တိုင်ကွန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
Vol. 45 Ch. 662
နောက်တစ်နေ့ နံနက် လင်းရီ မျက်လုံးဖွင့်ပြီးသည့်နောက် ဖုန်းဖွင့်ကြည့်လိုက်သောအခါ Dou yu အက်ပ်ထဲမှ နိုတီအများအပြား ရောက်ရှိနေကြောင်း သတိပြုမိလိုက်၏။
သို့သော်လည်း အများစုကတော့ ကျန်းရှောင်ယွီထံမှပင်။
သူမ သူ့ကို စာပို့လာခဲ့တုန်းက မနက် ဝေလီဝေလင်း အချိန်ခါဖြစ်ပြီး လင်းရီကတော့ အိပ်မောကျနေလေသည်။
ရှောင်ယွီ “ အစ်ကိုကြီး .. အိပ်နေပြီလား…”
ရှောင်ယွီ “ ဝီချက် အပ်လို့ရလား မသိဘူး…”
ရှောင်ယွီ “ ဒီတိုင်း စကားပြောချင်လို့နော်… အနှောင့်ယှက် ပေးမလို့ မဟုတ်ပါဘူး…”
ကျန်းရှောင်ယွီ၏ မက်ဆေ့ချ်များကို မြင်တော့ လင်းရီ သူမနှင့် စကားပြောသည်ကလည်း ဆိုးရွားသည့် အကြံမဟုတ်ဟု ခံစားလိုက်ရ၏။
တိုက်ရိုက်ထုတ်လွင့်သည့် အကြောင်းအရာများနှင့် သိသင့်သိထိုက်သည်များကို သူမထံမှ မေးမြန်းနိုင်လေသည်။
သို့နှင့် လင်းရီ သူ၏ ဝီချက် အိုင်ဒီကို ကျန်းရှောင်ယွီထံ ပို့ပေးလိုက်၏။
“ လင်းရီ… နင် မထသေးဘူးလား… ဆက်အိပ်မနေနဲ့တော့.. မျက်နှာသစ်တော့…”
“ အိုကေပါ…”
ကျီချင်းရန် အော်သံကို ကြားတော့ လင်းရီ ပြန်လည်တုံ့ပြန်လိုက်ပြီး မျက်နှာသစ်လေသည်။
သူ အောက်ထပ်သို့ ရောက်သည့် အချိန်တွင်တော့ ကျီချင်းရန်မှာ နံနက်စာ အဆင်သင့် ပြုလုပ်ပြီးဖြစ်၏။
“ အောက်ဆင်းလာမစားပဲနဲ့ ဘာတွေ ငေးကြည့်နေတာ…” ကျီချင်းရန် ဒုတိယထပ်တွင် ရပ်နေသည့် လင်းရီအား ကြည့်လိုက်၏။
လင်းရီ ဒုတိယထပ်တွင် ရပ်နေရင်း ကျီချင်းရန်ကို ပြုံးလျက်ကြည့်နေသည်။
သူမမှာ ယုန်ပုံသဏ္ဍာန် စကုပ်ဖြင့် ရှုပ်ယှက်ခပ်နေသည့် ဆံပင်တို့အား စုစည်းထား၏။
ကျောက်စိမ်းတုံးကြီးကဲ့သို့ ဝင်းမွတ်နေသည့် သူမ၏ ခြေတံသွယ်သွယ်တို့မှာလည်း အဆီတစ်စက်မျှမရှိ၊ စွဲမက်ဖွယ် ကောင်းလွန်းလှသည်။
လက်ရှိ ကျီချင်းရန်မှာ ဆက်ဆီဆန်မနေသော်လည်း လှနေစမြဲပင်။
“ အရမ်း လှလို့ ကြည့်နေတာလေ…” လင်းရီ ပြုံးလိုက်၏။
ချိုမြိန်သည့် အပြုံးတစ်ခုက ကျီချင်းရန် မျက်နှာထက်တွင် ပေါ်လာပြီး “ ဒါဆို မစ္စလင်းက လှတာအပြင် တခြား ကောင်းကြောင်းလေးတွေကော မရှိဘူးလား…”
“ မွန်မြတ်သေးတယ်… ကြင်နာတတ်တယ်… ထက်မြက်တယ်…. ပြီးတော့ ရက်လည်း ရက်ရောသေးတယ်…”
