← Chapters

ဖီးနစ်နှင့် ဗာမီလီယန်

Vol. 57 Ch. 791

ဖီးနစ်နှင့် ဗာမီလီယန်

Vol. 57 Ch. 791

“ဖီးနစ် ဟုတ်လား...”

ရွှယ်ရီဖေး၏ မျက်လုံးများက တောက်ပသွား၏။ တစ်ခါတုန်းက ဝေ့ဝူယင်မှာ သူ့ထံတွင် ကြိုးကြာမလေး တစ်ကောင် ရှိကြောင်း ပြောပြခဲ့ဖူးသည်။ ထိုကြိုးကြာလေးမှာ ရွှေရောင် ဖီးနစ် သစ်သီးဟု ခေါ်သည့် ရတနာ တစ်ခုကို စားသောက်ပြီးနောက်၌ ဖီးနစ် အသွင်ပြောင်းခြင်း ဖြစ်စဥ်ကို ကျော်ဖြတ်နေသည်ဟု ဆိုသည်။ သူ့အကြောင်း တွေးတောပြီး ချက်ချင်းဆိုသလိုပင် ဖီးနစ် အကြောင်းကို ကြားခဲ့ရသည်။ မည်မျှ တိုက်ဆိုင် လိုက်သနည်း။

မာ့ကျန်းက အနည်းငယ် ပြုံးကာ ရွှယ်ရီဖေးကို ကြည့်လိုက်၏။

“ဘာမှမဟုတ်ပါဘူး... မာ့ဆုကျင်းက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှာ အတော်လေး ထူးခြားတဲ့ သားရဲ တစ်ကောင် တွေ့တယ်လို့ သတင်းပို့ပါ”

“မာ့ဆုကျင်း...”

ရွှယ်ရီဖေး၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွား၏။ သို့သော်လည်း မကြာခင်မှာပင် ပြန်လည် ပြေလျော့ သွားသည်။ မာ့ဆုကျင်း၏ တိုက်ခိုက်မှုကို ခံရပြီး နောက်တွင် ထိုအမျိုးသမီးနှင့် ပတ်သက်၍ ရွှယ်ရီဖေး အမြဲတမ်း လိုလို သတိဆတ်နေခဲ့သည်။

မာ့ကျန်းမှာ ထိုအရာကို သတိထားမိလိုက်ရာ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ မာ့ဆုကျင်းမှာ သူ၏ နောက်ဆုံး သမီး ဖြစ်လေရာ သူတို့ အကြားတွင် တင်းမာမှုများ မရှိစေချင်ပေ။ သူက ရှင်းပြလိုက်၏။

“အခု... မာ့ဆုကျင်းက လျှို့ဝှက် ပေါင်းစပ်ခြင်း ဝင်္ကပါကို ကူညီ အသက်သွင်းပေးဖို့ ယင်ပါ့ကုန်းနဲ့ အတူတူ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကို ရောက်နေတာ... အဲဒီမှာ သူ သတင်း ရခဲ့တာ ဖြစ်မယ်... သူက တို့ တပ်ဖွဲ့တွေကို စေလွှတ်သင့် မလွှတ်သင့် မေးနေတာ”

ရွှယ်ရီဖေးက ငြိမ်သက်စွာပင် နားထောင်နေ၏။ မာ့ကျန်းက ဆက်လက်၍ ပြောပြလိုက်သည်။

“ဒါပေမဲ့ တကယ်တမ်း မီးဖီးနစ် ဆိုရင် ကျုပ် အထင် ထန်မျိုးနွယ်က လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး... အရှင် ဗာမီလီယန်က ဘယ်လို အခြေအနေ ဖြစ်ဖြစ် ရအောင် ယူမှာပဲ... ကျုပ်တို့ သွားရင်လည်း ထန်ကလန်နဲ့ အရင် တိုက်ခိုက်ရမှာ သေချာတယ်”

“မီးဖီးနစ် ပေါ်တဲ့ သတင်းက ကြာလှနေပြီ... ကျုပ် အတွေးသာ မမှားရင် ထန်မျိုးနွယ်က ဖမ်းဖို့ အစီအစဥ်တွေ ကြိုလုပ်ပြီး နေလောက်ပြီ”

ရွှယ်ရီဖေး၏ အမူအရာက နောက်တစ်ကြိမ် ပြောင်းလဲ သွား၏။ သို့သော်လည်း... ယခုတစ်ကြိမ် အပြောင်းအလဲက မကောင်းသည့် အငွေ့အသက်တို့နှင့် မှောင်မည်း သွားခြင်းမျိုပင်။

မာ့ကျန်းမှာ ထိုအရာကို သတိထားမိလိုက်ရာ မျက်မှောင်ကြုတ် လိုက်၏။

“မင်း အဆင်ပြေရဲ့လား...”

