← Chapters

ဘယ်လောက်လဲ… ခု တစ်ခါတည်း ဝယ်မယ်

Vol. 45 Ch. 664

ဘယ်လောက်လဲ… ခု တစ်ခါတည်း ဝယ်မယ်

Vol. 45 Ch. 664

“ အဲ့တာဆိုလည်း အဲ့လိုပဲ လုပ်ကြတာပေါ့…” လင်းရီ ပြောလိုက်သည်။

“ ဒါပေမယ့် မေးခွန်းထုတ်ရမှာက ရှင် တိုက်ရိုက်ထုတ်လွင့်မယ့် အကြောင်းအရာက စိတ်ဝင်စားဖို့ ကောင်းမှာလား ဆိုတာပဲ…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ရှင့်ဘက်က ပရိသတ်တွေကို ဆွဲဆောင်ဖို့ ဆိုတာ ပြဿနာ မရှိဘူး… ဒါပေမယ့် ရှင် တိုက်ရိုက်ထုတ်လွင့်မယ့် အကြောင်းအရာက စိတ်ဝင်စားဖို့ မကောင်းဘူးဆိုရင်တော့ ပရိသတ်တွေကို ထိန်းထားနိုင်မှာ မဟုတ်ဘူးနော်… ကျွန်မရဲ့ ပျှမ်းမျှ ရေပန်းစားမှု အမှတ်က ငါးသိန်းဝန်းကျင်မှာ…. ဒါပေမယ့် ရှင်က ခုမှ စမှာကို အမှတ်နှစ်သိန်းရဖို့ မှန်းနေတယ်ဆိုတော့ သေချာပေါက် ခက်ခဲမှာပဲ…”

“ ငါနားလည်တယ်…” လင်းရီ ပြောလိုက်ပြီး “အခု အမျိုးသား စထွင်မာတွေ ကြားထဲမှာ ဘယ်လို content တွေက ရေပန်းစားနေတာ….”

“ အမျိုးသား စထွင်မာ တွေကတော့ အများအားဖြင့် ဂိမ်းပဲ စထွင်းကြတာများတယ်…. “ ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ဒါပေမယ့် ဂိမ်းစထွင်းတယ်ဆိုရင်တောင် သရုပ်ဆောင် ပါရမီက လယ်ဗယ်တစ်ခုလောက်အထိတော့ လိုအပ်သေးတယ်လေ… အရင်တုန်းက စထွင်မာ ‘ ဝူဝူခိုင်း ‘ ကို မှတ်မိသေးတယ်မလား… သူကမှ ဂျီးနီးယပ်စ် စထွင်မာ စစ်စစ်…. တစ်ချို့လူတွေလောက်ပဲ သူ့အဆင့်ကို မှီကြတာ…”

“ အမှန်ပဲ… သူ့အချိန်တုန်းကတော့ မစ္စတာဝူက လေးစားအတုယူဖွယ်ကောင်းတဲ့သူပဲ…”

“ သူက ဂိမ်းကစားတာ ဘယ်လောက်ပဲ ပရိုကျနေပါစေ … ဖျော်ဖြေနိုင်တဲ့ ပါရမီ မရှိဘူးဆိုရင် စထွင်မာကောင်းတစ်ယောက် မဖြစ်လာနိုင်ဘူးဆိုတာ သက်သေပြသွားတာ…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ဒါကြောင့်မို့ ရှင်တကယ်ကြီး တိုက်ရိုက်ထုတ်လွင့်ချင်တယ်ဆိုရင် ကျွန်မနဲ့အတူ ပစ္စည်းတွေ ရီဗျူးလုပ်ပါလား…ထူးဆန်းတဲ့ ပစ္စည်းတစ်ချို့ ဝယ်ပြီးတော့ ကြည့်ရှုသူတွေရဲ့ အာသီသကို ဖြည့်ဆည်းပေးလို့ရတယ်လေ…ရွေးချယ်မှုကောင်းပဲ…”