လင်းရီ ထိုသို့ မြောက်ပင့်လိုက်သောအခါ ကျီချင်းရှန် ရှက်သွေးဖြန်းသွားခဲ့သည်။
“ အပိုတွေ… ငါက အဲ့လောက်ကြီးလည်း အထင်ကြီးဖို့ ကောင်း မနေပါဘူး…နင်သာ ငါ တစ်ဇွတ်ထိုး ဆန်တာကို သည်းခံနိုင်ရင် ရပြီ… လာစားတော့…”
လင်းရီ ပြုံးပြီး အောက်သို့ ဆင်းလာခဲ့လိုက်၏။ နံနက်စာမှာ ရိုးရှင်းသော်လည်း သူ၏ ဝမ်းဗိုက်ထဲသို့ ချိုမြိန်စွာ စီးဆင်းသွားသည်။
“ နင်ဒီနေ့ ဘာလုပ်ဖို့ စီစဉ်ထားလဲ…”
“ ငါ တိုက်ရိုက်ထုတ်လွင့်တော့မှာ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် အရင်ဆုံး လေ့လာဖို့လိုသေးတယ်… ဘာလို့ဆို ငါဘာမှ မသိသေးဘူးလေ…”
“ နင် ဘယ်လို အကြောင်းအရာတွေ ထုတ်လွင့်မလဲဆိုတာကော စဉ်းစားပြီးသွားပြီလား…”
လင်းရီ ပခုံးတွန့်လိုက်ပြီး “ မစဉ်းစားရသေးဘူး…”
“ ဒါပေမယ့် နင် ကြိုတင်သဘောတူပြီးသားနော်… mask တပ်ရမယ်… နင့် မျက်နှာကို ပြလို့ မရဘူး…” ကျီချင်းရန် လေးနက်သည့် မျက်နှာထားဖြင့် ပြောလိုက်ပြီး “ ပြီးတော့ သူများ စထွင်မာတွေဆို နာမည်ပြောင်တွေ ရှိတယ်… နင့်မှာကော ရှိပြီးသားလား…”
“ ဒါပေါ့… ပြိုင်ဘက်ကင်း ကြက်ကြီးလေ… လန်းတယ်မလား…”
“ အာ…”
ကျီချင်းရန် အထင်တသေး ဖြစ်သွားခဲ့ပြီး “ နင့်ဦးနှောက်ကြီးပဲ လန်းတယ်… ပိုကောင်းတဲ့ နာမည်လေး စဉ်းစားစမ်း…”
“ နာမည်ပြောင်က ဒီတိုင်း ကုတ်နာမည်တစ်ခုပဲ မဟုတ်ဘူးလား… ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်ဟ…”
“ နင်ကိုက ပျင်းနေတာပါ… ပိုပြီး သာမန်ဆန်မယ့် နာမည်လေး တစ်ခုလောက် စဉ်းစားဦး…”
“ အဲ့တာဆို ငါ့ကို ကူစဉ်းစားပေးလေ…”
ကျီချင်းရန် ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်ပြီး တောင်ဘက်စွန်း၌ စိုက်ထားသည့် အစိမ်းရောင် အပင်တစ်ပင်ကို မြင်တွေ့သွားခဲ့၏။
လင်းရီ အမူအရာ ပြောင်းလဲသွားခဲ့ပြီး “ မင်းငါ့ကို ပိလော်ချွမ်း(လက်ဖက်စိမ်းပင်)လို့ ခေါ်ချင်နေတာတော့ မဟုတ်ပါဘူးနော်…”
“ အဲ့လိုလည်း မကောင်းဘူးလား…” ကျီချင်းရန် အားတက်သရောဖြင့် “ ငါတို့ရဲ့ ပိလော် ပင်ကို ကြည့်ကြည့်လိုက်.. အမြစ်တွေဆိုလည်း ရှည်ပြီး မြေကြီးနဲ့တောင် ထိတော့မယ်..”
“ အာ… အဲ့နာမည်က နည်းနည်းလေး ကံမကောင်းဘူး..”
