သတင်း
Vol. 57 Ch. 797
ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၊ ဝိညာဥ် မြှင့်တင်ခြင်း နယ်မြေ အတွင်း၌...
များစွာသော ထိပ်တန်း အဆင့်ကျင့်ကြံသူများမှာ ထန်မျိုးနွယ်နှင့် မီးဖီးနစ်တို့ တိုက်ပွဲကို တိတ်တဆိတ်ပင် စောင့်ကြည့် နေကြ၏။ ထိုအထဲ၌ ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထို ခန်းမ၏ မြေကြီးရှန့်ထို တစ်ဖြစ်လည်း ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထိုလည်း အပါအဝင်ပင် ဖြစ်သည်။
ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထိုမှာ အဇူရာ ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထား၏။ သူမက အသက်လတ် အရွယ် မိန်းမကြီးတစ်ဦး ဖြစ်ကာ အရေးအကြောင်းအချို့က မျက်လုံးနှင့် နှုတ်ခမ်းစပ်တို့၌ စတင် ပေါ်လွင် နေသည်။ သူမက သမုဒ္ဒရာ တစ်စင်းလို လှပသည့် အပြာရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ သူမ၏ ဆံပင်က အနက်ရောင် ဖြစ်ကာ မီးခိုးရောင် ဆံနွယ်စများက ပျောက်ကြား ပျောက်ကြားနေရာ ယူထားသည်။ တစ်နည်း ဆိုရသော်... ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထိုမှာ ရင့်ကျက်သည့် အလှပိုင်ရှင် တစ်ယောက်ပင်။
ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထို၏ နံဘေးတွင်တော့ ပုံရိပ် နှစ်ခု ရှိနေခဲ့၏။ ပထမ တစ်ယောက်က အညိုရောင် အသားအရေ၊ ရွှေရောင် မျက်လုံးများနှင့် လူအိုကြီး တစ်ယောက် ဖြစ်သည်။ သူက ရိုးရှင်းသည့် ပိတ်အင်္ကျီကို ဝတ်ဆင်ထား၏။ သို့သော်လည်း... သူ့ကို တွေ့သည့် မည်သူမဆို ဝိညာဥ်ပေါက်ကွဲခြင်း ရှ့န်ထို ခန်းမ၏ မြေကြီး ရှန့်ထို ဖြစ်ကြောင်းတန်းကာ မှတ်မိကြလိမ့်မည် ဖြစ်သည်။
ဒုတိယ တစ်ယောက်က အဖြူရောင် ဝတ်စုံနှင့် ဓားတစ်လက် လွယ်ထားသည့် အသက်လတ် ယောက်ျား တစ်ဦးဖြစ်သည်။ သူက ချောမော ခန့်ညားကာ ဒဏ္ဍာရီထဲမှ သူရဲကောင်းတစ်ယောက်၏ အရှိန်အဝါကို ပိုင်ဆိုင် ထား၏။ သူကတော့ ဝိညာဥ် ဉာဏ်အလင်း ရှန့်ထို ခန်းမ၏ ခေါင်းဆောင် မြေကြီးရှန့်ထိုပင်။
သူတို့ သုံးယောက်မှာ မိုင်ပေါင်း သိန်းချီ အကွာအဝေးမှ နေ၍ တိုက်ပွဲကို တိတ်တဆိတ် လေ့လာ နေကြခြင်းဖြစ်သည်။ လျှို့ဝှက် ဆန်းကြယ်သည့် အနက်ရောင်ဝတ် ပုံရိပ် ပေါ်လာသည်ကို မြင်သော အခိုက်၌ သူတို့၏ အမူအရာများက အနည်းငယ် ပြောင်းလဲ သွား၏။
“တို့ ဝင်ပါကြမလား...”
ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုက မေးလိုက်၏။ ကျောနောက်ဖက်ရှိ ဓားက အသက်ဝင်လာသည့် တုန်ရီလာသည်။ အမှောင်ဟင်းလင်းပြင်မှာ မသိမသာ လှုပ်ခတ် သွား၏။ သူ၏ မျက်လုံးများက မည်သည့် သတ်ဖြတ်မှု ရည်ရွယ်ချက်ကိုမှ ထုတ်ဖော် မထားသည့်တိုင် သွေးအော်ရာကတော့ လေထုတစ်ခုလုံးကို ဝါးမြို သွားခဲ့ပြီ ဖြစ်သည်။
“...”
ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုက တိတ်ဆိတ်နေ၏။ သူမ၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်း နေကာ နှုတ်ခမ်းထက်တွင်တော့ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ရှိနေခဲ့သည်။ ပုံရိပ် ပြန်လည် ပျောက်ကွယ်သွားသည်ကို တွေ့ရသော အခိုက်၌ သူမ၏ မျက်လုံးများက ပြန်လည် ပြေလျော့သွား၏။
“ပျင်းဖို့ကောင်းပါတယ်...”
“အမှန်ပဲ...”
ဝိညာဥ်ပေါက်ကွဲခြင်း ရှန့်ထိုက ထောက်ခံလိုက်၏။ သူတို့ အားလုံး ထိုပုဂ္ဂိုလ်၏ အဆင့်အတန်းနှင့် ရည်ရွယ်ချက်တို့ကို သိကြပေသည်။
"အဲဒီကောင်မလေးက တကယ် ရူးတာပဲ...”
ဝိညာဥ် ဉာဏ်အလင်း ရှန့်ထို၏ ခန္ဓာကိုယ်မှ သွေးအော်ရာမှာ ပျောက်ကွယ် သွား၏။ သူ လှုပ်ရှားချင်လျှင်ပင် ဤသည်က သူ့နယ်မြေ မဟုတ်ချေ။ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမများ အကြားတွင် လိုက်နာရမည့် စည်းမျဥ်းများ၊ ဝတ္တရားများရှိပေသည်။
“ဟုတ်တယ်...”
ဝိညာဥ်ပေါက်ကွဲခြင်း ရှန့်ထိုက ထောက်ခံလိုက်ပြန်၏။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
“သူ ကိုယ်တိုင်ကိုက ရူးချင်နေတာလေ”
“အရူးက အမြဲတမ်း အရူး ဖြစ်နေမှာပဲ”
ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုက ခေါင်းကို ခါလိုက်၏။ ရှင်းလင်းစွာပင်... ဝတ်စုံနက်မှာ ထန်မျိုးနွယ်ကို ငါးစာ အဖြစ် အသုံးပြုကာ မီးဖီးနစ် နောက်ကွယ်မှ လူကို မျှားခေါ်နေခြင်း ဖြစ်သည်။
အကယ်၍ ထိုဖီးနစ်သာ တစ်ယောက်တည်း ဆိုပါက လက်ရှိ အဆင့်ထိ ရောက်အောင် မည်ကဲ့သို့ ကျင့်ကြံနိုင်ပါမည်နည်း။ အစစ်အမှန် မွေးဖွားခြင်း၏ အရိပ်ဥ တစ်ခုကို မည်ကဲ့သို့ ရှင်းလင်းနိုင်မည်နည်း။
ထို့အပြင်... ကိုယ်ပိုင် သတင်းရင်းမြစ်များ အရ ဆိုလျှင်တိုက်ပွဲအတွင်း၌ ဟင်းလင်းပြင် ပေါ်တယ် တစ်ခုကို အသက်သွင်းခဲ့သေးသည်ဟု ဆိုသည်။ ထိုအရာက မီးဖီးနစ်၏ စွမ်းရည် မဟုတ်ချေ။ သူတို့က အထင်ကြီးစရာ ကောင်းသည့်တိုင် ပေါ်တယ် တစ်ခုကို မဖွင့်နိုင်ချေ။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ အတားအဆီးများဖြင့် ဆိုလျှင် ပို၍ပင် ဆိုးသေးသည်။
ထိုအချက်အလက် အားလုံးက မီးဖီးနစ်၏ နောက်ကွယ်၌ အလွန် အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ယောက် ရှိနေကြောင်းရှင်းရှင်းလင်းလင်းပင် ဖော်ပြနေသည်။
အစစ်အမှန် မွေးဖွားခြင်း၏ အစစ်အမှန် ပစ်မှတ်က ထိုပုဂ္ဂိုလ်ပင်။
“အဲဒီ ကပ်ပါးကောင်တွေကို အမြစ်ပြတ် ရှင်းပစ်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ”
ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုက နှာခေါင်းတစ်ချက် ရှုံ့ရင်း ရေရွတ်လိုက်၏။ အကယ်၍ သူ့နယ်မြေတွင်သာ ဆိုပါက အစောကြီး ကတည်းက သူ လှုပ်ရှားနေလောက်ပြီ ဖြစ်သည်။
“အဲဒါက အားလုံးရဲ့ ဆန္ဒပါပဲ”
ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုက ဖြူရော်စွာ ပြုံးရင်း ရေရွတ်လိုက်၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် မည်သူက အစစ်အမှန် မွေးဖွားခြင်းဟု ခေါ်သည့် ထိုကပ်ပါးကောင်ကို မရှင်းလင်းချင်ပဲ နေပါမည်နည်း။
“သူတို့ ဂြိုဟ်ကို ချိပ်ပိတ်နေပြီ...”
ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုက လက်ညိုးထိုးရင်း ပြောလိုက်၏။ သူမ၏ အသံက ချောမွေ့ တည်ငြိမ်နေကာ ဂီတ တူရိယာသံ တစ်ခုလို ညင်သာလှ၏။
ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုနှင့် ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုတို့ နှစ်ယောက်မှာ ထိုမြင်ကွင်းကို လှမ်းကြည့် လိုက်ကြသည်။ ရွှေရောင် အလင်းတန်းများမှာ အလွန် လျှင်မြန်သည့် အရှိန်နှုန်းဖြင့် ဂြိုဟ်ကို လေထု အထက်မှ ဝန်းပတ်နေကြပြီ ဖြစ်သည်။ သူတို့က မီးဖီးနစ်ကို လုံးဝ လွတ်လမ်း မရှိအောင် ပိတ်ဆို့ လိုက်ကြလေပြီ။
“နှမြောစရာပဲ... အစစ်အမှန် မွေးဖွားခြင်းသာ ဝင်မပါရင် ခုချိန် ထန်မျိုးနွယ် နောက်ဆုတ် သွားရလောက်ပြီ... မီးဖီးနစ်က ဉာဏ်ကောင်းသားပဲ... ဘယ်သူက လေ့ကျင့်ပေးထားတာ ပါလိမ့်”
ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုက မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်၏။ သူ၏ ရွှေရောင် မျက်လုံးများက ထူးဆန်းသော အလင်းရောင်များဖြင့် တဖျပ်ဖျပ် တောက်ပနေသည်။
"မကြာခင် တွေ့ရတော့မှာပါ...”
ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုက သေချာစွာဖြင့် ပြောလိုက်၏။ ထိုသားရဲ၏ ပိုင်ရှင်က မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်နိုင်ချေ ရှိသည်။ အချို့ သတင်းများ အရဆိုလျှင် မီးဖီးနစ်နှင့် အတူ ပါလာသူက ချောမောသော ယောက်ျား တစ်ယောက်ဟု ဆိုသည်။
ဝှစ်...
ရုတ်တရက် ပုံရိပ် တစ်ခုမှာ မြေကြီး ရှန့်ထို သုံးယောက် ရပ်နေသည့် နေရာသို့ အလွန် လျှင်မြန်စွာ ပျံသန်း လာခဲ့၏။ စက္ကန့်ပိုင်း အတွင်းမှာပင် ပုံရိပ်က သူတို့ အရှေ့သို့ ရောက်ရှိလာကာ လေးစားစွာ ဦးတစ်ချက် ညွှတ်လိုက်သည်။
ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထိုက ပုံရိပ်ကို လှမ်းကြည့်ရင်း ပြုံးလိုက်၏။
“မာ့မျိုးနွယ် နောက်ဆုံး မင်းသမီးလေးက အမြဲတမ်း လှနေတာပါပဲလား...”
