← Chapters

ချီလင်းဧကရီ၏ အမိန့်တော်

Vol. 127 Ch. 1765

ချီလင်းဧကရီ၏ အမိန့်တော်

Vol. 127 Ch. 1765

နာရီနှစ်ဆယ်ကြာပြီးနောက် တိုက်ပွဲ ပြီးဆုံးသွား၏။ ထိုတိုက်ပွဲတွင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား နှစ်ယောက်နှင့် အုပ်ချုပ်သူအဆင့် သိုင်းသမား ဆယ်ချီ အသတ်ခံခဲ့ရသည်။ တပ်သားများစွာလည်း ရှင်းပစ်ခံရသည်။ တောင်စပါးကြီးဘုရင်မှာမူ ကြမ်းကြုတ်နဂါးဘုရင်၏ သတ်ဖြတ်မှုကို ခံရလေသည်။

ထိုရလဒ်ကို ရသောအခါ ကျန်းရီက တပ်ပြန်ဆုတ်ရန် အမိန့်‌ပေးလိုက်၏။ ကော့ချန်ဘုရင်က လာကူမည်ကို သူ စိုးရိမ်သည်။ ယခုရလဒ်မှာ အတော်ကောင်းနေပြီဖြစ်ရာ ဤတိုက်ပွဲပြီးနောက်တွင် အရှေ့ဒေသထဲမှ မျိုးနွယ်များသည် ကျတ်တီးမြေကို တိုက်ခိုက်နိုင်လောက်တော့မည် မဟုတ်ချေ။

သို့သော်...

ကျန်းရီတို့ဘက်ကလည်း အကျအဆုံး များခဲ့သည်။ တပ်သားတစ်သန်းကျော် ကျဆုံးသွားခဲ့သည်။ ထိုအရေအတွက်မှာ အသေခံရန် စေလွှတ်လိုက်သော နတ်ဘုရားဘုရင်အဆင့် တပ်သား နှစ်သိန်းကျော် သုံးသိန်းကို ထည့်မတွက်ရသေးသော အရေအတွက်ပင်။

မည်သို့ပင်ဖြစ်စေ နှစ်ဘက်၏ အင်အားကွာခြားမှုကို ကြည့်လျှင် ထိုမျှသာ ဆုံးရှုံးခဲ့ခြင်းမှာ ဖြစ်ရပ်ဆန်းကြယ်တစ်ခုဟုပင် ဆိုနိုင်ပေသည်။

အင်အားစုသုံးစု မဟာမိတ်စစ်တပ်မှ တပ်သား ကိုးသန်းနီးပါး အသတ်ခံခဲ့ရသည်။ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားလေးယောက်လည်း သတ်ဖြတ်ခံရသည်။ သို့သော် ကျန်းရီတို့ဘက်ရှိ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတစ်ယောက်ကိုမှ မဆုံးရှုံးပေ။ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များ ဒဏ်ရာရခဲ့သည့်အချိန်များ ရှိခဲ့၏။ သို့သော် ကျန်းရီတွင် နတ်ဘုရားသစ်ရွက်ရှိ၍ ဒဏ်ရာရရုံလောက်မှာ ပြဿနာ မဟုတ်ချေ။

တပ်သည် ကျတ်တီးမြေထဲ လျင်မြန်စွာ ပြန်ဝင်သွား၏။ မျိုးနွယ်ဘုရင်အချို့က အဘယ်ကြောင့် သူတို့ ကော့ချန်ဘုရင်၏ တပ်ကိုပါ သွားမဖျက်ရသနည်းဟု တွေးရင်း နားမလည်နိုင်ဖြစ်နေကြ၏။ ထိုသို့သာလုပ်မည်ဆိုလျှင် သူတို့ အရှေ့ဒေသထဲ ပြန်ဝင်ကာ အရှေ့ဒေသကို တစ်ချက်တည်းနှင့် ပြန်သိမ်းနိုင်လောက်သည် မဟုတ်လော။ သို့သော် ကျန်းရီက ပြန်ဆုတ်ရန် အမိန့်ပေးလိုက်ပြီဖြစ်၍ မည်သည့်မျိုးနွယ်ဘုရင်၊ မည်သည့်အကြီးအကဲကမှ အတွန့်မတက်ဝံ့တော့ပေ။

