← Chapters

ရေပန်းစားမှု အမှတ် နှစ်သိန်းကျော်ရမည့် မစ်ရှင်

Vol. 45 Ch. 663

ရေပန်းစားမှု အမှတ် နှစ်သိန်းကျော်ရမည့် မစ်ရှင်

Vol. 45 Ch. 663

“ သပ… နင်က လူတွေကို မဟုတ်တာ သင်ပြပေးသင့်တဲ့ ဆရာမ ဖြစ်လာသင့်တာ… ဘာတွေ ပြောလို့ ပြောမှန်းလဲ မသိဘူး..”

“ ဆရာမ ဖြစ်တော့ကော ဘာမှားနေလို့လဲ…” လီစီရန် ပြောလိုက်ပြီး “ သူတို့တွေကကော စိတ်လှုပ်ရှား ရင်ဖိုစရာတွေ မလိုအပ်တော့ဘူးလား…”

“ ဒါဆို ငါ့ကိုပြောပြ… တကယ်လို့ သူတကယ်ကြီး ငါ့ကို ထိဖို့ ကြိုးစားလာမယ်ဆို ဘယ်လိုလုပ်မှာ….”

“ နင်က ဘာလုပ်ချင်သေးလို့… တကယ်လို့ နင်လက်ခံနိုင်တယ်ဆိုရင် ပေးထိလိုက်လေ… တကယ်လို့ လက်မခံနိုင်ဘူးဆိုရင်လည်း ထထွက်သွားရုံပေါ့…”

“ သေချာပေါက် လက်မခံနိုင်ဘူး…”

“ အဲ့တာဆို ပိုတောင် ရိုးရှင်းသေး…” လီစီရန် ပြောလိုက်ပြီး “ တကယ်လို့ တစ်ဖက်သူက ခေါင်းမာနေတယ်ဆိုရင် ငါသူ့ကို ပါးချပြီးတော့ သင်ပြပေးလိုက်မယ်….”

“ ကောင်းပြီလေ… ငါ နင်ပြောတဲ့အတိုင်း……………..”

ကျန်းရှောင်ယွီ စကား တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူမ လင်းရီကို အပေါက်ဝ၌ မြင်တွေ့လိုက်ရသောကြောင့်ပင်။

ကျန်းရှောင်ယွီ၏ အကြည့်နောက် လိုက်ပါရင်း လီစီရန်လည်း လင်းရီကို မြင်တွေ့လိုက်ရ၏။

“ သပပဲ ကောင်မရေ… နတ်သားလေးများလား... ပြီးတော့ အရမ်းလည်း ချောတယ်…”

“ ငါ သူ့ကိုသိတယ်…. သူက အရမ်း ချမ်းသာတဲ့ ဒုတိယမျိုးဆက် ဆက်ခံသူ တစ်ယောက်လေ…”

လင်းရီကို နောက်တစ်ကြိမ် ပြန်မြင်လိုက်ရတော့ ကျန်းရှောင်ယွီ ရင်တဒိန်းဒိန်း ခုန်လာခဲ့သည်။

သူမ စိတ်ထဲတွင် သူဌေးက ယခင်ကထက်ပင် ပို၍ ခန့်ညားလာသည်ဟု ခံစားနေရ၏။

“ ရှောင်းယွီ… နင့်ကို တစ်မီလီယွမ် လက်ဆောင်ပေးသွားတဲ့ တိုင်ကွန်းက အဲ့ဒီ အချောလေးကော မဖြစ်နိုင်ဘူးလား…”

“ လာနောက်မနေစမ်းနဲ့… သူက ဒီလောက်ချောပြီး ချမ်းသာနေတာကို ငါ့ Live stream ကြည့်မယ်ထင်လား..” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ပြီးတော့ နင်ပြောသလို … ငါ့မှာ ဘလင်း ဘလင်းလည်း မရှိဘူးလေ… သူ့လို လူမျိုးကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူးဟာ…”

“ တကယ်လို့ နင်ဆွဲဆောင်နိုင်ခဲ့မယ်ဆိုရင်ကော… စိတ်ကူးယဉ်ကြည့်ပေါ့… “

“ နေ့ခင်းကြောင်တောင် စိတ်ကူးယဉ်ပြီး ဘာလဲလုပ်မှာ… စိတ်ကူးယဉ်တယ်ဆိုတာ ညဘက် အိပ်မပျော်မှ စိတ်ကူးယဉ်ရတယ်….”

