အလစ်တိုက်မည်
Vol. 127 Ch. 1762
“ကွေ့လုဘုရင် သေပြီ။ အညံ့ခံတဲ့သူတွေ ချမ်းသာခွင့်ရမယ်။ ကွေ့ဘုဘုရင် သေပြီ။ အညံ့ခံတဲ့သူတွေ ချမ်းသာခွင့်ရမယ်”
အော်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။ ယင်းမှာ ကျန်းရီ၏ အမိန့်ပင်။ အတိတ်တွင် မိစ္ဆာမျိုးနွယ်သည် ထိုဗျူဟာကို မသိခဲ့။ ထိုကဲ့သို့ အော်ဟစ်ခြင်းက ရန်သူ၏ စိတ်ဓာတ်ကို ကျဆင်းစေသည်။ ကွေ့လုဘုရင်မှာ တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်ကျလျှင် လက်အောက်ငယ်သားများက မည်သို့ တိုက်ခိုက်နိုင်မည်နည်း။
အစတွင် တပ်သားများစွာသည် သူသေကိုယ်သေ တိုက်ခိုက်နေကြဆဲဖြစ်သည်။ သို့သော် ထိုအော်သံများ ထွက်ပေါ်လာပြီးနောက် သူတို့ လုံးဝတုန်လှုပ်သွားကြပြီး မည်သည်ကိုမှ ဂရုမစိုက်တော့ဘြ စတင်ထွက်ပြေးကြသည်။ မျိုးနွယ်ဝင် သန်းနှင့်ချီ၍ အသတ်ခံရသော မျိုးနွယ်ငယ်အဖွဲ့လေးများလည်း ရှိလာသည်။ ကျန်သော တပ်သားများမှာမူ ဆက်မပြေးကြတော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ကာ အညံ့ပါမည်ဟု အော်ဟစ်နေကြသည်။
မျှော်လင့်ထားသကဲ့သို့ပင် အညံ့ခံသူများမှာ အသတ်မခံရပါ။ ဘေးနှစ်ဘက်မှ ဝိုင်းထားသော တပ်သားများက စုပေါင်းကာ ထွက်ပြေးနေသူများနောက်သာ လိုက်ကြသည်။ ကောင်းကင်စိတ်အာရုံများစွာ ရောက်ရှိလာပြီးနောက် အညံ့ခံသူများ ပိုများလာသည်။
သို့သော် များစွာသော တပ်သားအရေအတွက်နှင့် ယှဉ်လျှင် အညံ့ခံသူမှာ အနည်းစုသာ ရှိသေးသည်။ သူတို့ က မတုံးအကြပေ။ အကယ်၍ သူတို့သာ အညံ့ခံလိုက်လျှင် နောက်ဆုံးတွင် သေသွားနိုင်သည်။ မသေလျှင်ပင် ကျွန်ဖြစ်နိုင်ခြေရှိသေးသည်။
ဤနေရာမှာ ကျတ်တီးမြေနယ်စပ်ဖြစ်သည်။ သူတို့ အရှေ့ဘက်သို့ မိုင်တစ်သန်း ထွက်ပြေးမည်ဆိုလျှင် ကောင်းကင်ဂဠုန်မျိုးနွယ်၏ နယ်မြေထဲ ရောက်သွားပေလိမ့်မည်။ ထို့ပြင် သူတို့ဘက်၌ အင်အားဆယ်သန်းရှိသော အခြားတပ်ဖွဲ့နှစ်ဖွဲ့ ရှိသေးသည်။ သို့ဖြစ်ရာ ထိုနှစ်ဖွဲ့ဘက်သို့ ထွက်ပြေးလျှင် လွတ်မြောက်နိုင်လောက်သေးသည် မဟုတ်လော။
“တင်ပြပါတယ်...”
သတင်းပို့သမားတစ်ယောက်က ပျံသန်းလာပြီး ဒူးတစ်ဘက်ထောက်ကာ တင်ပြလိုက်၏။
“ကြမ်းကြုတ်နဂါးဘုရင်က ဘယ်လောက်အထိ ဆက်လိုက်ရမလဲလို့ မေးပါတယ်။ ပြီးတော့ နောက်တစ်ဆင့် ဘာဆက်လုပ်ရမလဲတိုတာလည်း မေးလိုက်ပါတယ်”
ကျန်းရီ ဗျပ်စောင်းတီး ရပ်လိုက်ပြီး လီရှန်းအာ အကရပ်လိုက်သည်။ ကျန်းရီက လက်ဝှေ့ယမ်းလိုက်သောအခါ လီရှန်းအာက အလိုက်သိစွာနှင့် သေရည်တစ်ခွက် ငှဲ့ပေးသည်။ ကျန်းရီသည် သေရည်တစ်ကျိုက် သောက်လိုက်ပြီးနောက် ခေတ္တမျှတွေးတောကာ ပြောလိုက်သည်။
“ကြမ်းကြုတ်ဘုရင်တို့ကို ဆက်လိုက်ဖို့ ပြောလိုက်ပါ။ သူတို့ ကောင်းကင်ဂဠုန်နယ်မြေထဲ ရောက်မှ ဘာဆက်လုပ်မယ်ဆိုတာကို ပြောကြတာပေါ့”
“ဟင်...”