ရွှယ်ရီဖေး အသက်ကို ခပ်ဖြည်းဖြည်း ရှူရင်း စိတ်တည်ငြိမ်အောင် ပြန်လည် ကြိုးစားလိုက်သည်။ ထိုမီးဖီးနစ်မှာ ဝေ့ဝူယင်၏ ကြိုးကြာမလေး မဟုတ်လောက်ဟု သူမ ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။ သို့တိုင်အောင်... သူမ၏ အတွေးများကတော့ အနည်းငယ် ရှုပ်ထွေး နေဆဲပင်။ တစ်ခဏမျှ စဥ်းစားပြီးနောက် သူမ မာ့ကျန်းကိုပါ ရှင်းပြဖို့ ဆုံးဖြတ်လိုက်၏။

“သေတော့ မသေချာပေမဲ့ ကျွန်မ ယောက်ျားမှာလည်း ဖီးနစ်လို သားရဲ တစ်ကောင် ရှိတယ်... အဲဒါ သူများ ဖြစ်နေမလားလို့”

လွန်ခဲ့သည့် လပိုင်းအတွင်း... သူ့ကိုယ်သူ ဝေ့ဝူယင်၏ ကိုယ်စားလှယ်ပါဟု ပြောသည့် လျှို့ဝှက် ဝိညာဥ် အဆင့် တစ်ယောက် ရောက်ရှိလာသည်မှ လွဲ၍ ဝေ့ဝူယင် အကြောင်း သတင်း အစအန မရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မာ့ကျန်း၏ အမူအရာက စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက် သွား၏။

“မီးဖီးနစ်က သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ် ပြောတယ်... ပြီးတော့ ဘယ်ကမှန်း မသိ ရုတ်တရက် ပေါ်လာတာ တဲ့... ဆိုတော့ကာ ကြယ်ကွင်းပြင် အပြင်ဘက် အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး လာတာ ဖြစ်နိုင်ချေ ရှိတယ်... မိန်းကလေး အထင် သူ့ရဲ့ သားရဲ ဖြစ်နိုင်ဖို့ အခွင့်အရေး ဘယ်လောက် ရှိလဲ”

သူ၏ လေသံက လေးနက်နေကာ မျက်တောင် တစ်ချက် မခပ်ပဲ ရွှယ်ရီဖေး၏ အမူအရာကို စောင့်ကြည့် နေ၏။ ရွှယ်ရီဖေးက မျက်မှောင် အနည်းငယ် ကြုတ်ကာ စဥ်းစားလိုက်သည်။

“အရင်တုန်းကတော့ ဆယ်ရာခိုင်နှုန်းအောက် လို့ပဲ ကျွန်မ ထင်မိတယ်... ဒါပေမဲ့ ဘိုးဘေးမာ့ ပြောသလို ကြယ်ကွင်းပြင် အပြင်ဘက်က လာတာ ဆိုရင်တော့ ခုနစ်ဆယ် ရာခိုင်နှုန်းလောက် သေချာတယ်”

“...”

မာ့ကျန်းမှာ တစ်ခဏမျှ ငြိမ်သက်သွား၏။ သူက ရွှယ်ရီဖေးကို အချိန် အတန်ကြာအောင် စူးစိုက် ကြည့်နေခဲ့မိသည်။ ထိုသတင်းက အလွန် အရေးကြီးပေသည်။ လွဲချော်၍ မရချေ။ ရွှယ်ရီဖေး အမှန်တကယ် ပြောနေခြင်း ဖြစ်ကြောင်း သေချာသွားသော အခါတွင်မှ သူက ဆုံးဖြတ်ချက် ချလိုက်၏။ ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ မာ့ဆုကျင်းထံ စာပို့လိုက်သည်။

သို့သော်လည်း မိနစ် အနည်းငယ် ကြာပြီးနောက်၌ သူ စကားလုံး လေးလုံးကို တုန့်ပြန်မှု အဖြစ် ပြန်လည် ရရှိခဲ့လေ၏။ ထိုအရာကတော့... “နောက်ကျသွားပြီ” ဟူ၍ပင်။

...