ယခုတွင် တပ်တစ်ခုလုံးက ကျန်းရီကို လေးစားကြည်ညိုနေပေပြီ။ တပ်ထဲရှိ ကျန်းရီ၏ အဆင့်အတန်းက အတိတ်မှ အရှင်မချင်လင်း၏ အဆင့်အတန်းထက် သိပ်မနိမ့်ချေ။ ကျန်းရီ မရှိလျှင် သူတို့အားလုံး ရှင်းပစ်ခံခဲ့ရမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီမှာ သူတို့၏ ဒုတိယမိဘကဲ့သို့ ဖြစ်နေပေသည်။

သာမန်မျိုးနွယ်ဘုရင်များနှင့် အကြီးအကဲများက နားမလည်သော်လည်း ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့က ကျန်းရီ၏ အကြံကို အတိအကျသိ၏။ ယခု သူတို့ ဆက်တိုက်ခိုက်မည်ဆိုပါက အရှေ့ဒေသကို မအုပ်စိုးနိုင်သည့်အပြင် ပျက်ပင်ပျက်သုဉ်းရနိုင်ပေသည်။

တပ်သားကိုးသန်းကျော်ကို သတ်ပြီးပြီးသော်လည်း တပ်သား သန်းနှစ်ဆယ်လောက် ကျန်သေးသည်။ ထို့ပြင် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများနှင့် ကော့ချန်ဘုရင်လည်း ရှိသေးသည်။ အထူးသဖြင့် ဉာဏ်ကောင်းသော ထက်မြက်သော ကော့ချန်ဘုရင် ရှိနေသေးခြင်းမှာ ပြဿနာပင်။ သူ၏ ဉာဏ်ကောင်းမှုက ပြီးခဲ့သော တိုက်ပွဲအနည်းငယ်အတွင်း ကော့ချန်တပ်ဖွဲ့က မထိခိုက်ခဲ့သည်ကို ကြည့်လျှင် သိနိုင်ပေသည်။

အကယ်၍ ကျန်းရီသာ တပ်ကို ဦးဆောင်၍ ကော့ချန်ဘုရင်၏ တပ်ဖွဲ့ကို သွားတိုက်မည်ဆိုလျှင် သူတို့ နိုင်လိုက်လျှင်ပင် တန်ကြေးကြီးကြီး ပြန်ပေးလိုက်ရမည်ဖြစ်သည်။ သူတို့ဘက်တွင် တပ်သားအနည်းငယ်သာရှိ၍ ထိုတပ်သားများကို မလိုအပ်ဘဲ အဆုံးရှုံးမခံနိုင်ပေ။ အကယ်၍ ကြမ်းကြုတ်နဂါးဘုရင်ကဲ့သို့သော အရေးပါသူများ ကျဆုံးသွားပါက ကျန်းရီ မည်မျှ ဗျူဟာထုတ်ပါစေ အရှေ့ဒေသကို တည်ငြိမ်အောင် ပြန်ထိန်းနိုင်တော့မည် မဟုတ်ပါ။

ဤတစ်ခေါက်တိုက်ပွဲတွင် အင်အားစုသုံးစုမှ မျိုးနွယ်များစွာ ထိခိုက်သွားခဲ့၏။ သို့သော် နလန်မထူနိုင်လောက်အောင်တော့ မထိခိုက်ချေ။ ထို့ပြင် ၎င်းဘက်က သူသေကိုယ်သေ တိုက်လိမ့်မည် မဟုတ်။ မည်သို့ပင်ဖြစ်စေ ဤတစ်ခေါက်တွင် တပ်သားများစွာနှင့် စွမ်းအားကြီး သိုင်းသမားများစွာ သေဆုံးသွားခဲ့သဖြင့် အရှေ့ဒေသ၏ အခြေအနေက ထပ်မံပြောင်းလဲသွားဦးမည်ဖြစ်ပေသည်။