လီရှန်းအာသည် သေရည်ငှဲ့နေရင်း အတန်ငယ် လက်တုန်သွား၏။ သတင်းပို့သမားမှာမူ ကျန်းရီ၏ ဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်ပါ။ သူ ချက်ချင်းပင် ကျန်းရီ၏ အမိန့်ကို ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် အခြားသူများဆီ သွားပို့လိုက်လေသည်။
သတင်းပို့သမား ထွက်သွားပြီးနောက် လီရှန်းအာ မအောင့်နိုင်တော့ဘဲ မေးလိုက်၏။
“သခင်... သခင်က သူတို့ကို ကောင်းကင်ဂဠုန်နယ်မြေထဲအထိ လိုက်မှာလား။ အခု ကျွန်မတို့ အရှေ့ဒေသထဲ ပြန်ဝင်ကြတော့မှာလား။ အခု ပြန်သွားလို့ရပြီလား”
“မင်းက ရိုးသားတာ မဟုတ်ဘူး၊ အ,တာပဲ”
ကျန်းရီသည် လီရှန်းအာကို အရေးမစိုက်ဟန်နှင့်ကြည့်၍ ပြန်ပြောလိုက်၏။
“ငါတို့ အခု အရှေ့ဒေသထဲ ပြန်ဝင်သွားလိုက်ရင် ငါတို့တပ်သားဆယ်သန်းထဲမှာ ငါးသိန်းမပြည့်တပြည့်ပဲ ရှင်ကျန်လိမ့်မယ်။ တစ်ဘက်မှာက တပ်သားသန်းနှစ်ဆယ်ကျော် ရှိနေသေးတယ်။ ပြီးတော့ ငါတို့တပ်သားတွေ အရှေ့ဒေသထဲ ရောက်သွားတာနဲ့ သူတို့က ညှပ်ပြီး တိုက်ခိုက်ကြလိမ့်မယ်။ မင်းက အ,လွန်းတယ်။ ပြန်ဖို့ကိစ္စကို ငါတို့ နှစ်နည်းနည်းလောက် မေ့ပစ်ထားရမှာပဲ...”
“အာ...”
လီရှန်းအာ ရှက်သွေးဖြာသွားပြီး အိုးတိုးအမ်းတမ်းပြုံးလိုက်၏။ ထို့နောက် စိတ်ဝင်တစားနှင့် ထပ်မေးလိုက်သည်။
“ပြန်မဝင်သေးဘူးဆိုရင်လည်း ဘာလို့ ကြမ်းကြုတ်နဂါးဘုရင်တို့ကို ကောင်းကင်ဂဠုန်နယ်မြေထဲ ရောက်တဲ့အထိ လိုက်ခိုင်းရတာလဲ...”