သေမျိုးတစ်ပိုင်း အရှင် သွေးမီးတောက်မှာ အလင်းပြာဂြိုဟ် တစ်ခုလုံးရှိ သက်ရှိများကို ဘေးကင်းလွတ်ရာ နေရာသို့ ရွှေ့ပြောင်းခဲ့ပြီး ဖြစ်သည်။ သူမ၏ နည်းလမ်းများက အလွန်ပင် မြန်ဆန် သေသပ်ကာ ပိုင်လင် အနားယူ နေသည်ကို အနှောက်အယှက် မဖြစ်အောင်လည်း ရှောင်ရှားခဲ့သည်။ မိနစ် အနည်းငယ် အတွင်းမှာပင် အလင်းပြာဂြိုဟ်ထက်ရှိ အယုတ်၊ အလတ်၊ အမြတ် မရွေး လူအားလုံးကို သူမ အခြား တစ်နေရာသို့ ပို့ဆောင် ခဲ့ပြီး ဖြစ်ပေသည်။

တစ်ခဏမျှ အတွင်းမှာပင်... အလင်းပြာဂြိုဟ်ထက်၌ လျှို့ဝှက် ခန်းမ သခင်များ၏ ကြယ်သင်္ဘောများနှင့် ပိုင်လင်တို့သာ ကျန်ရစ်ခဲ့ပေသည်။ ပိုင်လင်ကတော့ အနားယူကာ ဝေ့ဝူယင် ပြန်အလာကို စောင့်ဆိုင်းလျှက် ရှိ၏။

“သူတို့ ငါ့ကို ကြောက်နေတာလား...”

ပိုင်လင် တွေးလိုက်မိ၏။ အလင်းပြာဂြိုဟ်ထက်ရှိ အပြောင်းအလဲများကို သူမ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ အနားယူနေသည် ဆိုသည့်တိုင် သူမ အိပ်ပျော်နေသည်တော့ မဟုတ်ချေ။ ပတ်ဝန်းကျင် အပေါ် သတိ အပြည့် ရှိနေဆဲ ဖြစ်ပေသည်။ ထို့ကြောင့်ပင် အသက်အော်ရာ အားလုံး ပျောက်ကွယ်သွားမှုကို သူမ သတိထားမိပေသည်။ ကောင်းကင်သင်္ဘောများ ပင်လျှင် အကွာအဝေး တစ်ခုခြား၍ အဝေးမှ သူမကို လေ့လာ နေကြသည်။

သူမကြောင့် ဂြိုဟ်တစ်ခုလုံးကို ရွှေ့ပြောင်းသွားသည်ကို ကြည့်ရင်း ပိုင်လင် ဂုဏ်ယူသလို ခံစားလိုက်ရ၏။ သို့သော်လည်း သူမ၏ ရွှေရောင် မျက်လုံးများထဲတွင် သတိထားမှု အရိပ်အငွေ့ တစ်ချို့ ရှိနေခဲ့ပေသည်။

ကမ္ဘာဦး သားရဲ တစ်ကောင် အနေဖြင့် သူမ၏ အာရုံစားမှုက အလွန်ပင် ထက်မြက်ကာ ကြောက်မက်ဖွယ် ကောင်းသည့် အော်ရာတစ်ခုကို ခံစားမိပေသည်။ ထိုအော်ရာကပင် ဂြိုဟ်တစ်ခုလုံးပေါ်ရှိ လူများကို အခြားတစ်နေရာသို့ ရွှေ့ပြောင်းနေခဲ့ခြင်း ဖြစ်သည်။

ထိုအော်ရာမှာ ပိုင်လင် ခံစးဖူးသမျှ အသန်မာဆုံး အော်ရာပင် ဖြစ်သည်။ အရိပ်ဥထဲရှိ လူများ ပင်လျှင် ထိုမျှလောက် သန်မာခြင်း မရှိပေ။ သို့သော်လည်း... သူမ မကြောက်ပါချေ။ ထိုလျှို့ဝှက် အာဏာရှင် အဆင့်များကို သန့်စင်ပြီး နောက်၌ သူမ၏ နိဗာန ပြန်လည် မွေးဖွားခြင်း ဒုတိယ အဆင့်မှာ ပိုမို၍ တည်ငြိမ် လာခဲ့သည်။ ယခုဆိုလျှင် ထိုစဥ်ကထက် သူမ ပိုမို၍ အစွမ်းထက် နေပြီ ဖြစ်သည်။