“ အရင်ကလိုပေါ့… ကျွန်မ ရှင့်ဆီ ဥထမင်းကြော် မှာလိုက်တာက ဈေးအရမ်းကြီးနေလို့လေ…ကြည့်ရှုသူတွေကလည်း ဘာလို့ ဈေးအရမ်းကြီးနေလဲဆိုတာ သိချင်နေကြတာ… ဒါကြောင့်မို့ မှာလိုက်တာ ဟီးဟီး…”

“ အင်း ... အိုကေလေ... “

“ အဲ့တာဆို အဲ့လိုပဲ လုပ်ကြမယ်နော… တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ မွန်းလွဲကျရင် Honda 4S ဆိုင်မှာ Civic အသစ်ရောက်လာတယ်… သူတို့က ကျွန်မကို တိုက်ရိုက်ထုတ်လွင့်ပေးပြီး ကြေညာခိုင်းနေတာ… အချိန်ကျလာရင် ရှင့်ရဲ့တိုက်ရိုက်ထုတ်လွင့်ခန်းထဲသွားပြီး ရင်းနှီးအောင် လုပ်ကြမယ်လေ… ဘယ်လို သဘောရလဲ…”

“ ကောင်းသားပဲ….”

“ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့…”

Dou yu ပလတ်ဖောင်းမှာ အခြား ဗွီဒီယို အတို ပလက်ဖောင်းများနှင့် ခြားနားလေသည်။

ဗွီဒီယိုအတို ပလတ်ဖောင်းများ၌ ကနေဦးကာလတွင် တစ်မိနစ်စာ ဗွီဒီယိုလေးများနှင့် ဖန်များ၊ ဖော်လိုဝါများအား စုဆောင်း၍ ရ၏။ သို့သော်လည်း Dou yu ပလတ်ဖောင်းတွင်တော့ ထိုသို့ ပြုလုပ်၍ မရချေ။

ယနေ့ခေတ် စထွင်မာ ဈေးကွက်မှာ အတည်တကျ ဖြစ်နေပြီး အကယ်၍ လင်းရီ၏ ကနေဦးကာလ၌ တစ်စုံတစ်ယောက်မှ အကူအညီမပေးပါက ဖော်လိုဝါများ ရရှိရန် အင်မတန် ကြာညောင်းလိမ့်မည်။

သို့သော်လည်း သူက တိုက်ရိုက်ထုတ်လွင့်ရန် မဟုတ်ပဲ စနစ်မစ်ရှင်ကသာ ဦးစားပေးပင်။

ကျန်းရှောင်ယွီ၏ လက်ရှိ ရေပန်းစားမှုနှင့် ဆိုပါက သူမသာ သူ၏ တိုက်ရိုက်ထုတ်လွင့်ခန်းထဲသို့ ပူးပေါင်းလာပါက ရေပန်းစားမှု အမှတ်နှစ်သိန်းကျော်ရန် ပြဿနာ မရှိချေ။

သို့သော်လည်း စနစ်မှာ ထိုမျှ သဘောကောင်း မနေချေ။ တစ်ဖက်သူကြောင့် ရရှိလာသည့် အမှတ်များကို ထည့်တွက်မည် မဟုတ်မှာ သေချာသလောက် ရှိ၏။

ထို့ကြောင့် သူ၏ ကျော်ကြားမှုများကို သူကိုယ်တိုင် တည်ဆောက်ရပေမည်။

“ အဲ့လိုဆို ကျွန်မ ရှင့်ကို အခန်းတစ်ခု အရင်ဖွဲ့ပေးမယ်… အဲ့လိုသာဆို ရှင်လည်းတရားဝင် စထွင်မာ လုပ်လို့ ရပြီ…”

“ အိုကေ..”

လင်းရီ သူ့ဖုန်းကို ကမ်းပေးလိုက်ရင်း ခံစားချက်များ ကောင်းမွန်နေတော့၏။

ကျန်းရှောင်ယွီ၏ အကူအညီဖြင့် သူ အချိန်များစွာကို ချွေတာလိုက်နိုင်သည်။

“ သူဌေး… ရှင့်ရဲ့ စထွင်း အိုင်ဒီကလည်း ပြိုင်ဘက်ကင်း ကြက်ကြီးပဲလား….”