ဥပမာအားဖြင့် ကွေ့လုဘုရင်နှင့် တောင်စပါးကြီးဘုရင်တို့ သေဆုံးသွားပြီး သူတို့မျိုးနွယ်များမှ တပ်သားများစွာနှင့် စွမ်းအားကြီး သိုင်းသမားများစွာ ကျဆုံးသွားပြီးနောက်တွင် ထိုမျိုးနွယ်နှစ်ခု၏ အင်အားက များစွာလျော့ကျသွားတော့မည်ဖြစ်သည်။ ထိုမျိုးနွယ်နှစ်ခုသည် မျိုးနွယ်ငယ်လေးများ ဖြစ်သွားပေလိမ့်မည်။ သို့သော် ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေများ၊ ဆန်းကြယ်နယ်မြေများနှင့် အရင်းအမြစ်များက အများအပြားရှိရာ သေချာပေါက် လုယက်တိုက်ပွဲများ ဖြစ်လာနိုင်ပေသည်။

အင်အားမရှိဘဲ စည်းစိမ်းရှိခြင်းမှာ အလွန်အန္တရာယ်များသည်။ ထိုမျိုးနွယ်နှစ်ခုက အင်အားလျော့ကျသွားပြီး နယ်မြေများစွာကို ပိုင်ဆိုင်ထားရာ အခြားမျိုးနွယ်ကြီးများ၏ ပစ်မှတ်ထားခြင်းကို ခံရမည်မှာ ပုံမှန်သာဖြစ်သည်။ ထိုအခါ အတွင်းပဋိပက္ခများ သေချာပေါက် ဖြစ်လာပေလိမ့်မည်။ မိစ္ဆာအရှင်သုံးပါးပင် ထိုပဋိပက္ခများကို ရပ်တန့်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့ တမန်တော်မည်မျှ စေလွှတ်ပါစေ အသုံးဝင်မည် မဟုတ်ပါ။

ဤတစ်ခေါက်တိုက်ပွဲက အင်အားစုသုံးစု၏ အင်အားမျှခြေကို ပျက်သွားစေခဲ့သည်။ ကော့ချန်ဘုရင်၏ တပ်ဖွဲ့က အဆုံးအရှုံးမရှိခဲ့ဘဲ အခြားတပ်ဖွဲ့နှစ်ဖွဲ့သာ များစွာ ဆုံးရှုံးနစ်နာခဲ့သည်။ ကော့ချန်ဘုရင်ကိုယ်တိုင်က မလှုပ်ရှားလျှင်ပင် သူ့ဘက်မှ မျိုးနွယ်ကြီးများက ဤကဲ့သို့ အခွင့်အရေးကောင်းတစ်ခုကို လက်လွတ်ခံကြမည် မဟုတ်ပေ။ အရှေ့ဒေသက သေချာပေါက် အတွင်းစစ် ဖြစ်ပေတော့မည်။

ကော့ချန်ဘုရင်ထံတွင် ရွေးချယ်စရာနှစ်ခု ရှိသည်။ သူ အရှေ့ဒေသကို စုစည်းထိန်းချုပ်နိုင်သလို အတွင်းစစ် ဆက်ဖြစ်နေသည်ကို ကြည့်နေနိုင်သည်။ ကျန်းရီ၏ တွက်ချက်မှုအရ ကော့ချန်ဘုရင်က အရင်ဆုံး အရှေ့ဒေသကို အတွင်းစစ်ကြောင့် အင်အားနည်းသွားအောင် လွှတ်ထားလောက်သည်။ နောက်ဆုံးမှ သူက တပ်သားများ စေလွှတ်ကာ အရှေ့ဒေသကို အလွယ်တကူ စုစည်းထိန်းချုပ်လောက်ပေသည်။