“ ကံမကောင်းဘူး… ငါ့အထင်တော့ အဆင်ပြေပါတယ်…” ကျီချင်းရန် ပဟေဠိ ဖြစ်သွားခဲ့၏။
“ ဘာပဲဖြစ်ဖြစ်ကွာ… အဲ့ဒီ နာမည်တော့ မရဘူး…”
ကျီချင်းရန် သူမ ပါးစပ်ထဲသို့ ဝါးတူကို ထည့်ရင်း ဘေးဘီကို ဆက်လက်ငေးကြည့်လိုက်ပြီး “ နင့်ကို ဘယ်လိုခေါ်ရမလဲဆိုတာ သိပြီ…”
ပြောရင်းဖြင့် တီဗွီအနားသို့ ပြေးသွားကာ တီဗွီအံဆွဲအောက်မှ ပန်းရောင် mask ကို ထုတ်၍ လင်းရီမျက်နှာပေါ်တွင် တပ်ဆင်ပေးလိုက်၏။
“ အွန်း.. မိုက်တယ်… နင့်ရဲ့ စထွင်းအိုင်ဒီက မျက်နှာဖုံးအစ်ကိုကြီးပဲ…”
“ နာမည်ကတော့ အဆင်ပြေပါတယ်… ဒါပေမယ့် ဘာလို့ ပန်းရောင် mask ကြီးလဲ…”
“ ပန်းရောင် မကြိုက်ဘူးလား…ငါက နင် ပန်းရောင်ကြိုက်တယ် ထင်နေတာ…”
“ ချင်းရန် .. ငါမင်းကို သင်ခန်းစာ မပေးတာ တစ်ပတ်ရှိပြီဆိုတော့ မေ့နေပြီနဲ့တူတယ်…”
“ ခစ်ခစ်…”
ကျီချင်းရန် တသိမ့်သိမ့်တုန်အောင် ရယ်မောလိုက်ပြီး အမူအရာမှာလည်း အတော်လေးကို ဘဝင်ခိုက်နေသည်။
နံနက်စာ စားပြီးနောက် ကျီချင်းရန် အပေါ်ထပ်သို့ သွား၍ အဝတ်အစား လဲလိုက်၏။ လင်းရီကို ပွစိပွစိ လုပ်ပြီးနောက် ချောင်ရန်အုပ်စုသို့ ဦးတည်လိုက်သည်။
လင်းရီ ဝီချက်ဖွင့်လိုက်ပြီး ကျန်းရှောင်ယွီမှ သူငယ်ချင်းဖြစ်ခွင့် တောင်းဆိုထားသည်ကို မြင်တော့ လက်ခံလိုက်၏။
ကျန်းရှောင်ယွီ - “ သူငယ်ချင်း လက်ခံပေးလို့ ကျေးဇူးပဲနော်…”
လင်းရီ - “ အဆင်ပြေပါတယ်…”
ကျန်းရှောင်ယွီ - “ ယွမ်တစ်သန်း လက်ဆောင်ပေးပြီး ပထမနေရာ ရအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးပါ.. ကျေးဇူးတင်ချင်လို့ အပြင်မှာ ထမင်းလိုက်ကျွေးချင်လို့ ရလားရှင့်…”
ယင်းက ကျန်းရှောင်ယွီ တစ်စုံတစ်ယောက်နှင့် ပထမဆုံးအကြိမ် အပြင်ဘက်၌ တွေ့ဆုံခြင်းပင်။ သူမ အတိတ်တွင်တုန်းက ယခုလို အလုပ်မျိုး ဘယ်တုန်းကမှ မလုပ်ချင်ခဲ့ပေ။ သို့သော် ယမန်နေ့ တိုက်ရိုက်ထုတ်လွင့်ခြင်း ပြီးဆုံးတော့ Douyu စီမံသူများမှ သူမထံ သီးသန့်မက်ဆေ့ချ်ပို့ကာ အဆိုပါ တိုင်ကွန်းအား အပြီချုပ်ထားရန် အကြောင်းကြားလာခဲ့၏။
အကယ်၍ သူမသာ ယခုလို ငွေကြေးအင်အား တောင့်တင်းပြီး ရက်ရောသည့် တိုင်ကွန်းအား အပြီချုပ်ထားနိုင်ပါက အနာဂတ်တွင်လည်း ထိပ်တန်း စထွင်မာ ပုလ္လင်ကို မြဲမြံစွာ သိမ်းပိုက်ထားနိုင်လိမ့်မည်။
ထို့ကြောင့် ရွေးချယ်ရန် လမ်းမရှိပဲ ကျန်းရှောင်ယွီ အရဲစွန့်၍ ထမင်းစား ဖိတ်လိုက်ရလေသည်။
လက်တွေ့တွင်တော့ အမျိုးသမီး စထွင်မာများက ပရိသတ်များနှင့် အပြင်တွင် ထမင်းစာသည်က သာမန်ဆန်သည့် အရာပင်။ ယင်းက မချမှတ်ထားသည့် စည်းမျဉ်းတစ်ခုလည်းဖြစ်၏။