“ အာ...မဟုတ်ဘူး...ကူပြောင်းပေးဦး… ငါ့ကို မျက်နှာဖုံး အစ်ကိုကြီးလို့ပဲ ခေါ်…”

“ ဟင်… မျက်နှာဖုံး အစ်ကိုကြီး…”

“ အင်း…. ငါ့ မျက်နှာကို မပြဘူး..”

“ မဖြစ်နိုင်တာ…” ကျန်းရှောင်ယွီ ရှော့ခ်ရသွားခဲ့ပြီး “တကယ်လို့ မျက်နှာ မဖော်ပြဘူးဆိုရင် ပရိသတ်တွေအများကြီးကို ဆုံးရှုံးသွားနိုင်တယ်နော်….”

“ အဲ့လောက်ကြီးတော့ မဆိုးရွားလောက်ပါဘူးဟ…”

" Dou yu ပေါ်က ကြည့်ရှုသူတွေက အသက်ကြီးကြီး ယောက်ျားအဖြောင့်ကြီးတွေဆိုရင်တောင် အမျိုးသမီး ကြည့်ရှုသူတွေလည်း ရှိသေးတယ်လေ… ရှင်သာ မျက်နှာပြထားသရွေ့ အမျိုးသမီးဖန်တွေအများကြီးကို ဆွဲဆောင်နိုင်မယ်ဆိုတာ အာမခံတယ်… ပြီးတော့ သူတို့က ပြိုင်ဆိုင်ရတာလည်း အရမ်းကြိုက်ကြတာ… သေချာပေါက် ရှင့်ကို ပိုက်ဆံတွေ သုံးပြီး လက်ဆောင်ပေးကြမှာပဲ….”

“ ငါက အဲ့လောက် ပိုက်ဆံလေးကို မက်မောတယ်လို့ ထင်လား….” လင်းရီ ပြုံးလိုက်၏။

“ ဒါပေမယ့်…. အိုကေ…. အဲ့တာလည်း ဟုတ်သားပဲ…”

“ ကောင်းပြီ… လုပ်လိုက်ကြစို့…” လင်းရီ ပြောလိုက်ပြီး “ တိုက်တိုက်ဆိုင်ဆိုင် စတားဘက်ခ်က ဝမ်သပလာဇာထဲမှာဆိုတော့ ငါ တိုက်ရိုက်ထုတ်လွင့်ရင် လိုအပ်မယ့် ပစ္စည်းလေးတွေ တစ်ခါတည်း ဝယ်လို့ ရသွားပြီ….”

“ ကျွန်မလည်း လိုက်ခဲ့မယ်လေ…. ဘာပဲဆိုဆို အားနေတာကိုပဲ…”

“ အင်း… သွားစို့… ”

စတားဘက်ခ်မှ ထွက်လာခဲ့ပြီးနောက် နှစ်ယောက်သား ဝမ်သ ပလာဇာထဲသို့ လျှောက်ပတ်ကြည့်လိုက်ကြ၏။ လင်းရီမှာ mask တပ်ထားသည်။ သို့သော် ကျီချင်းရန် ပေးသည့် တစ်ခုတော့ မဟုတ်ပဲ အပြာဖျော့ဖျော့လေးပင်။

ဝမ်သပလာဇာထဲတွင်တော့ လင်းရီ ဇိမ်ခံဖက်ရှင်ဆိုင် တစ်ဆိုင်ဖြစ်သည့် ပရာဒါသို့ သွားလိုက်၏။

လင်းရီဝင်လာသည်ကို မြင်တော့ အရောင်းသမလေးမှာ သူ့ကို ကြည့်လိုက်သည်။ သို့သော် ပေါ့ပေါ့တန်တန်သာ သဘောထားလိုက်၏။

၎င်းတို့၏ အဝတ်အစားကို ကြည့်မည်ဆိုပါက တော်တော်လေးကို သာမန်ဆန်ကာ ဤဆိုင်ရှိ ပစ္စည်းများအား ဝယ်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့ကို ဝန်ဆောင်မှုပေးရန် စိတ်မဝင်စားချေ။

“ ရှောင်ချိန်… ဧည့်သည်တွေရောက်နေတယ်… သွားပြီး နှုတ်ဆက်လိုက်ဦး…” စာရင်း လုပ်နေသည့် အမျိုးသမီးစတိုးဆိုင် မန်နေဂျာမှ တည်ငြိမ်စွာ ပြောလိုက်၏။