မည်သို့ပင်ဖြစ်လာပါစေ ကျတ်တီးမြေမှာ နောက်တစ်နှစ်ကျော် နှစ်နှစ်လောက် အလွန်အေးချမ်းနေပေလိမ့်မည်။ ကျန်းရီအနေဖြင့် လက်ရှိအချိန်တွင် မလှုပ်ရှားနိုင်‌သေးပေ။ သူ အချိန်ကောင်းကို စောင့်ရမည်၊ အရှေ့ဒေသတစ်ခုလုံး အလွန်အင်အားနည်းသွားသည့်အချိန်အထိ စောင့်ရပေမည်။ ထိုအချိန်ကျလျှင် သူ အရှေ့ဒေသတစ်ခုလုံးကို သိမ်းနိုင်ပြီဖြစ်သည်။

ထိုအခွင့်အရေးရလာအောင် အချိန်မည်မျှ စောင့်ရမည်နည်း။ တစ်နှစ်လော၊ သုံးနှစ်လော၊ သို့မဟုတ် ထိုထက်ပိုကြာမည်လော။

ကျန်းရီ မသိပါ။ မည်မျှဖြစ်စေ သူ ကျင့်ကြံရန် အချိန်လိုအပ်သည်။ သူ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းရပေမည်။ သူ အရှေ့ဒေကို စုစည်းနိုင်ပြီး အရှေ့ဒေသ၏ ဧကရာဇ် ဖြစ်လာလျှင်ပင် အင်အားမရှိပါက ကျေနပ်မှု၊ ပြီးမြောက်မှုကို ခံစားရမည် မဟုတ်ချေ။

ကျန်းရီ အလိုချင်ဆုံး ဆန္ဒမှာ ကျင့်ကြံ၍ ပိုသန်မာလာရန်၊ ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာရန်ဖြစ်သည်။ ထိုမှ သူ ကောင်းကင်မိစ္ဆာဘုံထဲကနေ၍ ပြန်ထွက်ကာ သူ၏ မိသားစုဆွေမျိုးများနှင့် ချစ်ခင်ရသူများထံ ပြန်နိုင်မည်ဖြစ်သည်။

တပ်သည် အဖော်မဲ့ပင်လယ်ကမ်းခြေသို့ ပြန်ရောက်ရန် ရက်ပေါင်းများစွာ ပြန်သွားခဲ့ရ၏။ အရှင်မချင်လင်း၏ လက်အောက်ခံမျိုးနွယ်များမှ သာမန်မျိုးနွယ်ဝင်များက စီတန်း၍ တပ်ကို ကြိုဆိုကြ၏။ သူတို့ စိတ်အားတက်ကြွနေကြသည်။ မိစ္ဆာများစွာသည် ဝမ်းသာမျက်ရည်များပင် ကျနေကြပေသည်။

ကျန်းရီသည် အရာအားလုံးကို ကြမ်းကြုတ်နဂါးဘုရင်၏လက်ထဲ လွှဲပေးလိုက်ပြီး မည်သည့်အရာကိုမှ အရေးမစိုက်တော့ဘဲ လီရှန်းအာနှင့် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင်များကို ခေါ်၍ တောင်သို့ ပြန်သွားလိုက်သည်။

ကျန်းရီသည် ကြမ်းကြုတ်နဂါးဘုရင်ကို အရေးကြီးကိစ္စမရှိလျှင် သူ့ကျင့်ကြံခြင်းကို မည်သူမှ လာမနှောင့်ယှက်စေဖို့ မှာခဲ့သည်။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ပင် လာနှောင့်ယှက်ခွင့် မရှိပေ။

နန်းတော်သို့ ပြန်ရောက်သောအခါ ကျန်းရီ မည်သည့်အရာကိုမှ အရေးမစိုက်တော့ချေ။ သူ အိပ်ရာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ သူသည် တိုက်ပွဲများတွင် ဝင်မတိုက်ခဲ့သော်လည်း တစ်ကိုယ်တည်း ကြံစည်ခဲ့ရခြင်း၊ စီမံညွှန်ကြားခဲ့ရခြင်းတို့ကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနေပေသည်။