ကျန်းရှောင်ယွီလည်း ထိုစည်းမျဉ်းကို မဆန့်ကျင်သော်ငြား စားသောက်နေစဉ် သူမ၏ လက်နှင့် ပေါင်များကို ပွတ်သပ်နေမည့် အဆီဗိုက်ရွှဲရွှဲ သက်လတ်ပိုင်း လူကြီးနှင့် တွေ့ဆုံရမည်ကိုတော့ အင်မတန် စိုးရွံ့နေမိသည်။
သို့သော်လည်း ပလတ်ဖောင်းမှ အမိန့်ပေးလာသောကြောင့် ရွေးချယ်စရာမရှိပဲ သဘောတူရန်သာ တတ်နိုင်လေသည်။
လင်းရီ “ ငါစားပြီးသွားပြီ… တစ်ခြားနေရာ တစ်ခု သွားကြတာပေါ့…”
ကျန်းရှောင်ယွီ ရင်ထိတ်သွားခဲ့ပြီး သူမစိတ်ထဲ၌ အတွေးပေါင်းစုံတို့ဖြင့် ရောယှက်လာခဲ့၏။
‘ နင် နှာဘူးအိုကြီး .. ငါနဲ့ ဟိုတယ်မှာ အခန်းယူချင်တယ်လို့တော့ လာမပြောနဲ့.. တစ်မီလီယမ် လက်ဆောင်ပေးပြီး ပထမနေရာ ရအောင် လုပ်ပေးတာနဲ့ပဲ ငါနဲ့ အိပ်လို့ ရပြီ အောက်မေ့နေလား… ချီးပဲ… ငါ့ကို အနိုင်ကျင့်ရဲလို့ကတော့ နေရာမှာတင် အသက်ချင်း လဲပစ်လိုက်မယ်…”
သို့သော်
ကျန်းရှောင်ယွီ “ အစ်ကိုကြီးက ဘယ်သွားချင်သွားတာလဲမသိဘူး..”
လင်းရီ “ တစ်နာရီအတွင်း မြို့ထဲက စတားဘက်ခ်ဆိုင်မှာ ဆုံမယ်…”
စတားဘက်ခ်…
ထိုအခါမှ ကျန်းရှောင်ယွီ သက်ပြင်းမောကြီး ချလိုက်သည်။ အကယ်၍ စတားဘက်ခ်တွင် တွေ့မည်ဆိုလျှင်တော့ စိုးရိမ်ဖို့ရာ လိုအပ်လိမ့်မည် မဟုတ်တော့ချေ။
ကျန်းရှောင်ယွီ “ အိုကေလေ…တွေ့ကြတာပေါ့..”
ကျန်းရှောင်ယွီနှင့် စကားပြောပြီးနောက် လင်းရီလည်း အဝတ်အစားလဲပြုကာ Bentley ထဲသို့ ဝင်လိုက်၏။
သူ La Voiture Noire မမောင်းရသည့် အကြောင်းပြချက်ကတော့ သူ၏ လေဒီဘော့စ်လေး မထိုင်ရသေးသောကြောင့် မည်သည့် အမျိုးသမီးကိုမှ ထိုင်ခွင့် မပြုနိုင်သေးချေ။
စတားဘက်ခ်။
ကျန်းရှောင်ယွီမှာ သင့်တင့်လျောက်ပတ်သည့် အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်စားဆင်ယင်ထားပြီး ဆံပင်ကိုလည်း မြင်းမြီးပုံစံ စည်းနှောင်ထားကာ ဒူးလွှမ်းသည့် V ပုံစံ လည်ဟိုက်ဝတ်စုံကိုလည်း ဝတ်ဆင်ထားသည်။ သူမလက်ထဲတွင်တော့ ကော်ဖီတစ်ခွက်ကို ကိုင်ထားပြီး ငြိမ်းချမ်းသည့် အခိုက်အတန့်ကို ရရှိနေသည့်နှယ်ပင်။
သူမ ဘေးတွင်တော့ အနက်ရောင် ဂျင်းပန်နှင့် မိန်းကလေးတစ်ဦး ထိုင်နေသည်။
သူမက ကောင်းမွန်စွာ မိတ်ကပ် လိမ်းကျံထားပြီး ကျန်းရှောင်ယွီနှင့် မယှဉ်နိုင်သော်လည်း ဆိုးတော့ မဆိုးလှချေ။
သို့သော် သူမ၏ ကိုယ်ပိုင်နေရာများကတော့ ကျန်းရှောင်ယွီထက် သာလွန်နေသည်။
ထိုမိန်းကလေး၏ နာမည်ကတော့ လီစီရန်ပင်။ သူမက ကျန်းရှောင်ယွီ၏ တက္ကသိုလ် အတန်းဖော်ဖြစ်ပြီး နှစ်တွေအကြာကြီး အခင်မင်မပျက်ခဲ့ပေ။