ရှောင်ချိန်ဟု ခေါ်သည့် မိန်းကလေးမှာ ချိန်ယောင်ဖြစ်ပြီး အနက်ရောင် ယူနီဖောင်းဝတ်စုံနှင့် အသားရောင် စတော်ကင်ကို ဝတ်ဆင်ထားကာ အနက်ရောင် ဒေါက်မြင့်ဖိနပ်တို့အား စီးနင်းထား၏။ ရောင်စုံ ပိတ်ကျဲမာဖလာကို လည်ပင်းတွင်ပတ်ထားပြီး မှင်တက်ဖို့ကောင်းအောင် မလှပနေသော်လည်း ဂုဏ်သရေရှိလှသည်။

“ အစ်မလျို… ညီမက လေ့ကျင့်ရေးပြီးတာ သိပ်မကြာသေးဘူးနော်… ပစ္စည်းတိုင်းရဲ့ အညွှန်းတွေကိုလည်း မှတ်မတာမဟုတ်ဘူး… ဖြစ်ပါ့မလားမမရယ်…” ချိန်ယောင်မှ မေးလိုက်သည်။

“ သူတို့ကြည့်ရသလောက်တော့ ဒီတိုင်း လာကြည့်ရုံပဲ… ဘာမှ ဝယ်မယ့်ပုံ မပေါ်ဘူး… လေ့ကျင့်တယ်လို့ပဲ သဘောထားလိုက်… အဲ့တာမှ တကယ်ဝယ်တဲ့ ကတ်စတန်မာတွေနဲ့ တွေ့ရင် ကျင့်သားရသွားမှာ…”

“ ဟုတ် အစ်မလျို…ညီမကြိုးစား ကြည့်ကြည့်မယ်…”

ချိန်ယောင် အသက်ပြင်းပြင်း ရှူပြီး လင်းရီနှင့် ကျန်းရှောင်ယွီထံ လှမ်းလာလေသည်။

“ မင်္ဂလာပါရှင့် .. ဘာများ ကူညီပေးရမလဲရှင်….”

“ နေကာမျက်မှန်လေး တစ်ချက်လောက် ကြည့်ချင်လို့…”

လင်းရီ၏ အမြင်အရတော့ ပရာဒါ၏ နေကာမျက်မှန်များမှာ နာမည်ကြီးပြီး စတိုင်မှာလည်း အတော်လေးကို ပရီမီယမ်ဆန်သည်ဟု ခံစားရစေသည်။ ထို့ကြောင့် သူ တစ်လက်လောက်ဝယ်ရန် ဤနေရာသို့ ရောက်လာခဲ့ခြင်းပင်။

ကျန်းရှောင်ယွီမှာတော့ အနည်းငယ် စိတ်လှုပ်ရှားနေသည်။

သူမ၏ ဝင်ငွေမှာ အရမ်းကောင်းသော်လည်း ကျိုးဟိုင်ကဲ့သို့ မြို့ကြီးတွင်တော့ အတော်တန်ချမ်းသာသည်ဟုသာ သတ်မှတ်၍ရသည်။ ထို့ကြောင့် ပရာဒါကဲ့သို့ ဇိမ်ခံစတိုးဆိုင်များအား အလည်အပတ်ရောက်သည်ကား ရှားပါး၏။

ထို့ကြောင့် သူမ၏ ခန္ဓာကိုယ်မှာ လင်းရီကဲ့သို့ သက်တောင့်သက်သာ သဘာဝကျမနေပဲ အနည်းငယ် တောင့်တင်းကာ နေရခက်နေသည်။

လင်းရီက နေကာမျက်မှန်ဝယ်ရန် ရောက်လာသည်ကို မြင်တော့ ချိန်ယောင် နှစ်ယောက်လုံးကို ကြိုဆိုလိုက်၏။

“ ဆာ… ဒီမှာ ပြသထားတာတွေ အကုန်လုံးက ဒီနှစ်အသစ်ထွက်ထားတဲ့ ဒီဇိုင်းတွေကြီးပါပဲ…စိတ်တိုင်းကျ ကြည့်ရှုပါရှင့်…”