“ စိတ်ကူးယဉ်တာကိုပဲ… နေ့နဲ့ည ခွဲနေဖို့ လိုသေးလို့လားဟယ်…”

“ ငါတော့ နင့်ကို နောက်ကျရင် ဟန်နီတီချယ်(ညစ်ညမ်းဆရာမ) လို့ပဲ ခေါ်ရတော့မယ် ထင်တယ်…” ကျန်းရှောင်ယွီ စောဒက တက်လိုက်ပြီး “ သူ တခြား မိန်းကလေး တစ်ယောက်ကို လာတွေ့တာလည်း ဖြစ်နိုင်တာပဲလေ….ငါ့ကို လာတွေ့တာတော့ မဖြစ်နိုင်ဘူး…”

“ တကယ်လို့ သူဖြစ်နေမယ်ဆိုရင်ကော ..”

“ ဟီးဟီး… တကယ်လို့ ဆန်းကြယ်တဲ့ တိုင်ကွန်းသာ တကယ်ကြီး သူဆိုရင် ငါ့အောက်မှာ ကြိုက်တဲ့ ဘလင်း ဘလင်း တပ်လိုက်မယ်… ဘာပဲဖြစ်ဖြစ် သူ့ရဲ့ နှလုံးသားကို အနိုင်ရဖို့ အရေးကြီးတယ်လေ….”

တစ်ချိန်တည်းတွင် လင်းရီလည်း ကျန်းရှောင်ယွီ ပြတင်းပေါက်နား၌ ထိုင်နေသည်ကို မြင်တွေ့သွားပြီး လှမ်းလာခဲ့၏။

“ ဆောတီး.. နည်းနည်းတောင် နောက်ကျသွားတယ်… လမ်းတွေကလည်း ပိတ်ချက်ပဲ…”

ကျန်းရှောင်ယွီနှင့် လီစီရန်တို့ ကြက်သေသေသွားတော့၏။

“ နင်… နင်ငါ့ကို ရှာနေတာလား…”

“ အမ်… ခုနတုန်းက ဒီမှာတွေ့ဖို့ ချိန်းထားတာပဲ မဟုတ်ဘူးလား…”

“ ဒါ…ဒါဆို… နင်က ငါ့ကို ယွမ်တစ်သန်းဖိုး လက်ဆောင်ပေးသွားတဲ့ တိုင်ကွန်းပေါ့နော်…”

“ ဒီတိုင်း အစ်ကိုလို့ ခေါ်လည်း ရပါတယ်… အဲ့ဒီအသုံးအနှုန်းက ဒိတ်မအောက်သေးပါဘူး…”

“ သပ…” လီစီရန် တည်ငြိမ်စွာ မနေနိုင်တော့ပဲ “ ရှောင်းယွီ….တကယ်လို့ ဆန်းကြယ်တဲ့ တိုင်ကွန်းက အဲ့ဒီ ချမ်းသာတဲ့ အစ်ကိုကြီးဆိုရင် နင်အောက်မှာ ဘလင်း ဘလင်း သွားတပ်မယ်လို့ ပြောထားတယ်နော်… စိန်အတု တပ်မလား စိန်အစစ် တပ်မလား…”

လင်းရီ ခေတ္တမျှ ကြက်သေသေသွားခဲ့ပြီး “ အဲ့တာက အရေးကြီးတဲ့ ကိစ္စပဲ… မင်းတို့ လုပ်မယ်ဆို ဆေးရုံကောင်းကောင်းမှာ လုပ်သင့်တယ်နော… “

ကျန်းရှောင်ယွီ “…..”

“ စီရန် … နင် ခနနေကျ အတန်းသင်ဖို့ ရှိသေးတယ်မလား… ပြန်တော့လေ….”

“ ရပါတယ်….”