ကျန်းရီသည် နတ်ဆိုးချောက်နက်အနီးတွင် ဗျပ်စောင်းတီးရင်း သူ၏မိသားစုနှင့် ချစ်ခင်ရသူများကို သတိရခဲ့သည်။ ပုံမှန်အချိန်တွင် သူ သူတို့အကြောင်းကို မတွေးဝံ့ပေ။ သူတို့ကို အိပ်မက်ထဲတွင်သာ တွေ့ဆုံနိုင်ပေသည်။

***

ကောင်းကင်ဘုံမှာ အလွန်အေးချမ်းနေ၏။ ကျန်းရီက မိုးပြာမဟာဧကရာဇ်မြို့တွင် သတ်ဖြတ်ခဲ့သည့် အဖြစ်မမှာ နှစ်လခွဲကြာသွားပြီဖြစ်သည်။

‌ကောင်းကင်ဘုံက ကျန်းရီ ကျူးလွန်ခဲ့သည့် ကြီးမားသည့် ပြစ်မှုများကို မေ့သွားသည့်ပုံ ပေါ်၏။ သို့မဟုတ် ကမ္ဘာဦးကောင်းကင်ဘုံမှ လူများက ထိုအကြောင်းကို မပြောလိုခြင်း ဖြစ်ရမည်။ ထိုစကားများ ပျံ့နှံ့သွားပါက တောက်မျိုးနွယ်နှင့် မိုးပြာမဟာဧကရာဇ်တို့ အရှက်ရသွားမည်ကို သူတို့ စိုးရိမ်ခြင်းဖြစ်မည်။

ဤတစ်ကြိမ်တွင် မိုးပြာမဟာဧကရာဇ်က လုံးဝအရှက်ရခဲ့၏။ မိုးပြာမဟာဧကရာဇ်တောင်ထွတ်တွင် ဖြစ်ပျက်ခဲ့သော အရာများအကြောင်းက ပျံ့နှံ့သွားခဲ့သည်။ ကျန်းရီက မိုးပြာမဟာဧကရာဇ်အား မည်သို့ စော်ကားခဲ့သည်ဆိုသော အကြောင်းများမှာလည်း သေရည်ဆိုင်များ၊ စားသောက်ဆိုင်များတွင် ပြောစရာဇာတ်လမ်း ဖြစ်ခဲ့သည်။

ကျန်းရီ၏ အမည်မှာ ထုတ်ပြော၍မရသော အမည်တစ်ခု ဖြစ်လာသည်။ မည်သူကမှ သူ့အမည်ကို လူကြားထဲတွင် မပြောဝံ့တော့ပေ။ သို့သော် သူ့အမည်မှာ အားလုံး၏ နှလုံးသားထဲတွင် စွဲထင်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမှာ ကပ်လောကထဲရှိ နံပါတ်တစ်ပုဂ္ဂိုလ်ကို စိန်ခေါ်ပြီးနောက် ရှင်သန်နေဆဲဖြစ်သည့် တစ်ဦးတည်းသောသူ ဖြစ်နေ၍ပင်။

အထက်ဘုံမှာလည်း အလွန်အေးချမ်းနေသည်။ ကောင်းကင်ဘုံက ရီမျိုးနွယ်၊ မိုမျိုးနွယ်နှင့် ချီမျိုးနွယ်တို့ကို ပြဿနာလာမရှာခဲ့ပေ။ သူတို့သည် ကျန်းရီ၏ မိသားစုများနှင့် မျိုးနွယ်ဝင်များကိုလည်း ပြဿနာမရှာခဲ့ပါ။ ပြဿနာမရှာခြင်းမှာ တောက်မျိုးနွယ်က သဘောထားကြီး၍တော့ မဟုတ်ပေ။ လူတစ်ယောက်က ဝင်ပြောခဲ့၍သာ ဖြစ်သည်။

ဆိုရလျှင် တောက်မျိုးနွယ်သည် အထက်ဘုံသို့ စွမ်းအားကြီး သိုင်းသမားများစွာ စေလွှတ်ခဲ့သည်။ သူတို့ထဲမှ အချို့က ပုန်းအောင်းကာ ကျန်းရီ အထက်ဘုံသို့ ပြန်လာခဲ့သလောကို ကြိုးစားစုံစမ်းနေကြသည်။ အချို့မှာ အထက်ဘုံ၏ အင်အားကို လျှို့ဝှက်အသုံးချ၍ ရီမျိုးနွယ်၊ မိုမျိုးနွယ်နှင့် ချီမျိုးနွယ်တို့ကို ရှင်းပစ်ပြီး ကျန်းရီ ထွက်လာအောင် လုပ်ရန် ကြံနေခဲ့ကြသည်။