ပြောရလျှင်...သွေးမျိုးဆက် စွမ်းအင် အချို့ကိုပင် သူမ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ထိုအရာများကို စမ်းသပ်ဖို့ အခွင့်အရေး မရခဲ့သေးချေ။ ဝေ့ဝူယင်ကို စောင့်ဆိုင်းရန် တာဝန်ကြောင့် ရန်ပွဲကို တတ်နိုင်သမျှ ရှောင်လွှဲချင်သည့်တိုင် သူတို့ကသာ တိုက်ခိုက်မည် ဆိုလျှင် သူမ နောက်ဆုတ်မည် မဟုတ်ပါချေ။

“ဒါပေမဲ့ ဒီဂြိုဟ်ဖျက်ဆီးခံလိုက်ရပြီး သခင် ပြန်မလာနိုင်တော့ရင်ရော...”

ထိုအတွေးက ပိုင်လင်၏ စိတ်ကို လွန်ဆွဲ နေ၏။ ဝေ့ဝူယင်ကို ဤဂြိုဟ်မှ ဆလင်ဒါ သဏ္ဌာန် အလင်းတန်းက အဝေးသို့ ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဂြိုဟ်သာ ပျက်စီးသွားပါက သူက မည်သည့် နေရာသို့ ရောက်သွားမည်နည်း။ ဆိပ်ကမ်းမဲ့ သင်္ဘောတစ်စင်းလို ဖြစ်သွားလိမ့်မည်လား။

စိုးရိမ်ပူပန်မှုများက ပိုင်လင်၏ စိတ်အတွင်း တိုးဝင် လာနေခဲ့သည်။ အကယ်၍ ဂြိုဟ်သာ ပျက်စီးသွားပါက ဝေ့ဝူယင် ဘေးဥပဒ် တစ်ခုခု ဖြစ်လိမ့်မည် သူသည့် ခံစားချက်က သူမ စိတ်အတွင်း ပိုမို၍ ခိုင်မာလာနေခဲ့သည်။ သို့သော်လည်း သူမ ဂြိုဟ်မှ ထွက်ခွာလိမ့်မည်တော့ မဟုတ်ချေ။ ဆယ်စုနှစ် ကြာသည် ဖြစ်စေ၊ ရာစုနှစ် ကြာသည် ဖြစ်စေ... ဝေ့ဝူယင် ပြန်အလာကို သူမ စောင့်ဆိုင်းမည် ဖြစ်သည်။

တစ်ချိန်တစ်ခါတုန်းက ဝေ့ဝူယင်သည်လား သူမကို စောင့်ဆိုင်းခဲ့သည် မဟုတ်ပါလား။

...

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကြီး၏ တော်ဝင် ကလန် ရှစ်ခု အနက် တစ်ခု အပါအဝင် ဖြစ်သည့် ထန်ကလန် ချီတက်လာသည် ဆိုသည့် သတင်းကြောင့် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သည်။ အမျိုးမျိုးသော ထင်ကြေးပေးမှုများ၊ ကောလဟလများ၊ စစ်ဖြစ်နိုင်ချေ တွက်ချက်များမှာ နေရာ အနှံ့ ပျံ့လွင့် နေခဲ့၏။

ထန်ကလန်မှာ အလွန် အမင်း ကျော်ကြားသည့် မီးဓာတ် အခြေပြု မျိုးနွယ် တစ်ခု ဖြစ်သည်။ သူတို့က အလွန် ကျော်ကြားသည့် ဒဏ္ဍာရီလာ ဗာမီလီယန် မီးငှက်ကို စွမ်းအား သင်္ကေတ ဖြစ် ကိုးကွယ် ကြကာ မီးငှက် တစ်ကောင် ဖြစ်လာအောင် ကျင့်ကြံကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း ထန်မျိုးနွယ်၏ ဘိုးဘေး များစွာမှာ မည်သည့် ကျင့်ကြံခြင်း အဆင့်၌ ဖြစ်စေကာမူ သူတို့၏ တာအို နာမည်ကို ဗာမီလီယန် အဖြစ် ခံယူခဲ့ကြ၏။