“ ဘာကို ရပါတယ်လဲ… နင် အတန်းမဝင်ရင် ပိုက်ဆံ ဖြတ်ခံနေရမှာပေါ့ဟဲ့… ဒီဘက်ခေတ်မှာ ပိုက်ဆံရှာရတယ်ဆိုတာ လွယ်တယ်များ အောက်မေ့နေလား….. ငါနဲ့ အချိန် လာဖြုန်း မနေနဲ့… နင့်အတွက် အကျိုးလည်း မရှိဘူး…”

“ ရတယ်… တို့တွေက ညီအမလိုနေလာတာကို ဘယ်နှနှစ် ရှိပြီတုန်း… ဘာကိစ္စပဲ ရှိရှိ နင့်ကို သေချာပေါက် အဖော်လုပ်ပေးရမယ်လေ…” လီစီရန် လင်းရီကို တစ်ချက်ကြည့်ပြီး မျက်နှာရဲလျက် ပြောလိုက်သည်။

“ အား…”

လီစီရန် ရုတ်ချည်း ထအော်လိုက်ပြီး “ ဘာလို့ ငါ့ကို လာဆိတ်နေတာလဲ…”

“ နွေဦးက နောက်ဆုံးတော့ ငါ့ဆီ ရောက်လာပြီ… အဲ့တာကို နင်က တတိယဘီး လုပ်တော့မလို့လားဟဲ့…” ကျန်းရှောင်ယွီ တီးတိုး ပြောလိုက်သည်။

“ နင်က အင်နိုးစန့် စထွင်မာလေး မဟုတ်ဘူးလား… သူ နင့်ပေါင်တွေ လာပွတ်သပ်မှာကို မကြောက်ဘူးလား…”

“ တော်ပါတော့ မမရယ်… ကျေးဇူးပြုပြီး … တကယ်လို့ ငါ့ကို လက်ဆောင်ပေးတဲ့ တိုင်ကွန်းကသာ သူမှန်းသိရင် ငါ အသစ်ဝယ်ထားတဲ့ စကတ်လှလှလေး ဝတ်လာခဲ့ပါတယ်…”

“ သေစမ်း… ကောင်မ.. ငါက ဆောင်းထင်နေတာ… လက်စသတ်တော့ နင်က အပူတက်နေတာကိုး…”

“ ဆောင်း ဟုတ်မဟုတ် ဂရုစိုက်မနေနဲ့… အတန်းကိုသာ ပြန်လိုက်တော့…”

လီစီရန် လင်းရီကို မသိမသာ တစ်ချက် ခိုးကြည့်လိုက်ပြီး “ သူ့ ခန္ဓာကိုယ် ဘယ်လောက်တောင် ကြံ့ခိုင်နေလဲ ကြည့်လိုက်စမ်း… ဒီလို ခွန်အားမျိုးနဲ့သာဆို နင် တစ်ယောက်တည်းနဲ့ သူ့ကို ဖြိုနိုင်မှာ မဟုတ်ဘူး…ငါတို့ အတူကြိုးစားကြည့်ကြမလား…”

“ ကောင်မ…. အရှက်ကို မရှိဘူး… ဘာလို့ အဲ့လိုစကားမျိုးတွေ ရဲရဲတင်းတင်းကြီး ပြောနေတာ….”

“ ဘယ်တတ်နိုင်မှာ…. ဥစ္စာပေါ ရုပ်ချောလေးကို ငါလည်း တောင့်မခံနိုင်ဘူးလေဟာ…”

“ မခံနိုင်လို့လည်း မရဘူး… ဒီကနေသာ မြန်မြန်လစ်တော့…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ နောက်နေ့ကျရင် နင့်ကို ထမင်းလိုက်ကျွေးမယ်…လျော်ကြေးပေးတယ်လို့ သဘောထားလိုက်…”

“ ဟမ့်….နင်က အချစ်ကို တွေ့တာနဲ့ သူငယ်ချင်းကို ပစ်တော့မယ်ပေါ့…”

လီစီရန် မတ်တပ်ရပ်လိုက်ပြီး လင်းရီကို လက်ဝှေ့ယမ်းပြကာ “တာ့တာ... အချောလေးရေ… ငါအရင်သွားနှင့်တော့မယ်နော်… ငါ့သူငယ်ချင်းက ပုံစံအနေအထားတွေ သိပ်မသိတော့ နင် တစ်ကွက်နှစ်ကွက်လိုက်တော့ သင်ပြပေးမှ ရမယ်….”