မြစ်ဖြူဘုရင်၊ ခြင်္သေ့ဝါဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့ကဲ့သို့သော အထက်ဘုံရှိ အုပ်ချုပ်သူအဆင့် သိုင်းသမားအချို့ကလည်း တောက်မျိုးနွယ်ကို ကူညီပေး၍ မျိုးနွယ်သုံးခုနှင့် ကျန်းရီ၏ မိသားစုများ၊ မျိုးနွယ်ဝင်များကို ရှင်းပစ်လိုနေကြသည်။

‌တောက်မျိုးနွယ်မှာ အလွန်ဉာဏ်ကောင်းသည်။ သူတို့သည် မည်သည့်အရာကိုမှ သူတို့ကိုယ်တိုင် မလုပ်ပေ။ သူတို့က အထက်ဘုံ ဘုံတစ်သောင်း မကျေမနပ်ဖြစ်သွားမည့် အရာများကို လုပ်မိမည်ကို သူတို့ စိုးရိမ်ကြသည်။ သို့သော် သူတို့ မျိုးနွယ်အချို့ကို ထိန်းချုပ်တော့မည် အချိန်တွင် ဟယ်နုန်ယင်းက အထက်ဘုံသို့ ဆင်းလာခဲ့သည်။ သူမသည် ချီလင်းဧကရီ၏ အမိန့်‌တော်ကိုလည်း ယူလာခဲ့သည်။

ချီလင်းဧကရီ၏ အမိန့်တော်မှာ အလွန်ရိုးရှင်းသည်။ အထက်ဘုံတွင် ဆယ်နှစ်တိုင်အောင် စစ်ပွဲဖြစ်လာ၍မဖြစ်။ အကယ်၍ တစ်ယောက်ယောက်က စစ်ပွဲစမည်ဆိုလျှင် သူမကိုယ်တိုင် စွမ်းအားကြီး သိုင်းသမားများကို ဦးဆောင်၍ ထိုသူ၏ မျိုးနွယ်ကို ရှင်းပစ်မည်ဖြစ်သည်။

ထို့ကြောင့် ပိုင်မျိုးနွယ်နှင့် အခြားမျိုးနွယ်များ မလှုပ်ရှားဝံ့ကြတော့ပေ။ တောက်မျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားများလည်း မည်သို့မှ ကြိုးမကိုင်ရဲကြတော့။ ချီလင်းဧကရီ၏ အမိန့်တော်က အထက်ဘုံကို ရည်ညွှန်းခြင်းဖြစ်သော်လည်း အမိန့်တော်၏ နောက်ကွယ်မှ အဓိပ္ပာယ်မှာ ထင်ရှားပေသည်။ သူမက တောက်မျိုးနွယ်ကို အထက်ဘုံတွင် သွားမရှုပ်ရန် သတိပေးလိုခြင်းပင်။ မဟုတ်လျှင် သူမ မည်သူ့မျက်နှာကိုမှ ထောက်နေတော့မည် မဟုတ်ပါ။

သို့သော် ချီလင်းဧကရီက အချိန်တစ်ခု သတ်မှတ်ပေးခဲ့သည်။ ဆယ်နှစ်။ အဓိပ္ပာယ်မှာ ချီလင်းဧကရီသည် အထက်ဘုံကို ဆယ်နှစ်ကာကွယ်ပေးမည်ဆိုသော သဘောပင်။ အကယ်၍ ကျန်းရီက ဆယ်နှစ်အတွင်း ပြန်ပေါ်မလာပါက ‌တောက်မျိုးနွယ်က စိတ်ကြိုက်လုပ်နိုင်ပြီဖြစ်ပေသည်။

***

All Chapters