဝေ့ဝူယင်၏ မျက်ခုံးများက ထိစပ်လု မတတ် မျက်မှောင်ကြုတ် သွားခဲ့တော့၏။

“ပိုင်လင်... မင်း ဒဏ်ရာ ရနေတာလား...”

***

All Chapters