သူ၏ ရွှေရောင် မျက်လုံးများက ထုံးစံအတိုင်း တောက်ပနေဆဲပင်။ ပုံရိပ်မှာ မာ့ဆုကျင်းမှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။
“ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုခန်းမရဲ့ ဝိညာဥ် ဘုရင်နဲ့ ဆုံတွေ့ခွင့် ရတာ ဂုဏ်ယူပါတယ်”
မာ့ဆုကျင်းက ယဥ်ကျေးစွာပင် တုန့်ပြန်လိုက်၏။ ထို့နောက် သူမက အခြား မြေကြီး ရှန့်ထို နှစ်ယောက်ကိုပါ နှုတ်ဆက် လိုက်သည်။
ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထိုက သူမကို လှည့်၍ပင် မကြည့်ချေ။ သူမက ထန်မျိုးနွယ်နှင့် မီးဖီးနစ်တို့၏ အခြေအနေကိုသာ လှမ်းကြည့်နေဆဲ ဖြစ်သည်။
“မင်း ဒီကို ဘာလာလုပ်တာလဲ...”
ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုက မေးလိုက်၏။ သူ၏ လေသံက ယဥ်ကျေးခြင်း မရှိချေ။ အနည်းငယ်ပင် အေးစက်စက် ဖြစ်နေခဲ့၏။
ရွှေရောင် အသက်နန်းတော်မှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် အလွန် ကျော်ကြားသည့် ကုန်သည် အဖွဲ့အစည်းကြီး ဖြစ်သော်လည်း... ကြယ်တာရာ နယ်မြေများ အားလုံးတွင် လွတ်လပ်စွာ ဖွင့်လှစ်ခွင့် ရထားသည်တော့ မဟုတ်ချေ။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကို အဓိက လွှမ်းခြုံထားသည့် စီးပွားရေး အင်အားစုက သူတို့ပိုင် ရွှေကိုးပါး နန်းတော်ပင် ဖြစ်သည်။
မာ့ဆုကျင်းက ထိုတုန့်ပြန်မှု အပေါ် အံ့အားသင့်ခြင်း မရှိပါချေ။ အကယ်၍ သူမ အဖေ၊ မာ့ကျန်းသာ မြေကြီး ရှန့်ထို တစ်ယောက် ဆိုပါက... သူတို့၏ ဆက်ဆံရေးက ကျိန်းသေပင် ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။ သူမက ပင့်သက်တစ်ချက် ရှိုက်ရင်း အလင်းပြာဂြိုဟ်ကို လှမ်းကြည့်လိုက်၏။
“ကျွန်မ အဖေဆီက အရေးကြီးတဲ့ သတင်း တစ်ချို့ ရလိုက်လို့ လာအကြောင်းကြားတာပါ... ဝိညာဥ် ဧကရာဇ်တို့ သိချင်ကြမလားမသိဘူး”
“ဝေ့ဝိုက် မနေနဲ့...မြန်မြန်ပြော ကလေးမ...”
ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုက ပြောလိုက်၏။ သူမ၏ သဘောထားက ရှင်းလင်းပေသည်။ အကယ်၍ သူမ၏ လက်အောက်ငယ်သား အတွက် အကူအညီ လိုအပ်၍သာ မဟုတ်ပါက နယ်ခြားမှ သေမျိုး တစ်ပိုင်း အရှင် အဆင့် တစ်ယောက်ကို သူမ နယ်မြေအတွင်း ဝင်ခွင့်ပင် ပြုလိမ့်မည် မဟုတ်ချေ။
“ရိုင်းပြမိသွားရင် တောင်းပန်ပါတယ်...”
မာ့ဆုကျင်းက တောင်းပန်ရင်း လျှင်မြန်စွာပင် ရှင်းပြလိုက်၏။
“စောစောလေးကတင်ပဲ အဖေ့ဆီက သတင်းတစ်ခု ကျွန်မဆီ ဝင်လာပါတယ်... အဲဒီ မီးဖီးနစ်က အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ပိုင်တဲ့ သားရဲ ဖြစ်နိုင်တယ် တဲ့”
“...”
အားလုံး၏ အမူအရာများက ပြောင်းလဲသွားကာ မာ့ဆုကျင်းကို လှမ်းကြည့် လိုက်ကြတော့၏။
***