လင်းရီ “ ….. “

ကျန်းရှောင်ယွီ “ ….. “

လီစီရန် ထွက်ခွာသွားပြီးနောက် ကျန်းရှောင်ယွီ၏ အမူအရာမှာ နေရခက်သည့် အသွင် ဖြစ်လာသည်။

လင်းရီနှင့် တစ်ယောက်ချင်း ရင်ဆိုင်ရချိန်တွင်တော့ သူမ အနည်းငယ် စိတ်လှုပ်ရှားနေသေး၏။

“ သူဌေး… ရှင်ဘာသောက်မလဲ…. ကျွန်မ မှာပေးမယ်လေ…”

“ မသောက်တော့ဘူး…” လင်းရီ လက်ခါရမ်းလိုက်ပြီး “ ငါဒီနေ့ လာခဲ့တာက မင်းကို အဓိက မေးချင်တာလေးရှိလို့…”

“ ဘာများလဲ မသိဘူး…” ကျန်းရှောင်ယွီ လေးနက်စွာ မေးလိုက်သည်။

“ ငါလည်း တိုက်ရိုက်ထုတ်လွင့်မလို့… အဲ့တာ ငါ အာရုံစိုက်ဖို့ လိုတာ… ဒါမှမဟုတ် သိသင့်သိထိုက်တာလေးတွေ ရှိမလားပေါ့…”

“ ရှင်က တိုက်ရိုက် ထုတ်လွင့်မယ်…” ကျန်းရှောင်ယွီ အံ့အားသင့်သွားခဲ့ပြီး “ ရှင့်လို ချမ်းသာတဲ့ ဒုတိယမျိုးဆက် ဆက်ခံသူက တိုက်ရိုက်ထုတ်လွင့်သူ အဆင့်အတန်းနဲ့ မကိုက်ညီဘူးလေ…”

“ အရင်က စားသောက်ဆိုင်တောင် ဖွင့်သေးတာကို ဒါလုပ်တာ ဘာမှားနေလို့…”

“ အာ…. အဲ့တာလည်း ဟုတ်သားပဲ… “ ကျန်းရှောင်ယွီ ခေတ္တ စဉ်းစားကြည့်လိုက်ပြီး “ တကယ်တမ်း စထွင်မာ လုပ်ချင်ရင် မခက်ပါဘူး… ဖုန်းတစ်လုံးရှိတာနဲ့ အဆင်ပြေပြီ… ခက်တာက သူများတွေ ရှင် Live လွင့်တာကို ကြည့်ချင်ပါ့မလား ဆိုတာပဲ…”

“ အမျိုးသားနဲ့ အမျိုးသမီးက မတူဘူးလေ… အမျိုးသမီးတွေကျ ခန္ဓာကိုယ် ရောင်းစားလို့ ရတယ်ဆိုပေမယ့် အမျိုးသားတွေကျတော့ မရဘူး… ဘာပဲဆိုဆို သုံးတဲ့ user အများစုကလည်း အမျိုးသားတွေကြီးပဲလေ.. တကယ်လို့ ပရိသတ်ကို ဆွဲဆောင်ချင်တယ်ဆိုရင်တော့ content ကောင်းကောင်း ရှိဖို့လိုတယ်…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ကျန်းရှောင်ယွီ၏ စကားလုံးကို မငြင်းပယ်ပေ။

“ စထွင်မာ အလုပ်အကိုင်ဆိုတာ အတော်လေးကို သေးငယ်တဲ့ နယ်ပယ်လေးတစ်ခုပဲ… နာမည်လေး နည်းနည်းရှိတဲ့သူဆိုရင်တောင် စီမံခန့်ခွဲမှု ကုမ္ပဏီတွေရဲ့ ပံ့ပိုးပေးမှုတွေ ရှိတယ်..တကယ်လို့ စထွင်မာတွေနောက်မှာ အဖွဲ့အစည်း တစ်ခုခု ရှိတယ်ဆိုရင် တိုးတက်တဲ့ အလားအလာက ပိုပြီးတော့ မြန်ဆန်တယ်….”

“ အဲ့လိုသာဆို ပြိုင်ဆိုင်မှုတွေလည်း သေချာပေါက် ပြင်းထန်မှာပဲ….”