“ငါ ရှင်းပြရင်တောင် မင်း နားလည်မှာမဟုတ်ဘူး။ နောက်မှ ငါရှင်းပြပါမယ်’
ကျန်းရီ သူ့ဗျပ်စောင်းကို သိမ်းလိုက်ပြီး စစ်ရထားလုံးကို ထုတ်ကာ သူ၏ကိုယ်ပိုင်တပ်သား တစ်သောင်းနှင့်အတူ ဆက်ချီလိုက်သည်။ လီရှန်းအာသည် ကျန်းရီ၏ အဆူကို ခံလိုက်ရသော်လည်း စိတ်မဆိုးပါ။ ယခုတွင် သူမသည် ကျန်းရီကို အကြွင်းမဲ့ ကိုးကွယ်နေပြီဖြစ်သည်။ သူက သူမကို သေရန်ပြောလျှင်ပင် သူမ လုံးဝတုံ့ဆိုင်းနေမည် မဟုတ်ပေ။
လက်ရှိတွင် ရန်သူ၏ အင်အားဆယ်သန်းရှိသော တပ်ဖွဲ့တွင် တပ်သားခုနစ်သန်းလောက်သာ ကျန်တော့သည်။ အချိန်အနည်းငယ်သာ ရှိသေးသော်လည်း တပ်သားသုံးသန်း ကျသွားပြီဖြစ်သည်။ သူတို့ ကောင်းကင်ဂဠုန်နယ်မြေသို့ ရောက်ချိန်တွင် တပ်သား သုံးသန်း၊ လေးသန်းလောက် ကျန်ဦးမည်ဆိုလျှင် တော်သေးသည်ဟု ဆိုရမည်သာ။
“မြန်မြန်... ကော့ချန်ဘုရင်နဲ့ တောင်စပါးကြီးဘုရင်ဆီကို သတင်းပို့လိုက်။ သူတို့ကို တပ်ကိုခေါ်ပြီး ချီလာဖို့ ပြောလိုက်”
“ဟုတ်တယ်... ကြမ်းကြုတ်နဂါးဘုရင်တို့က ကျုပ်တို့နောက်ကို လိုက်လာရဲတယ်။ လိုက်လာပါစေ... ကျုပ်တို့ သူတို့ကို နှစ်ဘက်ညှပ်ပြီး ပြန်တိုက်မယ်။ ကော့ချန်ဘုရင်နဲ့ တောင်စပါးကြီးဘုရင်ဆီမှာ တပ်သားသန်းနှစ်ဆယ် ရှိသေးတယ်။ သူတို့ ရောက်လာတာနဲ့ ကျုပ်တို့ ပြန်လက်စားချေနိုင်လိမ့်မယ်”
ကောင်းကင်ကြွက်ဘုရင်နှင့် အခြားမျိုးနွယ်ခေါင်းဆောင်များသည် အပြန်အလှန်ပြောဆို၍ ကော့ချန်ဘုရင်နှင့် တောင်စပါးကြီးဘုရင်တို့ထံ သတင်းပို့လိုက်ကြသည်။ သူတို့သည် နောက်မှလိုက်လာသည့် ကြမ်းကြုတ်နဂါးဘုရင်တို့၏ တပ်ကို ပြန်မတိုက်ခိုက်ဝံ့သဖြင့် အရင်ဆုံး ထွက်ပြေး၍သာ နေရသည်။ ကွေ့လုဘုရင်နှင့် ပူနီဧကရာဇ်၏ တမန်တော်တို့က အသတ်ခံလိုက်ရပြီဖြစ်သည်။ ထို့ကြောင့် ၎င်းမျိုးနွယ်ဘုရင်များ ကြောက်ရွံ့နေကြပေသည်။
***
နာရီအနည်းငယ်ကြာပြီးနောက် ကော့ချန်ဘုရင်နှင့် တောင်စပါးကြီးဘုရင်တို့ သတင်းလက်ခံရလိုက်၏။ တပ်ဖွဲ့နှစ်ဖွဲ့မှ အကြီးအကဲများသည် ကွေ့လုဘုရင်နှင့် ပူနီဧကရာဇ်၏ တမန်တော်တို့ သေဆုံးသွားပြီဖြစ်ပြီး တပ်ပြိုသွားပြီဖြစ်ကြောင်းကို သိလိုက်သောအခါ တုန်လှုပ်သွားကြသည်။
အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက ကောင်းကင်ဂဠုန်နယ်မြေထဲအထိ ရောင်အောင် လိုက်လာကြောင်း သိလိုက်သောအခါတွင်လည်း မျိုးနွယ်ဘုရင်များ ပို၍တုန်လှုပ်သွားကြ၏။ သူတို့ တပ်ဖွဲ့များကို စတင် လှုပ်ရှားစေလိုက်သည်။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက အရှေ့ဒေသအတွင်းပိုင်းထဲ ရောက်လာလျှင် သူတို့ဘက်က အပြင်းအထန် တိုက်စစ်ထိုးလိုက်မည်ဖြစ်သည်။