လင်းရီ ဗီရီုထဲ၌ ခင်းကျင်းပြထားသည်များကို တစ်ချက်ကြည့်လိုက်တော့ မှန်ခပ်ကြီးကြီးနှင့် လေးထောင့်ပုံသဏ္ဍာန် နေကာမျက်မှန်အား မြင်တွေ့သွားခဲ့သည်။

“ အဲ့တစ်လက် ပြကြည့်လို့ရလား…”

လင်းရီ ညွှန်ပြသည့် နေကာမျက်မှန်ကို မြင်တော့ ချိန်ယောင် သူမကိုသူမ ယခုလို တွေးတောလိုက်သည်။

‘ ဒီလူက အမြင်တော့ စူးရှသားပဲ… ဒီမျက်မှန်တန်ဖိုးက ယွမ် ၉၈,၀၀၀ ပေးရပြီးတော့ ဈေးအကြီးဆုံး မျက်မှန်ပဲ… သူတစ်ကယ်ကြီး တစ်ချက်ကြည့်ပြီး ရွေးလိုက်တယ်ပေါ့…’

ချိန်ယောင် နေကာမျက်မှန်ကို လက်အိတ်ဝတ်ထားသည့် သူမလက်နှင့် ဂရုတစိုက် ယူလိုက်၏။ မတော်တဆ ကျိုးပဲ့သွားမည်ကို သူမအတော်လေး စိုးရိမ်နေရှာသည်။

“ ဆာ… ကြည့်ကြည့်ပါဦးရှင့်… ကျွန်မအထင်တော့ ဒီရဲ့ နေကာမျက်မှန်က ဆာရဲ့ မျက်လုံးတွေနဲ့ အရမ်းလိုက်ဖက်တယ်…”

လင်းရီ မဝယ်နိုင်မှန်း သူမ သိသော်လည်း သူမ၏ အလုပ်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေခြင်းပင်။

“ စမ်းကြည့်ဖို့ မလိုတော့ဘူး… ဘယ်လောက်လဲ… ခုပဲ ဝယ်မယ်…”

“ ရှင်….”

၎င်းကိုကြားတော့ ချိန်ယောင် ကြက်သေသေသွားခဲ့၏။

ဒါက ပရာဒါဆိုင်နော်… လမ်းဘေး မျက်မှန်ဆိုင်လည်း မဟုတ်….

အဲ့ဒါကို သူက တကယ်ကြီး ဒီတိုင်း ရော့အင့် ဝယ်ချလိုက်တယ်လား…

‘ရှင်က မျက်မှန်ဈေးဘယ်လောက်ရှိလဲတောင် မသိသေးဘူးလေ… ရှင်သိလို့လား…’

“ ဆာ.. ဒီမျက်မှန်က ကျွန်မတို့ဆိုင်ရဲ့ နောက်ဆုံးမော်ဒယ်လ်ပါရှင့်… ယွမ် ၉၈,၀၀၀ ကျသင့်ပြီးတော့ ဒစ်စကောင့်လည်း မရှိပါဘူး…”

ဈေးနှုန်းကို ကြားတော့ ကျန်းရှောင်ယွီ အဖျားတက်ချင်သလို ဖြစ်သွားခဲ့သည်။

ဒီရဲ့ ချာတူးလံနေတဲ့ နေကာမျက်မှန်က ယွမ် ၉၈,၀၀၀ ပေးရတယ်ပေါ့…..

ငါတစ်လလုံး ကြိုးစားပြီး live stream လုပ်ရင်တောင် ဒီမျက်မှန်ဝယ်ဖို့ ပိုက်ဆံမလောက်သေးဘူး…

“ ၉၈,၀၀၀ “

လင်းရီ ရေရွတ်လိုက်ပြီး “ အဲ့တာဆိုလည်း ခဏစောင့်ဦး… ငါတခြားဟာတွေ လိုက်ကြည့်လိုက်ဦးမယ်…”

ဆိုင်ရှိ အရောင်းသမလေးများ အားလုံး မသိလိုက်ပါပဲ လင်းရီကို ကြည့်လိုက်ကြလေသည်။

သူမတို့ မျက်ဝန်းများထဲတွင်တော့ အထင်သေးမှုများက ကိန်းဝပ်နေသည်။

ထင်ထားတဲ့အတိုင်းပဲ… ဒီကောင်က ဈေးကိုကြားတာနဲ့ လန့်သွားပြီ….