ဖီးနစ်နှင့် ဗာမီလီယန်ငှက်တို့မှာ သမိုင်းကြောင်းစဥ်လာ အားဖြင့် ပူးတွဲ တည်ရှိသည့် မျိုးနွယ်များ ဖြစ်ကြသည်။ အချို့ ဒဏ္ဍာရီများ အရဆိုလျှင်... အတောင်ပံပါ သတ္တဝါ အားလုံး၏ မူလနှင့် အင်မော်တယ် နေနတ်ဆိုးတို့ မိတ်လိုက်ရာမှ ဖီးနစ်ကို မွေးဖွားလာသည်ဟု ဆိုသည်။ နောက်ပိုင်းတွင်မှ တန်ခိုးရှင် နယ်မြေများ၏ နွေဦးရာသီတွင် ဖီးနစ်နှင့် ထူးဆန်းသော နတ်ဆိုး တစ်ကောင်တို့ ပေါင်းဖက်ကာ တန်ခိုးရှင် ငှက်တစ်ကောင်ကို ထပ်မံ မွေးဖွားခဲ့သည်။ ထိုငှက်က ဗာမီလီယန်မီးငှက်ပင်။

အခြား ပုံပြင်များတွင်တော့ ဗာမီလီယန် မီးငှက်နှင့် ဖီးနစ်တို့မှာ အတူတကွ မွေးဖွားလာသည့် အမွှာများဟု ဆိုသည်။ သူတို့ နှစ်ခုကို ခွဲခြား၍ မရချေ။ သို့သော်လည်း... ဗာမီလီယန်က နှုတ်ဆိတ်၍ လုံ့လ ဝီရိယ ရှိကာ ဖီးနစ်ကတော့ ပျော်ပျော်နေတတ်သည်ဟု ဆိုသည်။

တစ်နေ့ နတ်ဘုရား နယ်မြေများကို ဖြတ်သန်း၍ လွတ်လွတ်လပ်လပ် ပျံသန်းနေစဥ် ဖီးနစ်က ပူလွန်းသောကြောင့် မီးနတ်ဘုရားကို ကျိန်ဆဲ ခဲ့သည်။ ထို့အပြင်... သူသာ မီးသာ ဖြစ်ပါက ရှင်ရမည့် အစား သေသာ သေလိုက်မည် ဖြစ်ကြောင်း လှောင်ပြောင် ပြောဆိုခဲ့သည်။

မီးနတ်ဘုရားမှာ ထိုအရာကို ပြန်ကြားသည်နှင့် ဒေါသထွက်သွားကာ အပြစ်ပေးဖို့ စီမံ ခဲ့သည်။ သူက အင်မော်တယ် ကျောက်တုံးနှင့် ပေါင်းစပ်ကာ ဖီးနစ်ကို ပြာကျသည် အထိ အဖန်တလဲလဲ လောင်ကြွမ်း စေခဲ့သည်။ ဖီးနစ်၏ မိခင် ကိုယ်တိုင် ရောက်ရှိလာကာ တောင်းပန်သော အခါတွင်မှ ကိုးကြိမ်ကိုးခါသာ လောင်ကြွမ်းခံရရန် သဘောတူညီမှု ရရှိခဲ့သည်။ ထိုစဥ်အခါမှ စ၍ ဖီးနစ်၏ အစစ်အမှန် ခန္ဓာမှာ အသွေးအသားများ မကျန်ရစ်တော့ပဲ မီးများ အဖြစ်သာ တည်ရှိခဲ့တော့သည်။

သို့သော်လည်း ၎င်းတို့မှာ ဖီးနစ်၊ ဗာမီလီယန်တို့နှင့် အကြောင်း ဒဏ္ဍာရီများထဲမှ ပုံပြင် နှစ်ပုဒ်သာ ဖြစ်ပေသည်။ ဒဏ္ဍာရီများ မည်သို့ပင် ကွဲပြားစေကာမူ... သေချာတာ တစ်ခုကတော့ ထိုသတ္တဝါ နှစ်ကောင် အကြားတွင် ဆက်စပ်မှုများ ရှိနေခြင်းပင် ဖြစ်လေတော့သည်။

***

All Chapters