တောင်စပါးကြီးဘုရင်သည် တုံ့ဆိုင်းမနေဘဲ တပ်ကို ချက်ချင်းပြန်ဆုတ်၏။ တောင်စပါးကြီးနယ်မြေက ကောင်းကင်ဂဠုန်နယ်မြေနှင့် သိပ်မဝေးပေ။ ကြားတွင် တောင်ဒါဇင်အနည်းငယ်လောက်သာ ခြားသည်။ အကယ်၍ အရှင်မချင်လင်း၏ လက်အောက်ခံများသာ တောင်စပါးကြီးနယ်မြေထဲ ဆက်သွားမည်ဆိုလျှင် သူတို့မျိုးနွယ် အဆုံးသတ်သွားပေလိမ့်မည်။
ကော့ချန်ဘုရင်၏ တပ်ဖွဲ့သည်လည်း တပ်ချီလို၏။ သို့သော် ကော့ချန်ဘုရင်၏ အမိန့်ကြောင့် တပ်ဖွဲ့ထဲရှိ မျိုးနွယ်ဘုရင်အားလုံး အံ့အားသင့်သွားကြသည်။ ကော့ချန်ဘုရင်သည် တပ်ဖွဲ့ကို ဆက်ချထားပြီး အခြေအနေကို စောင့်ကြည့်လိုနေပေသည်။
ထျန်းဖုန့်ဧကရာဇ်၏ တမန်တော်နှင့် မျိုးနွယ်ဘုရင်များသည် ကော့ချန်ဘုရင်ထံ သွားကာ တပ်ကို ချီ၍ အလစ်ဝင်တိုက်ရန် တောင်းဆိုကြ၏။ သူတို့ မျိုးနွယ်အသီးသီး၏ ရှင်သန်ရေးကို အရေးမစိုက်လျှင်ပင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကို အတူပူးပေါင်းကာ ရှင်းပစ်ရမည်ဖြစ်သည်။
“အလစ်ဝင်တိုက်ရမှာလား”
ကော့ချန်ဘုရင်က ပြုံးကာ ပြန်ပြောလိုက်သည်။
“ခင်ဗျားတို့ သေချင်ရင် ကိုယ့်ဘာသာ သွားတိုက်ကြ။ ကျုပ်ကတော့ မသွားဘူး။ သူတို့ကို အလစ်ဝင်တိုက်ရမှာတဲ့လား။ အရှင်မချင်လင်းရဲ့ လက်အောက်ခံဟောင်းတွေက ကျုပ်တို့နယ်မြေထဲကို ဝင်လာရဲလိမ့်မယ်လို့ ခင်ဗျားတို့က ထင်နေကြတာလား။ ခင်ဗျားတို့ရဲ့ ဦးနှောက်ကို သုံးကြပါ။ သူတို့ ဝင်လာရဲရင် သေချာပေါက် ရှင်းပစ်ခံရမှာပဲ။ တကယ်တော့... သူတို့က ကျုပ်တို့ကို ပြန်ပြီး အလစ်ဝင်တိုက်ဖို့ ကြိုးစားနေကြတာပဲ”
“ဟင်...”
မျိုးနွယ်ဘုရင်များ အတွေးနက်သွား၏။ သူတို့ သေချာတွေးကြည့်သောအခါ ကော့ချန်ဘုရင်၏ စကားက ဖြစ်နိုင်ကြောင်း သိလာရသည်။
အကယ်၍ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက အရှေ့ဒေသထဲ ဝင်လာမည်ဆိုလျှင် အင်အားသန်းနှစ်ဆယ်ရှိသော တပ်ဖွဲ့နှစ်ဖွဲ့၏ ကြားညှပ်တိုက်မှုကို ခံရမည်ဖြစ်သည်။ ထို့ပြင် သူတို့ အရှေ့ဒေသထဲ ရောက်သည်နှင့် စစ်ပွဲတွင် ဝင်မပါခဲ့သော မျိုးနွယ်များပင် အားလုံးဝင်ပါကာ သူတို့ကို ဘုံရန်သူအဖြစ် တိုက်ခိုက်ကြမည်ဖြစ်သည်။ ထိုအခါ အဆုံးတွင် သူတို့ ပျက်သုဉ်းရပေလိမ့်မည်။
“ဟုတ်တယ်... သူတို့က ပြန်ပြီး အလစ်ဝင်တိုက်ဖို့ လုပ်နေတာပဲ ဖြစ်ရမယ်”
အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ၏ တိုက်ခိုက်ပုံများကို ပြန်ကြည့်လျှင် ထိုအချက်က ဖြစ်နိုင်သည်ဟု မျိုးနွယ်ဘုရင်များ တွေးလိုက်ကြသည်။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ တိုက်ပွဲတွင် နိုင်နေရခြင်းမှာ ထူးဆန်းသော ဗျူဟာများကို အသုံးပြု၍ဖြစ်သည်။ သူတို့က ရူးရူးမိုက်မိုက်နှင့် အရှေ့ဒေသထဲ ဝင်လာပြီး အသေခံကြမည် မဟုတ်ပေ။ သို့ဖြစ်ရာ သူတို့ တစ်ခုခု ကြံနေခြင်းသာ ဖြစ်နိုင်ပေသည်။