ချိန်ယောင် သူမ အမူအရာကို တည်တံ့လိုက်ပြီး “ ဆာ … ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါရှင့်… ဒီမှာ ကျန်တဲ့ စတိုင်တွေလည်း ရှိပါသေးတယ်… ဈေးပေါပြီးတော့ အကုန်လုံးက ယွမ်တစ်သောင်းအောက်တွေပါပဲ…”

“ လောလောဆယ် နေကာမျက်မှန် မကြည့်သေးဘူး… ခုလေးတင် အတော်လေး မဆိုးတဲ့ ဘေ့စ်ဘော ဦးထုပ် တွေ့လိုက်မိလို့….”

( ကိုယ်ခေါ်တာတော့ လျှာထုပ်ဦးထုပ်ပဲ..ငိငိ)

လင်းရီ တစ်ဖက် ဖန်ဗီရိုကို ကြည့်လိုက်ပြီး အနက်ရောင်နှင့် ရွှေရောင် ရောစပ်ထားသည့် လျှာထုပ်ဦးထုပ်တစ်လုံးကို ညွှန်ပြလိုက်သည်။

“ အဲ့ဦးထုပ်ကကော ဘယ်လောက်တုန်း…”

ချိန်ယောင်၏ အမူအရာမှာ အနည်းငယ် သဘာဝမကျ ဖြစ်သွားခဲ့ပြီး နည်းနည်းလည်း ရှက်ရွံ့သွားခဲ့သည်။

“ ဆာ… အဲ့ဒီ ဦးထုပ်က ပရာဒါနဲ့ မာဗယ် ပူးပေါင်းပြီး ထုတ်ထားတဲ့ ဦးထုပ်ပါရှင့်… ဈေးနှုန်းက ယွမ် ၁၆၄,၀၀၀ ပါ… ခုနလေးတင် ဆာ ကြည့်လိုက်တဲ့ နေကာမျက်မှန်ထက်ကို နည်းနည်းလေား ဈေးပိုကြီးပါတယ်….”

ကျန်းရှောင်ယွီ ဗွီရိုဘေးသို့ မသိမသာ ခွာလိုက်သည်။ သူမ၏ ဝင်ငွေက အတော်လေး ကောင်းသည်ဟု ခံစားမိပြီး အကယ်၍ အလုပ်ကြိုးစားမည်ဆိုပါက တစ်နှစ်လျှင် ယွမ်တစ်သန်းလောက်တော့ ရှာဖွေနိုင်သည်။

သို့သော်လည်း ဆိုင်ထဲသို့ ရောက်လာပြီးနောက် သူမကိုယ်သူမ သူတောင်းစားဖြစ်နေသည့်နှယ် ခံစားနေရတော့သည်။

ဒီဦးထုပ်က ဘာတွေများ ထူးခြားနေလို့လဲဟဲ့….

ငါ့မျက်စိထဲမှာတော့ လမ်းဘေးက ယွမ် ၂၀ တန် ဦးထုပ်နဲ့ ဘာမှ မခြားပါဘူး… အဲ့တာကို တကယ်ကြီး ယွမ် ၁၆၄,၀၀၀ နဲ့ ရောင်းနေတယ်… ဒီလူတွေကတော့ ပေါ်တင်ကြီး ဓားပြတိုက်နေတော့ပဲ…

“ ဈေးကြီးရင်ကြီးတယ် ပြောလိုက် ပြီးနေပြီကို… အဲ့ဒီ လျှာထုပ်ဦးထုပ်နဲ့ နေကာမျက်မှန်ကို ထုပ်ပေးပြီး စုစုပေါင်း ဘယ်လောက်ကျလဲ တစ်ချက်တွက်ပေးဦး..” လင်းရီ ပြောလိုက်သည်။

All Chapters