ယခုလို သူစိမ်းတစ်ယောက်နှင့် အပြင်၌ ဆုံရမည် ဖြစ်သောကြောင့် ကျန်းရှောင်ယွီ အားကိုးရအောင် လီစီရန်အား လူမိုက်ငှားလာခြင်းပင်။
အကယ်၍ တစ်စုံတစ်ခု ဖြစ်ပျက်လာမည် ဆိုပါက အချင်းချင်း ဖေးမကြပေမည်။
“ နင်ကလည်း ငုံးကျနေတာပဲ… ဘာလို့ အဲ့လောက်ထိ စိတ်လှုပ်ရှားနေတာ..” လီစီရန် အထင်သေးစွာ ပြောလိုက်၏။
ကျန်းရှောင်ယွီ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး “ ဒါက ငါ အပြင်မှာ ဖန်တစ်ယောက်နဲ့ သီးသန့်တွေ့ဖူးတာလေ… စိတ်မလှုပ်ရှားတော့ ပျော်ပြီး ကနေရမှာလားဟဲ့…”
“ မမ … နင် ဒီနေ့ တွေ့မယ့် တိုင်ကွန်းက နင့်ကို တစ်ချီတည်းနှင့် တစ်မီလီယမ် လက်ဆောင်ပေးသွားတဲ့သူနော်… တကယ်လို့ တခြား စထွင်မာတွေသာဆို အပျော်လွန်နေဦးမှာ… နင်က ဘာကို စိတ်လှုပ်ရှားနေတာ… ဒါက နင့် အသက်မွေးဝမ်းကြောင်း အတွက် အရေးပါတဲ့ အခွင့်အရေးပဲ… နင်သေချာပေါက် မိမိရရ ဆုပ်ကိုင်ထားမှ ဖြစ်မှာ…”
“ ဒါပေမယ့် ငါက တခြား စထွင်မာတွေလို ခန္ဓာကိုယ် ရောင်းစားဖို့ ဆန္ဒရှိတဲ့ သူမျိုးမှ မဟုတ်တာ… သူတို့နဲ့ ငါ့ကို လာမနှိုင်းနဲ့…”
“ ဘာပြောတယ်… အဲ့တာဆို နင်က လယ်သမားကို လက်ထပ်မှာလား…” လီစီရန် စောဒက တက်လိုက်ပြီး “ မတုံးအစမ်းနဲ့… နင် ဒီနေ့ သူ့ကို ကောင်းကောင်းလေး ဝန်ဆောင်မှုပေးလိုက်ရင် အနာဂတ်ကျ ပိုက်ဆံတွေ ကြိုက်သလောက် သုံးစမ်း… ကြိုမြင် ကြိုတွေးစမ်းဟဲ့…”
“ ငါကြောက်တာကလည်း သူ ငါ့အပေါ် မရိုးသားတဲ့ စိတ်တွေ ရှိနေမှာ စိုးတာ….” ကျန်းရှောင်ယွီ ပျော့ပျောင်းစွာ ပြောလိုက်၏။
၎င်းကို ကြားတော့ လီစီရန် ဆွံ့အသွားခဲ့တော့သည်။
“ နင်က အရမ်းအတွေးလွန်နေပြီ… နင့်ကိုယ်နင် ပိုတွက်ထားတာပဲ…”
“ ငါက ဘာတွေ အတွေးလွန်နေလို့…”
“ မမ … အဲ့တာက တစ်မီလီယမ် ယွမ်နော်….ကျိုးဟိုင် တစ်မြို့လုံးမှာ အဲ့ပမာဏနဲ့ သူ အတူ မအိပ်နိုင်တဲ့ မိန်းကလေး ရှိပါ့မလား…”လီစီရန် ပြောလိုက်ပြီး “ တကယ်လို့ သူသာ တစ်မီလီယွမ် လက်ငင်းပေးလိုက်ရင် တစ်ယောက်တည်းကို မပြောနဲ့ဦး… ဆယ်ယောက်ဆိုရင်တောင် မိန်းကလေးတွေက သူတို့ရဲ့ တင်ပါးကို ကော့ပြီး ကုတင်ပေါ် တက်လာကြမှာ… ခု နင့်မှာ အဲ့ဒီ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ဖို့ အခွင့်အရေး ရှိနေပြီ… အဲ့တာကို နင်က ချီတုံချတုံဖြစ်နေတုန်းပေါ့လေ... ဘာလုပ်မှာ ... အောက်မှာ ဘလင်း ဘလင်း မရှိသေးလို့လား...."
(TL /N : ဟို စိန်ပွင့်လိုဟာလေ (人 •͈ᴗ•͈) )