ကျန်းရှောင်ယွီ ခေါင်းညိမ့်လိုက်၏။

“ ဒါပေါ့...ကျွန်မလည်း Douyu ပေါ်မှာ နာမည် နည်းနည်းကြီးတယ်လေ.. အဖွဲ့အစည်းတော်တော်များက ကျွန်မကို ကမ်းလှမ်းလာခဲ့ဖူးတယ်… ဒါပေမယ့် သူတို့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က ခု လုပ်နေတဲ့ content ကို ပြောင်းပေးဖို့ပဲ… သူတို့က ရီဗျူးလုပ်တဲ့ စထွင်မာ မလုပ်စေချင်ဘူး.. ရုပ်ရည်ကို ရောင်းချတဲ့ စထွင်မာ ဖြစ်စေချင်တာ… ကျွန်မလည်း သဘောမတူတော့ လက်ရှိ ရေပန်းစားမှုက ကျွန်မ အကောင်းဆုံး လုပ်နိုင်တဲ့ ကန့်သတ်ချက်လို့တောင် ပြောလို့ရတယ်… တစ်ခါတစ်လေဆို တစ်ခြားအဖွဲ့အစည်းတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတောင် ခံရသေးတယ်… ကုန်ကုန်ပြောရရင် တစ်ယောက်တည်း ရပ်တည်ရတာက အရမ်းခက်ခဲတာ… “

လင်းရီ မေးကုတ်လိုက်၏။ စနစ်၏ အကျင့်စရိုက်နှင့် ဆိုပါက သူ့ကိုယ်သူ ပါမွှား စထွင်မာလေး အဖြစ်ခံ၍ မရချေ။

ထို့ကြောင့် ပြဿနာ အနည်းငယ်တော့ ရှိလာချေပြီ။

“ အဲ့တာပါပဲ.. ကျန်တာကတော့ အသေးအဖွဲလေးတွေ… ရှင့်ဘက်က တစ်ခုခု တရားမဝင်တာတွေ မလုပ်သရွေ့တော့ ကိစ္စမရှိပါဘူး..”

[စနစ် မစ်ရှင် - ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွင့်ပါ… ရေပန်းစားမှု အမှတ်က နှစ်သိန်းအောက် မလျော့နည်းရပါဘူး… ]

[ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သောင်း ]

အနှီ ဆန်းကြယ်သည့် စနစ်နှင့် ရင်းနှီးပြီးဖြစ်သောကြောင့် ယခုလို လျှပ်တစ်ပြက် မစ်ရှင် ပေါ်ပေါက်လာခြင်းကို လင်းရီ အံ့အားသင့်မနေတော့ချေ။

“ အဲ့လိုဆို ရေပန်းစားမှု အမှတ် နှစ်သိန်း ရောက်ဖို့က ခက်လား..”

“ အာ….. အမှတ် နှစ်သိန်းလား… အဲ့တာက ရှင်ဘယ်ရှုထောင့်ကနေ ကြည့်လဲ ဆိုတဲ့အပေါ် မူတည်တယ်…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ တကယ်လို့ ပိုက်ဆံသုံးပြီး ညစ်ရင်တော့ လွယ်တာပေါ့..”

“ ငါအဲ့လိုမျိုးလည်း မလုပ်ချင်ဘူး… ဒီတိုင်း ရိုးရိုးသာမန် တိုက်ရိုက်ထုတ်လွင့်မှာ…”

စနစ်မှာ အချိန်ကြာသည်နှင့် အမျှ ရွှတ်နောက်နောက် ဖြစ်လာသော်လည်း သမာဓိ ရှိနေဆဲပင်။

ထို့ကြောင့် ညစ်ဖို့ရာ မည်သို့မျှ မဖြစ်နိုင်ချေ။ မဟုတ်ပါက လင်းရီ စနစ်မစ်ရှင်ကို မိနစ်ပိုင်းအတွင်း ပြီးမြောက်ပြီး ဖြစ်၏။

“ အဲ့တာဆိုရင်တော့ အတော်လေး ခက်မှာ…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ဘာလို့ဆို ဘယ်သူကမှ စထွင်မာ အသစ်လေးကို ကြည့်ချင်မှာ မဟုတ်ဘူးလေ… အမှတ် နှစ်သိန်း ရဖို့ဆိုရင်တော့ မေးမနေနဲ့တော့…”

“ တကယ်ကြီး ရဖို့ ဖြစ်နိုင်ချေတောင် မရှိဘူးလား….”

“ လုံးဝကြီး မဖြစ်နိုင်တာတော့ မဟုတ်ဘူး…”

“ ဘယ်လိုမျိုးလဲ…”

“ တကယ်လို့ ရှင့်ရဲ့ live stream က အရမ်း ဆွဲဆောင်မှု ရှိနေပြီးတော့ content ကလည်း အရမ်းကောင်းနေမယ်ဆိုရင် ပရိသတ်တွေကို ဆွဲဆောင်လို့ ရတယ်….”

All Chapters