အကယ်၍ ကျန်တပ်ဖွဲ့နှစ်ဖွဲ့လည်း ကွေ့လုဘုရင်၏ တပ်ဖွဲ့ကဲ့သို့ အလစ်ဝင်တိုက်ခံရမည်ဆိုလျှင်ဟု တွေးကြည့်မိသောအခါ မျိုးနွယ်ဘုရင်များ တုန်လှုပ်သွားကြသည်။
“အဲ့လိုပဲ ဖြစ်ရမယ်၊ အဲ့လိုပဲ ဖြစ်ရမယ်”
ယခုတွင် မျိုးနွယ်ဘုရင်များသည် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများဘက်မှ ဆန်းကြယ်သော အရှင်ကျိုးဆိုသူကို အလွန်ကြောက်ရွံ့လာကြပေပြီ။ ထိုပုဂ္ဂိုလ်သည် တပ်ဖွဲ့များကို ကွပ်ကဲညွှန်ကြားရာတွင် ပြိုင်ဘက်ကင်းပင်။ သူတို့သာ သတိမထားပါက ထောင်ချောက်ထဲကျကာ ပျက်သုဉ်းရနိုင်ပေသည်။
“ဒါပေမဲ့... ကျုပ်တို့ သွားမကူရင် တောင်စပါးကြီးဘုရင်ရဲ့ တပ်ဖွဲ့လည်း အန္တရာယ်ကြုံရနိုင်တယ်။ အရှင်မချင်လင်းရဲ့ လက်အောက်ခံဟောင်းတွေက တစ်ခါ ဝင်လာပြီး ပြန်ထွက်သွားနိုင်ရင် ကျုပ်တို့ဘက်က ရှက်ဖို့ကောင်းတယ် မဟုတ်လား”
မျိုးနွယ်ဘုရင်တစ်ပါးက မျက်မှောင်ကြုတ်၍ ခေါင်းခါလိုက်၏။
“မဖြစ်သေးဘူး... တောင်စပါးကြီးဘုရင်ရဲ့ တပ်ဖွဲ့ ပျက်သွားရင် ကျုပ်တို့တပ်ဖွဲ့လည်း ပျက်မှာပဲ။ ကျုပ်တို့ ပြန်သွားရမယ်”
“ပြန်သွားလည်း အပိုပဲ”
ကော့ချန်ဘုရင်က ခါးသက်သက် ရယ်လိုက်၏။
“အဲ့အရူး တောင်စပါးကြီးဘုရင်က ချက်ချင်း လှည့်ပြန်သွားတာ။ ကျုပ်တို့ အခု ပြန်ရင်တောင် နောက်ကျသွားလိမ့်မယ်။ ကျုပ် မှန်းတာသာ မမှားရင်.. အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းတွေက နတ်ဆိုးချောက်နက်နားမှာ အလစ်ဝင်တိုက်ဖို့ ပြင်ဆင်ထားပြီးလောက်ပြီ။ သူတို့က အရူးတောင်စပါးကြီးဘုရင် ပြန်လှည့်လာမှာကို စောင့်နေမှာပေါ့...”
“အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
မျိုးနွယ်ဘုရင်များစွာ ရေရွတ်လိုက်ကြ၏။
“သူတို့ နတ်ဆိုးချောက်နက်ကို သွားချင်ရင် ကျုပ်တို့နေရာကို ဖြတ်ရမယ်မဟုတ်ဘူးလား။ အင်အားဆယ်သန်းစစ်တပ်က ဘယ်လိုလုပ် တိတ်တဆိတ် ဖြတ်သွားနိုင်မှာလဲ”
“အရူး...”
ကော့ချန်ဘုရင်သည် စိတ်မထိန်းနိုင်တော့ဘဲ လေသံဆတ်ဆတ်နှင့် ပြောလိုက်သည်။
“အဲ့သန်းချီတဲ့ တပ်သားတွေ ဘယ်လိုပျောက်သွားလဲဆိုတာကို ခင်ဗျားတို့ မေးသွားပြီလား။ ကွေ့လုဘုရင်ရဲ့ တပ်ဖွဲ့ကရော ဘယ်လို အလစ်တိုက်ခံလိုက်ရလဲ။ ဒီပွဲက ရှုံးနေပြီ။ တစ်ဘက်က အချိန်အားသာချက်ရှိနေတယ်။ ကျုပ်တို့ သူတို့ရဲ့အစီအစဉ်ကို ခန့်မှန်းနိုင်ရင်တောင် အခု ဘာမှလုပ်ဖို့ မမီတော့ဘူး။ အားလုံး ဒီမှာပဲ စောင့်နေပြီး အခြေအနေကို စောင့်ကြည့်နေကြပါ။ တိုက်ပွဲပြီးတာနဲ့ ကျုပ်တို့ ပြန်ဆုတ်ကြမယ်...”
***